← Chapters

ဓားတစ်လက်နှင့်မသေမျိုးလော

Vol. 6 Ch. 67

ဓားတစ်လက်နှင့်မသေမျိုးလော

Vol. 6 Ch. 67

ခွိုက်ရှန်းနှင့်ခွိုက်ဝူမှာနောက်ကျနေသေးသည် အသံတိတ်လူသတ်သမားမှာ၎င်းတို့ထွက်ပြေးရန်စဉ်းစားနေစဉ်မှာပင်ထွက်ပြေးသွားလေသည်။ခွိုက်ရှန်းမှာနှင့်ခွိုက်ဝူမှာကြောင်တောင်တောင်နှင့်ကျန်ထားခဲ့သည်။ချိုးယီလည်းအံ့အသွားခဲ့သည်။ပြောစရာကားပင်ပျောက်နေလေပြီ။

သိပ်မကြာချေ ခွိုက်ရှန်းနှင့်ခွီုက်ဝူလည်းထပြေးလေတော့သည်။

"ချိုးယီမင်းသေချာကြည့်ထား လှိုင်းကိုးလွားဓားသိုင်းရဲ့သိုင်းကွက်မဲ့အဆင့်ကိုပြမယ်"

ချိုးဝူယဲ့တိုးညင်းစွာပြောလိုက်သည်။ချိုးယီကြက်သေသေသွားသည်။သူ​၏နာမည်ကိုထိုလူမည်သို့သိသနည်းထို့အပြင်လှိုင်းကိုးလွာဓားသိုင်း​၏ သိုင်းကွက်မဲ့အဆင့်ဟုလည်းပြောသေးသည် ချိုးမိသားစုမှလူဖြစ်နိုင်သည်လား။ချိုးယီမှာအံဩလွန်း၍ယခုထိစကားမပြောနိုင်ပဲ ခေါင်းသာလျှင်ငြိမ့်နိုင်သည်။

ချိုးဝူယဲ့သူ​၏မက်မွန်ဓားအားညင်သာစွာဆုတ်ကိုင်လိုက်ပြီးမည်သည့်အားအင်မှမပါသည့်အတိုင်းခွိုက်ရှန်းတို့သုံးယောက်ထွက်ပြေးသွားသည့်ဦးတည်ချက်အတိုင်းဖြစ်သလိုတစ်ချက်ချက်ဝေ့ရမ်းလိုက်သည်။

"ရွစ်

ထက်ရှသောဓားစွမ်းအင်လှိုင်းတစ်ခုသည်လျင်မြန်စွာထွက်သွားလေသည်။ထိုထက်ရှသောဓားစွမ်းအင်မှာ ပို၍ဝေးလပိုကြီးလာလေပင် ထိုဓားစွမ်းအင်လမ်းကြောင်းမှအရာအားလုံးဖြတ်တောက်ခံလိုက်ရသည်။

ခွိုက်ရှန်းနှင့်ခွိုက်ဝူတို့မှာကြက်သီးများရုတ်တရက်ထသွားကြပြီးနောက်လှည့်ကြည့်ရန်ပြင်လိုက်သည်။သို့သော်...

"ရွက်...ရွက်"

 ဘာမှန်းမသိလိုက်ခင်မှာတင်နှစ်ယောက်လုံးခါးပြတ်သွားလေသည်။ထို့အပြင်ထိုဓားစွမ်းအင်ကြီးမှာအဝေးရောက်လေပိုပိုကြီးလာလေပင်ယခုဆိုလျှင် ယခင်က ချိုးယီထုတ်လွတ်ခဲ့ဘူးသော ရေလှိုင်းလုံးကြီးပမာအတိုင်းပင်ကြီးမားလာတော့သည်။ ဓားစွမ်းအင်လမ်းကြောင်းတစ်လျှောက်ရှိတပ်သားများအားလုံးသေဆုံးကုန်ကြလေသည် ထိုစွမ်းအင်လှိုင်းလုံးကြီးမှာတားဆီး၍မရသည့်အတိုင်းပိုပို၍ကြီးလာလေတော့သည်။ရှေ့ဆုံးမှပြေးနေသော အသံတိတ်လူသတ်မားမှာ ထိုဓားစွမ်းအင်လှိုင်းအားအနည်းငယ်ရှောင်နိုင်လိုက်သော်လည်း သူ​၏လက်တစ်ဖက်မှာပြတ်လုနီးပါးဖြစ်သွားသေးသည်။

ထို့နောက်အကြောက်တရားများစွာနှင့်စစ်မြေပြင်တွင်မနေတော့ပဲချက်ချင်းမီးကုန်ရမ်းကုန်ပြေးထွက်လာလေတော့သည်။

ချိုးယီမှာအံ့ဩလွန်း၍စကားပင်မပြောနိုင်တော့ချေ။သူခွန်အားတစ်ဝက်နီးပါးသုံး၍အသုံးပြုလိုက်သောလှိုင်းကိုးလွာဓားသိုင်း​၏အနှစ်သာရ မူလသို့ပြန်လည်ရောက်ရှိခြင်းပင်လျှင်ထိုလူကပြက်ကချော်အသုံးပြုလိုက်သောဓားကွက်လောက်စွမ်းအားမပြည့်ဝချေ။

ထို့အပြင်ထိုလှိုင်းလုံးသဏ္ဍာန်ဓားစွမ်းအင်လှိုင်းကြီးမှာ ဆန့်ကျင်ဖက်ရန်သူတပ်ထဲထပ်မံတိုးဝင်သွားလေသည်မည်သူမျှပြေးမလွတ်ချေ။ လူရာပေါင်းများစွာသည်ထိုဓားစွမ်းအားကြောင့်သက်မဲ့များဖြစ်သွားခဲ့ချေပြီ။ချန်းအန်မြို့စောင့်တပ်နှင့်သိုင်းသမားများမှာအလွန်ပျော်ရွင်နေကြလေသည်။ပထမယီချိုး ဒုတိယဘယ်ကမှန်းမသိရောက်လာသော သိုင်းပညာရှင် နှစ်ယောက်လုံးမှာရန်သူတပ်ကိုအလွန်အထိနာစေသောဓားသိုင်းကွက်များကိုအသုံးပြုသွားခဲ့လေသည်။

ကွေယွေ့သည်ထိုအချိန်မှချိုးယီနားရောက်သွားပြီးကူညီ၍အတွင်းအားသွင်းပေးလိုက်သည်။ ချိုးယီလဲ လျှင်မြန်စွာဖြင့်ကုစသင့်သလောကုသလိုက်သည်။စိတ်ချသွားရပြီဆိုမှသာကွေယွေ့သက်ပျင်းတစ်ချက်ချလိုက်သည်။ ထို့နောက်ကွေယွေ့ ချိုးဝူယဲ့ဘက်လှည့်ကာလက်တီးစု၍နှုတ်ဆက်လိုက်သည်။

"ကျုပ်က လျှပ်တစ်ပြက်ဂိုဏ်းကအကြီးအကဲ ကွေယွေ့ပါ ဒီကမိတ်ဆွေကိုရောဘယ်လိုခေါ်ရမလဲမသိဘူး"

ချိုးဝူယဲ့​၏ဝါးခမောက်အောက်မှမျက်နှာသေမှာအနည်းငယ်မျက်ခုံးပင့်သွားပြီးလက်တီးစု၍ပြန်လည်နှုတ်ဆက်လိုက်သည်။

"ကျုပ်က ဦးတည်ရာမရှိတဲ့သာမန်ခရီးသွားတစ်ယောက်ပါ"

ကွေယွေ့မှာအချက်အလက်အနည်းငယ်နှိုက်ထုတ်ချင်သော်လည်းဤဆန်းကြယ်သောသူမှာလွန်စွာလျှို့ဝှက်လွန်းလှပေသည်။

ထို့အပြင်ထိုလူအားယခင်က ချန်းအန်တံတိုင်းပေါ်တင်တွေ့ခဲ့ဖူးသည်မဟုတ်လော။သိုင်းလောကတစ်ခုလုံးတွင်သူ​၏အလျင်ကို လိုက်မှီသည့်သူ လက်တစ်ဆုတ်စာပင်မရှိချေ။သို့သော်သူ​၏အရှေ့မှလူသည်သူထက်ပင်အဆပေါင်းများစွာပိုလျင်မြန်နေသေးသည်။မည်မျှကြောက်စရာကောင်းသော အလျင်နည်း။

ချိုးဝူယဲ့မှာအခြားသူစိမ်းတစ်ယောက်နှင့်စကားများစွာမပြောချင်ပေ။

"သူ့ကိုကျုပ်ခနခေါ်သွားမယ်ကျုပ်ပြောစရာရှိတယ်"

သူ​၏စရိုက်အတိုင်းတိုက်ရိုက်သာပြောလိုက်လေသည်။ကွေယွေ့လဲအခတ်တွေ့သွားသည်။ယခုအချိန်သည်ယီချိုး​၏အားအနည်းဆုံးအချိန်ဖြစ်သည့်အလျောက်မည်သည့်ထိပ်တန်းသိုင်းသမားမဆိုအလွယ်တကူသတ်ဖြတ်နိုင်လေသည်။

"ဒါက"

ကွေယွေ့အခတ်တွေ့သွားလေသည်။သူ​၏ရှေ့မှလူသည် ယီချိုးကိုသတ်ချင်လျင်ယခင်ကတည်းကသတ်နိုင်သည်မှာမှန်သော်လည်း အခြားသူစိမ်းတစ်ယောက်ကိုသိပ်မယုံကြည်ပေ။

ချိုးယီကွေယွေ့ကိုကြည့်လိုက်ပြီးပြုံးကာပြောလိုက်သည်။

"အကြီးအကဲကွေ စိတ်မပူပါနဲ့ ကျုပ်တို့ကရန်သူမဟုတ်ဘူး စကားပြောရုံပဲကျုပ်ဘာမှမဖြစ်နိုင်ပါဘူး"

ချိုးယီစကားရပ်သွားပြီးနောက် အချိန်အနည်းငယ်ကြာသောအခါ ကွေယွေ့ခေါင်းငြိမ့်ကာပြောလိုက်သည်။

"ကောင်းပြီလေ"

ထို့နောက်ချိုးယီ ချိုးဝူယဲ့အနားဖြည်းညင်းစွာသွားလိုက်သည်။ချိုးဝူယဲ့ခေါင်းငြိမ့်လိုက်ပြီးနောက်သူ​၏လက်နှစ်ချောင်းကိုပူး၍အပေါ်သို့ညွန်လိုက်သည်။ သစ်သားဓားအိမ်ထဲမှမက်မွန်ဓားသည်အလိုအလျောက်ကျွတ်ထွက်လာပြီးလေပေါ်တွင်ရပ်တန့်သွားသည့်။ သစ်သားဓားတွင်ဓားဝိဉာဉ်အစီရင်ထည့်ထားသောကြောင့် ချိုးဝူယဲ့မှာဓား​၏သခင်ဖြစ်သောကြောင့်အတွင်းအားအသုံးပြု၍အနည်းငယ်ထိန်းချုပ်ကာမိုင်အနည်းငယ်ပျံသန်းနိုင်လေသည်။

ထို့နောက်ကွေယွေ့နှင့်ချိုးယီတို့​၏အံ့အားသင့်၍ကြက်သေသေနေသောအကြည့်များအောက်တွင်ချိုးဝူယဲ့ ချိုးယီ​၏လက်မောင်းကိုဆွဲလိုက်ပြီး မက်မွန်ဓားပေါ်သို့ ခုန်တက်လိုက်သည်။

ချိုးယီမှာကြက်သေသေနေသောကြောင့်ချိုးဝူယဲ့ဆွဲခေါ်သည့်အတိုင်းတောင့်တောင့်ကြီးသာပါသွားလေသည်။

"ဝှီး"

ချိုးဝူယဲ့မှာ အနည်းငယ်ထိန်းချုပ်ရခတ်ခဲနေလေသည်။ ဓားပျံကိုထိန်းချုပ်သည်နှင့်ပင်ခတ်ခဲနေသော်လည်း ချိုးယီကိုပါ မပြုတ်ကျအောင်ထိန်းထားရသောကြောင့်ဖိအားပို၍များနေလေသည်။

စစ်မြေပြင်မှလူများသည်ဓားဖြင့်ပျံသန်းကာထွက်ခွာသွားသော ချိုးဝူယဲ့အားကြည့်၍ထိတ်လန့်သွားကြသည်။ မသေမျိုးနတ်တစ်ပါးဖြစ်ပေလော။

..................... 

ပြီး...

All Chapters