← Chapters

မြေပြင်တစ်ရာဆီးနှင်းလွမ်းမိုးခြင်း

Vol. 6 Ch. 72

မြေပြင်တစ်ရာဆီးနှင်းလွမ်းမိုးခြင်း

Vol. 6 Ch. 72

ထိုအချိန်စစ်မြေပြင်တွင်....

စစ်မြေပြင်အလယ်မှတိုက်ပွဲနေရာတစ်ခုတွင်သွေးများဖုန်းလွမ်းနေပြီး သေဆုံးနေကြသောသူများမှာမိတ်ဆွေလားရန်သူလားပင်အသဲကွဲလောက်အောင်သွေးပျက်ဖွယ်မြင်ကွင်းမျိုးဖြစ်လေသည်။

"ညီနှစ်မင်းညီလေးကိုသွားကူညီပေးလိုက် ဒီနားကိုငါထိန်းထားလိုက်မယ်"

လှံသိုင်းပညာကိုကောင်းမွန်စွာအသုံးပြုနေသောသက်လတ်ပိုင်းအရွယ်အဆင့်မြင့်သိုင်းသမားတစ်ယောက်ကသူ​၏ဘေးမှအတူတူတိုက်ခိုက်နေသောအသက်သုံးဆယ်အရွယ်လူရွယ်ကိုအော်ပြောလိုက်သည်။

"ကောင်းပြီ ရန်သူတွေတဖြည်းဖြည်းအရေးနိမ့်လာပြီဆိုပေမဲ့ဂရုစိုက်အုံးအကိုကြီး"

ဘေးမှညီနှစ်ဆိုသော လူရွယ်က ခေါင်းငြိမ့်လိုက်ပြီး သတိပေးစကားပြောကာဘေးတစ်ဖက်မှ ရန်သူများကိုမနိုင်မနင်းခုခံနေသောညီလေး ဆိုသူဘက်သို့ပြေးသွားလိုက်သည်။

"အဆင်ပြေရဲ့လားညီလေး အကိုကြီးကငါ့ကိုဒီလာခိုင်းလိုက်တာ"

ညီနှစ်က ညီလေးဘက်မှရန်သူများကိုခုခံတိုက်ခိုက်လိုက်သောအချိန်မှညီလေး​၏ ဖိအားများတစ်ဝက်ခန့်လျော့ကျသွားပြီးအေးအေးဆေးဆေးဖြစ်သွားတော့သည်။

"ကျွန်တော်အဆင်ပြေတယ် အကိုနှစ်စိတ်မပူနဲ့ ဒီကောင်တွေ သူရဲကောင်းယီချိုးတို့ကြောင့်အတော်စိတ်ဓာတ်ကျနေကြပြီ ဒီလိုသာဆက်ထိန်းထားရင် အနိုင်ကကျွန်တော်တို့အတွက်ပဲ "

ညီလေးဆိုသူကတည်ငြိမ်စွာပြောလိုက်ပြီးသူ​၏ရှေ့မှပြေးဝင်လာသောဓားပြတစ်ယောက်ကိုတစ်ချက်ထဲဖြင့်ခုတ်သတ်လိုက်သည်။ညီနှစ်လည်းရန်သူပေါင်းများစွာကိုသတ်ဖြတ်ရင်းဖြင့်ပြောလိုက်သည်။

"အခြားသိုင်းသမားတွေပြောတာကတော့မကြာခင် အော်မေ့ဂိုဏ်းကပညာရှင်တွေလဲရောက်လာကြတော့မယ်တဲ့ ဒီလိုအခြေအနေကိုခနဆက်ထိန်းထားဖို့ပဲလိုတာ"

"ကောင်းပြီဂရုစိုက်ကြတာပေါ့"

ထိုအချိန်......

"ဘွန်း............."

အနောက်ဆုတ်ရန်အချက်ပေးခရာသံမြည်လာခဲ့သည်။သူတို့နှစ်ယောက်လုံးတိုက်ခိုက်နေရင်းနှင့်ရုတ်တရက်ရပ်တန့်သွားပြီးစိတ်ရှုပ်ထွေးသွားပြလေသည်။

"ဘာဖြစ်တာလဲအကိုနှစ်ကျုပ်တို့နိုင်နေတာပဲ အချိန်အနည်းငယ်ဆွဲထားရင် အောင်ပွဲအတွက်သေချာနေတာကို"

အကိုနှစ်လည်းစိတ်ရှုပ်ထွေးသွားပြီး...

"ဟုတ်တယ် ဒါပေမဲ့စစ်သူကြီးချီကဘာလို့ရုတ်တရက်ကြီးနောက်ဆုတ်ခိုင်းတာလဲ"

"ဘာပဲဖြစ်ဖြစ်ပါအကြောင်းတစ်ခုခုကြောင့်ဆိုတောတော့သေချာတယ် အရင်သွားရအောင်"

ရန်သူဘက်မှတပ်သားများလည်းအနည်းငယ်ထူးဆန်းသွားကြသည်။သို့သော်ဂရုစိုက်ပေ မည်သည့်ပင်ဖြစ်စေဤသည်မှာ၎င်းတို့အတွက်အခွင့်ရေးတစ်ခုပင်မဟုတ်လော။

"တက်ကြငကြောက်တွေနောက်ဆုတ်ကုန်ပြီအကုန်သတ်"

ချန်းအန်တံတိုင်း​၏အောက်ဘက်တစ်နေရာတွင်....

"အကိုကြီး..အကိုသုံး"

အခုလေးတင်ရောက်လာသော ညီနှစ်နှင့်ညီလေးက နှုတ်ဆက်လိုက်ကြသည်။

"ညီနှစ်နဲ့ညီလေးလဲရောက်လာကြပြီလား"

"ဟုတ်တယ်အကိုကြီး ဘာဖြစ်လို့စစ်သူကြီးချီကရုတ်တရက်ကြီးနောက်ဆုတ်ခိုင်းရတာလဲဒါကပြဿနာအကြီးကြီးမတက်သွားစေနိုင်ဘူးလား"

သက်လတ်ပိုင်းအရွယ်အကိုအကြီးဆုံးကချောင်းဟန့်၍ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ်ပါလေအခြေအနေကိုအရင်စောင့်ကြည့်ကြတာပေါ့"

ဤနေရာတွင်၎င်းတို့အပြင်အခြားသိုင်းသမားအများအပြားလဲလာစုစည်းနေကြလေသည်။အချို့သိုင်းသမားများမှာ ခြေလက်များပြတ်ကုန်ကြပြီးအချို့မှာဤလောကကြီးမှထွကခွာသွားကြလေပြီ။

...............................

ထိုအချိန်ချန်းအန်တံတိုင်းပေါ်တွင် ယွင်ရှင်းမေ​၏ ခန္ဓာကိုယ်သည်လေပေါ်သို့ဖြည်းညင်းစွာကြွတက်လာပြီး လေဟာပြင်တွင်မျှောနေလေသည်။သူမမည်သည့်အရာကိုလုပ်မည်မှန်းမည်သူမှမသိသောကြောင့် ငြိမ်သက်စွာဖြင့်ဘေးမှကြည့်နေကြသည်။

ယွင်ရှင်းမေတံတိုင်းနှင့်ဆယ်မီတာအကွာလေပေါ်တွင်ရပ်လိုက်ပြီးနောက် သူမ​၏လက်သည်လက်ဟန်သင်္ကေသပုံစံမျိုးစံပြုလုပ်နေခဲ့သည်။

အောက်မှကြည့်နေသော သိုင်းသမားများ နှင့်အခြားလူများမှာအံ့ဩစွာကြည့်နေကြလေသည်။ရန်သူတပ်သားများအားလုံး​၏စိတ်ထဲတွင်မကောင်းသောခံသားချက်ဖြစ်ပေါ်လာခဲ့သည်။သို့သော်အနိုင်လိုချင်ဇောနှင့်သွေးဆာတိုက်ပွဲကြောင့်တစ်ခုခုဖြစ်တော့မည်မှန်းကြိုတင်သတိမထားမိကြသေးပေ။ ၎င်းတို့​၏ရန်သူဘက်တွင်ဆရာ့ဆရာကြီးများရှိသည်ကိုသိသော်လည်း၎င်းတို့လူအင်အားနှင့်သာဆိုလျှင်အနိုင်ရမည်မှန်းသိနေကြသောကြောင့်ဤသို့မိုက်ရူးရုဆန်နေကြခြင်းသာဖြစ်သည်။

လေပေါ်တွင်ယွင်ရှင်းမေ​၏စိမ်းနုရောင်ဝတ်ရုံလေးမှာမျှောလွင့်နေပြီးဖြူဖွေးရှည်လျားသောခြေတံလေးများမှာ ပုရိသအပေါင်းအားအပူမီးများဖြစ်လာအောင်ဆွဲဆောင်လျက်ရှိသည်။သို့သော်မည်သူတစ်ဦးတစ်ယောက်မှထိုနတ်သမီးလေးနှင့်မျက်လုံးချင်းပင်ဆိုင်၍မကြည့်ရဲကြပေ။

ယွင်ရှင်းမေလက်ဟန်စည်းတံဆိတ်အားအပြီးသတ်လိုက်ပြီးဖြည်းညင်းစွာပြောလိုက်သည်။

"မြေပြင်တစ်ရာဆီးနှင်းလွမ်းမိုးခြင်း"

ထို့နောက်သူမ​၏လက်တစ်ဖက်ကိုကောင်းကင်ထက်သို့မြောက်လိုက်သည်။

မူလကအလင်းရောင်အနည်းအကျဉ်းရသောမိုးကောင်းကင်သည် ပိုမိုအုံ့မိုင်းသွားပြီး ဆဌဂံပုံသဏ္ဍာန်ဆီးနှင်းပွင့်များကျဆင်းလာခဲ့သည်။

အားလုံးမှာငြိမ်သက်နေကြလေသည်။မည်သည့်အရာများဖြစ်ပျက်မည်နည်း။တံတိုင်းဘက်သို့အနည်းငယ်မျှောလွင့်လာသောဆီးနှင်းတစ်ပွင့်အားဟိုင်ချန်းလွေ့လက်ဝါးဖြန့်ကာခံယူလိုက်သည်။ထို့နောက်ဟိုင်ချန်းလွေ့​၏မျက်နှာသည်ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။သူခံစားမိသည်မှာ အလွန်အေးစက်သောအထိအတွေ့ပင်ဖြစ်သည်။သူ​၏လက်ဝါးအားကြည့်လိုက်သည် သူ​၏လက်ဝါးပေါ်သို့နှင်းပွင့်ကျဆင်းသည့်နေရာသည်ရေခဲလွာလေးဖြစ်ပေါ်နေခဲ့သည်။

ထို့နောက်အားလုံးစစ်မြေပြင်အားကြည့်လိုက်သည်။ စစ်မြေပြင်တွင်ဆီးနှင်းပွင့်များရုတ်တရက်ကျဆင်းလာမှုကြောင့်တပ်သားများအားလုံးကြောင်တောင်တောင်ဖြစ်သွားကြသည်။ မကြာပေ၎င်းတို့​၏မျက်နှာများလျင်မြန်စွာပြောင်းလဲသွားကြပြီးအလွန်ကြောက်စရာကောင်းသောအရာတစ်ခုအားခံစားမိလိုက်ကြသည်။

ဤသည်မှာ၎င်းတို့​၏ခန္ဓာကိုယ်များသည်တောင့်ခဲလာခြင်းပင်။တဖြည်းဖြည်းနှင့်ရောခဲတုံးအဖြစ်သို့ပြောင်းလဲပေတော့မည်။ဤအခြေအနေမှာအဆင့်မြင့်သိုင်းသမားများပင်အချိန်အကြာကြီးမခုခံနိုင်ကြပေ။

အချိန်အနည်းငယ်ကြာပြီးနောက်စစ်မြေပြင်တစ်ခုလုံးသည်ဆီးနှင်းများကျဆင်းလျက်ရေခဲပြင်ကြီးတစ်ခုသဖွယ်ဖြစ်နေလေတော့သည်။လူပေါင်းထောင်ချီသည်ထွက်ပြေးလွတ်မြောက်သွားကြသော်လဲစစ်မြေပြင်​၏လူခြောက်ဆယ်ရာခိုင်နှုန်းခန့်မှာရေခဲတုံးအဖြစ်သို့ပြောင်းလဲသွားကြသည်။

ချီရှန်းကျောက် ၊ ဟိုင်ချန်းလွေ့ ၊ ကွေယွေ့နှင့်အခြားထိပ်တန်းသိုင်းသမားများသည်ပါးစပ်အဟောင်းသားဖြင့်ကြက်သေသေနေကြလေသည်။ချိုးဝူယဲ့ကိုယ်တိုင်ပင်အံ့အားသင့်နေခဲ့သည်။ဤသည်မှာမည်သို့သောစွမ်းအားနည်းသေချာသည်မှာ လူ့လောကနှင့်လုံးဝမသက်ဆိုင်နိုင်ပေ။

.........................

ပြီး...

All Chapters