← Chapters

နတ်ဓားအင်္လကာ

Vol. 7 Ch. 76

နတ်ဓားအင်္လကာ

Vol. 7 Ch. 76

ဂူဗိမာန်​၏အတွင်းပိုင်းသည်မှောင်မဲနေပြီး ချိုးဝူယဲ့သို့ဆင်းလာသောအပေါက်မှအလင်းတန်းလေးအနည်းငယ်သာအောက်ကိုဖျာဆင်းလျှက်ရှိသည်။

"ထူးဆန်းတယ် ပုံရိပ်ယောင်အစီအရင်ကအပြင်ကမြင်ရတဲ့အချိန်မှာပဲအလုပ်ဖြစ်တာထင်တယ်"

ချိုးဝူယဲ့တီးတိုးရေရွတ်လိုက်သည်။ သို့သော် ဂူဗိမာန်​၏အတွင်းပိုင်းသည်မဲမှောင်နေဆဲပင်။ ချိုးဝူယဲ့မျက်မှောင်ကြုတ်လိုက်သည်။၎င်းတို့မပြင်ဆင်ပဲလာခဲ့မိလိုက်သောကြောင့်မီးတုတ်တစ်ချောင်းပင်ပါမလာချေ။

ထိုအချိန်ယွင်ရှင်းမေအရှေ့သို့ထွက်လိုက်ပြီးနောက် သူ​၏သွယ်လျသောလက်ချောင်းလေူများဖြင့်လက်ဖျောက်တစ်ချက်တီးလိုက်သည်။

"ဖျောက်"

ယွင်ရှင်းမေ​၏အရှေ့တွင် အဖြူရောင်အလင်းလုံးလေးတစ်ခုထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခွင်လုံးနေ့ဘက်အလင်းရောင်ကဲ့သို့လင်းထိန်သွားစေသည်။

၎င်းတို့လေးယောက် ရှေ့သို့ဆက်သွားလိုက်သောအခါ လမ်းသုံးလမ်းအားတွေ့လိုက်ရသည်။ သို့သော်တစ်ခုသာလမ်းအစစ်ဖြစ်သည့်ပုံပင်။ ယွင်ရှင်းမေခနရပ်လိုက်သည်။ ချိုးဝူယဲ့တဲ့အားလုံးလဲရပ်တန့်လိုက်သည်။

မျက်စိမှိတ်ပြီးနောက် ယွင်ရှင်းမေမျက်လုံးပြန်ဖွင့်လာပြီး ပြောလိုက်သည်။

"ညာဖက်"

အားလုံးခေါင်းငြိမ့်လိုက်ပြီးနောက်ညာဖက်သို့ဆက်သွားလိုက်ကြသည်။သို့သော်ထူးဆန်းစွာပင်မည်သည့်အတားအဆီးမှကြုံရပုံမပေါ်ချေ။ ချိုးဝူယဲ့ယွင်ရှင်းမေအားမသင်္ကာသလိုလိုတစ်ချက်ခိုးကြည့်လိုက်သည်။ ဓားဝိဇ္ဇာမှာ အစစ်အမှန်တာအိုကျင့်ကြံခြင်းအဆင့်သို့ရောက်ရှိခဲ့သူဖြစ်ပြီး ပုံရိပ်ယောင်အစီအရင်ကိုပင်အဝင်ဝတွင်တပ်ဆင်ထားသူဖြစ်သည်။ သူ​၏ဂူဗိမာန်မှာမည်သည့်နည်းနှင့်မျှ စမ်းသပ်မှုများမထည့်သွင်းထားဘူးဆိုတာလုံးဝမဖြစ်နိုင်ချေ။ ထိုအရာများမပေါ်လာရခြင်း​၏အရင်းအမြစ်မှာသေချာပေါက် သူမ​၏ပယောဂမကင်းနိုင်ပေ။

ချိုးဝူယဲ့ခေါင်းခါရမ်း၍ဆက်မတွေးတော့ပေမည်သို့ပင်ဖြစ်စေကာမှု အကျိုးအမြတ်အလကားရသည်မဟုတ်လား။

အချိန်အနည်းငယ်ကြာလမ်းလျှောက်ပြီးနောက်လမ်းကျဉ်းလေး​၏အဆုံးသို့ရောက်လာပြီးကျောက်ပြားကြီးတစ်ခုကပိတ်ထားလေသည်။

ကျောက်ပြားတွင်ရှေးဟောင်းပုံစံရှိသည့်စာအချို့ရေးထားပြီးထိုစာများမှာ...

"မိုးနှင့်မြေတစ်ခွင် တစ်လတ်တည်းသာတောက်ပပေသော နတ်ဓားတစ်ချောင်းဝယ် ကောင်းကင်သို့မိုင်သုံးထောင်ရောက်ရှိ၍မြေပြင်မှမိုင်သုံးထောင်စွန့်ခွာခဲ့လေပြီ...

မျိုးဆက်ကိုးဆက် အမွေသုံးခုထာဝစဉ်တည်တံ့စေသား"

ကျောက်ပြားတွင်ရေးထားသော စာလုံးများအားကြာည့်၍ချိုးယီအတွေးနက်သွား​၏။

အချိန်အနည်းငယ်ကြာပြီးနောက်ချိုးယီမျက်လုံးများတောက်ပသွားပြီးရေရွတ်လိုက်သည်။

"မြေပြင်မှမိုးကောင်းကင်သို့မိုင်သုံးထောင်ရောက်ရှိခြင်း....ဒါ....ဒါ မိုးမြေစက်ဝန်းဓားသိုင်းရဲ့ နောက်ဆုံးအပိုဒ်ဖြစ်တဲ့နတ်ဓားအင်္လကာပဲ"

ချိုးဝူယဲ့အနည်းငယ်စိတ်ဝင်စားသွား​၏။

"နတ်ဓားအလင်္ကာကျမ်း နာမည်ကြားရတာတော့ကြမ်းမဲ့ပုံစံပဲ"

ထို့နောက်ကျောက်စာအောက်ရှိကျန်ထားသောအနည်းငယ်အားဖက်ကြည့်လိုက်သည်။

"ဥက္ကာကျောက်ပြားအား တောက်ပနေသော ဗလာဓားတစ်ချောင်းဖြင့်ထိုးခွင်းမှသာ"

ဟူသောစကားလုံးပင်။

ယွင်ရှင်းမေမျက်မှောင်ကြုတ်၍ပြောလိုက်သည်။

"ဒီဓားဝိဇ္ဇာဆိုတဲ့ကောင်ကကြီးကြီးကျယ်ကျယ်နဲ့"

ချိုးယီနှင့်ရှီဖုန်းပင်ကြက်သိန်းဖျန်းသွားသည်။'အမကြီး ခင်ဗျားကကျွန်တော်တို့ကအခု သူ့အုတ်ဂူကိုလာဖောက်နေတာနော် ခင်ဗျားကမဟုတ်သေးပါဘူး"

ချိုးဝူယဲ့မှာတည်ငြိမ်ဆဲတည်ငြိမ်မြဲပင်။ဓားဝိဇ္ဇာမှာ နတ်ဝိဇ္ဇာတစ်ပါးဟုသတ်မှတ်နိုင်သော်လည်း အဆင့်မသိရသော ယွင်ရှင်းမေအားကျော်နိုင်လိမ့်မည်မဟုတ်ချေ။ဤသို့တစ်ထစ်ချယုံကြည်နေရခြင်းမှာလည်းအရင်နှစ်များက ယွင်ရှင်းမေ​၏အစွမ်းအချို့အားမြင်ဖူးပြီးသောကြောင့်ဖြစ်သည်။

ယခင်က သောကန်ပြည်နယ်ရှိရှင်းယာမြို့တော်နံဘေးရွာကလေးတစ်ရွာအားဖြတ်သွားစဉ်ဓားပြတိုက်နေသောလူတစ်စုအားမြင်လိုက်ရပြီး ဖြတ်ကျော်သွားခါနီးမှာတင် ထိုလူမိုက်တစ်သိုက်က ယွင်ရှင်းမေ​၏နတ်သမီးကဲ့သို့အလှလေးအားလိုချင်တပ်မက်သောကြောင့်ညစ်ညမ်းသောစကားများကိုပြောဆိုခဲ့ကြလေသည်။ သို့သော်ရလဒ်မှာ...

ယွင်ရှင်းမေဒေါသထွက်သွားပြီး ကောင်းကင်ကြီးတစ်ခွင်လုံးပြောင်းလဲသွားကာမိုင်နှစ်ဆယ်အတွင်းရှိသစ်တောနှင့်ရွာများအားလုံးနှင်းပုံကြီးတစ်ခုအဖြစ်ပြောင်းလဲသွားလေသည်။ သူတို့​၏ရှေ့မှဓားပြအုပ်စုမှာရေခဲသုံးများဖြစ်သွားပြီး ထိုရေခဲတုန်းများအားယွင်ရှင်းမေအပိုင်းပိုင်းအစစလုပ်ပစ်လိုက်လေသည်။

ထိုအကြောင်းပြန်တွေးရင်း ချိုးဝူယဲ့ပင်လျင်ကြက်သီးများထလာလေသည်။ထို့နောက်ဆက်မတွေးတော့ပဲလက်တွေ့အခြေအနေအားတစ်ချက်ကြည့်လိုက်သည်။ချိုးယီသည်အတွေးနက်နေပုံရပြီး ရှီဖုန်းမှာကြောင်အအဖြင့်ဖာတိဘာတာပင်။ ယွင်ရှင်းမေမှာစိတ်မရှည်တော့ဟန်ဖြင့်မျက်မှောင်ကြုတ်နေသည်။

အချိန်အနည်းငယ်ကြာပြီးနောက်သူမမည်သို့မှသည်းမခံနိုင်တော့ချေ။သူမ​၏လက်အားကျောက်ပြားဆီသို့ရွယ်လိုက်သည်။ချိုးဝူယဲ့ထိတ်လန့်သွားပြီးနောက်သူမ​၏လက်အားဆုတ်ကိုင်၍အလျင်အမြန်တားဆီးလိုက်သည်။ထို့နောက်...

"ရေစက်ပါတဲ့သူတွေကြားထဲကိုဝင်မရှုပ်သင့်ဘူး ခနလေးပဲစောင့်ပါစိတ်မလောနဲ့"

ချိုးဝူယဲ့အသံသေဖြင့်ပြောလိုက်သည်။ယွင်ရှင်းမေမျက်မှောင်ကြုတ်မှုအနည်းငယ်ပြေလျော့သွား​၏။

အချိန်အချို့ကြာပြီးနောက်.....

"ငါနားလည်ပြီ"

ချိုးယီမျက်လုံးတောက်ပလာကာဖြင့်စိတ်လှုပ်ရှားစွာပြောလိုက်သည်။ထို့နောက်သူ​၏ဓားအားထုတ်လိုက်ပြီးနောက်လေပေါ်သို့တစ်ချက်ဝေ့ကာ ခန္ဓာကိုယ်အားတစ်ပတ်လှည့်လိုက်ပြီး ကျောက်ပြားအားအရှိန်အဟုန်ဖြင့်ထိုးခွင်းလိုက်​၏။

သူ​၏ဓားသည်လမ်းကြောင်းတစ်လျှောက်အရိပ်သဏ္ဍာန်ဓားများစွာထွက်ပေါ်လာ​၏။

"ဘန်း...."

ကျောက်ပြားအားထိုးချလိုက်ပြီးနောက်ချိုးယီနောက်သို့ဆုတ်ခွာလိုက်သည်။ချိုးယီသူ​၏နေရာသို့ပြန်ရောက်သွားပြီးနောက်ဓားအားဓားအိမ်ထဲသို့ထည့်လိုက်သည်။အားလုံး ထိုဥက္ကာကျောက်ပြားအားကြည့်လိုက်ကြသည်။သိုသာ်ထူးဆန်းသည်မှာမည်သည့်ခြစ်ရာမျှပင်ထင်မနေချေ။

ချိုးယီနှင့်ရှီဖုန်းမျက်မှောင်ကြုတ်လိုက်ကြသည်။သို့သော်ထိုအချိန်တွင်....

"ခရက်...ခရက်"

ကျောက်ပြားကြီးသည်အက်ကွဲကြောင်းအနည်းငယ်ထင်လာပြီးနောက်တစ်ဖြည်းဖြည်းအက်ကွဲကြောင်းများစွာထလာသည်။ဤသည်မှာထူးဆန်းနေလေသည်။ချိုးဝူယဲ့ယင်ယန်မျက်လုံးအားအသက်သွင်းလိုက်သည်။

'အတွင်းထဲကနေစွမ်းအားတစ်မျိုးကကျောက်ပြားကြီးကိုဖျက်စီးနေတာပဲ ဒါပေမဲ့ချိုးယီရဲ့ဓားကွက်နဲ့ဆိုင်မယ်ထင်တယ်'

ထိုမျှမာကျောသောကျောက်ပြားကြီးအားချိုးယီ​၏အင်အားဖြင့်အရာထင်အောင်ပင်လုပ်နိုင်မည်မဟုတ်ချေ။ထို့ကြောင့်ကျောက်ပြားပျက်စီးရခြင်းမှာ ဓားကွက်တွင်သယ်ဆောင်ထားသော စွမ်းအင်တစ်မျိုးကြောင့်သာဖြစ်ပေလိမ့်မည်။

"အုန်း....ဂလုန်း"

ကျောက်ပြားကြီးသည်တစ်စစီကွဲကြေသွားပြီးဝင်ပေါက်အားပေါ်လာစေခဲ့သည်။

ချိုးဝူယဲ့ ဝင်ပေါက်အားလှမ်းကြည့်လိုက်သောအခါအံ့အားသင့်သွား​၏။

.........................

ပြီး...

All Chapters