ဧကရာဇ်မင်း၏ထိတ်လန့်မှူ
Vol. 7 Ch. 81
ဖုန်းထင်ပြည်နယ်သည် ပြည်နယ်ကြီးငါးခု၏ အလယ်ကျသောနေရာတွင်တည်ရှိပြီး အင်ပါယာမြို့တော်တည်ရှိရာနေရာလည်းဖြစ်သည်။ ယခုချိန်အင်ပါယာမြို့တော်၌ ကြီးမားသော နန်းတော်ကြီးအတွင်းရှိ ညီလာခံတွင်.....
"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"
ဧကရာဇ်မင်းအားချီးမွန်းသံများသည် ညီညာတက်ကြွလျှက်ရှိပြီး နန်းတော်တစ်ခွင်ကျယ်လောင်စွာပျံ့နှံ့လျှက်ရှိသည်။ ထိုအချိန်အားလုံး၏အကြည့်ကြားမှာပဲ ရွှေရောင်အဆင်းရှိသည့် နဂါးဝတ်ရုံအားဝတ်ဆင်ထားသည့် ရွယ်မင်ဧကရာဇ်သည် ပလ္လင်ပေါ်တွင်ထိုင်ကာ သူ၏ဘယ်လက်ဖြင့်ဝတ်ရုံအားဝေ့ရမ်းလိုက်သည်မှာ ဧကရာဇ်မင်းတစ်ပါး၏ ဟန်ပန်အမူအရာမျိုးပင်။
"ကောင်းပြီအမတ်ကြီးတို့ ညီလာခံစတင်ပြီ လျှောက်စရာရှိတာလျှောက်တင်ကြစေ"
ထိုအချိန် အရှေ့ဆုံးနားတွင်ရှိနေသော စစ်သူကြီး ချီရှန်းကျောက်သည် ဦးဆုံးထွက်လာပြီး ဒူးတစ်ဖက် ထောက်၍ဦးညွတ်ကာ ဟန်ပြောင်းနယ်စပ်ရှိ ပြဿနာကိစ္စအားပြောလိုက်သည်။
"အရှင်မင်းကြီး လွန်ခဲ့တဲ့ ခြောက်ရက်လောက်က ကျွန်တော်မျိုးနေထိုင်ရာနယ်စပ်မြို့ဖြစ်တဲ့ချန်းအန်မြို့ဟာ တောပုန်းဓားပြတွေနဲ့အမည်မသိရန်သူပေါင်း သောင်းချီရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ် ကျွန်တော်မျိုး ချန်းအန်မြို့ကို ခုခံကာကွယ်ဖို့ စစ်တပ်အာဏာကိုသုံးဖို့လိုလာတဲ့အချိန်မှာဘဲ အရှင်မင်းကြီးရဲ့ တံဆိတ်တုံးပါတဲ့ နယ်စပ်ဒေသကိုတင်းတင်းကြပ်ကြပ်စောင့်ကြည့်ဖို့ဆိုတဲ့ ရွှေတံဆိပ်တော်အမတ်မင်းရဲ့ စာချွန်လွာဟာ နယ်စပ်ဂိတ်ကိုရောက်ရှိလာခဲ့ပါတယ် ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ သူရဲကောင်းယီချိုး ၊ လျှပ်တစ်ပြက်လေမိစ္ဆာ ရှီဖုန်းတို့နဲ့ အမည်မသိ အမတနှစ်ပါးရဲ့အကူအညီကိုသာ မရခဲ့ရင် ကျွန်တော်မျိုးနဲ့ ကျွန်တော်မျိုးရဲ့မိသားစု မြို့စောင့်တပ် ငါးထောင်နဲ့ ပြီးတော့ချန်းအန်တစ်မြို့လုံး အခုချိန် ဘဝတစ်ပါးကိုကူးပြောင်းသွားလောက်ပါပြီ ဒီကိစ္စကိုအရှင်မင်းကြီးသေချာစုံစမ်းစစ်ဆေးပေးပါဦး"
ချီရှန်းကျောက်ပြောလိုက်သောအခါ ဘေးမှ အသက် ခြောက်ဆယ်ခန့်ရှိပြီဖြစ်သော ရွှေတံဆိပ်တော်အမတ်မင်းက မျက်မှောင်ကြုတ်၍ ချီရှန်းကျောက်အားကြည့်လိုက်သည်။
"ဟေ"
ရွယ်မင် ဧကရာဇ်အံ့အားသင့်သွား၏။ ထိုကိစ္စအားသူလုံးဝမသိလိုက်ချေ။ သို့သော် ရွှေတံဆိပ်တော်အမတ်မင်း၏ နာမည်ကြားသောအခါမှ သဘောပေါက်သွားပြီး ခါးသီးစွာပြုံးလိုက်ရသည်။
"စစ်သူကြီးချီ ဒါကိုယ်တော့်အမှားပါ ကိုယ်တော့်ကျန်းမာရေးကိုလည်းစစ်သူကြီးချီသိတာဘဲ ကိုယ်တော်အရင်နေ့တွေက အိပ်ယာထဲကမထနိုင်တာနဲ့ တိုင်းပြည်အခြေအနေကြီးကအတော်ဆိုးရွားသွားတယ် စစ်သူကြီးချီစိတ်ချပါ နောက်ဒါမျိုးအခြေအနေဖြစ်လာတော့မှာမဟုတ်ဘူး"
ဧကရာဇ်ရွယ်မင်ကိုယ်တိုင်လည်း ရွှေတံဆိပ်တော်အမတ်မင်းအား မကျေမနပ်ဖြစ်နေသည်မှာကြာပြီဖြစ်သည်။ ထိုအမတ်မင်းသည် အိမ်ရှေ့စံမင်းသားရွယ်ဖုန်း အားယခင်တည်းကထောက်ပံ့လာသူဖြစ်ပြီး ဧကရာဇ်ရွယ်မင်မှာသူ၏ အကြီးဆုံးသားစွမ်းဆောင်ပြမှုကြောင့် မဖြစ်မနေအိမ်ရှေ့စံရာထူးကိုပေးခဲ့ရသည်။ ထိုအချိန်မှစ၍ ရွှေတံဆိပ်တော်အမတ်မင်း၏ ဗီဇနှင့်အစစ်အမှန်ရည်ရွယ်ချက်များထွက်ပေါ်လာခဲ့သည်။ တော်ဝင်ရုံးတော်အတွင်းသူ၏ အာဏာကိုတဖြည်းဖြည်းချဲ့လာခဲ့ပြီး သူ၏လွမ်းမိုးမှုမှာ စစ်သူကြီးများထက်ပင်များစွာသာလွန်သွားပြီးဖြစ်သည်။
ဧကရာဇ်ရွယ်မင် ထိုလူ၏ အကြံအစည်အားသိသွားသည့်အချိန် ရပ်တန့်ရန်နောက်ကျသွားပြီဖြစ်သည်။ သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ အိမ်ရှေ့စံ ရွယ်ဖုန်းနှင့်အပြိုင် စွမ်းရည်သူရှိနိုင်သော အခြားမင်းသားများအားရှာကာ ထောက်ပံ့ပေးရန်ဖြစ်သည်။ သို့သော် ယခုထိ ရွယ်ဖုန်းနှင့် စွမ်းရည်တူစွမ်းဆောင်နိုင်သော သူအားမတွေ့သေး၍ဘာမှလုပ်မရချေ။ အမှန်မှာ ရွယ်ဖုန်းထက်စွမ်းရည်ပိုသာသော တတိယမင်းသားရှိသေးသည်။
သို့သော် ရွယ်ဖုန်းမှာ ငယ်စဉ်ကတည်းက ရွှေတံဆိပ်တော်အမတ်မင်း၏ ထောက်ပံ့မှုကြောင့် တတိယမင်းသားရွယ်ကျုံးမှာ မည်သည့်အရာကိုမှသက်သေပြခွင့်မရသည့်အပြင် ရွှေတံဆိပ်တော်အမတ်မင်း၏ ဖိနှိပ်မှုကြောင့် တတိယမင်းသားမှာ မင်းမျိုးမင်းနွယ်များကြားတွင်ပင် အထင်သေးခံနေရသည်။ဧကရာဇ်ရွယ်မင်မှာ တတိယမင်းသား၏စွမ်းဆောင်ရည်အားသိသော်လည်း ဘာမှမလုပ်ပေးနိုင်ခဲ့ချေ။ တတိယမင်းသားအားကိုးရမည့် ပညာရှင်များရှာတွေ့နိုင်ရန်သာဆုတောင်းပေးရတော့မည်။
ရွှေတံဆိပ်တော်အမတ်မင်းနှင့် အိမ်ရှေ့စံမည်မျှအသင့်ရဲစေကာမူ ဧကရာဇ်ရွယ်မင်အား ဘာမှမလုပ်ရဲပေ။ ပန်ချီဓားအရှင် ရွယ်ဝူဟန်မှာ ငယ်စဉ်ကတော်ဝင်မိသားစုမှမွေးစားခဲ့သောသူတစ်ယောက်ဖြစ်သည့်အပြင် ရွယ်မင်၏ ငယ်ပေါင်း ဆော့ဖော်ဆော့ဖက်များဖြစ်ခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ရွယ်ဝူဟန်၏ထောက်ပံ့မှုကြောင့် ရွယ်မင်မှာ ဧကရာဇ်မင်းဖြစ်လာပြီး ရွယ်ဝူဟန်မှာလည်း ရွယ်မင်၏ အယုံကြည်ရဆုံးကိုယ်ရံတော် ဖြစ်လာခဲ့သည်။ ဧကရာဇ်ရွယ်မင် မည်သည့်နေရာသွားသွား ပန်းချီဓားအရှင်ရွယ်ဝူဟန်သည် မိတ်ဆွေကြီးတစ်ယောက်အနေနှင့်ရော ကိုယ်ရံတော်တစ်ယောက်အနေဖြင့်ပါလိုက်ပါစောင့်ရှောက်ခဲ့သည်။
ထို့ကြောင့်ရွှေတံဆိပ်တော်အမတ်မင်းသည် ထိပ်သီးသိုင်းသခင်များမည်မျှစုဆောင်းထားစေကာမူ ဧကရာဇ်ရွယ်မင်အား မလုပ်ကြံဝံ့ခြင်းဖြစ်သည်။ မဟုတ်လျှင် ဧကရာဇ်ရွယ်မင် လုပ်ကြံခံရပြီးသည်မှာကြာပြီဖြစ်သည်။ တတိယမင်းသားကိုလည်း ရွယ်ဝူဟန်နှင့်အလားတူ မိတ်တွေမျိုးရှိစေချင်သည်။ သို့မှသာ ရွှေတံဆိပ်တော်အမတ်မင်းနှင့်အိမ်ရှေ့စံအားယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။
ဧကရာဇ်ရွယ်မင်ချောင်းဟန့်ကာပြောလိုက်သည်။
"ကောင်းပြီ အခုတစ်လောကိုယ်တော့်နားထဲမှာ ပညာရှင်ယီချိုးဆိုတဲ့နာမည်ခနခနကြားနေရတယ် သူကဘယ်လိုလူမျိုးလဲ ကိုယ်တော်သိချင်တယ်"
ချီရှန်းကျောက်သည် ဧကရာဇ်ရွယ်မင်အဓိကပြဿနာအား စကားလမ်းကြောင်းလွဲလိုက်သည်ကိုကြည့်၍ စိတ်ထဲတွင် ခါးခါးသီးသီးဖြစ်သွား၏။ သို့သော် ယီချိုးအကြောင်းမေးသောအခါ ချက်ချင်းပြန်ဖြေပေးလိုက်သည်။ထို့အပြင် ယီချိုးအား ယခုညီလာခံတွင်ရှိသော အမတ်မင်းအားလုံးစိတ်ဝင်စားနေခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ယီချိုးမှာ သောကန်ပြည်နယ်နှင့် ဟန်ပြောင်းပြည်နယ်ကြားရှိ မိုင်ထောင်ချီကျယ်ပြောသည့် တောနက်ကြီးထဲသို့တစ်ကိုယ်တည်းဝင်ရောက်ကာ တိမ်ကြားဓားပြအဖွဲ့အစည်းကိုပင် ဖိနှိပ်ခဲ့သည်ဟူသော ကောလဟာလများကြားနေရသည်။
ချိုးယီအကြောင်းစိတ်အဝင်စားဆုံးမှာ ရွှေတံဆိပ်တော်အမတ်မင်းဖြစ်သည်။ ထိုလူသည် သူ၏ အစီအစဉ်များအား နှောက်ယှက်နိုင်လောက်အောင်သန်မာသောကြောင့်ဖြစ်သည်။
"အရှင်မင်းကြီး သူရဲကောင်းယီချိုးဟာ အသက် ဆယ့်ရှစ်တောင်မပြည့်သေးပါဘူး ဒါပေမဲ့ ပြိုင်ဘက်ကင်းနဲ့သိုင်းပညာနဲ့ အတွင်းအား လွန်စွာမြင့်မားပါတယ် ဝူတန်တောင်က နတ်လက်ဖဝါးနှစ်ဖက်ဟိုင်ချန်းလွေ့တောင် သူ့ကိုမယှဉ်နိုင်ဘူးလို့ကိုယ်တိုင်ဝန်ခံခဲ့တာပါ ဒါ့အပြင် ယီချိုးဟာ ဓားသမားတိုင်းရဲ့ အထွတ်အမြတ်ပန်းတိုင်ဖြစ်တဲ့ ရှေ့ပြေးဓားရည်ရွယ်ချက်ကို ချန်းအန်မြို့ခုခံကာကွယ်ရေးတိုက်ပွဲမှာ နားလည်သွားခဲ့ပါတယ် သူတစ်ယောက်ထဲနဲ့ ရန်သူ တပ်သားပေါင်း ထောင်ချီကိုရှင်းလင်းခဲ့ပြီး သူရဲ့နောက်ဆုံးဓားချက်တစ်ချက်ထဲနဲ့ လူပေါင်းရာချီကို သတ်ဖြတ်ခဲ့ပါတယ်"
ချီရှန်းကျောက်စကားခနရပ်လိုက်ပြီးနောက်ဆက်ပြောလိုက်သည်။
"ပြီးတော့ သူရဲ့တွဲဖက်ပညာရှင် ရှီဖုန်းဟာဆိုရင်လည်း နှစ်ပေါင်းများစွာ ပြိုင်စံရှားပညာရှင် ဆယ်ယောက်ကလွဲရင် ပြိုင်ဘက်ကင်းလာတဲ့ သွေးအရိပ်ဓားပြဘုရင်ကို စစ်ပွဲကနေခွေးပြေးဝက်ပြေးပြေးအောင်ရိုက်နက်နိုင်ခဲ့ပါတယ် စစ်ပွဲပြင်းထန်နေတဲ့အချိန်အတွင်းမှာဘဲ ဘယ်ကမှန်းမသိတဲ့ အမတဖြစ်သွားပြီလို့ထင်ရတဲ့ပညာရှင်ရောက်လာခဲ့ပါတယ် ပြီးတော့ ဓားတစ်ချက်ထဲနဲ့ လူပေါင်းထောင်ချီကိုသတ်ဖြတ်ပြီး ဓားတစ်ချောင်းနဲ့လေပေါ်ပျံသန်းသွားခဲ့တာ ပါအရှင်မင်းကြီး "
ချီရှန်းကျောက်၏ ပြောပြမှုများကြောင့် ညီလာခံရှိအမတ်မင်းများအားလုံးရုတ်ရက်ခတ်သွားပြီး ထိုလူအားသိချင်နေကြလေသည်။ ဧကရာဇ်ရွယ်မင်ကိုယ်တိုင်လည်း မျက်လုံးပြုးသွား၏။ အမတနတ်များ၏ ဒဏ္ဍာရီအားသူကြားဖူးသော်လည်း အပြင်မှာရှိသည်ဟုတစ်ခါမှမကြားဖူးပေ။ အရင်က အမတနတ် များနှင့်ပက်သက်၍ ရွယ်ဝူဟန်အားမေးကြည့်ဖူးသည်။ အမှန်ပင် အမတနတ် အဆင့်ကိုရောက်ရှိသွားသော ပညာရှင်များရှိဖူးကြောင်းကြားသိခဲ့ရသည်။ ယခုပြန်ကြားရမည်ဟုမထင်ထားခဲ့ချေ။ ဧကရာဇ်ရွယ်မင်စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်။
"သူကဘယ်သူလဲသိလား"
ချီရှန်းကျောက်ခေါင်းခါရမ်း၍ပြောလိုက်သည်။
"ကျွန်တော်မျိုးမသိပါဘူးအရှင်ကြီး အဲ့နေ့မှာ အမတ တစ်ပါးတည်းပေါ်လာတာမဟုတ်ပါဘူး နတ်သမီးတစ်ပါးလည်းပေါ်လာပါသေးတယ် သူမကို အေးခဲနတ်သမီးလို့ခေါ်ပြီး အဲ့ဒီနတ်သမီးကသူ့ရဲ့ နတ်စွမ်းအားနဲ့ မိုင်ပေါင်းများစွာကျယ်ပြောတဲ့ စစ်မြေပြင်တစ်ခုလုံးကို ရေခဲပြင်ကြီးဖြစ်အောင်လုပ်သွားတာပါ အနဲဆုံးလူတစ်သောင်းနီးပါး အေးခဲပြီးသေဆုံးသွားခဲ့ရပါတယ် ပြီးတော့ သူတို့ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပါတယ် အဲ့ဒီအမတနတ်တွေကြောင့် ကျွန်တော်မျိုးတို့တိုက်ပွဲကိုနိုင်သွားခဲ့တာပါ"
ဧကရာဇ်ရွယ်မင်ကြက်သီးတွေပါ ထသွားခဲ့သည်။ထို့နောက်ချီရှန်းကျောက်ဆက်ပြောလိုက်သည်။
"ပြီးတော့ သူရဲကောင်းယီချိုးက အဲ့ဒိအမတတွေက သူ့ရဲ့မိတ်ဆွေတွေလို့ပြောပါတယ် သူတို့ဘယ်သူလဲ ဘယ်နေရာမှာရှိလဲ သူရဲကောင်းယီချိုးကတော့သိလောက်ပါတယ် အရှင်မင်းကြီး"
ချီရှန်းကျောက်၏ လျှောက်ထားချက်အရှည်ကြီးအား ကျန်အမတ်နှင့် စစ်သူကြီးတို့ငြိမ်သက်စွာနားထောင်နေခဲ့ကြသည်။ သူတို့လည်းအလွန်ထိတ်လန့်နေကြသည်။အချိန်အနည်းငယ်တိတ်ဆိတ်သွားပြီးနောက် ဧကရာဇ်ရွယ်မင် စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"မြန်မြန်..သူရဲကောင်းယီချိုးကို တော်ဝင်ရုံးတော်ကို ကောင်းကောင်းမွန်မွန်ဆင့်ခေါ်စေ.."
"အမိန့်တော်အတိုင်းပါ"
အမတ်ကြီးများနှင့်စစ်သူကြီးများအားလုံး အရိုအသေပြုလိုက်ကြသည်။......
.........................
ပြီး...