ချိုးယီ၏ဖြစ်စဉ်
Vol. 6 Ch. 68
တံတိုင်းပေါ်မှ ဟိုင်ချန်းလွေ့နှင့်ချီရှန်းကျောက်တို့လဲ လွန်တရာမှအံ့ဩနေကြလေသည်။ထိုဝတ်ရုံနက်နှင့်လျှို့ဝှက်ဆန်းကြယ်သောသူမှာမည်သူနည်း။သိုင်းလောကတွင်ထို့သို့ဓားတစ်ချောင်းဖြင့်ပျံသန်းနိုင်သူကိုမကြားဖူးခဲ့ပေ။ငါးပြည်ထောင်လုံးတွင်ရှိသောဓားအရှင် ခုနှစ်ပါးပင်လျှင်ထိုသို့မလုပ်နိုင်ပေ သို့မဟုတ်မသေမျိုးလော။
"ကျုပ်တစ်ဘဝလုံးမှာဓားတစ်ချောင်းနဲ့လေပါ်ပျံသန်းနိုင်တဲ့သူဆိုလို့တစ်ခါမှမကြားဖူးခဲ့ဘူး ဒီနေ့တော့တကယ်ကိုမျက်စိပွင့်နားပွင့်ပါပဲလား"
ဟိုင်ချန်းလွေအလွန်လေးနက်စွာဖြင့်စဉ်းစားရင်းပြောလိုက်သည်။ချီရှန်းကျောက်တုန်လှုပ်စွာဖြင့်.
"ဒီလူကိုကျုပ်သိတယ် မနေ့ကတံတိုင်းပေါ်မှာရုတ်တရက်ပေါ်လာတဲ့ အနက်ရောင်ဝတ်ရုံနဲ့လျှို့ဝှက်ဆန်းကြယ်တဲ့သူပဲ အကြီးအကဲကွေယွေ့ကိုတောင် လက်ညိုးတစ်ချောင်းပဲသုံးပြီးနေရာမရွေ့ပဲအနိုင်ယူသွားတာ မထင်ထားဘူးအဲ့လူက မသေမျိုးနတ်လိုအစွမ်းရှိလိမ့်မယ်လို့"
"သူဘယ်သူလဲကျုပ်တို့မသိသေးပေမဲ့ ကျုပ်တို့ဝူတန်ဂိုဏ်းချုပ်ကြီး ထိုက်ကျိဓားအရှင်ကျန်းဖျင်းယီကတော့သိလောက်တယ် ကျုပ်ပြန်ရောက်မှမေးကြည့်အုံးမယ်"
...........................
စစ်မြေပြင်ကိုကျော်၍ တောအုပ်ထဲနှစ်မိုင်သုံးမိုင်ခန့်ကွာဝေးသော ပေနှစ်ရာခန့်ရှိသောကျောက်တောင်လေးတစ်ခုပေါ်တွင်ဓားပျံဖြင့်ပျံသန်းလာသော ချိုးဝူယဲ့ချိုးယီကိုဆုတ်ကိုင်ကာကျောက်တောင်ပေါ်သို့ဆင်းသက်လိုက်သည်။မက်မွန်ဓားမှာအလိုအလျောက်ဓားအိမ်ထဲသို့ပြန်လည်ဝင်ရောက်သွားခဲ့သည်။ချိုးယီယခုအချိန်ထိအံ့အားသင့်နေဆဲဖြစ်ကာသတ်မလည်လာသေးပေ။
အချိန်အနည်းငယ်ကြာမှချိုးယီသတိလည်လာပြီးလက်တီးစုကာမေးလိုက်သည်။
"ခင်ဗျားကဘယ်သူလဲကျုပ်ကိုဘာလို့ကူညီတာလဲ"
ချိုးယီစိတ်ထဲတွင်ခန့်မှန်းချက်အချို့ရှိနေပြီဖြစ်သည်။ချိုးယီတောင်အောက်ကိုကြည့်နေရာမှရုတ်တရက်သူ၏ဝါးခမောက်ကိုချွတ်လိုက်သည်။သူ၏ဆံနွယ်များမှာလေထဲတွင်လွင့်မျောနေပြီးသူ၏အနက်ရောင်ဝတ်ရုံမှာလည်းလေထဲတွင်တစ်ဖျပ်ဖျပ်နှင့်လွင့်လူးနေခဲ့သည်။
ထို့နောက်ချိုးယီအနောက်သို့လှည့်လိုက်သည်။
"ခင်..ခင်ဗျားက"
ချိုးဝူယဲ့၏ခန့်ညားသောမျက်မျက်နှာသေကိုတွေ့လိုက်ရသော ချိုးယီမှာကြက်သေသေသွားပြီးစကားပြောရန်ပင်အနိုင်နိုင်ဖြစ်သွားလေသည်။ ချိုးဝူယဲ့ မျက်တောင်တစ်ချက်ခပ်၍ပြောလိုက်သည်။
"ငါတို့မတွေ့တာကြာပြီ ချိုးယီ"
"သ.. သခင်လေးဝူယဲ့လား"
ချိုးယီအသံများပင်တုန်ခါသွားလေသည်။ချိုးဝူယဲ့မှန်းသိသွားသည်နှင့်ချိုးယိမှာ အသံပင်တုန်ခါနေပြီး အံ့ဩနေလေသည်။ထို့နောက်တစ်ခုခုကိုသတိရသွားပြီးနောက်...
"ဒါဆို ဟိုးတစ်နေ့က ဟန်ပြောင်းနယ်စပ်တောအုပ်အပေါ်ကနေဖြတ်ပျံသွားတဲ့ မသေမျိုးနတ်နှစ်ပါးက သခင်လေးဝူယဲ့တို့လား"
ချိုးယီစိတ်လှုပ်ရှားစွာမေးလိုက်သည်။ ချိုးဝူယဲ့မှာခေါင်းငြိမ့်ကာနှုတ်ဆိတ်နေပြီးငြင်းဆန်ခြင်းလဲမပြူပေ။
ချိုးဝူယဲ့မှာ ငယ်စဉ်အချိန်ကတည်းက သူ၏မိဘများမှလွဲရင်ဒုတိယဂရုစိုက်ပေးဖူးသောလူဖြစ်သည်။ချိုးဝူယဲ့အတွက်ဆိုပို၍ပင်ဆိုးသေးသည်ချိုးအိမ်တော်တွင်ရှိနေသော သုံးနှစ်တာကာလအတွင်းမည်သူနှင့်မျှအဆက်အသွယ်မလုပ်ခဲ့ချေ သိုင်းပညာကိုသာတစိုက်မတ်မတ်လေ့ကျင့်ခဲ့ပြီး နားရင်အပြင်ထွက်သောရက်သည်ပင်ရှားပါးလှသည်။သုံးနှစ်တာကာလအတွင်းချိုးအိမ်တော်တွင်ချိုးယီမှတ်မိသောသူများဟူ၍လက်တစ်ဖက်ပင်မပြည့်ပေ ချိုးဟောက် ချိုးယီနှင့် ချိုးကျင်းတို့လောက်သာမှတ်မိလေသည်။
လူများနှင့်အထိအတွေ့အလွန်နည်းသည်ဟုပြော၍ရသည်။ထို့ကြောင့် ယခုတစ်ယောက်လောကကြီးအပေါ်အမြင်ကျယ်စေရန်နှင့်အတွေ့အကြုံများစုဆောင်းရန်အတွက်အပြင်သို့ထွက်လာခဲ့ခြင်းဖြစ်သည်။
မထင်မှတ်ထားပဲချိုးယီနှင့်တွေလိုက်ရပြီး ချိုးယီမှာသူထင်ထားသည်ထက်ပင်များစွာပို၍သန်မာလာခဲ့သည်။ထို့ပြင်လွန်ခဲ့သည့်သုံးနှစ်ချိုးဟောက်အနိုင်ကျင့်နေသည့်အချိန်ချိုးဝူယဲ့ဝင်ကယ်လိုက်ပြီးနောက်နေ့များတွင်ချိုးယီကိုမတွေ့ရတော့ချေ။အဘယ်ကြောင့်ပျောက်သွားသည်ကိုလည်းချိုးဝူယဲ့အနည်းငယ်စူးစမ်းချင်မိသေးသည်။
"လွန်ခဲ့တဲ့သုံးနှစ်က မင်းရုတ်တရက်ပျောက်ကွယ်သွားပြီး သုံးနှစ်အကြာမှမြင့်မားတဲ့သိုင်းပညာတွေနဲ့သိုင်းလောကမှပြန်ပြီးပေါ်လာခဲ့တယ် ဒီသုံးနှစ်အတွင်းတကယ်ပဲမင်းဘယ်တွေရောက်နေခဲ့တာလဲ"
ချိုးယီမျက်မှောင်ကြုတ်၍မေးလိုက်သည်။ချိုးယီအနည်းငယ်တုံ့ဆိုင်းသွားပြီးစကားပြော
ရန်ပြင်လိုက်သည်။သိုသော်အနည်းငယ်အုံ့မိုင်းနေသောမိုးသားတိမ်စိုင်များကြားထဲမှအဖြူရောင်အလင်းတန်းတစ်ခုရုတ်တရက်ကျဆင်းလာခဲ့သည်။ ထိုငွေဖြူရောင်အလင်းတန်းထဲမှယွင်ရှင်းမေမှာစိမ်းနုရောင်ဝတ်စုံလေးနှင့်နတ်မိမယ်တစ်ပါးအလားကျဆင်းလာခဲ့သည်။
ချိုးဝူယဲ့အတွက်တော့ယွင်ရှင်းမေ၏စွမ်းအားများမှာမထူးဆန်းတော့ချေ။သို့သော်ချိုးယီမှာမူမှင်သက်သွားလေသည်။ ယွင်ရှင်းမေချိုးဝူယဲ့တို့အနားဆင်းသက်လာပြီးနောက်...
"ပတ်ပတ်လည်ကခိုးကြောင်ခိုးဝှက်နဲ့လူတွေကိုအကုန်ရှင်းပြီးပြီ"
"ကောင်းပါပြီ ပင်ပန်းသွားပြီ"
ချိုးဝူယဲ့မျက်နှာသေဖြင့်ခေါင်းငြိမ့်ကာပြောလိုက်သည်။ချိုးယီမှာမူယခုထိသတိမလည်သေးသဖြင့်ချိုးဝူယဲ့သူ၏ပုခုံးအားပုတ်လိုက်သည်။
"အမ်း.."
"ကျွန်တော်ဆက်ပြောပြမယ် အဆင်ပြေပါ့မလား"
ချိုးယီယွင်ရှင်းမေကိုစိတ်လှုပ်ရှားစွာကြည့်၍ပြောလိုက်သည်။
"ရတယ်ကိစ္စမရှိဘူး"
ချိုးဝူယဲ့ခေါင်းငြိမ့်၍ပြောလိုက်သည်။ချိုးယီ၏မျက်နှာသည်ရုတ်တရက်အာရုံစူးစိုက်နေသောမျက်နှာသို့ပြောင်းလဲသွားပြီး...
"လွန်ခဲ့တဲ့သုံးနှစ်တုန်းကကျွန်တော်ချိုးအိမ်တော်အပြင်ဖက်တောင်အရပ်မှာရှိတဲ့တောင်ထိပ်မှာဆေးပင်ခူးနေရင်းရုတ်တရက်ကြီးတောင်ပြိုပြီးချောက်ထဲပြုတ်ကျသွားခဲ့တာ တော်သေးတယ်ချောက်ထဲက ခြုံပုတ်ကြီးတစ်ခုပေါ်ကိုပြုတ်ကျလို့အသက်ရှင်နေတာ ဒါတောင် ဒဏ်ရာအပြင်းအထန်ရပြီးတစ်ပတ်လောက်အထိနေရာမရွေ့နိုင်ဘူး"
ချိုးယီစကားအနည်းငယ်ရပ်လိုက်ပြီး..
"ကံကောင်းချင်တော့ ဂူတစ်ဂူတွေ့ပြီးအထဲကနေ နတ်သစ်သီးတစ်လုံသီးနေတဲ့နတ်သစ်ပင်တစ်ပင်ကိုတွေ့လိုက်ရတယ် ကျွန်တော်လဲဆာလောင်နေတာနဲ့ပဲဘာကိုမှဂရုမစိုက်ပဲ အဲ့ဒီသစ်သီးစားပြီးတစ်ရေးလောက်အိပ်လိုက်တာ ပြန်နိုးလာတော့ခန္ဓာကိုယ်ထဲမှာအရမ်းပြင်းထန်တဲ့အရှိန်အဟုန်တွေခံစားလိုက်ရမှ အတွင်းအားတွေတိုးလာမှန်းသိလိုက်တာ နောက်တော့ဘသုံးနှစ်လောက်ထိ အရင်ကကျက်မှတ်ခဲ့ဘူးတဲ့သိုင်းပညာတွေကိုလေ့ကျင့်ရင်းဒီလိုအခြေအနေဖြစ်လာတာပဲ"
ချိုးယီသက်ပျင်းချ၍ပြောလိုက်သည်။ယွင်ရှင်းမေအနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး
"ချိုးအိမ်တော်ရဲ့တောင်အရပ်မှာတောင်ပြိုတာ"
ယွင်ရှင်းမေ၏တီးတိုးစကားကိုကြားသောအခါချိုးဝူယဲ့ယွင်ရှင်းမေကိုမေးလိုက်သည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီးတစ်ခုခုသိလို့လား"
"အဲ့တောင်က ငါတို့တိုက်ပွဲကြောင့်ပြိုသွားတာ"
ချိုးယီမျက်လုံးပြူးသွားခဲ့သည်။တောင်များပင်ပြိုလောက်အောင်ထိပြင်းထန်တဲ့တိုက်ပွဲ ဒီမိန်းမလှလေးက တကယ်ပဲဘယ်အဆင့်မှာလဲ အစစ်အမှန်နတ်ဖြစ်ပေလော။ချိုးဝူယဲ့မျက်လုံးများတောက်ပသွားလေသည်။အကြောင်းအရာများကိုသူဆက်စပ်မိသွားချေပြီ။ထိုညတွင် ယွင်ရှင်းမေသူ၏အိမ်ရှေ့တွင်သတိမေ့နေသည်မှာထိုအကြောင်းကြောင့်ဆိုလျှင်မအံ့ဩတော့ချေ။
"ဒါဆိုခင်ဗျားတဲ့တိုက်ခိုက်ခဲ့တဲ့အဲ့ဒီလူရော ဒီတိုက်ကြီးမှာရှိနေတုန်းလား"
ချိုးဝူယဲ့ဖိအားအနည်းငယ်ရှိသည့်ဟန်ဖြင့်မေးလိုက်သည်။ယွင်ရှင်းမေခေါင်းခါရမ်းလိုက်ပြီး။
"သေပြီ"
...........................
ပြီး...