← Chapters

ကျောင်းတော်အဖြစ်ပြောင်းလဲမည်လား

Vol. 7 Ch. 83

ကျောင်းတော်အဖြစ်ပြောင်းလဲမည်လား

Vol. 7 Ch. 83

သီးသန့်ခန်းထဲတွင် စစ်ထူယန် နှင့် ချိုးဝူယဲ့ မျက်နှာချင်းဆိုင်ထိုင်နေကြပြီး စစ်ထူယန်မှာ သူ​၏ အကောင်းဆုံးသော လက်ဖက်ရည်နှင့် ဧည့်ခံနေလေသည်။ 

"ဒါက ကျုပ် ဒီနှစ်တွေအတွင်းစုဆောင်းမိသလောက် အကောင်းဆုံး လက်ဖက်ခြောက်ရွက်တွေဘဲ ဒီလက်ဖက်ရွက်တွေကစိုက်ရမလွယ်ဘူး စိုက်ပျိုးလို့အောင်မြင်သွားပြီဆိုလည်း ငါးပြည်ထောင်ကတော်ဝင်မျိုးနွယ်တွေလက်ထဲဘဲ ရောက်ကုန်တာ ကျုပ်တောင် ကံကောင်းလို့ နှစ်အိတ်စာရလာတာ"

စစ်ထူယန် သူ​၏လက်ဖက်ခြောက်ရွက်များအားကြည့်၍ ညည်းညူနေသည်။ ချိုးဝူယဲ့ တစ်ကြိုက်သောက်ကြည့်လိုက်သည်။

"မဆိုးဘူးဘဲ ကြည့်ရတာ ထပ်သောက်ချင်လာရင် ကျုပ်တော်ဝင်ရုံးတော်ကို ဓားပြသွားတိုက်ရတော့မဲ့ပုံဘဲ"

"ဟား...ဟား...ဟား"

စစ်ထူယန်ရယ်မောလိုက်သည်။ သူ့အရှေ့ရှိ ငယ်ရွယ်သောပညာရှင်မှာ လွတ်လပ်ပြီးအတင့်ရဲလွန်းပေသည်။ တော်ဝင်ရုံးတော်ကို ဓားပြတိုက်မည်ဟုပင်ပေါ့ပေါ့တန်တန်ပြောရဲသည်။သို့သော် ချိုးဝူယဲ့ လုပ်နိုင်မည်သူ သူယုံကြည်မိနေခဲ့သည်။ ပြိုင်စံရှားထိပ်သီးဆယ်ယောက်ထဲမှ လက်နက်ပုန်းအရှင် ထန်ရှောင်းတောင် ခွေးရှုံးဝက်ရှုံးရှုံးခဲ့သည်မဟုတ်လော။ ဤသိုဖြင့် ချိုးဝူယဲ့အားတားဆီနိုင်မည်ဟုထင်ရသည့် ပန်းချီဓားအရှင်သာ တော်ဝင် နန်းတော်ထဲတွင်ရှိလေသည်။

ချိုးဝူယဲ့ လက်ဖက်ရည်ခွက်အားအောက်ချ၍ တည်ငြိမ်စွာပြောလိုက်သည်။

"ရွှေတံဆိပ်တော်အမတ်မင်းလက်အောက်က ရာထူးနဲနဲရှိတဲ့ ချန်းရှုံဆိုတဲ့လူတစ်ယောက်ကို ကျုပ်ကယ်ထားတယ် ပြဿနာအစကတော့ အရိပ်သုံးပါးဘာအဖွဲ့ဆိုလည်း အဲ့အဖွဲ့ထဲက အဆင့်လွန်ထိပ်သီးတစ်ယောက်က ချန်းရှုံတို့အဖွဲ့ကို လေားဟန်မြို့အဝင်ဝဂိတ်တံခါးနားမှာသတ်ဖြတ်သွားတယ် ကြည့်ရတာ အဲ့ဒီရွေီတံဆိပ်တော်အမတ် ဆိုတဲ့လူက ခင်ဗျားတို့ကိုတစ်ခုခုလုပ်ဖို့ကြံနေသလိုဘဲ"

စစ်ထူယန်မျက်နှာ အလျင်အမြန်ပြောင်းလဲသွားပြီး မတ်တပ်ထရပ်လိုက်မိသည်။

"မကောင်းတော့ဘူး.."

ချိုးဝူယဲ့မှာထိုအကြောင်းအရာများကို ထိုလူများအချင်းချင်းသတ်ဖြတ်နေတည်းကကြိုတင်ခန့်မှန်းမိနေခဲ့သည်။ ချိုးဝူယဲ့ လက်ဖက်ရည် တစ်ကြိုက်သောက်လိုက်ပြီးနောက်ပြောလိုက်သည်။

"ပြင်ဆင်ဖို့အချိန်နဲနဲရသေးတယ်"

စစ်ထူယန် ခါးသီးစွာပြုံး၍ ပြောလိုက်သည်။ 

"သေချာတာတော့ အခုချိန် ရွှေတံဆိပ်တော်အမတ်မင်းက ဧကရာဇ်မင်းခွင့်ပြုချက်ကိုရပြီးလောက်ပြီ ပြီးတော့ သိုင်းပညာရှင်တွေကြီးဘဲ လွတ်လိမ့်မယ်"

စစ်ထူယန်ပြောသည်မှာ အမှန်တရားပင်။ သိုင်းသမားတို့နှင့်တိုက်ပွဲဆိုသည်မှာတော်ရုံဖြင့်သွားတိုက်၍မရချေ။ ထိပ်သီးသိုင်းသမားတစ်ယောက်ကို သတ်ဖြတ်ရန် မည်သူမှ စစ်သား တစ်ရာမလွတ်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် အဆင့်လွန်ထိပ်သီးသိုင်းသမားတစ်ယောက်သည် စစ်သားတစ်ရာအား လွယ်ကူစွာသတ်ဖြတ်နိုင်သောကြောင့်ပင်။ အဆင့်လွန်ထိပ်သီးအားသတ်ဖြတ်ရန်လည်း မည်သူမှ လူတစ်ထောင်မလွတ်ချင်ကြပေ။ အဆုံး၌ထိုထိပ်သီးပညာရှင်သေဆုံးသွားနိုင်သော်လည်း စစ်သားတစ်ဝက်လောက် သေဆုံးသွားနိုင်သောကြောင့်ပင်။ ချိုးယီလို အဆင့်လွန်ထိပ်သီးပုဂ္ဂိုလ်များကြား၌ပင် ထိပ်တန်းပညာရှင်တစ်ယောက်ဖြစ်နေလျှင် ထိုစစ်သားတစ်ထောင်လုံးပင်သေဆုံးသွားနိုင်လေသည်။

ကျန်းထိုက်ရှန်းလို အတွင်းအားသိုင်းပညာ​၏ အဆုံးသတ်လည်းဖြစ် နတ်ဝိဇ္ဇာတစ်ပိုင်းအဆင့်အားထိတွေ့မိသောနယ်ပယ်လည်းဖြစ်သောမဟာသိုင်းရာဇာ အဆင့်ပညာရှင်ဆိုလျှင်ပိုတောင်ဆိုးပါသေးသည်။ စစ်သားတစ်ထောင်ကိုအရင်ထား နှစ်ထောင်ဆိုလျှင်တောင် အကုန်သေဆုံးသွားနိုင်ချေအလွန်မြင့်မားသည်။ ထို့ကြောင့် စစ်ပွဲတစ်ပွဲတွင် ထိုအဆင့်သိုင်းသမားများဝင်ပါလာလျှင် စစ်ပွဲ​၏ဟန်ချက်ကို ကမောက်ကမဖြစ်စေနိုင်သည်။

........

ချိုးဝူယဲ့ ဖြည်းညင်းစွာပြောလိုက်သည်။

"သူတို့ကိုစိတ်ပူစရာမလိုဘူး ခင်ဗျား ယီချိုးကိုသိတယ်မို့လား"

စစ်ထူယန်အံ့ဩစွာပြောလိုက်သည်​။

"လူတွေပြောကြတဲ့ သမိုင်းရဲ့အသက်အငယ်ဆုံး အဆင့်လွန်ထိပ်သီးပညာရှင်ပြီးတော့ တိမ်ကြားဓားပြအစည်းကို ဖိနှိပ်ခဲ့တယ်ဆိုတဲ့ ကောလဟာလတွေထဲက သူရဲကောင်းယီချိုးလား"

"ဟုတ်တယ်"

ချိုးဝူယဲ့ခေါင်းငြိမ့်၍ ဆက်ပြောလိုက်သည်။ 

"သူက ကျုပ်မိတ်ဆွေဘဲ ပြီးတော့သူ့ရဲ့သူငယ်ချင်းရှီဖုန်းလဲ အဆင့်လွန်ထိပ်သီးသိုင်းပညာရှင်ဘဲ သူတို့နှစ်ယောက်ကအဖွဲ့အစည်းမရှိဘူး လောကကြီးထဲရောက်တက်ရာရာခြေဆန့်နေကြတာ ကျုပ်စိတ်ကူးအရပြောရမယ်ဆိုရင် ခင်ဗျား ကျောင်းတော်တစ်ခုဖွင့်သင့်တယ်"

စစ်ထူယန် ကြောင်အသွားပြီး ဇဝေဇဝါဖြစ်နေသောလေသံဖြင့်.....

"ဒါက....ကျုပ်တို့ဆီမှာ ပညာရှင်အများအပြားမရှိဘူး ရှိတဲ့ သိုင်းဆရာတွေကလဲ အဆင့်မြင့်သိုင်းသမားသာသာလေးတွေဘဲရှိတာ ထိထိရောက်ရောက် အားကိုးရတာအကြီးအကဲ ကျုံးရီဘဲရှိတယ်"

ချိုးဝူယဲ့ခေါင်းခါရမ်း၍ပြောလိုက်သည်။

"ယီချိုးနဲ့ ရှီဖုန်းပါလာရင်ကော"

စစ်ထူယန် မျက်လုံးများတောက်ပသွားသည်။ ထိုနှစ်ယောက်မှာ သူ့နှင့်အဆင့်တူ အဆင့်လွန်ထိပ်သီးသိုင်းသမားများ မဟုတ်ပေလော။ 

"ဒါပေါ့.... သူတို့တာ ကျုပ်ရဲ့သိုင်းသင်တန်းကျောင်းကို ဝင်ရင်တော့ သေချာပေါက် သိုင်းကျောင်းတော် အဖြစ်ပြောင်းလဲလို့ရပြီ"

မည်သို့ပင်ဖြစ်စေ အဆင့်လွန်ထိပ်သီးပုဂ္ဂိုလ်သုံးယောက်ဆိုသည်မှာထိပ်တန်း ဂိုဏ်းကြီး ခုနှစ်ဂိုဏ်းတွင်တောင် ဂိုဏ်းအနည်းငယ်သာရှိသော ပမာဏဖြစ်သည်။

ဝူတန်တောင်တွင် ဝူတန်ဆရာသခင်လေးပါးနှင့် ထိုက်ကျိဓားအရှင်ရှိသည်။ ခွန်းလွန်တောင်တွင် အမွာဓားသခင်နှစ်ယောက် မိုးမျှော်ဓားသမား နှင့် ခွန်းလွန်ဓားစကြာရှင် ရှိသည်။ ဤသို့ဖြင့်ဂိုဏ်းအသီးသီးတွင် ပင်မ သိုင်းပညာရှင်များရှိလေသည်။ 

ရွက်ကြွေသိုင်းသင်တန်းကျောင်းသာ ထိပ်သီးပုဂ္ဂိုလ်သုံးယောက်ဖြင့် ကျောင်းတော်ပြောင်းလဲသွားလျှင်သေချာပေါက် သိုင်းလောကတွင် နာမည်တစ်ခုရလာမည်ဖြစ်သည်။ ချိုးဝူယဲ့​၏ အဓိက အစီအစဉ်မှာ သူ ဤလောကကြီးမှထွက်သွားသည့်အချိန် ချိုးအိမ်တော် ဘေးကင်းစေဖို့အတွက် ခံတပ်တစ်ခု တည်ဆောက်ရန်ဖြစ်သည်။

စစ်ထူယန်​၏ စကားများကိုနားထောင်ပြီးနောက် ချိုးဝူယဲ့ ခေါင်းငြိမ့်၍ပြောလိုက်သည်။ 

"ကောင်းပြီ...ကျုပ် လေးရက်အတွင်း ဒီကိုလာပြီး ယီချိုး ကို သိုင်းသင်တန်းကျောင်းထဲ ဝင်ခိုင်းလိုက်မယ် ကျုပ်အခုဘဲ ချန်းရှုံကိုသွားခေါ်ပေးမယ် ကျန်တဲ့အပိုင်း ခင်ဗျားဘာသာဆက်ပြီးဖြေရှင်းလိုက်တော့"

စစ်ထူယန် ချက်ချင်း ထရပ်၍ ချိုးဝူယဲ့အား လက်တီးစုကာ ပြောလိုက်သည်။

"ကျုပ်တကယ်ကျေးဇူးတင်ပါတယ် ရောင်းရင်းဝူယဲ့ နောက်နောင် ကျုပ်အကူညီပေးနိုင်တာရှိလို့ ရှိရင် ကျုပ်အစွမ်းကုန်ကူညီပါ့မယ်"

ချိုးဝူယဲ့လည်းလက်တီးစုကာပြောလိုက်သည်။

"တစ်နေ့ကျရင် အရာတစ်ခုကိုကာကွယ်ဖို့ ခင်ဗျားရဲ့ အကူညီ ကျုပ်သေချာပေါက်လိုလာအုံးမှာပါ"

ထို့နောက်ချိုးဝူယဲ့​၏ ပုံရိပ်သည် တစ္ဆေတစ်ကောင်အလား ဖျက်ကနဲ ပျောက်ကွယ်သွားလေသည်။အချိန်အနည်းငယ်ကြာပြီးနောက်....

"ဖျက်"

ချိုးဝူယဲ့​၏ ပုံရိပ်ပြန်ပေါ်လာသည်။ ယခုတစ်ခါ ပုံရိပ်တစ်ခုလည်းပါလာသေးသည်။ အခြားလူမဟုတ်ပေ။ အခန်းထဲတွင် အိပ်နေသည့်အချိန် ချိုးဝူယဲ့​၏ အတင်းအကြမ်ဆွဲခေါ်လာခြင်းခံရသော တပ်မှုးချန်းရှုံပင်ဖြစ်လေသည်။ တပ်မှုးချန်းရှုံမှာ ယခုကြောင်တောင်တောင်ဖြစ်နေလေသည်။

'ငါဘယ်သူလဲ ငါဘယ်ကိုရောက်ရောက်နေတာလဲ '

"ကဲ ကျုပ်သွားတော့မယ် သူ့ကိုဒီမှာထားသွားမယ် သေချာလေးစောင့်ရှောက်ထားပေးလိုက်ပါအုံး နှုတ်ဆက်ပါတယ်"

ချိုးဝူယဲ့လက်တီးစု၍ပြောလိုက်သည်။ စစ်ထူယန်လည်းအလျင်အမြန်လက်တီးစု၍ပြောလိုက်သည်။

"နှုတ်ဆက်ပါတယ် နောက်မှပြန်ဆုံကြတာပေါ့"

ထို့နောက်ချိုးဝူယဲ့​၏ ပုံရိပ်သည် အရိပ်တစ်ခုကဲ့သို့ လျင်မြန်စွာပျောက်ကွယ်သွားလေသည်။

.........................

ပြီး...

All Chapters