← Chapters

ဘက်ပြောင်းခြင်း

Vol. 012 Ch. 1194

ဘက်ပြောင်းခြင်း

Vol. 012 Ch. 1194

ပျံသန်းထွက်ခွာခြင်း ပြီးသည့်အခါ ဝင်္ကပါအလင်းမျက်နှာပြင်က ပြိုကျပျက်စီးလာသည်။ မျက်စိကျိန်းလောက်သည့် အလင်းရောင်များနှင့်အတူ တစ်ခုခု ကျိုးပဲ့လာသကဲ့သို့ ဖြစ်ကာ အောက်ဘက်မှ အဖြစ်အပျက်များကို မြင်ရပေသည်။

ရဲတိုက်တွင်းမှ မရေတွက်နိုင်သည့် မျက်လုံးများက တစ်နေရာကိုသာ အာရုံစိုက်နေကြသည်။ ထိုနေရာရှိ သွေးနဂါးထက်၌ လူငါးယောက် ရပ်နေကြသည်။ ယူချင်းသည် လူအများ၏ အာရုံစိုက်မှုများစွာကို ရ၏။

သူတို့ ငါးယောက်လုံးသည် နိုးထခြင်းနဂါးတိုက်ပွဲစင်မြင့်မှ ပျံသန်း ထွက်ခွာနိုင်ခဲ့သည်။

အိပ်မောကျနဂါးပြိုင်ပွဲ၏ စည်းမျဉ်းမှာ နိုးထနဂါးတိုက်ပွဲစင်မြင့်မှ ပျံသန်း ထွက်ခွာနိုင်သူ ဘယ်သူမဆို အောင်မြင်သည်ဟု သတ်မှတ်နိုင်သည်။

ရှန့်ထိုအဆင့် တော်ဝင်သားရဲသည် ထိုနေရာကို စောင့်ကြပ်နေခြင်း ဖြစ်ပြီး သူ့ခွင့်ပြုချက် မရှိဘဲနှင့် ဘယ်သူမှ ထွက်ခွာရန် အရည်အချင်း ပြည့်မီမည် မဟုတ်ပေ။

သွေးနဂါးကြီးသည် အခြားသုံးယောက်ကို အရည်အချင်း မလုံလောက်သေးဟု ယူဆ၍ ယူချင်းနှင့် ရီဝူချင်းကိုသာ ဖြတ်သန်းစေခဲ့သည်။

သို့သော်လည်း ယူချင်းက သူ၏ ထူးကဲသာလွန်သော ခွန်အားကို အသုံးပြု၍ ရှန့်ထိုနဂါးကြီးကို အဝေးသို့ လွှင့်ပစ်ခဲ့ကာ အခြား လေးယောက်နှင့်အတူ အပြင်သို့ တရကြမ်း ထွက်လာခဲ့သည်။

အတိတ်ကာလများတွင် ဘယ်သူကမှ ထိုသို့ မပြုလုပ်ရဲခဲ့ပေ။

ယူချင်း၏ လုပ်ရပ်သည် စည်းမျဉ်းများကို စိန်ခေါ်ခဲ့ခြင်း ဖြစ်သော်လည်း သူသည် စည်းမျဉ်းများ အတွင်း၌ပင် ရှိသေး၏။

ထိုသွေးနဂါးကြီးသည် အလွန်အမင်း ဒေါသ ထွက်နေတာကြောင့် ယူချင်းကို စူးစူးဝါးဝါး ကြည့်လိုက်ပြီး ကြွပ်ကြွပ်မြည်အောင် ဝါးစားကာ မျိုချပစ်လိုစိတ်များ ဖြစ်လာသည်။

နဂါးကြီးသည် အိပ်မောကျ နဂါးပြိုင်ပွဲကို တာဝန်ယူပြီး စောင့်ကြပ်နေရခြင်း ဖြစ်သော်လည်း စိန်ခေါ်သူက လွှင့်ပစ်ခြင်းကို ခံခဲ့ရသည်။ အထက်မှ အကြီးအကဲများက နဂါးကြီး၏ တာဝန်လစ်ဟင်းမှုအတွက် အပြစ်တင်လာနိုင်ပေသည်။

သို့သော်လည်း ထိုလူသား၏ ခွန်အားက ရှန့်ထိုတစ်ပါးနှင့် ယှဉ်နိုင်စွမ်းရှိသည်။ မဟုတ်လျှင် သူ့အရွယ်အစားမျိုးကို အဝေးသို့ လွှင့်ပစ်နိုင်မည် မဟုတ်ပေ။

ထို့အပြင် သူ၏ ခုခံကာကွယ်နိုင်စွမ်းမှာ ရှန့်ထိုတစ်ပါး၏ အဆုံးမဲ့စွမ်းရည်ကဲ့သို့ ဖြစ်သည်။ မဟာလမ်းစဉ်၏ မီးတောက်များသည်ပင် သူ့ကို လောင်ကျွမ်းနိုင်စွမ်း မရှိပေ။

ယူချင်းက ခေါင်းကို ငုံ့ကာ နဂါးကြီးကို ကြည့်သည်။  သူ၏ နက်မှောင်နေသော မျက်လုံးများတွင် အကြောက်တရားဟူ၍ စိုးစဉ်းမျှ မရှိချေ။ နဂါးကြီးက သူတို့ကို အအောင်ပေးဖို့ စိတ်ကူးမရှိသဖြင့် သူက ထိုသို့ ခက်ခဲသော နည်းလမ်းဖြင့် ဖြေရှင်းခဲ့ရသည်။

“မင်းက တကယ့်ကို တစ်ခုခုပဲ” သွေးနဂါးကြီးက အောက်သို့ ဆင်းမသွားခင် ပြောသည်။ မြေပြင်ပေါ်မှ ပုံစံကလေးများ ကြွတက်လာကာ သူသည် ဝင်္ကပါတွင်းသို့ ဝင်ရောက်ပြီး ပျောက်ကွယ်သွားသည်။

ပြိုင်ပွဲစည်းမျဉ်းများ ကြေညာပေးခဲ့သည့် ရှန့်ထိုတစ်ပါးသည် လေထဲတွင် တစ်ဖန် ထွက်ပေါ်လာသည်။ သူက ပျံသန်းထွက်ခွာလာသည့် ယူချင်းတို့ငါးယောက်ကို ကြည့်လိုက်ပြီး တံဆိပ်ပြား ငါးခု ထုတ်ယူကာ ကမ်းပေးသည် … “ဂုဏ်ပြုပါတယ်။ ဒါတွေက နိုးထနဂါးတံဆိပ်ပါ။ လက်ခံလိုက်ပါ”

သူတို့ အောင်မြင်ရန် ဘယ်လိုနည်းလမ်းကိုပဲ အသုံးပြုခဲ့ပါစေ သူတို့သည် သွေးနဂါးဘုံ၏ စည်းမျဉ်းအတွင်းမှသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံး ရလဒ်သည်သာ အရေးကြီးပေသည်။

ယူချင်းနှင့် ကျန်လူများမှာ သူတို့၏ တံဆိပ်များကို ယူဆောင်လိုက်ပြီး ရှန့်ထိုအဆင့် အောက်လူများမှာ သူတို့ကို အားကျသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

သူတို့ဆီမှာ နိုးထနဂါးတံဆိပ်ပြားကို လက်ဝယ်ပိုင်ဆိုင်ခဲ့ပြီ ဖြစ်သောကြောင့် သူတို့သာ ဆန္ဒရှိလျှင် အချိန်မရွေး သွေးနဂါးစစ်တပ်သို့ ဝင်ရောက်နိုင်ပေသည်။

အိပ်မောကျနဂါးပြိုင်ပွဲကို ဖြတ်ကျော် အောင်မြင်ခဲ့သည့် ဘယ်သူမဆို နိုးထနဂါးတံဆိပ်ပြားကို ဆုအဖြစ် ရရှိသည်။

ထိုရှန့်ထိုက သူတို့ကို တံဆိပ်ပြား ပေးအပ်ခဲ့သော်လည်း တံဆိပ်ပြား၏အသုံးပြုပုံကို မရှင်းပြခဲ့ပေ။ တံဆိပ်ပြား၏အသုံးဝင်မှုကို သွေးနဂါးဘုံမှ လူတိုင်းသိရာ ရှင်းပြရန် မလိုဟု သူက တွေးထင်ပေသည်။

ရှန့်ထိုက နိုးထနဂါးတံဆိပ်ကို လက်ကမ်းပေးခဲ့ပြီး ရဲတိုက်ကို တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီးနောက် ထွက်ခွာ သွားတော့သည်။

လူရိပ်များ တစ်ခုပြီးတစ်ခုက စင်မြင့်ပေါ်မှနေ၍ ရဲတိုက်များဆီ ဦးတည် သွားနေကြသည်။ သူတို့မှာ တိုက်ပွဲကွင်းပြင်၌ အသက်ရှင် ကျန်ရစ်ခဲ့သူများ ဖြစ်ကြ၏။

သေဆုံးသွား သူများ အတွက်ကတော့ လူများက သူတို့၏ အလောင်းကို လာသယ်သွားကြသည်။

အိပ်မောကျနဂါးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများထဲမှ တစ်ဝက်ခန့်မှာ သေဆုံးခဲ့ကြသည်။ သေဆုံးမှုနှုန်းမှာ အလွန်ပင် ထိတ်လန့်ဖွယ်ဖြစ်ကာ ပြိုင်ပွဲက မည်မျှရက်စက်သည်ကို မှန်းဆကြည့်နိုင်သည်။

“အစ်ကိုရီ.. အိပ်မောကျနဂါးပြိုင်ပွဲကို ကျင်းပလာတာ နှစ်အများကြီး ရှိပြီ။ ပါဝင်ယှဉ်ပြိုင်သူတွေ သူတို့ဆန္ဒအလျောက် ဝင်ပြိုင်ကြတာ။ သူတို့ စွမ်းရည် မလုံလောက်ရင် ထိခိုက်အနာတရ ဖြစ်တာတွေ သေတာတွေတောင် ဖြစ်နိုင်တယ်ဆိုတာ သူတို့သိတယ်။ ပြီးတော့လည်း သူတို့က မကျေနပ်ကြရင်တောင် ယူချင်းတို့လေးယောက်က ချန်ယဲ့မြို့ကို ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တာ။ အဲဒါကြောင့် အဲဒီအင်အားစုတွေက မြို့တော်တွေကြားက စစ်ပွဲကို ဖြစ်စေမှာ မဟုတ်ဘူး”

ဆန်းဇွန်က ရီဖူရှင်းကို အခင်အမင်မပျက် ရင်းနှီးသည့်အသံဖြင့် ပြောသည်။

ရီဖူရှင်းက သူ့ကို ကြည့်လိုက်ပြီး ဆန်းဇွန်သည် ယူချင်းကို အိပ်မောကျနဂါး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လိမ်လည်လှည့်ဖြားခဲ့သည့် မြွေတစ်ကောင်သာ ဖြစ်သည်ဟု တွေးလိုက်မိသည်။

သူတို့သာ ရှုံးခဲ့လျှင် ပေးဆပ်ရမည်မှာ သေခြင်းတရား ဖြစ်၏။

အကယ်၍ နိုင်သွားခဲ့လျှင် တစ်စုံတစ်ယောက်ကို အပြစ်ကျူးလွန်မိသလို ဖြစ်မှာ အသေအချာပင် ဖြစ်သည်။

သူတို့သာ တစ်စုံတစ်ယောက်ကို ဆန့်ကျင်မိပါက သွေးနဂါးမြို့တော် အတွင်းရှိ မြို့များကြားတွင် ဟိုးအရင်က ထားရှိခဲ့သော သဘောတူညီချက်များအရ သူတို့ရဲ့ လုံခြုံမှုအတွက် ချန်ယဲ့မြို့၏ ကာကွယ်ပေးမှုကို လိုအပ်လာလိမ့်မည်။ အဆုံးတွင်တော့ အိပ်မောကျနဂါးပြိုင်ပွဲကို ကျင်းပလာသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်၏။

“ဂရုစိုက်ပေးတာ ကျေးဇူးပါ မြို့စားလေး” ရီဖူရှင်းက ပြုံးကာ ပြောသည်။

“အိမ်ရှင် တစ်ယောက်အနေနဲ့ ဒါက ကျုပ်ရဲ့ တာဝန်ပါ။ ယူချင်းနဲ့ တခြားလူတွေက ဒီတစ်ခါမှာ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တယ်။ ခင်ဗျားတို့က အိပ်မောကျနဂါးပြိုင်ပွဲမှာ ပါဝင်ပေးခဲ့လို့ ချန်ယဲ့မြို့က အကျိုးအမြတ်တွေ ရရှိနိုင်ခဲ့တာပါ။ ကျုပ်ကသာ ကျေးဇူးတင်သင့်တဲ့သူပါ အစ်ကိုရီ။ ချန်ယဲ့မြို့ကို ပြန်ရောက်တဲ့အခါမှာ အင်အားစုတွေ အကုန်လုံး အပါအဝင် စားသောက်ပွဲတည်ခင်းပြီး သူတို့နဲ့ မိတ်ဆက်ပေးပါ့မယ်။ မြို့ကနေ နောက်တစ်ခေါက် ကြိုဆိုမှုပေါ့” ဆန်းဇွန်က အပြုံးနှင့် ပြောသည်။

မနှစ်မြို့သည့် အကြည့်က ရီဖူရှင်း၏ မျက်လုံးထဲတွင် နက်ရှိုင်းစွာ ဖြစ်တည်လာသည်။

ဆန်းဇွန်ကို ကြည့်ရသည်မှာ အလွန်အမင်းကို ယဉ်ကျေးနေပေသည်။

“ဒါနဲ့ ယူချင်း၊ ဟောင်ကျူဂီနဲ့ တခြားလူတွေက မတူညီတဲ့ သိုင်းပညာတွေ လေ့ကျင့်ထားတယ် ဆိုတာ ကျုပ် တွေ့ခဲ့တယ်။ အစ်ကိုရီတို့က အင်အားစုတစ်ခုထဲက လာခဲ့တာ မဟုတ်ဘူးမလား” ဆန်းဇွန်က အတည်ပြုလိုသည့်အမူအရာနှင့် မေးသည်။

ရီဖူရှင်းနှင့် ရာရာက ဓားသမားများ ဖြစ်ကာ နောက်ထပ်မြင်ရသည့် ရီဝူချင်းနှင့် စုချွဲမှာလည်း ဓားသမားများ ဖြစ်သောကြောင့် သည်လူများမှာ အင်ပါယာရှားဘုံ၏ တော်ဝင်ဓားနယ်မြေ ထိပ်တန်းအင်အားစုတချို့မှ လာသည်ဟု ယူဆခဲ့သည်။

“ကျုပ်တို့က ခရီးအတူထွက်လာတဲ့ သူငယ်ချင်းတွေပါပဲ” ရီဖူရှင်းက ပြုံးကာ ပြောသည်။ သူတို့ထဲမှ အများစုက တော်ဝင်ကျဲနန်းတော်မှ ဖြစ်ကြသည်။

“ဟုတ်လား။ ဟောင်ကျူဂီက အတော်လေး ထူးကဲတဲ့ အရှိန်အဝါကို ထုတ်လွှတ်နေတယ်။ အဲဒါကြောင့် သူက ထူးခြားသာလွန်တဲ့ ကလန်တစ်ခုခုကလို့ ခန့်မှန်းမိတယ်” ဆန်းဇွန်က ဟောင်ကျူဂီကို ကြည့်ရင်း ဆက်လက် အတည်ပြုပြောဆိုသည်။

ရီဖူရှင်းက စိတ်ထဲမှ လျှို့ဝှက်စွာ ပြုံးသည်။ ကြည့်ရသည်မှာ ယူချင်း၏ တိုက်ခိုက်မှုစွမ်းအား၊ ဝူချင်း၊ ကျူဂီနှင့် ကျန်လူတွေ ပြသခဲ့သည့် စွမ်းရည်များက ဆန်းဇွန်ကို စိတ်ပူပင်စေပုံရသည်။ ထို့ကြောင့် သူက အစ်အောက်၍ သူတို့၏နောက်ခံအစစ်အမှန်ကို မေးမြန်းခြင်း ဖြစ်ဟန်ရသည်။

“သူက ထူးကဲတဲ့ အခွင့်အလမ်းတွေ တွေ့ကြုံခဲ့ရလို့ပါ ” ရီဖူရှင်းက အပြုံးနှင့် ပြန်ဖြေသည်။ သူက အသေးစိတ် ပြောပြနေရန် စိတ်မဝင်စားပေ။

“ရီဖူရှင်း” ထိုအချိန်တွင် အသံတစ်ခုကို ကြားလိုက်ရသည်။

ရီဖူရှင်းနှင့် အခြားလူများက လှည့်ကြည့်လိုက်လျှင် သူတို့ မျက်နှာချင်းဆိုင်မှ လူစုက သူတို့ရှေ့ကို ရောက်လာကြောင်း တွေ့လိုက်ရသည်။

ထိုလူစုမှာ အခြားမဟုတ်ဘဲ ဥဒေါင်းအင်ပါယာဘုံမှ လူများပင် ဖြစ်တော့သည်။ လူစုကို ဦးဆောင်လာသူမှာ ခွန်ရွှမ်ဖြစ်၏။

သူမ၏ ညှို့ငင်နိုင်လွန်းသည့် ခန္ဓာကိုယ်မှာ ပြစ်မျိုးမှဲ့မထင်ပင် ဖြစ်သည်။ သူမ၏ ပြည့်စုံလှသည့် ကောက်ကြောင်း၊ ရှည်လျားလှသည့် ခြေတံ၊ အနုစိတ်ပြေပြစ်၍ အရိုင်းဆန်ဆန် လှပသော သူမ၏ အလှအပသည် ဘယ်သူ့ကိုမဆို အံ့အားသင့် သွားစေနိုင်သည်။

ဥဒေါင်းအင်ပါယာဘုံမှ မင်းသမီးခွန်ရွှမ်သည် အင်ပါယာရှားဘုံ၏ မင်းသမီး ရှားရှင်းယွန်၏ အဆင့်အတန်းနှင့် တူညီပေသည်။

“ဒီကို ဘာကိစ္စရှိလို့လဲ မင်းသမီးခွန်ရွှမ်” ရီဖူရှင်းက အပြုံးနှင့် ပြောသည်။

ခွန်ရွှမ်ကို ကြည့်ရသည်မှာ သူ့ကို ချက်ချင်း တိုက်ခိုက်လိုသော ဇောအဟုန်အား ခံစား၍ ရနေ၏။

လွန်ခဲ့သည့်နှစ်များက နတ္ထိဘုံတွင် ခွန်ရွှမ်သည် သူ့ကို ကြည့်ကာ အရှင်လတ်လတ် အရေခွံဆုတ်ပစ်မည်ဟု ကြိမ်းဝါးခဲ့သည်။ ထိုစကားလုံးသည် သိမ်းငှက်နက် အတွက်လည်း အတူတူပင် ဖြစ်၏။

အမှန်တော့ သူတို့သည် ခွန်ရွှမ်ကို အကြိမ်ပေါင်းမနည်း ရန်စခဲ့သည် မဟုတ်ပါလား။

ဘေးမှ သိမ်းငှက်နက်၏ မျက်လုံးများမှာ တလက်လက် တောက်ပနေ၏။ သူသည် နတ္ထိဘုံတိုက်ပွဲမှ နေ့ရက်များကို သတိရသွားသည်။ သို့သော်လည်း သူသည် သူတို့ကြားမှ အင်အား ကွာဟမှုကို သိနားလည်ရာ ထိုစဉ်က အကြောင်းများကို ပြန်ပြောရဲခြင်း မရှိပေ။

ဘေးဘက်မှာ ရှိနေသည့် ကျားလို့ဖုန်း၏ မျက်လုံးများသည် သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့် ပြည့်နှက်နေသော်လည်း ထိန်းချုပ်ထားလေသည်။

သူက ရီဖူရှင်းနှင့် တိရစ္ဆာန်ကောင်ကို အပိုင်းပိုင်း ဆုတ်ဖြဲလိုစိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်နေ၏။

သို့သော်လည်း သူက အနီးကို ရောက်လာသည်နှင့် ရီဖူရှင်း၏ အရှိန်အဝါကို ခံစားနိုင်ပြီး သူက အမှန်တကယ် ရှန့်ထိုတစ်ပါး ဖြစ်လာပြီကို တွေ့ရှိခဲ့သည်။ သူတို့သာ တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူ့အနေဖြင့် ကျိန်းသေရှုံးနိမ့်မည်ပဲ ဖြစ်သည်။

အကယ်၍ ကျားလို့ဖုန်းသာ မင်းသမီးနေရာတွင် ဆိုပါက သူတို့ကို သည်နေရာမှာတင် တိုက်ခိုက်ရန် အမိန့်ပေးလိမ့်မည်။

“ရီဖူရှင်း နင်တို့တွေက အင်ပါယာရှားဘုံမှာ အမှုထမ်းတာ ဘာအကျိုးခံစားခွင့်တွေ ရလို့လဲ။ ဥဒေါင်းအင်ပါယာဘုံကို မလာချင်ဘူးလား။ အင်ပါယာရှားဘုံက ပေးတာထက်ကို ဥဒေါင်းအင်ပါယာဘုံက ပိုပြီးပေးနိုင်တယ်။ ပြီးတော့ အတိတ်က ရန်ငြိုးတွေကိုလည်း ခဝါချပေးနိုင်တယ်” ခွန်ရွှမ်က ပြောသည်။ ရီဖူရှင်းက အတော်လေး အံ့သြနေ၏။ ဥဒေါင်းအင်ပါယာဘုံ မင်းသမီးက သူ့ကို ဤသို့ ကမ်းလှမ်းလာခြင်း သူ့အတွက် မယုံကြည်နိုင်ဖွယ်ရာ ကောင်း၏။ သူတို့အကြားမှ ရန်ငြိုးသည် တော်ရုံဖြင့် ကျေအေးပေးနိုင်သည့်ကိစ္စ မဟုတ်ပေ။

သူမဆီမှ အေးစက်သော အရှိန်အဝါများ ထွက်ပေါ်လာသည်ကို သူ ခံစားသိရှိနိုင်ပေသည်။

ရီဖူရှင်းက ခွန်ရွှမ်ရဲ့ ကမ်းလှမ်းချက်ကို သဘောတူစရာအကြောင်း မရှိသဖြင့် သိပ်စဉ်းစား မနေတော့ပေ။

“နင်သာ သူ့အစေခံလုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ငါသူ့ကို လက်လွှတ်နိုင်တယ်” ရှားရှင်းယွန်က အေးစက်စွာ ပြန်ဖြေသည်။

“သေစမ်း…” သိမ်းငှက်နက်သည် မျက်တောင် တဖျတ်ဖျတ်ခပ်ကာ ရှားရှင်းယွန်ကို ကြည့်သည်။

ငှက်၏ အတွေးထဲတွင်တော့ သူမသည် အလွန်ပင် နတ်ဆိုးဆန်လှသည်။ သူမက သူ ပြောလိုသော်လည်း မပြောရဲသည့် စကားကို ခိုးယူသွားခဲ့သည်။

ခွန်ရွှမ်၏ မျက်လုံးများက အေးစက်သွားခဲ့ပြီး နတ်ဘုရား အလင်းရောင်များ တောက်ပလာသည်။ သူမက ရှားရှင်းယွန်ကို စူးစိုက်ကြည့်နေပြီး သဏ္ဌာန်မဲ့တိုက်ခိုက်မှု အငွေ့အသက်များက နေရာတစ်ခုလုံးကို ပျံ့နှံသွားခဲ့သည်။

“ဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ပါတယ် မင်းသမီးခွန်ရွှမ်။ ဒါပေမဲ့ ကျွန်တော်က အင်ပါယာရှားဘုံမှာ ပိုအဆင်ပြေပါတယ်” ရီဖူရှင်းက အပြုံးနှင့်ပြောသည်။

ခွန်ရွှမ်က သူမ၏ အကြည့်များကို ရီဖူရှင်းထံသို့ ပို့လိုက်ကာ ပြောသည်... “ဒါဆိုလည်း ကောင်းပြီလေ။ နောက်တစ်ခါကျမှ ဆက်ပြောတာပေါ့”

ထို့နောက်တွင် သူမက သူမ၏ လူများကို ခေါ်ကာ ထွက်သွားသည်။

သူမ ထွက်သွားသည့်အခါ ရှားရှင်းယွန်က ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။

ဆန်းဇွန်၏ အကြည့်များက သူ့အရှေ့မှ သူတို့ကြားမှာ ကူးသန်းနေ၏။ သူက အတော်လေးကို စိတ်သက်သာရာ ရသွားခဲ့သည်။

ကြည့်ရသည်မှာ ရီဖူရှင်းက သူ့ကို မလိမ်ခဲ့ပေ။ ရီဖူရှင်းက အမှန်ပင် အင်ပါယာရှားဘုံမှ ဖြစ်ကာ သူက တော်ဝင်မျိုးနွယ် မဟုတ်ဘဲ အင်ပါယာရှားကို ခစားရသည့် အမှုထမ်းသာ ဖြစ်သည်။ သို့ပေမဲ့လည်း သူက တော်ဝင်မျိုးနွယ်များနှင့် ရင်းနှီးသော ဆက်ဆံရေး ဖြစ်ကြောင်း သူ သတိပြုမိ၏။

ရှားရှင်းယွန်ကတော့ သူမက ရီဖူရှင်း၏ ဇနီးဖြစ်စရာအကြောင်း မရှိပေ။ သို့သော်လည်း သူတို့နှစ်ယောက်ကြားတွင် လျှို့ဝှက်ချက်ရှိသည်။ သူမသည် ဥဒေါင်းအင်ပါယာဘုံမှ မင်းသမီးကိုပင် ဆန့်ကျင်ရန်စရဲသည်။

ဆန်းဇွန်သည် ရှားရှင်းယွန်၏ အဆင့်အတန်းကို အင်ပါယာရှားဘုံ၏ မင်းသမီးဟု ကောက်ချက်မချခဲ့ပေ။

အဖွဲ့တစ်ခုလုံးတွင် ရီဖူရှင်းသည် ခေါင်းဆောင်ဖြစ်သည်။ ရှားရှင်းယွန်သည်ပင် သူ၏ ဘေးတွင်သာ ရပ်ကာ အမြဲတမ်း တိတ်ဆိတ်နေခဲ့သည်။ ထို့ကြောင့် သူက သိပ်သံသယ မဖြစ်မိပေ။

***

All Chapters