တပ်မှုးချန်းရှုံ
Vol. 7 Ch. 80
"အဟွတ်...အဟွတ်"
တပ်မှုးချန်းရုတ်တရက် ကုတင်ပေါ်သို့ထထိုင်လိုက်ပြီးချောင်းဆိုးလိုက်၏။ သွေးအနည်းငယ်ပင်ပါလာသေးသည်။ ထို့နောက်တပ်မှုးချန်းပြန်သတိဝင်လာပြီး သူ၏ ခြေလက်နှင့် ရင်ဘတ်အားမယုံနိုင်စွာကြည့်၍ တီးတိုးပြောလိုက်သည်။
"ငါ...ငါသေသွားပြီမဟုတ်ဘူးလား"
တပ်မှုးချန်း၏နာမည်အရင်းမှာ ချန်းရှုံဖြစ်ပြီး ရွှေတံဆိပ်တော်အမတ်မင်း၏လက်အောက်မှလင်းယုံစစ်သူကြီး၏အောက်တွင်ရှိသော တပ်မှုးတစ်ယောက်ဖြစ်သည်။အသက်လေးဆယ်သာရှိသေးသော်လည်း ထိပ်တန်းသိုင်းသမားဖြစ်နေပြီး တပ်မှုးများအားလုံးထဲတွင် စစ်သူကြီးတစ်ယောက်ဖြစ်ရန် အလားအလာအကောင်းဆုံးရှိသောသူတစ်ယောက်ဖြစ်သည်။
ထိုသို့ဂုဏ်သတင်းရှိသောသူတစ်ယောက်သည် ရုတ်တရက်အသတ်ခံလိုက်ရပါက စစ်တပ်အတွင်း၌အနည်းငယ် ရုတ်ရုတ်သဲသဲဖြစ်သွားနိုင်ပြီး ဧကရာဇ်မင်းမြတ်၏ နားထဲသို့သတင်းရောက်သွားနိုင်လေသည်။ မည်သို့သောအကြောင်းရင်းကြောင့်ရွှေတံဆိပ်တော်အမတ်မင်းဤကဲ့သို့ လုပ်ရပ်မျိုးပြုလုပ်သည်ကို တပ်မှုးချန်းရှုံနားမလည်နိုင်သေးပေ။
သို့သော်သူမသေခဲ့သောကြောင့်ကံတရားဟုသတ်မှတ်ရပေမည်။ထိုအချိန်...
"ကျွီ..."
အခန်းတံခါးပွင့်လာပြီးလူတစ်ယောက်အထဲသို့ဝင်ရောက်လာလေသည်။အခြားသူမဟုတ် ချိုးဝူယဲ့သာဖြစ်လေသည်။ ချိုးဝူယဲ့မှာဝတ်ရုံပင်မခြုံလာဘဲ သူ၏မူရင်းပုံစံအတိုင်း ရေခဲနက်ချည်ထည်အနက်ရောင်ဝတ်စုံအားဝတ်လာခဲ့ခြင်းဖြစ်သည်။
"နိုးပြီလား"
ချိုးဝူယဲ့မျက်နှာသေဖြင့်ပြောလိုက်ပြီးနောက် ဆေးလုံးတစ်လုံးအားသိုလှောင်လက်စွပ်ထဲမှထုတ်၍ ချန်းရှုံအားပစ်ပေးလိုက်သည်။
"ဝှစ်"
ချန်းရှုံဖမ်းယူလိုက်ပြီးနောက် ဆေးလုံးအားကြည့်လိုက်သည်။ အနည်းငယ်တုံ့ဆိုင်းနေသော်လည်း ဆေးလုံးအားသောက်လိုက်သည်။ထို့နောက်ချိုးဝူယဲ့အားကြည့်ကာပြောလိုက်သည်။
"လူငယ်လေးကျုပ်ကို ကယ်ခဲ့တာလား ကျေးဇူးတင်ပါတယ် ကျုပ်က ချန်းရှုံအနာဂတ်မှာ ကျုပ်ကူညီနိုင်တာရှိရင်အသက်နဲ့ရင်းပြီးပြန်ကူညီပါ့မယ်"
"မလိုပါဘူး ခင်ဗျားကအားနည်းလွန်းတယ် ကျုပ်ကခင်ဗျားကိုလမ်းမှာတွေ့တာအသက်ရှင်နိုင်သေးလို့ကယ်ခဲ့တာ ကံကောင်းတယ်မှတ်ပါ"
ထို့နောက်ချိုးဝူယဲ့မှာ ချန်းရှုံအားမထုံတက်သေးဖြင့်ကြည့်ကာ အပြင်သို့ပြန်ထွက်သွားလိုက်သည်။ချိုးဝူယဲ့အတွက် ထိုလူမှာအဘာကြောင့်သတ်ခံရတာလည်းဆိုသည်မှာအရေးမကြီးလှပေ။ ရွှေတံဆိပ်တော်အမတ်မင်း၏ အရှုပ်တော်ပုံကိစ္စအားအနည်းငယ်စိတ်ဝင်စား၍သာ ကယ်တင်ခဲ့ခြင်းဖြစ်သည်။
ချန်းရှုံကြောင်အသွား၏ သူအသက်၏တစ်ဝက်လောက် ငယ်ရွယ်သောထိုလူငယ်လေးက သူ့အားဤသို့ပြောမည်ဟုမထင်ထားခဲ့ချေ။ ပိုဆိုးသည်မှာ သူ့လိုထိပ်တန်းသိုင်းသမားဖြစ်နေသည့်တပ်မှုးအား အားနည်းသည်ဟုပင်ပြောသွားသေးသည်။သို့သော် ချန်းရှုံစိတ်ထဲမထားချေ။ ထိုလူငယ်မှာသူ၏သိုင်းပညာအားမမြင်ဖူးသေး၍သာ ဤသိုပြောချင်းဖြစ်မည်ဟု သာတွေးလိုက်သည်။ထူးဆန်းသည်မှာထိုလူငယ်ပေးသောဆေးလုံးသည်သာမန်ဟုတ်ပုံမရချေ။ သူ၏ရင်ပတ်ရှိဒဏ်ရာများမှာယခု အက်ကွဲကြောင်းလေးသေးသေးလေးအဖြစ်သာကျန်ရှိတော့သည်အထိပြန်လည်ကောင်းနေပြီဖြစ်သည်။
တစ်ညတာသည်လျင်မြန်စွာကုန်ဆုံးသွားပြီး မနက်အာရုဏ်တက်ချိန်သို့ရောက်ရှိလာပြီဖြစ်သည်။
ချန်းရှုံသည် ယခုပုံမှန်အဝတ်အစားများအားဝတ်ဆင်ထားခဲ့သည်။မသိလျှင် သာမန်လူတန်းစားထဲမှအနည်းငယ်စားသောက်နိုင်သည့် ရုပ်မျိုးပင်ပေါ်နေသေး၏။ ချန်းရှုံအခန်းပြင်သို့ထွက်လိုက်သောအခါ အနက်ရောင်ဝတ်စုံဖြင့် ချောမောခန့်ညားသောလူငယ်လေးမှာ စားပွဲတွင်မနက်စာအားစားသောက်နေခဲ့သည်။
ချိုးဝူယဲ့ချန်ရှုံထွက်လာသည်အားမြင်သောအခါ ခေါင်းငြိမ့်ပြလိုက်ပြီး ဆက်စားနေလိုက်သည်။
ချန်းရှုံ ".........."
'မဟုတ်သေးဘူးလေကွာ နဲနဲလေးတောင်ဟန်ဆောင်ပြီးခေါ်မကျွေးချင်ဘူးလားဟ'
ချန်ရှုံ၏စိတ်ထဲတွင်ရှုံ့မဲ့နေပြီး အပြင်မှာတော့ ဘာမှမဖြစ်သယောင်ပင်။ထို့နောက် ချန်းရှုံဝင်ထိုင်လိုက်ပြီးလလက်ဖက်ရည်တစ်ခွက်ငဲ့လိုက်သည်။ ထိုအချိန်ချိုးဝူယဲ့ ခေါင်းထောင်လာပြီးမတိုးမကျယ်အသံဖြင့်ပြောလိုက်သည်။
"စားပွဲထိုး"
အခန်းပေါက်ဝနားတွင် ဧည့်သည်များအား ဝန်ဆောင်မှုပေးရန် စောင့်ဆိုင်းနေသော မီးခိုးရောင်ဝတ်စုံနှင့် လူငယ်သည် အခန်းတွင်းသို့လျင်မြန်စွာဝင်လာပြီး ချိုးဝူယဲ့တို့ရှေ့တွင်ရပ်၍ ပြုံးကာပြောလိုက်သည်။
"ဘာများလိုအပ်လို့လဲမသိဘူးခင်ဗျ"
"ဝက်သားပေါက်စီတစ်ပွဲ နဲ့ ကြက်ချိုချဉ်ကြော်တစ်ပွဲယူလာပေးပါ"
ချိုးဝူယဲ့ပြောလိုက်ပြီးနောက် အလုပ်သမားလေးသည် လျင်မြန်စွာပြန်ထွက်သွားခဲ့သည်။ထို့နောက် ချိုးဝူယဲ့သူ၏ စားစရာများကိုသာဆက်လက်၍ငုံ့ကာစားသောက်နေခဲ့သည်။ ချန်းရှုံမှာတော့ ဆွံ့အနေပြီးပြောစရာစကားပင်မရှိတော့ချေ။ သို့သော် ပြုံ၍သာခေါင်းငြိမ့်လိုက်ရသည်။ ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက်မှာထားသော ဟင်းပွဲနှင့်ပေါက်စီပန်းကန်မှာ စားပွဲပေါ်သို့ရောက်နေလေပြီ။
ထိုအချိန်မှာဘဲ ချိုးဝူယဲ့ထလိုက်ပြီး လက်တစ်ဖက်ဝေ့ရမ်းလိုက်သည်။ အညိုရောင်ခြုံထည်ဝတ်ရုံတစ်ခုသည် ချိုးဝူယဲ့၏ခန္ဓာကိုယ်ပေါ်တွင်ရုတ်ခြည်းပေါ်လာပြီး နောက် သူ၏ လက်ထဲတွင်ဘယ်ကရောက်လာမှန်းမသိသော ဝါးခမောက်တစ်လုံးရှိနေခဲ့သည်။ ချိုးဝူယဲ့ထိုဝါးခမောက်အားဆောင်းလိုက်ပြီး တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။
"ခင်ဗျား...."
"ဒီမှာနေထား ကျုပ်ပြန်လာမှတစ်နေရာကိုပို့ပေးမယ်"
ထို့နောက်ချိုးဝူယဲ့ ၏ပုံရိပ်သည် ဖျပ်ကနဲပျောက်ကွယ်သွားတော့သည်။ ချန်းရှုံမှာအရိပ်ပင်မမြင်လိုက်ရချေ။ချန်းရှုံကြက်သေသေသွား၏။
"ဒါ....ဒါ....ဘယ်လိုလုပ်သွားတာလဲ"
သူသည်ထိပ်တန်းသိုင်းသမား ဖြစ်သော်လည်း ချိုးဝူယဲ့လုပ်သွာစသည့် အရာများအား တစ်ခုမှသေချာမမြင်လိုက်သလို စဉ်းစားရန် ဉာဏ်ပင်မမှီတော့ချေ။
............................
ပြီး...