ဓားဝိဇ္ဇာအကြောင်းတစ်စေ့တစ်စောင်း
Vol. 6 Ch. 69
သုံးယောက်လုံးတိတ်ဆိတ်သွားလေသည်။ တောင်တန်းတွေကိုတောင်ပြိုကွဲအောင်ဖျက်စီးနိုင်သည့် တန်ခိုးရှင်တစ်ပါးဤသို့ဖြင့်သေဆုံးပြီလား....
အချိန်အနည်းငယ်တိတ်ဆိတ်သွားပြီးနောက်ချိုးယီချောင်းဟမ့်လိုက်သည်။
"ဒီကမ္ဘာမှာဒီလိုဖြစ်တည်မှုတွေရှိအုံးမယ်လို့မထင်ထားမိဘူး ကျွန်တော့ဆရာပြောခဲ့တာတကယ်မှန်တာပဲ"
"အိုမင်းမှာဆရာရှိသေးတာလား"
ချိုးဝူယဲ့၏မျက်နှာသေတွင်အံ့အားသင့်သွားဟန်ဖြင့်မေးလိုက်သည်။ချိုးယီခေါင်းငြိမ့်လိုက်ပြီး....
"အမှန်ပဲ ကျွန်တော့်ရဲ့ဆရာက ခွန်ခဲ့တဲ့အနှစ်နှစ်ရာက အနှိုင်းမဲ့ဓားဝိဇ္ဇာကြီးရဲ့တပည့်ဘဲအဲ့တာကြောင့်ဒီတစ်ခေါက်ဓားဝိဇ္ဇာဂူဗိမာန်ထွက်ပေါ်လာမှုမှာအမွေဆက်ခံစေဖို့စေလွတ်လိုက်တာ"
ချိုးယီမှာတစ်လုံးမကျန်ချိုးဝူယဲ့အားပြန်ပြောပြလေသည်။ ချိုးယီတွင်ခင်မင်စရာလူဟူ၍လက်တစ်ဖက်စာပင်မရှိချေ။ ယခင်ကဆိုလျှင်တော့ ချိုးဝူယဲ့သူ၏အခွင့်အလမ်းများလုယူမည်ကိုစိုးရိမ်နိုင်သည်။သို့သော်ယခုအခြေအနေမှာများစွာကွာခြားသွားလေသည်။ချိုးဝူယဲ့၏အစွမ်းမှာထိုအခွင့်အလမ်းများကိုမလိုတော့ဟုချိုးယီခန့်မှန်းမိလိုက်သည်။
သူ၏ဆရာပြောစကားအရ သူ၏ဆရာဖိုးဖိုးပြိုင်ဘက်ကင်းဓားဝိဇ္ဇာကြီးသည် နတ်ဝိဇ္ဇာအဆင့်သို့ရောက်ရှိခဲ့သောမသေမျိုးနတ်တစ်ပါးပင်။ယခုချိုးဝူယဲ့ကဲ့သို့ပင် ဓားပျံတစ်ချောင်းနှင့် လောကအနှံ့သွားလာနိုင်လေသည်။ဓားတစ်ချောင်းဖြင့်တောင်နှင့်ပင်လယ်ကိုတုန်လှုပ်စေနိုင်သည်။သိုင်းပညာ၏အထွတ်အထိပ်အဆင့်တွင်စစ်မှန်သောတာအိုနတ်လမ်းစဉ်ရှိသည်ဟုဓားဝိဇ္ဇာကြီးကိုယ်တိုင်ပြောခဲ့ဖူးသည်။
"သခင်လေးဝူယဲ့... သိုင်းပညာလမ်းစဉ်ကိုကျော်လွန်ပြီးစစ်မှန်တဲ့တာအိုနတ်လမ်းစဉ်ကိုရောက်ရှိသွားပြီလား"
ချိုးယီစိတ်လှုပ်ရှားစွာမေးလိုက်သည်။ယခုလေးတင်ချိုးယီဘေးမှ အနှိုင်းမဲ့လောက်အောင်လှပသောမိန်းမလှလေးသည်။ကောင်းကင်ထက်မှအလင်းတန်းနှင့်အတူကျဆင်းလာသည်မဟုတ်လော။ချိုးယီအတွက်ထိုအမျိုးသမီးမှာနတ်ဝိဇ္ဇာတစ်ပါးမှန်းသိသာလှသည်။ဆိုလိုသည်မှာ ချိုးဝူယဲ့မှာလည်းနတ်ဝိဇ္ဇာတစ်ပါးဖြစ်နေနိုင်သည်။
ချိုးဝူယဲ့ခေါင်းခါရမ်းလိုက်ပြီး..
"တာအိုလမ်းစဉ်ကိုမရောက်သေးဘူး ဒါပေမဲ့တစ်ဝက်တစ်ပျက်အဆင့်လို့ပြောလို့ရတယ် ချိုးယီဒီအကြောင်းတွေအခြားလူတွေကိုလျှောက်မပြောပါနဲ့ ဒါကသေမျိုးတွေသိသင့်တဲ့အရာမဟုတ်ဘူး ဒါပေမဲ့ကံကောင်းစွာနဲ့မင်းကတော့ တာအိုလမ်းစဉ်ကိုထိတွေ့ဖို့ကံပါလာတယ်"
ချိုးယီလေးနက်စွာဖြင့်ခေါင်းငြိမ့်လိုက်သည်။ထိုစဉ် ဘေးမှယွင်ရှင်းမေသည်လေထဲမှရုတ်တရက် ဆေးပုလင်းလေးတစ်ပုလင်းအားထုတ်ယူလိုက်သည်။ထို့နောက်လက်ခါရမ်းလိုက်သောအခါ ထိုဆေးပုလင်းမှာ ချိုးယီဆီသို့မျောလွင့်သွား၏။ချိုးယီလည်းယွင်ရှင်းမေလုပ်ရပ်ကြောင့်အံ့အားသင့်သွားသည်။
"ဒါကလွန်ခဲ့တဲ့သုံးနှစ်ကအတွက် ရော်ကြေးပဲလက်ခံလိုက် ရေထဲထည့်ပြီးစိမ်လိုက်ရင်ခန္ဓာကိုယ်ကိုပိုပြီးသန်မာလာစေတယ်"
ယွင်ရှင်းမေအေးစက်စက်ဖြင့်ပြောလိုက်သည်။ချိုးယီအံ့အားသင့်သွားပြီး.
"ဒါက..."
"လက်ခံလိုက် ချန်းအန်ကိုပြန်ရောက်ရင်ချက်ချင်းသုံးလိုက်"
ချိုးဝူယဲ့ခေါင်းငြိမ့်၍မျက်နှာသေဖြင့်ပြောလိုက်သည်။ချိုးယီလည်းခေါင်းငြိမ့်၍လက်ခံလိုက်လေသည်။သူ့အဖို့ဤနတ်ဆေးမှာနတ်သစ်သီးထက်မည်သို့မှတန်ဖိုးမနဲနိုင်ချေ။
သို့သော်ထိုမိန်းမလှလေးမှာအမှိုက်တစ်ခု
သဖွယ်ပစ်လေးနိုင်လေသည်။ထိုအမျိုးသမီးမှာနတ်ဝိဇ္ဇာဖြစ်ကြောင်းပြန်လည်သတိရသွားသည်နှင့်ဆေးပုလင်းကိုရဲရဲယူ၍သိမ်းထားလိုက်လေသည်။
ချိုးဝူယဲ့၏စိတ်ထဲတွင်အကြံတစ်ခုရှိသောကြောင့်ချိုးယီကိုဤသို့ဆက်ဆံခြင်းဖြစ်လေသည်။နောက်ပိုင်းသူဤတိုက်ကြီးမှ အခြားတာအိုကျင့်ကြံခြင်းလောကသို့သွားသည့်အခါချိုးယီမှာ ချိုးအိမ်တော်ကိုစောင့်ရှောက်နိုင်သည်။
ချိုးယီအားထိုဓားဝိဇ္ဇာကြီး၏အမွေကိုပါရရှိအောင်ပါတခါတည်းကူညီပေးမည်ဟုဆုံးဖြတ်ထားသည်။ထို့အပြင်ထိုဓားဝိဇ္ဇာကြီးဆီမှသူ့အတွက်အကျိုးအမြတ်အနည်းငယ်ရနိုင်သေးသည်မဟုတ်လော။
"ဒါဆိုဓားဝိဇ္ဇာဂူဗိမာန်ကိုငါတို့နဲ့တစ်ခါတည်းစောစောလိုက်ခဲ့ရင်ပိုကောင်းမယ် မင်းကိုအမွေရအောင်ကူညီပေးမယ်"
ချိုးယီစိတ်လှုပ်ရှားစွာခေါင်းငြိမ့်လိုက်သည်။သူထင်သည်မှာမှန်ပေသည်။ချိုးဝူယဲ့မှာထိုဓားဝိဇ္ဇာ၏အမွေကိုအမှန်တကယ်မလိုအပ်ပေ။
"ချိုးအိမ်တော်ကိုမုန်းနေလား"
ချိုးဝူယဲ့ ရုတ်တရက်မေးလိုက်သည်။ချိုးယီအနည်းငယ်ညိမ်ကျသွားပြီး..
"ကျွန်တော်ချိုးအိမ်တော်ကိုမမုန်းပါဘူး ချိုးဟောက်ကိုပဲမုန်းတာပါ ချိုးအိမ်တော်ကိုပြန်တဲ့တစ်နေ့မှ ချိုးဟောက်ဆီကရန်ကြွေးပြန်တောင်းမယ်"
"ကောင်းပြီ ဒါဆို အခု ချန်းအန်ကိုပြန်သွားမယ် ပြီးတော့ငါ့ကိုအကိုဝူယဲ့လို့ပဲခေါ်"
"ကောင်းပါပြီ"
ချိုးယီခေါင်းငြိမ့်လိုက်သည်။
"ဒါဆိုသွားမယ်"
ချိုးဝူယဲ့အသံသေဖြင့်ပြောလိုက်ပြီးနောက် ယွင်ရှင်းမေကိုကြည့်လိုက်သည်။သုံးယောက်လုံးတိတ်ဆိတ်သွားပြီးထူးဆန်းသည့်လေထုဖြစ်ပေါ်လာသည်။ယွင်ရှင်းမေ ချိုးဝူယဲ့အားမျက်ခုံးတစ်ဖက်ပင့်၍...
"ဘာကြည့်တာလဲ နင်းခေါ်လာတာမဟုတ်ဘူးလား"
"ဟွန့်"
သို့သော်ယွင်ရှင်းမေနှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီးလက်ဝေ့ရမ်းလိုက်သောအခါ ကောင်းကင်မှအလင်းတန်းနှစ်ခုကျဆင်းလာပြီးတစ်ခုမှာချိုးယီ၏ခန္ဓာကိုယ်ပေါ်သို့ဖျာကျပြီးတစ်ခုမှာယွင်ရှင်းမေ၏ခန္ဓာပေါ်သို့ဖျာကျလာသည်။
ထို့နောက် ချိုးယီ၏ခန္ဓာကိုယ်မှာရုတ်တရက်လေပေါ်သို့ကြွလာပြီးချိုးယီအားထိတ်လန့်သွားစေသည်။ထိုသည်မှာမည်သို့သောတန်ခိုးစွမ်းအားနည်း။ထို့နောက်၎င်းတို့နှစ်ယောက်၏ပုံရိပ်မှာ အလင်းတန်းနှင့်တကွကောင်းကင်ပေါ်သို့ထိုးတက်ကာတိမ်ဆိုင်များကြားတွင်ပျောက်ကွယ်သွားတော့သည်။
ချိုးဝူယဲ့လည်းခေါင်းခါရမ်း၍သူ၏လက်ညိုးနှင့်လက်ခလယ်အားပူးကာလေပေါ်သို့ပင့်သည့်ဟန်လုပ်လိုက်သည်။ဓားအိမ်ထဲမှ မက်မွန်ဓားလေးသည်ရုတ်တရက် အလိုအလျောက်ကျွတ်ထွက်လာပြီးချိုးဝူယဲ့၏ခြေရင်းနားရှိလေပေါ်တွင်ရပ်တန့်သွားသည်။ချိုးဝူယဲ့သူ၏မက်မွန်ဓားပေါ်သို့တက်လိုက်ပြီးလျင်မြန်သောအရှိန်ဖြင့် ချန်းအန်မြို့သို့ပြန်သွားလိုက်သည်။
.............................
"သတ်ကြ"
ရှေ့တန်းမှ မြို့စောင့်ကာကွယ်ရေးတပ်ခေါင်းဆောင်ကျိုးပုသည် အသံကုန်အော်ဟစ်လိုက်ပြီးသူကိုယ်တိုင်လည်း ဓားပြပေါင်းရာနှင့်ချီဖျက်စီးသတ်ဖြတ်ခဲ့သည်။ထိပ်တန်းသိုင်းသမားဖြစ်သည့်အလျောက်လူရာနှင့်ချီသတ်ဖြတ်နိုင်သည်မှာမဆန်းပေ။
ယခုပချိန်မှာရန်သူတပ်များစိတ်ဓာတ်ပျက်ပြားနေချိန်ဖြစ်၍ထိုအချက်ကိုအခွင့်ကောင်းယူ၍ ချန်းအန်မြို့ကာကွယ်ရေးတပ်နှင့်သိုင်းသမားများမှာလိုက်လံတိုက်ခိုက်ဖျက်စီးနေကြလေသည်။ထိုသည်မှာ ချိုးယီနှင့်ချိုးဝူယဲ့မှဖန်တီးပေးသောအခွင့်ကောင်းတစ်ခုပင်။တိုက်ပွဲမှာ ယခုမှအစသာရှိသေးသည်ရန်သူဘက်မှ သိုင်းပညာမြင့်မားသောသူများမပါလာသေးချေ။
............................
ပြီး...