← Chapters

ထိုက်ကျိဓားအရှင်ကျန်းထိုက်ရှန်း​၏ထိတ်လန့်မှူ

Vol. 7 Ch. 73

ထိုက်ကျိဓားအရှင်ကျန်းထိုက်ရှန်း​၏ထိတ်လန့်မှူ

Vol. 7 Ch. 73

အရာအာလုံးသည်တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ စစ်မြေပြင်မှာရေခဲများဖုံးလွမ်း

လျှက်ပင်။

လေဟာပြင်ပေါ်မှယွင်ရှင်းမေမှာဖြည်းညင်းစွာဖြင့် တံတိုင်းပေါ်သို့ညင်သာစွာကျဆင်းလာခဲ့သည်။စစ်မြေပြင်ကြီးတစ်ခုလုံးအားရေခဲပြင်ကြီးအဖြစ်ပြောင်းလဲလိုက်သော်လဲသူမမဟုတ်သည့်အတိုင်းပင်တည်ငြိမ်စွာရှိနေသေးသည်။

ဟိုင်ချန်းလွေ့မှာလောကကြီးအားများစွာတွေ့ကြုံခံစားဖူးသည်ဟုဆိုသော်လည်း ထိုသို့သောကိစ္စနှင့်ပတ်သက်၍တစ်ခါမှမကြုံဖူးသေးသောကြောင့်အလွန်အံ့အားသင့်လျှက်ပင်။အချိန်အနည်းငယ်ကြာပြီးနောက်ဟိုင်ချန်းလွေ့သတိပြန်လည်လာကာလက်နှစ်ဖက်အားစု၍ ယဉ်ကျေးစွာပြောလိုက်သည်။ 

"ကျုပ်တို့ ကိုကူညီပေးလို့ကျေးဇူးတင်ပါတယ် ဒီနတ်သမီးကိုဘယ်လိုခေါ် မလဲမသိဘူး"

ဟိုင်ချန်းလွေ့​၏အမေးစကားကြောင့် ယွင်ရှင်းမေမျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီးချိုးဝူယဲ့အားကြည့်လိုက်သည်။ချိုးဝူယဲ့မှာယွင်ရှင်းမေစကားမပြောချင်သည်ကိုနားလည်ပေသည်။ထို့ကြောင့်ချိုးဝူယဲ့ ဟိုင်ချန်းလွေ့အားအသံသေဖြင့်ပြောလိုက်သည်။

"သူမကို အေးခဲနတ်သမီးလို့ခေါ်နိုင်တယ်"

ထို့နောက်ချိုးဝူယဲ့ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး သူတို့နှစ်ယောက်​၏ပုံရိပ်မှာလူများအားလုံးရှေ့မှဝေဝါးကာပျောက်ကွယ်သွားတော့သည်။

ချီရှန်းကျောက်နှင့်အခြားလူများသက်ပျင်းချလိုက်ကြသည်။ဟိုင်ချန်းလွေ့မှာတီးတိုးရေရွတ်လိုက်သည်။

"အေးခဲနတ်သမီး"

...................................

ဝူတန်တောင်​၏ တောင်ထွတ်ငယ်တစ်ခုမှရိုးရှင်းသောလိုဏ်ဂူလေးတစ်ခုတွင်...

"ဟူး...ဟူး"

တစ်ခေါင်းလုံးနီးပါးဆံပင်များဖြူဖွေးနေသော လူအိုကြီးတစ်ယောက်မှာ မောဟိုက်နေလေသည်။

ဤအဖိုးကြီးမှာအခြားလူမဟုတ်ချေ။ ငါးပြည်ထောင်လုံးမှသိုင်းသမားများအားလုံးလေးစားအားကျရသော ထိုက်ကျီဓားအရှင်ကျန်းထိုက်ရှန်း ဖြစ်လေသည်။ရိုးရှင်းသောအဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သာမန်လူသားတစ်ယောက်ကဲ့သို့သာရိုးရှင်းစွာဖြင့်နေထိုင်သော်လည်း ကျန်းထိုက်ရှန်းအား တာ့ယွမ်အင်ပါယာ​၏နံပတ်တစ်ပညာရှင်အဖြစ်လူတိုင်းကသတ်မှတ်ထားကြသည်။ အချို့မှာသူသည်အဆင့်လွန်သိုင်းပညာအဆင့်ကိုကျော်လွန်နေသည်ဟုပြောကြလေသည်။

မမှားချေ သူသည်အဆင့်လွန်သိုင်းပညာကိုကျော်လွန်၍မဟာသိုင်းရာဇာ အဆင့်သို့ရောက်ရှိနေခဲ့လေသည်။သူ​၏ဗေဒင်ပညာသည်ဤကုန်းမြေကြီးတစ်ခုလုံးတွင်နံပတ် တစ်ဖြစ်သည်။ ဝူတန်ဂိုဏ်းချုပ်အဆက်ဆက်တွင် တည်ထောင်သူဘိုးဘေးမှလွဲ၍ကျန်းထိုက်ရှန်းသည်အတောက်ပဆုံးဂိုဏ်းချုပ်ဖြစ်ခဲ့လေသည်။

ထိုသို့သောသန်မာသောသူသည်ယခုလွန်စွာမောဟိုက်နေခဲ့သည်။

"ငါးပြည်ထောင်ရဲ့ကံကြမ္မာက ဖြစ်နိုင်ချေတွေအများကြီးကွဲထွက်နေပြီ အနာဂတ်မှာဘယ်တစ်ခုမဆိုးဖြစ်သွားနိုင်တယ်"

ကျန်းထိုက်ရှန်းထိတ်လန်စွာပြောလိုက်သည်။

"ငါးပြည်ထောင်ရဲ့ဓားဧရာဇ်"

"ကြည့်ရတာဒီကံကြမ္မာကသူ့ရဲ့အဆုံးသတ်ဟုတ်ပုံမရဘူး ဒီထက်ပိုတဲ့အနာဂတ်လမ်းကြောင်းက မြူခိုးတွေနဲ့ကွယ်ဝှက်နေတယ် ဘယ်လောက်တောင်အင်အားကြီးလာမဲ့ဖြစ်တည်မှုမျိုးလဲ"

"မဟုတ်မှလဲရော ဒဏ္ဍာရီထဲက သေခြင်းအလွန်က နတ်ဝိဇ္ဇာနယ်ပယ်လား"

ထိုက်ကျိဓားအရှင် ကျန်းထိုက်ရှန်းသည် အများနားမလည်နိုင်သောအရာများကိုတစ်ကိုယ်တည်းပြောဆိုနေပြီးသူ​၏မျက်မှာလည်း ထိတ်လန့်ခြင်းအံ့အားသင့်ခြင်း ပျော်ရွင်ခြင်း ဝမ်းနည်းခြင်းခံစားချက်ပေါင်းစုံဖြစ်ပေါ်နေခဲ့သည်။

"ဟင်းဘယ်လိုဖြစ်ဖြစ်ပါလေ အနာဂတ်ကျရင်တွေ့ဆုံနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်"

........................

ချိုးယီ နာရီအနည်းငယ်အကြာ ဆေးရည်စိမ်ပြီးနောက် သူ​၏ခန္ဓာကိုယ်အားသုံးသပ်ကြည့်လိုက်သည်။

"ငါ့ရဲ့ဒဏ်ရာတွေနဲ့ခွန်အားတွေအကုန်ပြန်ပြည့်နေတဲ့အပြင် ငါ့ရဲ့ရုပ်ပိုင်းဆိိုငရာခွန်အားကအရင်ကထက် နှစ်ဆကျော်လောက်ပိုပြီးသန်မာလာတယ် "

"တကယ့်ကိုမယုံကြည်နိုင်စရာနတ်ဆေးရည်ပဲ"

ထို့နောက်ချိုးယီအဖြူရောင်အဝတ်အစားများကိုဝတ်ဆင်လိုက်သည်။သူ​၏ချောမောသောရုပ်ရည်နှင့်ဖြူဆွတ်နေသောဝတ်ရုံ မြင့်မားသောသိုင်းပညာတို့မှာ လုံမပျိုလေးတို့​၏အိမ်မက်နတ်သားအလားပင်။ထို့နောက်သူ​၏ရှေးဟောင်းအငွေ့အသက်များရှိသောဓားအားခါးတွင်ချိတ်ကာ တံခါးဖွင့်ကာအပြင်သို့ထွက်လိုက်သည်။

ထို့အချိန်...

"သူရဲကောင်းယီချိုး စစ်သူကြီးချိုးကစစ်သူကြီးစံအိမ်တော်ကို လာခဲ့ပေးဖို့အခေါ်တော်ပါးလိုက်ပါတယ်"

အစေခံတစ်ယောက်သည်ချိုးယီတံခါးဖွင့်သည်အထိစောင့်၍ချိုးယီထွက်လာသောအခါပြောလိုက်သည်။ချိုးယီကြောင်သွားသည်။ယခုအချိန်ချီရှန်းကျောက်ကစစ်မြေပြင်မှာရှိနေရမည့်အချိန်မဟုတ်လော အဘယ်ကြောင့်စစ်သူကြီးစံအိမ်ကိုရောက်ရှိသွားသနည်း။

ယီချိုးခေါင်းငြိမ့်လိုက်ပြီး...

"လမ်းပြပါ"

အစေခံလေးကဦးညွတ်လိုက်ပြီး ရှေ့မှလမ်းပြ၍စစ်သူကြီးအိမ်တော်သို့ခေါ်ဆောင်သွားလေသည်။

အချိန်အနည်းငယ်ကြာပြီးနောက် ချိုးယီ စစ်သူကြီးစံအိမ်တော်သို့ရောက်ရှိသွားပြီး ခန်းမဆောင်ထဲသို့ဝင်သွားလိုက်​၏။

စစ်သူကြီးခန်းမဆောင်ထဲတွင် မြို့စောင့်တပ်မှုးစစ်သူကြီးချီ ဟိုင်ချန်းလွေ့ ကွေယွေ့ ရှီဖုန်းတို့အားလုံးရှိနေပြီးအဖြူနှင့်အနက်ရောင်ဝတ်ရုံအားဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လှပသောအမျိုးသမီးတစ်ယောက်နှင့် နူးညံ့သောပိုးသားအပန်းရောင်ဝတ်စုံနှင့်လူတကာငေးကြည့်လောင်အောင်ချောမောလှပလွန်းသောမိန်းမပျိုလေးတစ်ယောက်လည်းရှိသေးသည်။ချိုးယီပင်လျှင်အချိန်အနည်းငယ်ကြာအောင်ငေးကြည့်မိသွား​၏။

ထိုအချိန်ချီရှန်းကျောက်ချိုးယီကိုမြင်သွားပြီးလက်တီးနှစ်ဖက်စုကာနှုတ်ဆက်လိုက်သည်။

"သူရဲကောင်းယီချိုးအဆင်ပြေသွားပြီလား"

ချိုးယိခေါင်းငြိမ့်လိုက်ပြီးလက်တီးစုကာနှုတ်ဆက်လိုက်သည်။

"ကျုပ်အဆင်ပြေသွားပါပြီ"

...................................

ပြီး...

All Chapters