← Chapters

ရတနာရိတ်သိမ်းခြင်း

Vol. 7 Ch. 78

ရတနာရိတ်သိမ်းခြင်း

Vol. 7 Ch. 78

"မိုးမြေကိုးပါးလွမ်းမိုးခြင်းစိတ်ကျင့်စဉ် နာမည်ကြားရတာတော့ တော်တော်မိုက်မဲ့ပုံဘဲ"

ထို့နောက်ချိုးဝူယဲ့ တစ်ရွက်လှန်လိုက်သည်။စာအုပ်ထဲတွင်ရေးထားသည့်ပထမတစ်ကြောင်းမှာရိုးရှင်းပါသည်။

"နှစ်ထပ်ဝိဉာဉ်ရှိသူသာကျင့်နိုင်သည်"

"နှစ်ထပ်ဝိဉာဉ်...နှစ်ထပ်ဝိဉာဉ်ကဘာလဲ"

 ချိုးဝူယဲ့ငြိမ်ငြိမ်လေးအတွေးထဲရောက်သွားခဲ့သည်။သို့သော်ခနကြာပြီးနောက်ခေါင်းခါရမ်း၍စဉ်းစားနေသည့်အရာများအားရပ်တန့်လိုက်သည်။ဤနေရာတွင်စဉ်းစားနေရန်အချိန်မရှိပေ။ စာအုပ်အားပြန်တင်လိုက်ပြီးနောက် ခန်းမ​၏အရှေ့ဆုံးပလ္လင်နေရာမှသေတ္တာဆီသို့သွားလိုက်သည်။ သေတ္တာမှာရိုးရိုးသေတ္တာဖြစ်၍မည်သူမဆို ဖွင့်လိုက်နိုင်သည်။

ချိုးဝူယဲ့သေတ္တာအားဖွင့်လစ်လိုက်သောအခါ သေတ္တထဲတွင်လက်စွပ်တစ်ကွင်းနှင့်စာအုပ်တစ်အုပ်အားတွေ့လိုက်ရသည်။စာအုပ်မှာဓားဝိဇ္ဇာကြီး​၏မူရင်းကျင့်စဉ်ဖြစ်ပြီး ချိုးယီနဲ့ကံပါသည့်ကျင့်စဉ်လည်းဖြစ်သည်။ချိုးဝူယဲ့ထိုကျင့်စဉ်ကိုစိတ်မဝင်စားချေ။သူ့တွင်တန်ခိုးရှင်ဖြစ်လာနိုင်မည့် အနှိုင်းမဲ့ကျင့်စဉ်များရှိသည်မဟုတ်လော။

ချိုးဝူယဲ့လက်စွပ်အားစိတ်ဝင်တစားကြည့်လိုက်​၏။ထိုစဉ် ယွင်ရှင်းမေ​၏ရေခဲတုံးလိုအေးစက်သည့်အသံကဘေးနားမှထွက်ပေါ်လာသည်။

"အဲ့တာသိုလှောင်လက်စွပ် အဆင့်နိမ့်ပေမဲ့ အထဲမှာ ငါးကုဗမီတာလောက်တော့ကျယ်တယ်"

ရုတ်တရက်ထွက်ပေါ်လာသောကြောင့် ချိုးဝူယဲ့လန့်သွား​၏။ ထို့နောက်ချိုးဝူယဲ့ ယွင်ရှင်းမေဘက်သို့လှည့်ကာမေးလိုက်​၏။

"ဘယ်လိုသုံးရမလဲ"

"သွေးစက်ချပြီးအာရုံခံလိုက်ရုံဘဲ"

ချိုးဝူယဲ့ ခေါင်းငြိမ့်လိုက်ပြီး သွေးစက်တစ်စက်ချ၍ ညာဖက်လက်သူကြွယ်တွင်ပန်လိုက်သည်။ထို့နောက် လက်စွပ်အားအာရုံပြုလိုက်သည်။ထူးဆန်းစွာပင်ချိုးဝူယဲ့​၏အသိစိတ်သည် လက်စွပ်ထဲသို့ရောက်ရှိသွားပုံရပြီး ငါးကုဗမီတာခန့်ကျယ်ဝန်းသော နေရာလွတ်အားတွေ့နေရလေသည်။ ထိုစဉ် ချိုးဝူယဲ့တစ်ခုခုရှိနေသည်အားသတိထားမိသွား​၏။

အပြာရောင်သလင်းကျောက် ခုနှစ်လုံးခန့်သည်စုပြုံနေပြီးဘေးတွင်အပြာရောင်အငွေ့အသက်များထွက်ပေါ်နေသည်။

ချိုးဝူယဲ့ သလင်းကျောက်တစ်ခုအားအပြင်သို့ယူထုတ်၍မေးလိုက်သည်။

"ဒါဘာကြီးလဲ"

ယွင်ရှင်းမေ​၏မျက်နှာတွင် အနည်းငယ်အံ့ဩသွားပုံပေါ်သွားပြီး..

"အဆင့်နိမ့်ဝိဉာဉ်ကျောက်တုံး"

ချိုးဝူယဲ့ မျက်လုံးပြူးသွား​၏။သူအသုံးပြု၍မရသေးသော်လည်း အနည်းဆုံးတော့ သူ့အနေနှင့်အနာဂတ်မှာအလွန်အသုံးဝင်လာလိမ့်မည်။ယွင်ရှင်းမေမျက်မှောင်ကြုတ်၍တစ်ခုခုအားတွေးနေဟန်ပင်။

'အဆင့်နိမ့်ဝိဉာဉ်ကျောက်တုံးတွေက မရှားပါးပေမဲ့ ဒီကန့်သက်ကမ္ဘာကြီးမှာတော့မရှိသင့်ဘူး ကြည့်ရတာ မူလမဟာကမ္ဘာကြီးကအင်အားစုတစ်ခုခုနဲ့ဆက်သွယ်နေတဲ့ပုံဘဲ ငါပြန်ရောက်မှဒီကစ္စသေချာစုံစမ်းရမယ်'

လက်စွပ်အားရပြီးသည်နှင့်ချိုးဝူယဲ့အငြိမ်မနေတော့ပေ ဆေးပုလင်းစင်သို့သွား၍ဆေးပုလင်းတစ်ဝက်ကျော်လောက်အားသိမ်းကြုံးထည့်လိုက်သည် ကျန်တာကိုတော့ ချိုးယီနှင့်ရှီဖုန်းအတွက်ချန်ထားလိုက်​၏။ ထို့နောက်စာအုပ်စင်သို့သွားလိုက်ပြီး မိုးမြေကိုးပါးလွမ်းမိုးခြင်းစိတ်ကျင့်စဉ်နှင့် သိုင်းလောကပြိုင်စံရှားသိုင်းပညာဖြစ်သော စွယ်စုံအလင်းတန်းသိုင်းကျမ်းအားကောက်ထည့်လိုက်သည်။ ကျန်သည့်သိုင်းပညာများကိုတော့ တစ်ရွက်စီလျှင်မြန်စွာလှန်လှောလျှင်ပင် စိတ်ဝိဉာဉ်ဆယ်ဆကောင်းသောကြောင့်မှတ်မိနေခဲ့သည်။

ထို့နောက်ချိုးဝူယဲ့ လက်နက်စင်သို့သွားလိုက်ပြီး တစ်ချက်ခြုံငုံကြည့်လိုက်သည်။

ဓား ပေါင်းများစွာရှိနေပြီး ထိုဓားများမှာ ဓားဝိဇ္ဇာအတွက်မလုံလောက်ဘူးဆိုလျှင်တောင် အပြင်သိုင်းလောကမှာတော့ ထိပ်တန်းနာမည်ရဓားများဖြစ်လာနိုင်သည်။ သို့သော်ထိုဓားများမှာ သူ​၏ခါးတွင် ချိတ်ဆွဲထားသော သစ်သားဓားကို လုံးဝမမှီဟု ခံစားနေရလေသည်။

မှန်ပေ​၏ ချိုးဝူယဲ့မမှားချေ။ သူ​၏သစ်သားဓားမှာ ယွင်ရှင်းမေ​၏ ဓားဝိဉာဉ်အစီအရင်ကြောင့် ဆန်းကြယ်လက်နက်အဆင့်ဖြစ်သွားခဲ့သည်ကိုသူမသိပေ။ မည်သိုပင်ဖြစ်စေကာမူ ယခုစင်ပေါ်မှလက်နက်များမှာလည်း သိုင်းလောကတံတွင်ပြိုင်ဘက်ကင်းဖြစ်လာနိုင်နည့်ဓားတွေချည်းသာ။ ချိုးဝူယဲ့သုံးပေရှည်လျားသော ထောင့်ဆုံးမှဓားတစ်ချောင်းအားလှမ်းယူ၍တစ်ချက်ပွတ်သပ်ကြည့်လိုက်သည်။ဓားပြားအရင်းတွင်လိန်ယန် ဟုရေးထားလေသည်။

"လိန်ယန်....ဓားကောင်းဘဲ"

 ထို့နောက်ချိုးဝူယဲ့နောက်ထပ်ဓားနှစ်ချောင်းအားယူ၍ သိုလှောင်လက်စွပ်ထဲသို့ထည့်သိမ်းလိုက်သည်။သူ​၏လုပ်ရပ်မှာ လွန်သည်ဟုထင်ရသော်လည်း ချိုးယီအားသူဤနေရာသို့ခေါ်လာပေးသည်။လောကတွင် အလကားရသည့် တစ်နပ်စာဟူ၍မရှိချေ။ သူနှင့်ထိုက်တန်တာသူယူရပေမည်။ထို့ကြောင့်မည်သို့မှစိတ်ထဲမထားပေ။

ထို့နောက် ချိုးဝူယဲ့ ဆေးပင်များထားသည့်နေရာသို့သွားလိုက်​၏။ချိုးယီတို့မှာထိုနေရာမှမခွာနိုင်သေးပေ။ ချိုးဝူယဲ့ စင်ပေါ်မှဆေးများအားကြည့်လိုက်သည်။

အမှန်ပင် ၊သတ္တမလိပ်ပြာနတ်ပန်း ၊သွေးဂျင်ဆင်း ၊သက်တော်ရှည်နတ်ပန်း ၊စွယ်စုံဝါးပင် ၊ ခရမ်းဝိဉာဉ်ပန်း ၊ ထူးကဲပန်းဖူး စသည်တို့မှာ သိုင်းလောကတွင် အရှားပါးဆုံးနတ်ဆေးပင်များဖြစ်လေသည်။သို့သော်ထိုအရှားပါးဆုံးဆိုသည့်အရာများမှာ ဤနေရာတွင်စုပုံနေခဲ့သည်။ချိုးဝူယဲ့ရောက်လာသည်ကိုမြင်သောအခါ ချိုးယီ ပြုံ၍ပြောလိုက်သည်။ 

"အကိုတော်ဝူယဲ့ ရချင်တာအရင်ရွေးလိုက်ပါ"

ချိုးဝူယဲ့ခေါင်းငြိမ့်လိုက်ပြီးအားနာဟန်လုပ်မနေတော့ပေ။ သက်တော်ရှည်နတ်ပန်း နှင့်စွယ်စုံဝါးပင်အား သိုလှောင်လက်စွပ်ထဲသို့ထည့်သိမ်းလိုက်သည်။ ချိုးယီနှင့်ရှီဖုန်းအံ့အားသင့်သွားလေသည်။ ဟိုနတ်သမီးမမလှလှကလုပ်နိုင်သည်မှာမထူးဆန်းသော်လည်း ချိုးဝူယဲ့ လုပ်နိုင်သည်မှာထူးဆန်းနေလေသည်။ ချိုးယီ မှာစဉ်းစားလေပို၍ထိတ်လန့်လေဖြစ်နေခဲ့သည် ချိုးဝူယဲ့နတ်ဝိဇ္ဇာအဖြစ်သို့ရောက်ရှိသွားခြင်းပေလော။ ဖြစ်နိုင်ချေမှာနည်းနေသေးသော်လည်း ချိုးယီထပ်မစဉ်းစားတော့ပေ။

"တခြားစင်တွေကိုရောသွားကြည့်လိုက်အုံး ထိပ်တန်းကျင့်စဉ်တွေ ဓားဝိဇ္ဇာရဲ့ မူပိုင်ကျင့်စဉ်တွေရောရှိနေတယ်"

ချိုးဝူယဲ့​၏ပြောစကားကြောင့်ချိုးယီလာရင်းရည်ရွယ်ချက်ကိုသတိပြန်ရသွား​၏။ သူအလေးအနက်ထားလိုက်ပြီး အခြားစင်များသို့သွားကာတစ်ခုချင်းသေချာလိုက်ကြည့်နေသည်။

ယွင်ရှင်းမေမှာ သဏ္ဍာန်လေးခုစိတ်ဝိဉာဉ်ပန်းပွင့်ကလွဲလျင်ကျန်တာတစ်ခုမှမယူသည့်အပြင်လှည့်၍ပင်မကြည့်ပေ သူမအတွက်အမှိုက်ပုံထဲရောက်နေသည့်အတိုင်းပင်။

ချိုးဝူယဲ့သူလိုချင်သည့်အရာများကိုယူလိုက်ပြီးနောက် ဂူပေါက်ဝသို့သွားလိုက်သည်။အချိန်အနည်းငယ်ကြာပြီးနောက်ချိုး ယီတို့ ကျန်နေသည့်အရာများကို သိမ်းကြုံးကာ အထုတ်ကြီးများဖြင့်ထွက်လာကြသည်။ ချိုးဝူယဲ့ကယ်ရာမဲ့နေသည့်ပုံဖြင့်ယွင်ရှင်းမေအားအကူညီတောင်းနေသည့်မျက်နှာ နှင့်ကြည့်လိုက်သည်။ယွင်ရှင်းမေ​၏အေးစက်စက်မျက်နှာမှာ မဲမှောင်သွားခဲ့သည်။

'ကောင်စုတ်လေး ဒီအရှင်မကိုနင်ကလိုသုံးလုပ်နေတာဘဲ'

ယွင်ရှင်းမေမကျေနပ်သည့်မျက်နှာထားဖြစ်သွားသော်လည်း ချိုးယီတို့​၏အထုတ်နှင့်ပစ္စည်းများကိုသိမ်းထားပေးဆဲပင်။

"ထွက်ခွာချိန်ရောက်ပြီ"

ချိုဝူယဲ့ပြောလိုက်ပြီး နောက်အားလုံးအပြင်သို့ထွက်လိုက်ကြသည်။၎င်းတို့ဤနေရာတွင်ရိပ်သိမ်းခဲ့ပြီးဖြစ်သောကြောင့် ထွက်ခွာချိန်တန်ပြီဖြစ်သည်။ အပြင်သို့ရောက်သောအခါ ချိုးယီ က အလောင်းမြေပုံအားရှီရင်းစွဲအတိုင်းဖြစ်အောင်အကုန်ပြန်စီမံလိုက်သည်။ထို့နောက် အရှေ့ဘက်မိုင်တစ်ရာခန့်အားကိုယ်ဖော့ပညာဖြင့်လျှင်မြန်စွာသွားလိုက်ကြသည်။

တောင်ကုန်းတစ်ခုပေါ်တွင်အရာအားလုံးပုံမှန်အတိုင်းပြန်ဖြစ်သွားပြီးနောက်ယွင်ရှင်းပေချိုးယီတို့​၏ပစ္စည်းများကိုထုတ်ပေးလိုက်သည်။ ချိုးဝူယဲ့ ချိုးယီနှင့်ရှီဖုန်းတို့အားကြည့်ကာ ပြောလိုက်သည်။

"ငါတို့အရင်ထွက်သွားတော့မယ်"

"နှုတ်ဆက်ပါတယ်အကိုဝူယဲ့နောက်မှပြန်ဆုံကြတာပေါ့"

ချိုးယီနှင့်ရှီဖုန်းလက်တီးစုကာနှုတ်ဆက်လိုက်ကြသည်။၎င်းတို့နှုတ်ဆက်လိုက်ပြီးနောက် ချိုးယီနှင့်ယွင်ရှင်းမေတို့​၏ပုံရိပ်သည်မှုန်ဝါးကာပျောက်ကွယ်သွား​၏။ချိုးယီကူရာမဲ့စွာဖြင့် ရှီဖုန်းအားကြည့်ကာပြောလိုက်သည်။ 

"ကျုပ်တို့နှစ်ယောက်လုံးက အဆင့်လွန်သိုင်းထိပ်သီးတွေဆိုပေမဲ့ သူတို့ဘယ်လိုထွက်သွားသလဲဆိုတာတောင်လုံးဝမသိလိုက်ရဘူး"

ရှီဖုန်းလဲခေါင်းငြိမ့်ကာပြောလိုက်သည်။

"သူတို့နဲ့ရန်သူဖြစ်ရတဲ့သူတွေအတွက်တော့အတော်ကြောက်စရာကောင်းလိမ့်မယ်"

...........................

ပြီး...

All Chapters