← Chapters

စစ်မြေပြင်၌ကြီးစိုးခြင်း

Vol. 6 Ch. 70

စစ်မြေပြင်၌ကြီးစိုးခြင်း

Vol. 6 Ch. 70

ချန်းအန်ခံတပ်တံတိုင်းတွင်ချီရှန်းကျောက် မှာဆန်းကြယ်ဝတ်ရုံနက်နှင့်လူကြောင့်အနည်းငယ်စိုးရိမ်နေလေသည်။မည်သို့ပင်ဖြစ်စေထိုလူ ​၏ဓားတစ်ချက်မှာစစ်မြေပြင်အားကြီးအားသောပြောင်းလဲမှုကြီးတစ်ခုဖြစ်သွားစေနိုင်သည်။

"ဒီကမ္ဘာကြီးမှာတကယ်ပဲဘာတွေဖြစ်နေတာလဲ"

ချီရှန်းကျောက်လေးကန်စွာပြောလိုက်သည်။ဟိုင်ချန်းလွေ့သူ​၏မုတ်ဆိတ်ကိုပွတ်သပ်လိုက်ပြီး.

"ဟင်း..ဘယ်လိုဖြစ်ဖြစ်ပါလေ အဓိကကတော့သူကကျုပ်တို့ရန်သူမဟုတ်ဘူး လက်ရှိစစ်ပွဲပြီးဆုံးသွားဖို့အရေးကြီးတယ်"

"ဖျပ်"

ထိုစဉ်ကွေယွေ့​ပြန်ရောက်လာခဲ့သည်။ရှီဖုန်းလဲအနားတွင်ရှိပြီး ထိုင်ကာအားပြန်ဖြည့်နေခဲ့သည်။ကွေယွေ့လက်နှစ်ဖက်အားနောက်သို့ပစ်လိုက်ပြီး စစ်မြေပြင်ကိုမျှော်ကြည့်ကာပြောလိုက်သည်။

"စိတ်မပူနဲ့သူကကျုပ်တို့ရန်သူမဟုတ်ဘူး ယီချိုးနဲ့သိတယ်လို့တော့ပြောတယ်"

ချီရှန်းကျောက်လဲစိတ်မပူတော့ပဲ ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီ ဒါဆိုအဲ့ဒီလူက သူရဲကောင်းယီချိုးကိုဘယ်ခေါ်သွားတာလဲအကြီးအကဲကွေသိလား"

ကွေယွေ့ခေါင်းခါရမ်းလိုက်ပြီး..

"မသိဘူး"

ထိုစဉ်....

"ဝုန်း"

ကောင်းကင်ထက်မှအုံ့မိုင်းနေသောတိမ်ဆိုင်များကြားတွင်အလင်းပေါက်ကြီးတစ်ခုဖြစ်လာပြီးအလင်းတန်းကြီးတစ်ခုတံတိုင်းပေါ်သို့ကျဆင်းလာခဲ့သည်။ဟိုင်ချန်းလွေ့ ချီရှန်းကျောက်ကွေယွေ့ နှင့်ကျန်သည့်ထိပ်တန်းသိုင်းသမားများအားလုံးမိုးကောင်းကင်သို့မျှော်ကြည့်လိုက်သည်။

"ဒါက"

ချီရှန်းကျောက်စကားပင်ဆက်မပြောနိုင်တော့ပေ။ အလင်းတန်းကြီးထဲမှ လူနှစ်ယောက်ဖြည်းညင်းစွာကျဆင်းလာသောကြောင့်ပင်...

ထိုလူနှစ်ယောက်မှာအခြားလူမဟုတ်ပေ ချိုးယီနှင့်ယွင်ရှင်းမေပင်။တံတိုင်းထက်တွင်ရှိသော လူငယ်သူရဲကောင်းများနှင့်တပ်သားများ​၏အကြည့်မှာယွင်ရှင်းမေထံသို့ရောက်လို့နေလေသည်။ထိုမျှလှပသော နတ်သမီး ကမ္ဘာပေါ်တွင်ရှိနေသေးသည်လား။ယွင်ရှင်းမေသူမ​၏မျက်နှာအား မျက်နှာကာပဝါစနှင့်ကာထားသော်ငြား ခန္ဓာကိုယ်ကောက်ကြောင်းနှင့်အရှိန်အဝါတောက်ပမှုကိုမူမည်သို့မျှမကာဆီးနိုင်ချေ။

ထို့နောက်လူများအားလုံး​၏အံ့အားသင့်နေသောအကြည့်အောက်တွင်တံတိုင်းထက်သို့ညင်သာစွာဆင်းသက်လာသည်။ယွင်ရှင်းမေကြောင့်ချိုးယီမှာရှိသည်ဟုပင်မထင်မှတ်ခံရပေ။ချိုးယီစိတ်ထဲတစ်မျိုးဖြစ်သွားသည်။

'ဘာလို့ဘယ်သူမှငါ့ကိုမတွေ့ကြတာလဲဘာများမှားနေလို့လဲ'

ချီရှန်းကျောက် ကွေယွေ့နှင့် ဟိုင်ချန်းလွေ့တို့သုံးယောက်သား အံ့ဩလွန်း၍စကားပင်မပြောနိုင် ကောင်းကင်ဘုံမှကျဆင်းလာသောနတ်သမီးတစ်ပါးလော။ ထို့အပြင်ယီချိုးမှာအဘယ်ကြောင့်ပါလာရသနည်း။ဝတ်ရုံနက်နှင့်လူခေါ်ဆောင်သွားသည်မဟုတ်လော။

"ဘာတွေဖြစ်နေတာလဲ ကျုပ်တကယ်နားမလည်တော့ဘူး"

အဘိုးကြီးကွေယွေ့ခေါင်းကုက်ကာပြောလိုက်သည်။အားလုံးစိတ်ရှုပ်နေကြသည်ကိုမြိသောချိုးယီမှာ ရှေ့ထွက်လိုက်ပြီးစကားအနည်းငယ်ပြောလိုက်သည်။

"စိတ်မပူပါနဲ့ခုနကလူကကျုပ်ရဲ့မိတ်ဆွေပါ..ဒီနတ်သမီးကတော့...."

ထိုစဉ်...

"ရွမ်း...ဝုန်း"

စစ်မြေပြင်မှဓားခြိမ်းသံတစ်ချက်ဟိန်းထွက်လာသည်။ချိုးယီနှင့်ကျန်သည့်သူများအားလုံးစစ်မြေပြင်အစွန်းသို့လှည့်ကြည့်လိုက်သည်။

အနက်ရောင်ဝတ်ရုံဝါးခမောက်နှင့်ဆန်းကြယ်သောလူတစ်ယောက်သည်ရန်သူတပ်များအလုံးအရင်းရှိရာနေရာမှ ချန်းအန်မြို့ဆီသို့ ဓားပျံကိုမြေပြင်နှင့်ခပ်နှိမ့်နှိမ့်ပျံသန်းလျှက်တည့်တည့်လာနေခဲ့သည်။

သူ​၏ဓားပျံလမ်းကြောင်းတွင်ရှိသောအရာအားလုံးလွင့်ထွက်ကုန်ပြီးသူ့အားမည်သို့မှထိခိုက်နိုင်မည့်ပုံမပေါ်ချေ။သာမန်လူဖြစ်စေသိုင်းသမားဖြစ်စေ လမ်းကြောင်းရှေ့တွင်ပိတ်နေပါကာ အနားပင်မကပ်နိုင်ပဲဒဏ်ရာအပြင်းအထန်ရရင်ရ မရရင်သေဆုံးသွားကြသူများကြီးသာဖြစ်သည်။ဤသည်မှာချိုးဝူယဲ့ပင်ဖြစ်လေသည်။

ချိုးဝူယဲ့လာခဲ့သည့်လမ်းကြောင်းတစ်လျှောက်လုံးအလွတ်ကြီးဖြစ်နေပြီးမည်သူမှမတားဆီးနိုင်ချေ။ထိုသည်မှာလွမ်းမိုးနိုင်သောအမူရာဖြစ်သည်။

ရန်သူဘက်မှတပ်သားများလွန်စွာစိတ်ဓာတ်ကျနေလေပြီ။မည်သည့်အတွက်ဆရာကြီးများတစ်ယောက်ပြီးတစ်ယောက်ပေါ်လာကာ၎င်းတို့ဆန့်ကျင်ဘက်မှဖြစ်ရသနည်း။ အချို့အခြေအနေအားရိပ်မိသည့် ဉာဏ်ပြေးသောသူများဆိုလျှင်မသိမသာနှင့်ဆုတ်ခွာထွက်ပြေးကုန်ကြသည်။

တံတိုင်းပေါ်မှကြည့်လျှင်  ရန်သူတပ်အများဆုံးရှိရာစစ်မြေပြင်သည်ထိုဝတ်ရုံနက်ဆန်းကြယ်သောသူကြောင့်လမ်းကြောင်းအလွတ်ကြီးတစ်ခုဖြစ်နေချေပြီ။

"ကြီးစိုးလိုက်တာ..... "

ချီရှန်းကျောက်ထိတ်လန့်စွာပြောလိုက်သည်။ချီရှန်းကျောက်တင်မက ဟိုင်ချန်းလွေနှင့်ကွေယွေ့မှာထိတ်လန့်တုန်လှုပ်နေကြသည်။ဓားတစ်ချောင်းနှင့်လူတစ်ယောက်သည် သောင်းချီသောစစ်မြေပြင်ကိုလွမ်းမိုးနိုင်သည်လား။

ချိုးယီ​၏မျက်လုံးထဲတွင်အားကျအတုယူစိတ်များပေါက်ဖွာလာပြီးစိတ်ထဲတွင်ကြုံးဝါးလိုက်သည်။

'တစ်နေ့တော့ငါလဲ ဓားတစ်ချောင်းနဲ့စစ်မြေပြင်တစ်ခုလုံးကိုလွမ်းမိုးနိုင်ရမယ်'

ချိုးဝူယဲ့တံတိုင်းနားသို့ရောက်လာသည့်အချိန်မည်သူမှမတားဆီးရဲပေ။ထို့နောက်ချိုးဝူယဲ့ဓားပျံပေါ်မှတံတိုင်းပေါ်သို့ခုန်တက်လိုက်သည်။ခုန်တက်လိုက်သည်ဟုဆိုသော်လည်းလေထုနှင့်တစ်သားထဲဖြစ်နေသည့်အလားစီးမျှောလာခဲ့ခြင်းဖြစ်သည်။မက်မွန်ဓားသည်လည်းအလိုအလျှောက်ချိုးဝူယဲ့​၏နားတွင်အတူတကွပျံသန်းလာခဲ့ပြီးချိုးဝူယဲ့တံတိုင်းပေါ်သို့ခြေချလိုက်သည့်အချိန်တွင် မက်မွန်ဓားသည်ကွက်တိချိုးဝူယဲ့​၏ခါးတွင်ချိတ်ဆွဲထားသောဓားအိမ်ထဲသို့ပြန်လည်ဝင်ရောက်သွားခဲ့သည်။

..........................

ပြီး...

All Chapters