← Chapters

ဟော့ပေါ့တစ်အိုးသီချင်းသုံးပုဒ်

Vol. 6 Ch. 71

ဟော့ပေါ့တစ်အိုးသီချင်းသုံးပုဒ်

Vol. 6 Ch. 71

ချီရှန်းကျောက်နှင့်အခြားလူများမှာထပ်မံအံ့ဩသွားရပြန်သည်။ဤကမ္ဘာကြီးတွင်မည်သည့်အရာများဖြစ်ပျက်နေသည်ကိုလုံးဝနားမလည်နိုင်တော့ချေ။နတ်သမီးသမျှလှပသော မိန်းကလေးသည် ကောင်းကင်မှကျဆင်းလာပြီး ဝတ်ရုံနက်နှင့်ဝါးခမောက်ဆောင်းထားသောသူမှာ သစ်သားဓားတစ်ချောင်းဖြင့်လှည့်လှည်သွားလာနေခဲ့သည်။

ဟိုင်ချန်းလွေ့​၏ဖြစ်ပျက်သမျှကိုလက်ခံတတ်သောစိတ်မှာအလျင်မြန်ဆုံးပင်။ဟိုင်ချန်းလွေ့အရင်ဆုံးသတိဝင်လာပြီး လက်တီးနှစ်ဖက်စုကာနှုတ်ဆက်လိုက်သည်။

"ကျုပ်က ဝူတန်တောင်ကဟိုင်ချန်းလွေ့ပါ မိတ်ဆွေကဘယ်သူများလဲမသိဘူး"

ချိုးဝူယဲ့မှာလူထူးဆန်းတစ်ယောက်ဟုမှတ်ယူနိုင်သော်လဲအခြေခံလူမှုရေးတော့နားလည်ပါသေးသည်။သူလည်းလက်တီးစုကာနှုတ်ဆက်လိုက်သည်။

"ကျုပ်က နယ်ပယ်အနှံ့ကိုခြေဆန့်နေတဲ့သာမန်ခရီးသွားတစ်ယောက်ပါ ကျုပ်မိတ်ဆွေဒုက္ခရောက်နေတာတွေ့လို့ဝင်ကူညီပေးတပါ"

ထို့နောက်မှ ချီရှန်းကျောက်တို့လည်းသတိပြန်ဝင်လာပြီးခေါင်းငြိမ့်ကာလက်တီးစုနှုတ်ဆက်လိုက်ကြသည်။ချိုးဝူယဲ့ခေါင်းငြိမ့်လိုက်ပြီး ချိုးယီကိုကြည့်ကာပြောလိုက်သည်။

"ပြောထားတာမမေ့နဲ့ "

ချိုးယီခေါင်းတစ်ချက်ငြိမ့်၍ပြောလိုက်သည်။

"ကောင်းပြီ"

ထို့နောက်ချိုးယီ ချီရှန်းကျောက်ကိုကြည့်ကာပြောလိုက်သည်။

"စစ်သူကြီးချီကျုပ်ကို သန့်ရှင်းတဲ့နေရေစည်တစ်ဗုံးပြင်ပေးပါ"

ချီရှန်းကျောက်ချိုးယီ​၏စုတ်ပြတ်သတ်နေသောအခြေအနေကိုကြည့်၍အံ့အားသင့်သွားပြီး....

"ကောင်းပြီ...လာကြစမ်း သူရဲကောင်းယီချိုးအတွက်တံတိုင်းနဲ့အနီးဆုံးရှိတဲ့စံအိမ်မှာ သန့်ရှင်းတဲ့ရေစည်ပြင်ပေးလိုက်ကြ"

ထိုအချိန်ဘေးမှဝေယျာဝစ္စလုပ်ပေးရသောအစေခံများသည်ဦးညွတ်လိုက်ပြီးချိုးယီကိုစံအိမ်ဆီသို့ခေါ်ဆောင်သွားလိုက်ပြသည်။

"သွားကြစို့"

ချိုးယီထွက်သွားသည်ကိုကြည့်ပြီးနောက်ချိုးဝူယဲ့ ယွင်ရှင်းမေကိုပြောလိုက်သည်။ ထို့နောက်ထွက်သွားရန်ပြင်လိုက်သည်။ထိုအချိန်...

"မိတ်ဆွေခနနေပါအုံး"

ချီရှန်းကျောက်တစ်ခုခုကိုဝန်လေူနေသောအမူအရာဖြင့်တားဆီးလိုက်သည်။

"ဘာကိစ္စရှိသေးလို့လဲ"

ချိုးဝူယဲ့နောက်သို့ပြန်လှည့်၍တည်ငြိမ်စွာပြောလိုက်သည်။ချီရှန်းကျောက်တိတ်ဆိတ်သွားပြီးနောက်ခနအကြာတွင်ချီတုံချတုံဖြင့်..

"ဒီကမိတ်ဆွေကအရမ်းအစွမ်းထက်တော့ ကျုပ်တို့ကိုသာကူညီပေးရင် ဒီစစ်ပွဲကိုကျော်လွားဖို့အတွက်အများကြီးအကူအညီဖြစ်မှာပဲ"

"ဒါဆိုမြို့လဲပိုလုံခြုံပြီး လူ့အသက်ပေါင်းများစွာကိုလဲကယ်တင်နိုင်တယ် မိတ်ဆွေတစ်ချက်စဉ်းစားကြည့်ပေးပါ မိတ်ဆွေအတွက်အဆင်မပြေရင်လဲအတင်းအကြပ်မတောင်းဆိုပါဘူး အကယ်၍ကူညီပေးမယ်ဆိုရင်လဲကျုပ်က ဆုလက်ဆောင်တွေပေးပါ့မယ်"

ဘေးမှဟိုင်ချန်းလွေ့နှင့်ကွေယွေ့လဲ ချိုးဝူယဲ့အားမျှော်လင့်နေသောအကြည့်ဖြင့်ကြည့်လိုက်ကြသည်။အချိန်အနည်းငယ်တိတ်ဆိတ်သွားကြပြီးနောက်...

"ကောင်းပြီီလေ ဒါပေမဲ့တိုက်ခိုက်မဲ့သူကကျုပ်မဟုတ်ဘူး"

ချီရှန်းကျောက်နှင့် အခြားလူများကြောင်သွားကြသည်။ဒါဆိုဘယ်သူကတိုက်ခိုက်မှာလဲ။မဟုတ်မှလွဲရော...

အားလုံးတစ်ပြိုက်နက် ချိုးဝူယဲ့ဘေးမှနတ်သမီးသဖွယ်တောက်ပနေသော ယွင်ရှင်းမေအားမယုံနိုင်ဖွယ်ကြည့်လိုက်သည်။

"ဒါက....."

ယွင်ရှင်းနေသူမအားဝိုင်းကြည့်နေသောကြောင့်မျက်မှောင်ကြုတ်လိုက်ပြီး...

"ကို့ပြဿနာကိုရှင်း"

အေးစက်စွာပြောလိုက်ပြီးနောက်ကြီးမားသောအရှိန်အဝါတစ်ခုကိုထုတ်လွတ်လိုက်သည်။ထိုသကောင့်သားချိုးဝူယဲ့မှာသူမအားချောက်တွန်းပြန်လေပြီ။သို့သော်ထိုအချိန်ချိုဝူယဲ့​၏တည်ငြိမ်သောစကားတစ်ခွန်းထွက်ပေါ်လာခဲ့သည်။

"ဟော့ပေါ့တစ်အိုး သီချင်းသုံးပုဒ်"

ယွင်ရှင်းမေ​၏တင်းမာနေသောမျက်နှာလှလှလေးသည်ရုတ်တရက်ချက်ချင်းပြေလျော့သွားပြီးချိုးဝူယဲ့စကားဆုံးသည်နှင့်ချက်ချင်းလက်ခံလိုက်သည်။

"ကောင်းပြီသဘောတူတယ်"

သူမ ချိုးဝူယဲ့နှင့်သုံးနှစ်ကြာအတူရှိပြီးနောက်ချိုးဝူယဲ့​၏ထူးဆန်းသော ဟင်းလျာများနှင့်ဆန်းသစ်သောသီချင်းများကိုစွဲလန်းလုနီးပါးပင်။

"ဒါ....ဒါက"

ဘေးမှအခြားလူများမှာပြောစရာစကားပင်မဲ့

သွားပြသည်။

'ဘယ်လိုကြီးလဲခုနကပဲစိတ်တိုနေတာမဟုတ်ဘူးလားအခုတော့ချက်ချင်းလက်ခံလိုက်တယ်လား တကယ်ပဲဘာတွေဖြစ်နေတာလဲ'

ဤလူများတင်အံ့ဩသွားသည်မဟုတ်ချိုးဝူယဲ့ကိုယ်တိုင်ပင်အံ့ဩသွားလေသည်။ဤသို့မြန်မြန်လက်ခံလိုက်သည်မှာအံ့ဩစရာပင် သူ​၏ဟင်းလျာနှင့်ဂီတလက်စွမ်းမှာမည်မျှအစွမ်းထက်နေသနည်း။

"ကောင်ပြီနင့်စကားအတိုင်းဖြစ်ပါစေ ဟွန့်"

ယွင်ရှင်းမေနှာတစ်ချက်ရှုံ့လိုက်ပြီး စစ်မြေပြင်မှလူများကို အထက်စီးမှငုံ့ကြည့်လိုက်သည်။

ထိုအချိန်ချိုးဝူယဲ့တစ်ခုခုကိုသတိရသွားပုံရပြီး ချီရှနိးကျောက်ကိုပြောလိုက်သည်။

"တပ်သားတွေနဲ့တခြားလူတွေကိုနောက်ဆုတ်ခိုင်းလိုက်"

ချီရှန်းကျောက်နှင့်အခြားလူများအံ့အားသင့်သွားကြသည်။နောက်ဆုတ်ခိုင်းလိုက်လျင်ရန်သူများအားအခွင့်အရေးပေးသလိုမဖြစ်သွားပေဘူးလား။

"ဒါကအဆင်ပြေပါ့မလား"

"ဒါပေါ့ခင်ဗျားရဲ့တပ်သားတွေက သံမဏိနဲ့လုပ်ထားတယ်ဆိုရင်တော့နောက်မဆုတ်ခိုင်းနဲ့ပေါ့"

ချိူးဝူယဲ့တစ်ခွန်းတည်းပြောလိုက်ပြီးနောက်ဆက်မပြောတော့ပေ။ချီရှန်းကျောက်တစ်ခုခုကိုစဉ်းစားမိသွားပြီး ယွင်ရှင်းမေကိုထိတ်လန့်တကြားကြည့်လိုက်သည်။ထို့နောက်သူ့ပါးစပ်မှစကားမှတုန်လှုပ်စွာထွက်ပေါ်လာခဲ့သည်။

"နောက်ဆုတ်..နောက်ဆုတ်ကြအားလုံး မြန်မြန်အမိန့်ပေးခရာမှုတ်ကြစမ်း"

ချီရှန်းကျောက်ပြောပြီးနောက် စစ်မြေပြင်မှနောက်ဆုတ်ရန်အမိန့်ပေးခရာသံထွက်ပေါ်လာခဲ့သည်။

"ဘွန်း.............."

.......................

ပြီး...

All Chapters