← Chapters

နောက်မှပြန်ဆုံကြမယ်

Vol. 7 Ch. 74

နောက်မှပြန်ဆုံကြမယ်

Vol. 7 Ch. 74

ထို့နောက်ချိုးယီ အရှေ့သို့ဆက်သွားလိုက်ပြီးဧည့်သည်နေရာအတွက်တည်းခင်းထားသော နေရာတွင်ထိုင်ချလိုက်သည်။ထို့နောက်ချိုးယီ ရေနွေးကယားထဲမှ ရေနွေးကြမ်းအားခွက်ထဲသို့လောင်းချလိုက်ပြီးနောက် လက်ဖက်ရည်ခွက်အားကိုင်ကာမြောက်လိုက်သည်။

"အားလုံးပဲကျုပ်နဲနဲနောက်ကျသွားတယ်ထင်တယ်"

ထို့သို့ပြောပြီးနောက် လက်ဖက်ရည်ခွက်အားမော့ချလိုက်သည်။

"ဂလု"

ချီရှန်းကျောက်ပြုံးကာခေါင်းငြိမ့်လိုက်ပြီးသက်လတ်ပိုင်းအရွယ်မိန်းမဘက်သို့လှည့်ကာမိတ်ဆက်ပေးလိုက်သည်။

"ဒါကတော့ ခေတ်တစ်ခေတ်ကိုဦးဆောင်နေတဲ့ ပါရမီရှင်သူရဲကောင်းယီချိုး"

ချီရှန်းကျောက်​၏ချီးမြှောက်မှုကြောင့်ချိုးယီပင်လျှင်အနည်းငယ်ရှက်သလိုလိုပင်ဖြစ်သွားလေသည်။ထို့နောက်ချိုးယီလက်တီးစု၍နှုတ်ဆက်လိုက်သည်။ သက်လတ်ပိုင်းအရွယ်မိန်းမလည်းချီရှန်းကျောက်​၏စကားကြောင့်အနည်းငယ်အံ့အားသင့်သွားပုံရပြီး ခေါင်းငြိမ့်လိုက်သည်။ထို့နောက်ချီရှန်းကျောက်ကဆက်လက်၍မိတ်ဆက်ပေးလိုက်သည်။

"ဒီဘက်ကအမျိုးသမီးကတော့အော်မေ့ဂိုဏ်းက ပညာရှင်ချင်နျဲ့ဟွား အနောက်က မိန်းမပျိုကတော့ အော်မေ့ဂိုဏ်းကတပည့်ကြီး ယွဲ့ချူးမေ့ ပဲ"

ချိုးယီလက်တီးစု၍နှုတ်ဆက်လိုက်ပြန်သည်။ ဘေးမှပန်းတစ်ပွင့်လေးလိုလှပသော ယွဲ့ချူးမေ့မှာလည်း လက်တီးနှစ်ဖက်ဆုတ်၍နှုတ်ဆက်လိုက်သည်။သို့သော်မည်သည့်စကားမှတော့မပြောချေ။လေထုမှာအလွန်အမင်းထူးဆန်းနေချေသည်။

အချိန်အနည်းငယ်ကြာပြီးနောက် ဆက်မနေနိုင်တော့သည့်အဘိုးကြီးကွေယွေ့ကချောင်းဟန့်လိုက်ပြီး...

"အဟမ်း....ဓားပြတပ်ကိုစိုးရိမ်စရာတွေရှိသေးတယ်ဆိုတော့ကျုပ်တို့ဒီမှာ သုံးရက်လောက်နေကြတာပေါ့ပြီးမှ ကျန်တဲ့ဂိုဏ်းကြီး လေးခုကိုစောင့်ပြီးလှုပ်ရှားကြတာပေါ့"

ခန်းမထဲများလူများအားလုံးခေါင်းငြိမ့်လိုက်ကြသည်။

သို့သော်ချီရှန်းကျောက်သာလျှင်နားမလည်ကျန်ထားလေသည်။ဤသည်မှာထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သောကြောင့်တော်ဝင်ရုံးတော်နှင့်သိုင်းဂိုဏ်းကြီးများ​၏အထက်ပိုင်းများမှလွဲလျှင်ကျန်သည့်သူများမသိရှိရချေ။

ဒါပေါ့အချို့သူများကတော့သူသျှိုများကြောင့်သိရှိကြပြီးဖြစ်သည်။

ချိုးယီပြုံး၍ခေါင်းခါရမ်းလိုက်သည်။

'ခင်ဗျားတို့က နောက် သုံးလေးရက်မှ ရှာပုံတော်ဖွင့်မှာကျုပ်တို့က မကြာခင်သွားရှာကြတော့မှာစိတ်မကောင်းပါဘူး ဆရာဘိုးဘေးဓားဝိဇ္ဇာကြီးရဲ့ အမွေကကျုပ်အတွက်ပဲ"

စစ်သူကြီးအိမ်တော်ခန်းမမှအပြန်လမ်းတွင်....

ပညာရှင်ချင်နွဲ့ဟွား​၏နံဘေးမှ မိန်းမလှလေးယွဲ့ချူးမေသည် စိတ်ဝင်တစ်စားဖြင့်မေးမြန်းလိုက်သည်။

"အဲ့ဒီယီချိုးကတကယ်စိတ်ဝင်စားစရာပဲ ဒီအရွယ်လေးနဲ့အဆင့်လွန်ထိပ်သီးပညာရှင်တွေကိုတိုက်ခိုက်နိုင်တာ ဆရာဒေါ်လေးသူ့အကြောင်းကိုအရင်ကကြားဖူးလား"

ဘေးမှ ချင်နွဲ့ဟွားကလည်းလေးနက်သောမျက်နှာဖြင့်...

"လွန်ခဲ့တဲ့နှစ်တွေကတစ်လျှောက်လုံး သူ့နာမည်ကိုတစ်ခါမှကြားဖူးဘူး ဒီနှစ်မှဘွားခနဲပေါ်လာပြီး ကျော်ကြားလာတာ"

ယွဲ့ချူးမေ့အနည်းငယ်ထိတ်လန့်သွားဟန်ဖြင့်..

"ဒါဖြင့်သူက အခြားအင်ပါယာကပညာရှင်တစ်ယောက်ကောမဖြစ်နိုင်ဘူးလား ဒီလောက်ငယ်ရွယ်တဲ့ပညာရှင်တစ်ယောက်က တာ့ယွမ်အင်ပါယာမှာပေါ်လာတာမယုံနိုင်စရာပဲ"

"ဘယ်လိုပဲဖြစ်ဖြစ်ယီချိုးသာ တာ့ယွမ်အင်ပါယာနဲ့အော်မေ့ဂိုဏ်းကိုဒုက္ခမပေးရင် မိတ်ဆွေအဖြစ်အသိအမှတ်ပြုသင့်တဲ့သူတစ်ယောက်ပဲ ကဲကဲသူများအကြောင်းပြောတာရပ်ပြီး နောက် သုံးရက်နေရင်စမဲ့အရေးကြီးကိစ္စကိုပဲအာရုံစိုက်ထာ"

ချင်နွဲ့ဟွား ခေါင်းခါရမ်း၍ပြောလိုက်သည်။ယွဲ့ချူးမေ့လည်း ခေါင်းငြိမ့်လိုက်ပြီး ချင်နွဲ့ဟွားပြောစကားအားလက်ခံလိုက်သည်။

..........................

အော်မေ့ဂိုဏ်းကအရင်နှုတ်ဆက်ထွက်ခွာသွားပြီးနောက်မကြာခင်မှာပဲ လျှပ်တစ်ပြက်ဂိုဏ်းမှကွေယွေ့လည်းနှုတ်ဆက်ကာ စစ်သူကြီးအိမ်တော်ခန်းမမှနှုတ်ဆက်ထွက်ခွာသွားခဲ့သည်။

ချိုးယီ ၊ဟိုင်ချန်းလွေ့ ၊ရှီဖုန်း နှင့်ချီရှန်းကျောက် တို့လေးယောက်သာကျန်ထားလေသည်။ ရှီဖုန်းသည်မည်သည့်အရာကိုမျှဂရုစိုက်ပုံမရ သူ့ဘာသာတည်းခင်းပေးထားသော သေရည်များနှင့်အစားအစာများကိုသာစားသောက်နေခဲ့သည်။မုတ်ဆိတ်မွေးအားပွတ်သပ်နေသောဟိုင်ချန်းလွေ့ကစကားစပြောလိုက်သည် ။

"စစ်သူကြီးချီကျုပ်တို့က ဒီမြို့မှာဓားပြတပ်ရဲ့ရန်ကနေကာကွယ်စောင့်ရှောက်ပေးဖို့ သုံးရက်လောက် ရှိနေဦးမယ် ပြီးတာနဲ့ကျုပ်တို့ဂိုဏ်းသုံးဂိုဏ်းလဲခရီးဆက်စရာရှိသေးတာမို့နှုတ်ဆက်ရတော့မယ်"

ချီရှန်းကျောက်အနည်းငယ်မျက်မှောင်ကြုတ်မိသွားသည် ထိုဂိုဏ်းသုံးဂိုဏ်းကြားတွင်သူမသိသေးသောကိစ္စတစ်ခုရှိနေသည်မှာကျိန်းသေသည်။ သို့သော်လည်းတာ့ယွမ်အင်ပါယာကိုမထိခိုက်စေသရွေ့တော့အဆင်ပြေပါသည်။ချီရှန်းကျောက် လက်တီးနှစ်ဖက်စု၍ပြောလိုက်သည်။

"ကောင်းပါပြီအကြီးအကဲဟိုင်ကျေးဇူးတင်ပါတယ်"

ဟိုင်ချန်းမုတ်ဆိတ်အားပွတ်သပ်၍ခေါင်းအသာအယာငြိမ့်လိုက်သည်။ထိုအချိန်ယီချိုး ထိုင်နေရင်းမှရုတ်တရက်ထလာကာလက်တီးစု၍ပြောလိုက်သည်။

"စစ်သူကြီးချီ အကြီးအကဲဟိုင် ကျုပ်တို့ညီကိုတွေကတော့ မြို့ကိုမစောင့်ပေးနိုင်တော့ဘူးထင်ပါရဲ့ ကျုပ်ဘဝအတွက်အရေးကြီးတဲ့ကိစ္စတစ်ခုပေါ်လာလို့ ဒီနေ့သွားမှရမယ် အကြီးအကဲတို့နဲ့အတူမစောင့်ပေးနိုင်တာကိုခွင့်လွတ်ပါ"

ချိုးယီ​၏စကားကြောင့်ဟိုင်ချန်းလွေ့နှင့်ချီရှန်းကျောက်တို့ခေတ္တမျှအံ့ဩသွားကြသည်။သူတို့ထင်သည်မှာချိုးယီ​၏နေရာတွင်အတော်ကြာရှိဦးမည်ဟူ၍ပင်။သူတို့မပြောနှင့်ရှီဖုန်းပင်အံ့အားသင့်သွားခဲ့သည်။ ဤနေရာတွင်ရက်အနည်းငယ်နေရန်ဆုံးဖြတ်ထားကြသော်လည်း ချိုးယီမှာရုတ်ခြည်းထွက်သွားတော့မည်ဟုမထင်ထားခဲ့ချေ။

ချီရှန်းကျောက်နှင့်ဟိုင်ချန်းလွေတို့အံံ့ဩနေသော်လည်း အခြားသူတစ်ယောက်​၏အတွင်းရေးကိစ္စဖြစ်တာကြောင့် အားတင်းခေါင်းငြိမ့်ကာပြောလိုက်ကြ​၏။

"ကောင်းပါပြီ သူရဲကောင်းယီကဘယ်အချိန်သွားမှာပါလဲ"

ချိုးယီအကြမ်းရည်တစ်ခွက်အားမြောက်ကာမော့ချလိုက်ပြီး...

"ကိစ္စမရှိရင်ကျုပ်အခုပဲသွားပါတော့မယ် နှုတ်ဆက်ပါတယ် နောက်မှပြန်ဆုံးကြတာပေါ့"

ချိုးယီလက်တီးစု၍နှုတ်ဆက်ကာ ရှီဖုန်းကိုကြည့်လိုက်သည်။ရှီဖုန်းခေါင်းငြိမ့်လိုက်ပြီးသေရည်တစ်ခွက်အားမြောက်ကာမော့ချလိုက်သည်။ချိုးယီနည်းတူလက်တီးစု၍နှုတ်ဆက်လိုက်သည်။ဟိုင်ချန်းလွေ့ နှင့်ချီရှန်းကျောက်လဲ သိုင်းလောကကျင့်ဝတ်အတိုင်း လက်တီးဆုတ်ကာ နှုတ်ဆက်လိုက်ကြသည်။

"နောက်မှပြန်ဆုံးကြမယ်"

ချိုးယီခေါင်းငြိမ့်၍ လှည့်ထွက်သွားလိုက်သည်။ဘေးနားတွင်ရှီဖုန်းလည်းလိုက်ပါလာသည်။၎င်းတို့​၏ဦးတည်ရာအရပ်မှာ......

......................

ပြီး...

All Chapters