← Chapters

သစ်သားခေါင်းတလား

Vol. 7 Ch. 75

သစ်သားခေါင်းတလား

Vol. 7 Ch. 75

တောအုပ်မှမိုင်အနည်းငယ်ဝေးကွာသော သေးငယ်သည့်ကျောက်ငယ်လေးတစ်ခုတွင်..

ချိုးဝူယဲ့နားမလည်နိုင်စွာပြောလိုက်သည်..

"ယီချိုးမင်းသေချာလား"

ရှီဖုန်းကိုပါတစ်ပါတည်းခေါ်ဆောင်ခဲ့သောချိုးယီမှာ အနည်းငယ် စပ်ဖြီးဖြီးပုံစံဖြစ်သွားပြီး..

"ကျုပ်ကို နာမည်အရင်းပဲခေါ်ပါသူကစိတ်ချရတယ် အကုန်သိပြီးပြီ"

ချိုးဝူယဲ့မျက်နှာသေဖြင့်သာပြောလိုက်သည်။

"ကောင်းပြီ"

ထို့နောက်ရှီဖုန်းအားကြည့်ကာခေါင်းငြိမ့်ပြလိုက်သည်။ရှီဖုန်းကလဲနားလည်စွာဖြင့်လက်တီးစု၍အဆင်ပြေကြောင်းပြလိုက်သည်။ချိုးဝူယဲ့ရှီဖုန်းအကြောင်းမစိုးရိမ်ချေဤလူမှာ ကျေးဇူးကန်းမည့်သူမျိုးမဟုတ်ကြောင်းသူသိပြီးချေပြီ။

ချိုးယီယွင်ရှင်းမေအားလှည့်ကာပြောလိုက်သည်။

"ကျုပ်တို့ ကိုယ်ဖော့ပညာရပ်နဲ့ပဲသွားကြတာပေါ့ ပုံမှန်သွားရင်တောင်ငါးနာရီလောက်ဆိုရောက်ပါတယ်"

ယွင်ရှင်းမေမည်သည့်စကားမှမပြောပဲအေးစက်စက်ဖြင့်သာခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီးသဘောတူလိုက်သည်။အားလုံးသဘောတူညီချက်ရပြီးနောက် အားလုံးကိုယ်ဖော့သိုင်းကိုသုံး၍ ဓားဝိဇ္ဇာကြီး​၏ဂူဗိမာန်သို့ချီတက်သွားကြ​လေသည်။

အချိန်အချို့ကြာပြီးနောက်....

ချိုးဝူယဲ့ရပ်တန့်လိုက်ပြီး သူ​၏အရှေ့မှတ်တိုင်လေးတစ်ခုအားကြည့်လိုက်သည်။မှတ်တိုင်သည် စိမ်းလန်းနေသောဝါးရုံတောများကြားတွင်မထင်မရှားတည်ရှိနေပြီးထိုမှတ်တိုင်တွင် ရှေးဟောင်းစာမူဖြင့်စာလုံးအချို့ရေးသားထားသည်။

"အတုမဲ့ဓား" ဟူ၍ပင်.....

ယွင်ရှင်းမေတီးတိုးပြောလိုက်သည်။

"လေကတော့အတော်ကြီးသားပဲ ဒီအရှင်မတောင်နင့်လောက်လေမကြီးဘူး ဟမ့်"

ချိုးဝူယဲ့၏မျက်နှာသေတွင်ထူးဆန်းသောအမူအရာတစ်ခုပေါ်လာပြီး ယွင်ရှင်းမေအားကြည့်လိုက်သည်။ သူမ​၏စကားသံကို ချိုးယီနှင့်ရှီဖုန်းသည်မကြားနိုင်သော်လည်း ချိုးဝူယဲ့မှာတော့ကောင်းကောင်းကြီးကြားပေသည်။ ချိုးဝူယဲ့​၏စိတ်ထဲတွင်အတွေးအနည်းငယ်ဝင်သွား​၏။

'ဒီလောက်အားကောင်းပြီး တာအိုလမ်းစဉ်ပေါ်ကိုတောင်ရောက်ရှိနေတဲ့ဓားဝိဇ္ဇာတောင်အားနည်းတယ်လို့သတ်မှတ်ထားတာသူမရဲ့အဆင့်ကဘယ်အဆင့်များလဲ'

ချိုးဝူယဲ့မျက်မှောင်ကြုတ်၍အနည်းငယ်တွေးတောလိုက်သည်။သို့သော်ခနကြာပြီးနောက် ခေါင်းခါရမ်းလိုက်ပြီး..

'ဒါတွေးတောရမဲ့အချိန်မဟုတ်ဘူး'

"ဝင်ပေါက်က ဖုန်းကွယ်ထားတာလား"

ချိုးဝူယဲ့မျက်မှောင်ကြုတ်ကာမေးလိုက်သည်။ယွင်ရှင်းနေ အေးစက်နေသောမျက်နှာဖြင့်တည်ငြိမ်စွာပြောလိုက်သည်။

"ဒါရိုးရိုးပုံရိပ်ယောင်အစီအရင်ပဲ ခေါင်းတလားကဝင်ပေါက်ပဲ"

"ဝင်မယ်"

ချိုးဝူယဲ့ခေါင်းငြိမ့်ကာပြောလိုက်သည်။ထို့နောက် လေးယောက်သားမှတ်တိုင်အနောက်မှအခါင်းဖို့ထားသည့်နေရာအားရောက်ရှိသွားကြသည်။ချိုးယီ မြေပုံနားသို့သွားပြီးတူးဆွခါနီးတွင်...

"မလိုဘူး"

ယွင်ရှင်းမေ​၏ ရေခဲရိုက်ထားသည့်သဖွယ်အအေးဓာတ်ပါသည့်အသံထွက်ပေါ်လာခဲ့သည်။ချိုးယီလည်းရုတ်ခြည်းရပ်လိုက်ပြီးအနောက်သို့ပြန်သွားလိုက်သည်။ယွင်ရှင်းမေ​၏အသံကြောင့်ကြက်သီးများပင်ထသွားလေသည်။

ထို့နောက်ယွင်ရှင်းမေ လက်တစ်ဖက်ဝေ့ရမ်းလိုက်သည်။

"ဝုန်း...ဖရုန်း"

ဖို့ထားသောမြေများသည် စွမ်းအင်တစ်ခု​၏ကြီးမားသောရိုက်ခတ်မှုကြောင့်အခြားတစ်ဖက်သို့လွင့်စင်ကုန်ကြသည်။ချိုးယီထိတ်လန့်သွား​၏ ပေါ့ပေါ့တန်တန်ဝေ့ရမ်းလိုက်သည်နှင့် မြေကျွင်းကြီးဖြစ်သွားသည်လား...။

အားလုံးငြိမ်သက်သွားပြီးနောက် ချိုးဝူယဲ့ရှေ့ဆုံးမှသွား၍မြေကျွင်းအထဲသို့ကြည့်လိုက်သည်။ မြေကျွင်းထဲတွင် သာမန် သစ်သားဖြင့်ပြုလုပ်ထားသော ဟောင်းနွမ်းနေသည့်ခေါင်းတလားတစ်ခုရှိနေခဲ့သည်။

ချိုးဝူယဲ့အခေါင်းအားဖွင့်ကြည့်လိုက်သည်။

သို့သော်မည်သည့်အရာမှမရှိပဲ အလွတ်ကြီးသာဖြစ်နေခဲ့သည်။ချိုးဝူယဲ့မျက်မှောင်ကြုတ်လိုက်ပြီး သူ​၏မျက်လုံးအားအချိန်အနည်းငယ်မှိတ်၍ပြန်ဖွင့်လိုက်သည်။ 'ယင်ယန်မျက်လုံးအတတ်'

ချိုးဝူယဲ့​၏ မျက်လုံးအစုံသည် အမှောင်နှင့်အလင်းသဏ္ဍာန်သို့ပြောင်းလဲသွားပြီး သစ်သားအခေါင်းတလားအားကြည့်လိုက်သည်။ချိုးဝူယဲ့မျက်မှောင်ကြုတ်လိုက်သည်။သူဖောက်ထွင်းမမြင်နိုင်သေးပေ။သို့သော်အခေါင်းတလားမှာအစစ်အမှန်မဟုတ်သည့်ခံစားချက်ကိုတော့ရနေခဲ့သည်။

ထိုစဉ် ယွင်ရှင်းမေချိုးဝူယဲ့အနားရောက်လာပြီး..

"ဝင်ပေါက်က ခေါင်းတလားရဲ့ခေါင်းထိပ်မှာပဲ"

ချိုးဝူယဲ့လည်းခေါင်းငြိမ့်လိုက်ပြီး ခေါင်းတလား​၏ခေါင်းထိပ်နေရာသို့ထိကြည့်လိုက်သည်။ အံ့ဩဖွယ်ရာပင်သူ​၏လက်မှာ ခေါင်းတလား​၏သစ်သားအတွင်းသို့ကျွံဝင်သွား​၏။သို့သော်ချိုးဝူယဲ့မှာ လေကိုသာထိတွေ့မိသလိုခံစားရပြီး တစ်ခုခုအားထိမိသည့်ခံစားချက်ကိုလုံးဝမရပေ။

"တွေ့ပြီ"

ချိုးဝူယဲ့တီးတိုးရေရွတ်၍မတ်တပ်ရပ်လိုက်သည်။ထို့နောက် အနောက်မှ ချိုးယီနှင့်ရှီဖုန်းအားမကြည့်ပဲပြောလိုက်သည်။

"လိုက်ဝင်ခဲ့ကြ"

ချိုးယိနှင့်ရှီဖုန်းတို့မှာခေါင်းငြိမ့်လိုက်ကြပြီးအခေါင်းနားသို့သွားလိုက်ကြသည်။ချိုးဝူယဲ့သူတို့အားမစောင့်တော့ပဲ ပုံရိပ်ယောင်ဖြစ်နေသည့်ခေါင်းတလားခေါင်းထိပ်သို့ခုန်ချလိုက်သည်။ထိတ်လန့်ဖွယ်ကောင်းစွာပင်ချိုးယီ​၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သစ်သားထဲသို့ကျွံကာ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ချိုးယီနှင့်ရှီဖုန်းတို့မျက်လုံးပြူးသွားကြသည်ထို့ကဲ့သို့အစစ်အမှန်အစီအရင်အားသူတို့အပြင်လောကတွင်တစ်ခါမှမတွေ့ဖူးခဲ့ပေ။သို့သော်အံ့ဩနေဖို့အချိန်မရပေ။ ချိုးယီနှင့် ရှီဖုန်းတို့လည်း ချိုးဝူယဲ့ခုန်ချလိုက်သည့်နေရာသို့အတိအကျခုန်ဆင်းလိုက်ပြသည်။

ယွင်ရှင်းမေသာကျန်ထားလေသည်။ယွင်ရှင်းမေပတ်ဝန်းကျင်အားတစ်ချက်ကြည့်လိုက်ပြီးနောက် မြေပေါ်သို့ခြေတစ်ချက်ဆောင့်ချလိုက်သည်။

"ဘန်း"

သူမခြေစောင့်ချလိုက်သောနေရာတွင်ရှေးဟောင်းပုံသဏ္ဍာန်အင်းကွက်တစ်ခုပေါ်လာပြီး လျင်မြန်စွာပြန့်ကားသွားသည်။ အကျယ်အဝန်း သုံးမိုင်ခန့်ရောက်သောအခါ အင်းကွက်စက်ဝန်းသည်ရပ်တန့်၍ဖြည်းညင်းစွာပျောက်ကွယ်သွားခဲ့သည်။ဤသည်မှာ အကာအကွယ် အစီရင်တစ်ခုပင်ဖြစ်လေတော့သည်။

ထို့နောက်ယွင်ရှင်းမေ ခေါင်းတလား အားစက္ကန့်အနည်းငယ်ခန့်ကြည့်လိုက်ပြီးနောက်ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

..................

ပြီး

All Chapters