← Chapters

ပြေး

Vol. 6 Ch. 66

ပြေး

Vol. 6 Ch. 66

အနက်ရောင်ဝတ်ရုံမှာလေထဲတွင်လွင့်မျောနေပြီး မိုးအောက်မြေပြင်ထက်တွင်တစ်ဦးတည်းသော ဓားနတ်တစ်ပါးလိုပင်။ထိုနေရာရှိလူများအားလုံးမှင်သက်သွားင်္ပြး ၎င်းတို့စိတ်ထဲတွင်စကားလုံးတစ်ခုသာတွေးနိုင်လေသည်။

'အရမ်းမိုက်တာပဲ'

အသံတိတ်လူသတ်သမား​၏ ခေါင်းထဲတွင်အလွန်အန္တရယ်ကြီးမားသောအချက်ပေးသံများမြည်ဟီးနေခဲ့သည်။သူ​၏လူသတ်သမားဗီဇအလျောက် အန္တရယ်အမျိုးမျိုးကိုခွဲခြားနိုင်လေသည်။ သူ့ရှေ့ရှိလျှို့ဝှက်ဆန်းကြယ်သောလူမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလေသည်။

အသံတိတ်လူသတ်သမားမှာအကြံဉာဏ်များလှလေသည်။ အရာအားလုံးကိုစွန့်လွတ်၍ထွက်ပြေးရန်ပင်စိတ်ထဲကြိုတင်စီစဉ်ထား​၏။ လေပါ်မှဖြည်းညင်းစွာကျဆင်းနေသော ချိုးဝူယဲ့ကိုကြည့်၍ ခွိုက်ရှန်းနှင့်ခွိုက်ဝူ လက်တီးစုကာပြောလိုက်သည်။

"ဒီကရောင်းရင်းကဘယ်သူလဲမသိဘူး ကျုပ်တို့ကိစ္စကိုဝင်မစွတ်ဖက်ရင်တကယ်ကျေးဇူးတင်မိမှာပါ"

ချိုးဝူယဲ့ သူ့ရှေ့ရှိလူသုံးယောက်အားအေးစက်စွာကြည့်လိုက်ပြီးလေသံသေဖြင့်

"သူများအကြောင်းအရင်မမေးခင် ကိုယ့်အကြောင်းကိုမိတ်မဆက်တာက ရိုင်းတယ်ဆိုတာမသိဘူးလား"

ခွိုက်ရှန်းတို့နှစ်ယောက်မှာ ချိုးဝူယဲ့​၏စကားကြောင့်စိတ်အလိုမကျဖြစ်သွားသော်လည်းအမူအရာမပျက်ပဲ ပြုံးကာပြန်ပြောလိုက်သည်။

"ကျုပ်တို့ကို ခွိုက်ညီနောင်လို့ခေါ်နိုင်တယ် ကျုပ်ကအကိုသူကညီငယ်"

"အော်... ကျုပ်က နယ်မြေစုံလှည့်လည်တဲ့ခရီးသွားတစ်ယောက် ယီချိုးကကျုပ်မိတ်ဆွေပဲ ကျုပ်ခေါ်သွားမယ် ဘာပြောချင်လဲ"

ခွိုက်ရှန်းနှင့်ခွိုက်ဝူတို့ မျက်နှာကြောတင်းသွားလေသည် ထိုလူမှာ ဤမျှပြတ်သားလိမ့်မည်ဟုမထင်ထားခဲ့ချေ။ ချိုးယီကိုယ်တိုင်လဲအံ့အားသင့်သွားလေသည်။ ထိုလူကိုသူမသိချေသို့သော် အဘယ်ကြောင့်ကူညီရသနည်း။ချိုးယီမည်မျှစဉ်းစားစေကာမူထိုလူကိုမည်သည့်နေရာမှမတွေ့ဖူးမှန်းသေချာလေသည်။အချိန်သုံးနှစ်ကျော်လေးနှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်သောကြောင့်ပြောင်းလဲသွားသော ချိုးဝူယဲ့​၏လေသံကိုမမှတ်မိသည်မှာ ပုံမှန်အတိုင်းပင်။

"ဒါဆိုလဲကျုပ်တို့ကိုအဆိုးမဆိုပါနဲ့ကို့ကိစ္စမဟုတ်တဲ့သူများကိစ္စကိုဝင်ပါတာ ကိုယ်တိုင်အတွက်အန္တရယ်ကိုလက်ယက်ခေါ်တယ်ဆိုတာနားလည်သင့်တယ်"

"မင်းတို့အဆင့်နဲ့လား"

ချိုးဝူယဲ့အသံသေဖြင့်ပြောလိုက်ပြီးနောက်မြေပြင်ပေါ်သို့ညင်သာစွာဆင်းသက်လိုက်သသည်။ ချိုးဝူယဲ့မြေပြင်ပေါ်သို့ရောက်သည်နှင့်တစ်ပြိုင်နက် ခွိုက်ဝူနှင့်ခွိုက်ရှန်းအချင်းချင်းကြည့်ကာခေါင်းငြိမ့်လိုက်ပြီးတစ်ပြိုင်နက်တည်းလှုပ်ရှားလိုက်ကြသည်။၎င်းတို့​၏ပုံရိပ်မှာရှိရင်းစွဲနေရာမှပျောက်ကွယ်သွားပြီး ချိုးဝူယဲ့​၏ဘေးနှစ်ဖက်တစ်ဖက်တစ်ချပ်စီမှပြန်လည်ထွက်ပေါ်လာခဲ့ကြသည်။

ထို့နောက် ခွန်အားအပြည့်အဝသုံး၍ဘေးနှစ်ဖက်မှလှံနှစ်ချောင်းဖြင့်ထိုးခွင်းလိုက်သည်။ ချိုးဝူယဲ့မှာခြေတစ်လှမ်းနောက်ဆုတ်၍သူ​၏ ဓားအပြားကို လှံ​၏လမ်းကြောင်းတွင်တစ်စောင်းထားကာ အနောက်ဖက်မှခွိုက်ရှန်း​၏လှံအားခေါင်းကိုဘေးစောင်း၍ရှောင်ရှားလိုက်သည်။ ခွိုက်ဝူ​၏လှံမှာ ချိုးဝူယဲ့​၏ဓားကြောင့်လမ်းကြောင်းလွဲသွားပြီး ခွိုက်ရှန်း​၏လှံကိုမူချိုးဝူယဲ့ခေါင်းလေးတစ်ချက်စောင်းခြင်းဖြင့်ရှောင်ရှားလိုက်လေသည်။

ခွိုက်ရှန်းနှင့်ခွိုက်ဝူနှစ်ယောက်လုံးမှာ ထိတ်လန့်သွားပြီး လှံအားပြန်ရုပ်သိမ်းချင်သော်လည်းခွန်အားအပြည့်ဖြင့်ထိုးချမိလိုက်သောကြောင့်နောက်ပြန်လှည့်၍မရတော့ပေ။

ခိုက်ဝူ​၏ခန္ဓာကိုယ်မှာ ချိုးဝူယဲ့အနားရောက်လာသောအခါ ခွိုက်ဝူ​၏လှံတံအားဘေးဘက်သို့လျှော်ထွက်အောင်လုပ်ထားသော သူ၍ဓားကိုဘေးတစ်ဖက်သို့်စောင်း၍ဓားရိုးထိပ်ဖျားဖြင့် ခွိုက်ဝူ​၏ခန္တာကိုယ်အားရိုက်ထုတ်လိုက်သည်။ ဤတိုက်ခိုက်မှုနှင့်တစ်ပြိုင်နက် သူ​၏ဘယ်ခြေအားဘေးတစ်ဖက်သို့ကွေးလိုက်ပြီး ခွိုက်ရှန်းအားကန်ထုတ်လိုက်လေသည်။

"ဖုတ်...ဖောင်း"

ချိုးဝူယဲ့​၏လုပ်ဆောင်မှုများမှာအလွန်လျင်မြန်သောကြောင့် ခွိုက်ရှန်းနှင့်ခွိုက်ဝူမှာမည်သည့်အရာဖြစ်သွားမှန်းမသိခင်မှာတင်ဘေးနှစ်ဖက်သို့လွင့်ထွက်သွား​၏။

"အု"

ခွိုက်ဝူမှာ ဓားရိုးဖြင့်ရိုက်ထုတ်ခံလိုက်ရသောကြောင့်ပို၍နာကျင်သွားလေသည်။ထို့နောက် ခွိုက်ရှန်းနှင့်ခွိုက်ဝူမှာအသံတိတ်လူသတ်သမား​၏ဘေးနားတွင်အတူတူပြန်လည်စုံစည်းလိုက်ကြသည်။

ခွိုက်ရှန်းချွေးစေးများဖြင့်ပြောလိုက်သည်။

"အသံတိတ်ဒီအတိုင်းဆက်ဖြစ်နေရင်မင်းလဲလွတ်မှာမဟုတ်ဘူးနော်ဒီလူကသန်မာလွန်းတယ်အတူတူပေါင်းပြီးတိုက်ရအောင်"

အသံတိတ်လူသတ်သမားမှာမျက်မှောင်ကြုတ်၍တီးတိုးရေရွတ်လိုက်သည်။

"အမှိုက်ကောင်တွေ"

"အားနည်းတယ်"

ချိုးဝူယဲ့တိုးညင်းစွာပြောလိုက်ပြီးနောက် သူ​၏မက်မွန်ဓားကိုပြောင်းပြန်ကိုင်ကာ ၎င်းတို့သုံးယောက်ရှိသော ဘက်သို့ ဓားရိုးထိပ်ဖျားကိုခွန်အားပါပါဖြင့်ရိုက်ထုတ်လိုက်လေသည်။

"ဘန်း"

လေထုသည်တုန်လှုပ်သွားပြီး အလွန်ထက်ရှ၍ကြီးမားပြင်းထန်သောစွမ်းအင်လေလှိုင်းကြီးသည်

၎င်းတို့သုံးယောက်ဆီသို့ဦးတည်၍လေထုကိုတုန်ခါသွားစေသည်။

အသံတိတ်လူသတ်သမား ၊ခွိုက်ဝူ၊ခွိုက်ရှန်းတို့သုံးယောက်လုံး​၏မျက်နှာပျက်သွားပြီး ရှောင်ချိန်မရတော့ချေ။ အတွင်းအားအကာကွယ်အလွာကိုသာအားပြုနိုင်တော့သည်။

"ဘန်း"

ချိုုးဝူယဲ့​၏ဓားရည်ရွယ်ချက်ပါရှိသောစွမ်းအင်လေလှိုင်းကြီးကြောင့်ခွိုက်ရှန်းတို့သုံးယောက်လုံးမီးတာဆယ်ချီလွင့်ထွက်သွားကြသည်။အသံတိတ်လူသတ်သမားပင်ခြေလှမ်းပေါင်းဒါဇင်ချီနောက်သို့ဆုတ်လိုက်ရသည်။

"သန်မာလိုက်တာ"

ဘေးတွင်ဓားကိုအားပြု၍မတ်တပ်ရပ်နေရသော ချိုးယီပင် မျက်လုံးပြူးသွားလေသည်။ သူ​၏ရှေ့ကလူမှာအလွန်သန်မာလေသည်။ ခွန်အားအနည်းငယ်မျှပင်မပါသော ကမန်းကတန်းရိုက်ချက်တစ်ခုပင် အဆင့်လွန်ထိပ်သီးပုဂ္ဂိုလ်တစ်ဦးကိုနောက်သို့ခြေလှမ်းဒါဇင်ခန့်နောက်ဆုတ်သွားစေသည်။

ထိုမျှသန်မာသောသူကိုသူ​၏ဆရာမှလွဲ၍ဒုတိယအကြိမ်မြင်ဖူးခြင်းဖြစ်သည်။

ထို့ပြင်ထိုလူ​၏ ဓားရိုးထိပ်ဖျားဖြင့်ရိုက်ချက်တစ်ခုပင်လျင် တစ်ကိုယ်လုံးပြတ်တောက်သွားစေနိုင်လောက်သော ဓားရည်ရွယ်ချက်ကိုထုတ်လွတ်နိုင်လေသည်။

ခွိုက်ရှန်းနှင့်ခွိုက်ဝူတို့​၏မျက်နှာသည်အလွန်ထိတ်လန့်နေပြီးထိုဆန်းကြယ်သည့်လူအားမည်သို့မှမနိုင်နိုင်ကြောင်းကိုသိလိုက်သည်။

"ပြေး"

......................

ပြီး...

All Chapters