ချိုးယီ၏ဖိအား
Vol. 6 Ch. 65
ချန်းအန်တပ်သားများအကျအဆုံးအနည်းငယ်ရှိသော်လည်း သုံးလေးဆယ်မျှသာရှိသေးသည်ိ အခြားသိုင်းသမားများလည်းတိုက်ပွဲတွင်း ပါရှိသည့်အတွက် မြို့ကာကွယ်ရေးတပ်အပေါ်ဖိအားများစွာလျှော့နည်းသွား၏။
ချိုးယီမှာ လူရာပေါင်းများစွာသတ်ဖြတ်ခဲ့သော်လည်းမည်သည့်အရာကိုမျှမခံစားရချေ။သူ၏စိတ်ခံစားချက်မှာအလွန်တည်ငြိမ်နေလေသည်။ဓားကိုင်ထားသည့်သူ၏လက်မှာမြဲနေဆဲပင်။
ထိုစဉ်ရုတ်တရက်....
"ဝှီး...ရွစ်...ရွစ်...ရွစ်"
လျှို့ဝှက်လက်နက်ပုံးများစွာသည်ချိုးယီထံသို့ဦးတည်ကာလေထုကိုထိုးခွင်းလာခဲ့လေသည်။ချိုးယီ ခေါင်းထဲတွင်အန္တရာယ်အချက်ပေးသံများမြည်ဟည်းလာခဲ့သည်။ချိုးယီချက်ချင်းနောက်ဂျွန်းပစ်ကာရှောင်ရှားလိုက်သည်။ သို့သော် ထိုလက်နက်ပုန်းပစ်ခတ်သူမှာ ချိုးယီ လေပေါ်သို့ခုန်ကာရှောင်မည်ကိုသိနေသည့်အလား လေပေါ်သို့ အပ်ပေါင်းရာချီကြို၍ပစ်ခတ်ထားလိုက်လေသည်။
ချိုးယီမှာရှောင်တိမ်း၍မရတော့သည့်အဆုံး လက်ကျန်အတွင်းအားများကိုစုစည်း၍အကာအကွယ်အလွာတစ်ခုဖန်တီးလိုက်သည် ထို့နောက်တက်နိုင်သမျှနောက်ဆုတ်ရန်ဆုံးဖြတ်လိုက်သည်။
"ထန်း..ထန်း..ထန်း..ထန်း"
အပ်အချောင်းပေါင်းများစွာသည်ချိုးယီ၏အတွင်းအားအကာအကွယ်အလွာနှင့်တိုက်မိ၍နောက်သို့ပြန်ကန်ကာလွင့်ထွက်ကုန်ကြသည်။အခွင့်အရေးကိုအမိအရဆုတ်ကိုင်၍ချိုးယီနောက်ပြန်ဆုတ်ရန်ပြင်လိုက်သည်။သို့သော်..
"မကောင်းတော့ဘူး ယီချိုးကိုအမြန်ကယ်ကြ"
ချီရှန်းကျောက်ထိတ်လန့်စွာအော်လိုက်သည်။ဟိုင်ချန်းလွေ့ကွေယွေ့ကိုကြည့်လိုက်သည်။ကွေယွေ့လဲခေါင်းငြိမ့်ပြပြီးသူ၏မူလတည်နေရာမှချက်ချင်းပြောက်ကွယ်သွားခဲ့သည်။ကွေယွေ့မှာလျင်မြန်စွာသွားလာနေသော်လည်းချိုးယီ၏တည်နေရာမှာ စစ်မြေပြင်အတွင်းဘက်ကျသောနေရာတွင်ဖြစ်၍အနဲငယ်ကွာဝေးလေသည်။အချိန်မှီကူညီနိုင်ရန်ခတ်ခဲပေသည်။
လှံတစ်ချောင်းစီကိုင်ဆောင်ထားသောလူနှစ်ယောက်သည်ရုတ်တရက်ဘယ်ကမှန်းမသိထွက်ပေါ်လာပြီး ချိုးယီအားနှစ်ဖက်ညပ်ကာတိုက်ခိုက်လိုက်လေသည်။ချိုးယီမှာအတွင်းအားကုန်ခမ်းနေပြီဖြစ်သောကြောင့် ထိုနှစ်ယောက်အားခုခံရန်ခတ်ခဲသွားလေသည်။သို့သော်ချိုးယီမှာသူ၏ဓားကိုဝေ့ရမ်းကာလျင်မြန်သောဓားတစ်ချက်ဖော်ထုတ်၍လှံနှစ်ချောင်းအား အရပ်မျက်နှာတစ်ဖက်စီလွဲပြောင်းစေလိုက်သည်။
ထို့နောက်လှံအဖျားအားနင်း၍တိုက်ခိုက်မှုစက်ကွင်းမှခုန်ထွက်လိုက်လေသည်။ထို့နောက်အရေးကြီးသောအချိန်တွင်ဘယ်ကမှန်းမသိသော ဝတ်ရုံနက်နှင့်လူတစ်ယောက်သည် ချိုးယီဆီသို့လျင်မြန်စွာပျံဝဲလာပြီးလက်တစ်ဖက်ဝေ့ရမ်းကာစက်လုံးနှစ်ခုအားပစ်ထည့်လိုက်သည်။
ထိုစက်လုံးလေးနှစ်ခုမှာ ချိုးယီဆီသို့ရောက်ရှိသွားပြီးနောက်ပေါက်ကွဲသွားလေသည်။
"ဘုန်း....အုန်း"
ချိုးယီ၏အတွင်းအားအကာအကွယ်အလွာလဲမခံနိုင်တော့ပဲကျိုးပဲ့ပျက်စီးသွားလေသည်။ ချိုးယီလွင့်ထွက်သွားပြီးနောက်မြေပြင်ပေါ်သို့ ပြင်းထန်စွာကျသွားပြီးအပတ်ပေါင်းများစွာလှိမ့်သွား၏။ ချိုးယီချက်ချင်းကုန်းထလိုက်ပြီးသူ၏ဓားကိုအားပြုကာမြေပြင်တွင်ထောက်လိုက်သည်။
သူ၏အဝတ်အစားများနှင့်ပုံစံကျသောသူ၏အသွင်အပြင်မှာလည်းသွေးများဖြင့်ရွဲနေလေသည်။သူတောင်းစားတစ်ယောက်နှင့်ပင်တူနေလေတော့သည်။
"ဝေါ့.."
ချိုးယီသွေးတစ်လုပ်အန်လိုက်ရသည်။အတွင်းအင်္ဂါအနည်းငယ်ထိခိုက်သွားသည်မှလွဲ၍သွေးကြောများမပျက်စီးသွားသည်မှာအလွန်ကံကောင်းနေလေပြီ။ချိုးယီ၏စိတ်ထဲတွင်အလွန်ဖိအားများနေခဲ့သည်ယခုလိုသေခါနီးအခြေအနေမျိုးသူ့ဘဝတွင်ယခင်ချောက်ထဲပြုတ်ကျစဉ်အခါနှင့်ယခုအခါသာဖြစ်လေသည်။သူ၏ရှေ့သို့လူတစ်ယောက်ထပ်ရောက်လာခဲ့သည်။
ဖာထေးရာများပြည့်နှက်နေသောဝတ်ရုံနက်ဘယ်ဘက်လက်တစ်ခုလုံးမဲနက်နေပြီးပေပွနေသောအမာရွတ်ပေါင်းများစွာ...
ချိုးယီမျက်လုံးပြူးသွားသည် ထိုလူမှာ ငါးပြည်ထောင်မှရာဇဝတ်သား အသံတိတ်လူသတ်သမား ဖြစ်လေသည်။ လက်နက်ပုန်းပညာပကိုအထူးကျွမ်းကျင်ပြီး လူတစ်ယောက်ကိုနည်းပေါင်းစုံဖြင့်သတ်ဖြတ်နိုင်သောသူဖြစ်သည်။ထို့ပြင်သူ၏သိုင်းပညာမှာလည်းအလွန်မြင့်မားလေသည်။ယခုချိုးယီမှာလှုပ်ရှားရန်ပင်အနိုင်နိုင်ဖြစ်နေသောကြောင့်ခုခံရန်မှာမဖြစ်နိုင်တော့ချေ။
"ဟားဟားဟား သူရဲကောင်းယီချိုး သိုင်းဘယ်လောက်တော်တော် နောက်ဆုံးတော့လဲသေရတော့မှာပဲဟားဟား"
လှံကိုင်ဆောင်သောသူမှရယ်မောကာပြောလိုက်သည်။ထိုလှံကိုင်ဆောင်သောသူနှစ်ယောက်မှာအခြားလူမဟုတ်ပေ ခွိုက်ဝူနှင့်ခွိုက်ရှန်းဖြစ်လေသည်။၎င်းတို့နှစ်ယောက်၏ လှံညီနှောင်ပူးပေါင်းလှုပ်ရှားမှု သိုင်းကွက်များဖြင့် အဆင့်လွန်ထိပ်သီးသိုင်းသမားများကိုပင်အချိန်အတော်ကြာထိယှဉ်ပြိုင်တိုက်ခိုက်နိုင်လေသည်။ယခုလို ဒဏ်ရာရထားသောချိုးယီမှာ ၎င်းတို့နှစ်ယောက်အားမခုခံနိုင်ချေ။
"ကောင်းပြီစကားအများကြီးမပြောတော့ဘူးသေလိုက်တော့"
၎င်းတို့နှစ်ဦးလျင်မြန်စွာဖြင့်ချိုးယီအနားသို့ကပ်ကာကာ လှံဖြင့်တစ်ပြိုင်တည်းထိုးလိုက်ကြသည်။ချိုးယီမှာထိုသို့ရုတ်တရက်လှုပ်ရှားလာမည်ဟုမထင်ထားမိချေ။သူမျက်လုံးများကိုမှတ်လိုက်ပြီးသေဖို့အတွက်စောင့်ဆိုင်းရုံသာတက်နိုင်လေသည်။ကွေယွေ့ပင်လျှင်လမ်းတစ်ဝက်မျှသာရှိသေးသည်။
သို့သော်.....
"ဝှစ်"
တစ်စုံတစ်ခုသည်လေထုထဲသို့လျင်မြန်စွာထိုးခွင်းလာပြီး ၎င်းတို့၏လှံနှစ်ချောင်းထိပ်ဖြင့်တိုက်မိသွားလေသည်။ထိုအရာမှာသစ်သားဓားတစ်ချောင်းဖြစ်လေသည်သို့သော်လှံနှစ်ချောင်းနှင့်တိုက်မိသည်ကိုပင်မည်သည့်အရာမှမဖြစ်သွားသေးပဲ တိုက်မိသော လှံနှစ်ချောင်းနှင့် ခွိုက်ရှန်းနှင့်ခွိုက်ဝူနှစ်ယောက်လုံးနောက်သို့ခြေလှမ်းပေါင်းများစွာဆုတ်ခွာသွားလေသည်။၎င်းတို့မျက်နှာတွင်လည်းအံ့အားသင့်မှုအပြည့်ဖြင့်ပင်။
ထို့နောက် ထိုသစ်သားဓားလေးသည် အသိစိတ်ရှိသည့်အလား အနောက်သို့ကွေ့ကာပြန်သန်းသွားလေသည်။ လူများစွာ၏အံ့အားသင့်သောအကြည့်များအောက်တွင် လေပေါ်မှထိုသစ်သားဓားကိုလက်တစ်ဖက်ကဖမ်းယူဆုတ်ကိုင်လိုက်လေသည်။ထိုလူမှာ ဝါးခမောက်ဆောင်းထားပြီးဝတ်ရုံနက်အရှည်အားဝတ်ဆင်ထားလေသည်။ဆံပင်များကလေထဲတွင်အတိုင်းသားလွင့်မျှောနေပြီး လေထဲတွင်ရပ်တန့်နေသယောင်ဖြင့်အလွန်နှေးကွးစွာကျဆင်းနေလေသည်။
ထိုသူမှာအခြားမည်သူဖြစ်နိုင်မည်နည်း ချိုးဝူယဲ့ပင်ဖြစ်လေသည်။
........................
ပြီး...