← Chapters

ရှေ့ပြေးဓားရည်ရွယ်ချက်ပေါ်ထွန်းခြင်း

Vol. 6 Ch. 64

ရှေ့ပြေးဓားရည်ရွယ်ချက်ပေါ်ထွန်းခြင်း

Vol. 6 Ch. 64

အဘိုးကြီးလီကျန်းဒေါသထွက်စွာကြုံးဝါးလိုက်သည်။

"ခွေးမသားလေး ရှီဖုန်း ဒီအဘိုးကြီးမင်းကိုမရရအောင်သတ်ပစ်မယ် ဒီခွေးသားအဖနှစ်ယောက်ကြောင့်ငါ့ဂုဏ်ငါ့သိက္ခာတွေကတော့ရေစုန်မျောပါပြီ"

ခွိုက်ရှန်းနှင့်ခွိုက်ဝူနှစ်ယောက်မှ ဝါးလုံးချအော်ဟစ်ရယ်မောချင်သော်လည်း လီကျန်း ရှီသေးတာကြောင့်မနဲအောင့်အီးထားရလေသည်။သူတို့တင်မဟုတ်ပေ တိမ်ကြားဓားပြအဖွဲ့အစည်းခေါင်းခေါင်ပင်ရယ်မောချင်သည့်စိတ်အားထိန်းနေရလေသည်။

ခနအကြာ ထူးဆန်းသည့်လေထုသည်ပျောက်ကွယ်သွားပြီး အားလုံးငြိမ်သက်သွားသည့်အချိန်စွန်းဖူချောင်းတစ်ချက်ဟန့်ကာ.

"အဟမ်းဒီတော့ အခုကျုပ်တို့လုပ်ရမဲ့အစီအစဉ်က ယီချိုးကို ဒီနေ့ဒီနေရာမှာတင်ရှင်းပစ်ဖို့ပဲ သူ့ကြောင့်ကျုပ်တို့ တိမ်ကြားဓားပြအဖွဲ့အစည်းက အဆင့်မြင့်သိုင်းသမားအများအပြားနဲ့ ထိပ်တန်းသိုင်းသမားသုံးဦးထက်မနဲဆုံးရှုံးခဲ့ရပြီးပြီ"

"သူ့ကိုရှင်းပစ်ဖို့ကလဲအဲ့ဒီလောက်လွယ်ကူမနေဘူး ခုလက်ရှိသူပြထားတဲ့သန်မာမှုက အဆင့်လွန်ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ထဲကတောင်သူနဲ့ယှဉ်ပြိုင်ဖို့မလုံလောက်ဘူး ဓားသခင်ဆိုတဲ့ဘွဲ့ရထားတာလဲအလကားမဟုတ်ဘူး"

"လွန်ခဲ့တဲ့ တစ်လလောက်က အနက်ရောင်သိုင်းသမားအုပ်စုထဲက ကျော်ကြားတဲ့ထိတ်တန်းသိုင်းသမားတွေဖြစ်တဲ့အရိပ်မဲ့ဓားညီနောင်က ယီချိုးရဲ့ဓားသိုင်းငါးကွက်တောင်မခံနိုင်ပဲသူ့လက်ထဲမှာ သေဆုံးသွားကြတယ် သူသုံးတဲ့ဓားသိုင်းက ချိုးမိသားစု က လှိုင်းကိုးလွာဓားသိုင်းပဲ ဒါပေမဲ့ အပြင်ဘက်သိုင်းလောကမှာလဲ လှိုင်းကိုးလွာဓားသိုင်းရှိတဲ့သူတွေကရှိတာမို့ အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်တဲ့ယီချိုးရဲ့လက်ထဲမှာရှိတာတော့မဆန်းပါဘူး"

"ချိုးမိသားစုမှာလဲ ယီချိုးလိုငယ်ရွယ်တဲ့အဆင့်လွန်ထိပ်သီးသိုင်းသမားရှိတယ်လို့လဲမကြားဖူးဘူး ဒါကြောင့်သူကဆရာကောင်းတစ်ယောက်ရှိတဲ့လေလွင့်သိုင်းပညာရှင်တစ်ယောက်ဖြစ်ဖို့ပဲများတယ်"

ခွိုက်ရှန်းမှအတွေးများသွားပြီး စွန်းဖူကိုကြည့်ကာ အကြံသမားအပြုံးဖြင့်..

"အခုကျုပ်တို့လုပ်ရမှာက....."

.............................

ချိုးယီကြီးမားသောတိုက်ခိုက်မှုတစ်ခေါက်ပြုလုပ်လျှင် လူဆယ်ယောက်ထက်မနည်းကျဆုံးနေရ​၏။

'ဒါငါ့ရဲ့နောက်ဆုံးဓားတစ်ချက်ပဲ အတွင်းအားသိပ်မကျန်တော့ဘူး ဒါပေမဲ့ဒီတစ်ချက်က သူတို့အတွက်ဖိအားဖြစ်စေဖို့လုံလောက်တယ်'

ချိုးယီစိတ်ထဲတွင်တွေးလိုက်ပြီးခြေဖနှောင့်တစ်ချက်ပေါက်ကာ နောက်ဆုတ်လိုက်ပြီးလေပေါ်သို့ခုန်တက်လိုက်သည်။

ထို့နောက်သူ​၏ ဓားရှည်အား လက်ညိုးနှင့်လက်ခလယ်ပူးကာ ဓားပြားအရင်းမှအဖျားအထိသပ်ချလိုက်ပြီးဘေးနှစ်ဖက်သို့အလျားလိုက်နှစ်ချက်ဝေ့ရမ်းကာအရှိန်ယူလိုက်သည်။ထို့နောက်သူ​၏ မျက်လုံးများပွင့်လာခဲ့သည်။ သူ​၏မျက်လုံးမှစူးရှသော အကြည့်တစ်ခုသည်အောက်ဖက်ဓားပြတပ်ကြီးဆီသို့ရောက်ရှိသွားခဲ့သည်။

"လှိုင်းကိုးလွာ အနှစ်သာရ  မူလသို့ပြန်လည်ရောက်ရှိခြင်း"

တစ်လုံးချင်းစီပြောပြီးနောက် သူ​၏ဓားကိုဖြည်းညင်းစွာဝေ့ရမ်းလိုက်​၏။ချိုးယီ​၏ပတ်ပတ်လည်တွင်ဓားအရှိန်အဝါများဖျာထွက်လာခဲ့သည်။သူ​၏ဓားကိုလေးကန်စွာဝေ့ရမ်းနေပုံမှာ ကြီးမားသောစွမ်းအင်ကြီးတစ်ခုကိုသယ်ဆောင်ထားရသည့်အလားပင်။

" ဝူး.....ဝုန်း"

ချိုးယီ​၏ဓားမှ မီတာဆယ်ချီရှည်လျား၍သိပ်သည်းသော ဓားစွမ်းအင်လှိုင်းကြီးတစ်ခုသည်ပင်လယ်ထဲမှ ကြီးမားသောလှိုင်းလုံးကြီးတစ်ခုနှယ်ရန်သူတပ်ထဲသို့ တိုးဝင်သွား​၏။ထိုဓားစွမ်းလှိုင်းလုံးကြီးမှာ ပင်လယ်ကြီးပေါ်မှလှိုင်းလုံးကြီး​၏ အရိပ်သဏ္ဍာန်ကိုသယ်ဆောင်ထားလေသည်။ထိုသည်မှာလှိုင်းကိုးလွာဓားသိုင်း​၏ အစွန်းဆုံးသောနားလည်မှုဖြစ်သည့် ဓားသိုင်းအနှစ်သာရပင်ဖြစ်လေသည်။

"ကလန်း...ကလန်း"

၎င်းတို့​၏လက်နက်များမြေပြင်ပေါ်သို့ကျဆင်း၍လက်များခြေများတုန်ရီနေခဲ့လေသည်။ ရန်သူတပ်ထဲမှလးအများစုမှာသိုင်းပညာမရှိသော သူများဖြစ်သဖြင့် ထိုမျှကြီးမားသော လှုပ်ရှားမှုတစ်ခုသည်သူတို့အတွက်ကြောက်ဒူးတုန်ရန်လုံလောက်နေလေပြီ။

ချိုးယီ​၏ပင်လယ်လှိုင်းကဲ့သို့ ဓားစွမ်းအင်လှိုင်းလုံးကြီးသည် စစ်မြေပြင်မီတာရာဂဏန်းအတွင်းရှိ အရာအားလုံးကိုဝါးမြိုသွားပြီး ရန်သူတပ်သားပေါင်းရာနဲ့ချီကာ သေသူကသေ ဒဏ်ရာရသူကရဖြင့်ရှိနေလေတော့သည်။ ချိုးယီ​၏တိုက်ပွဲမြေပြင်ပတ်ပတ်လည်သည်ရှင်းလင်းသွားပြီး ဓားစွမ်းအင်လှိုင်းလုံးကြီးမပျောက်ကွယ်သွားသေးတာကြောင့်မည်သူမှမလာဝံ့ကြချေ ထိုဓားစွမ်းအား​၏လမ်းကြောင်းတွင်လည်းမည်သူမှမနေရဲကြတော့ချေ။

လူထောင်ပေါင်းများစွာ​၏ထိတ်လန့်အံ့အားသင့်သောအကြည့်အောက်တွင် ချိုးယီ​၏လေပေါ်မှဓားတစ်ချောင်းကိုင်ဆောင်ကာဆင်းသက်လာသောပုံရိပ်သည် လူအများ​၏ လေးစားအားကျဖွယ်ပုံရိပ်ဖြစ်လာတော့သည်။ သို့သော်ထိုလူများထဲတွင် ၎င်းတို့​၏ရန်သူများမပါဝင်ချေ။ ထိုသူများမှာယခုအချိန်အလွန်ထိတ်လန့်ကြောက်ရွံ့လျက်ရှိပြီးချိုးယီ​၏ အနားမှမီတာရာဂဏန်းခွာနေကာ အနားသို့မကပ်ရဲတော့ချေ။ 

စစ်မြေပြင်ရှိရန်သူစစ်သားများသည် ၎င်းတို့ရှေ့တွင် ဓားတစ်ချောင်းကိုင်ဆောင်ကာရပ်နေသောချိုးယီကြောင့်ရှေ့တိုးရမကောင်းနောက်ဆုတ်ရမကောင်းဖြစ်ကုန်ကြလေသည်။

"ဒါ..ဒါ ရှေ့ပြေးဓားရည်ရွယ်ချက်.."

 ချန်းအန်ခံစစ်တံတိုင်းပေါ်မှ ဟိုင်ချန်းလွေ့ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်သည်။

"ရှေ့ပြေးဓားရည်ရွယ်ချက်"

ချီရှန်းကျောက်နှင့်ကွေယွေ့လဲထိတ်လန့်တုန်လှုပ်သွားကြသည်။

ရှေ့ပြေးဓားရည်ရွယ်ချက်ဆိုသည်မှာ ဓားသမားအယောက်တစ်ရာတွင်တစ်ယောက်တောင်ကံကောင်းမှရောက်ရှိနိုင်သောအဆင့်ဖြစ်လေသည်။ ရှေ့ပြေးဓားရည်ရွယ်ချက်ကိုနားလည်သွားလျှင် စစ်မှန်သောဓားရည်ရွယ်ချက်ကိုမရောက်ခင်အချိန်တစ်ခုသာလိုလေသည်။ မိမိကိုယ်တိုင်​၏ဓားရည်ရွယ်ချက်ကိုအပြည့်အဝထိန်းချုပ်နိုင်သည့်အချိန်တွင်ပြီးပြည့်စုံသောဓားရည်ရွယ်ချက်ကိုဖော်ထုတ်နိုင်မည်ဖြစ်သည်။

ဤလောကရှိငါးပြည်ထောင်နှင့်သိုင်းလောကတစ်ခုလုံး တွင်ဓားရည်ရွယ်ချက်ကိုထုတ်ဖော်နိုင်သောသူများမှာလက်ဆယ်ချောင်းပင်မပြည့်ပေ။ထိုသို့ဓားရည်ရွယ်ချက်ကိုနားလည်နိုင်သောဓားသမားများကိုဓားအရှင်များဟုခေါ်ဆိုကြလေသည်။ဆိုလိုသည်မှာ ယီချိုးသည်မကြာခင် တာ့ယွမ်အင်ပါယာ​၏ ဓားအရှင်တစ်ယောက်ဖြစ်လာပေလိမ့်မည်။တာ့ယွမ်အင်ပါယာတွင် ဓားအရှင်နှစ်ယောက်သာရှိလေသည်။

ဟိုင်ချန်းလွေ့သူ​၏မုတ်ဆိတ်ကိုပွတ်သပ်၍ကျယ်လောင်စွာရယ်မောလိုက်လေသည်။

"ဟားဟားဟား....ကျုပ်တို့တာ့ယွမ်အင်ပါယာကတော့တက်လှမ်းအကြီးကြီးကိုမြင်နေရပြီပဲကျုပ်တို့ဝူတန်တောင်က ထိုက်ကျိဓားအရှင် တော်ဝင်နန်းတော်က ပန်းချီဓားအရှင် နောက်ဆုံး ရှေ့ပြေးဓားရည်ရွယ်ချက်ကိုနားလည်သွားတဲ့ ယီချိုး ဟား ဟား ဟား"

"ဒါပေမဲ့သတင်းဆိုးတစ်ခုရှိတယ် ရန်သူဘက်ငအစီအစဉ်ပြောင်းသွားလောက်ပြီယီချိုးရဲ့ခွန်အားကြောင့် ဒါပေမဲ့ သူရဲကောင်းယီချိုးခွန်အားပြသလိုက်တာမကောင်းတာလဲမဟုတ်ပါဘူး ရန်သူတွေကိုစိတ်ဓာတ်ကျစေပြီးကျုပ်တို့တပ်သားတွေနဲ့သိုင်းသမားတွေကိုစိတ်အားတက်ကြွစေလိမ့်မယ်"

ချိုးယီ​၏ဓားကွက်ပြသမှုအောက်တွင် ရန်သူတပ်များမှာ ရှေ့ဆက်ချီတက်နှုန်းမှာ လွန်စွာနှေးကွေးလျှော့နည်းသွားခဲ့သည်။

ချိုးယီ​၏မှိတ်ထားသောမျက်လုံးသည် မြေပြင်ပေါ်သို့ဆင်းသက်လာပြီးနောက်ဖြည်းညင်းစွာဖွင့်လိုက်သည်။

..........................

ပြီး

All Chapters