#ဘာလို့ငါ့ကိုကြိမ်းမောင်းနေရတာလဲ#
Vol. 43 Ch. 603
အကယ်၍ဒါကိုအတင်းဖွင့်ရမည်ဆိုပါက မုဖူရှန်းပင်လျှင် ကောင်းကင်အထွတ်အထိပ်အဆင့်အဆောင်များစွာနှင့်အတူ လုပ်နိုင်မည်မဟုတ်။
သို့စေကာမူ ချိုးဖျက်ခြင်းနှင့် ကြမ်းတမ်းသည့်အားဖြင့်ချိုးဖျက်ခြင်းက မတူညီသောအရာနှစ်ခုပင်။ အဆောင်ထဲက ပုံစံကွက်များ၊ အသေးစိတ်များနှင့် ရေးထွင်းထားသည့်နည်းစနစ်များကို နားလည်မှသာ ထိုအဆောင်ကို ချိုးဖျက်နိုင်မည်ဖြစ်သည်။
ဒီဒြပ်စင်သုံးခုကိုနားလည်မှသာလျှင် အဆောင်ကိုပြောင်းပြန်လှန်နိုင်မည်။
အဆောင်ကိုပြောင်းပြန်လှန်နိုင်မှသာ သူတို့အဆင့်ဖြင့် ချိုးဖျက်နိုင်မည်။ မဟုတ်ပါက ဒါကမဖြစ်နိုင်ပေ။
ရှန်းဇီယု၏အမူအရာက အတော်လေးကြည့်ရဆိုးနေသည်။
"ဘယ်သူမှ ဒီနတ်ပစ္စည်းနှစ်ခုကို မယူသွားနိုင်တာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ၊ ဒီခက်ခဲမှုက လူသားတွေကျော်လွှားနိုင်တဲ့ အရာတခုမှမဟုတ်တာ"
လန်ယင်ချူသက်ပြင်းချရင်း အကူအညီမဲ့စွာခေါင်းခါယမ်းသည်။
"ငါတို့မ၀င်လာခင်ကတည်းက ဆရာအားလုံးက ဒါကိုအတင်းမလုပ်ဖို့အတွက် ပြောခဲ့မယ်ဆိုတာငါသိပါတယ်၊ ငါတို့ဖြတ်နိုင်မဖြတ်နိုင်တာကအရေးမကြီးပါဘူး၊ ဒီနေရာမှာကျင့်ကြံခြင်းကလည်း ကြီးမားတဲ့ တိုးတက်မှုတွေကို ယူလာနိုင်စေတာပဲလေ"
နင်းရှီခေါင်းညိတ်သည်။
"ဒီလိုဆိုမှတော့ အချိန်ဆက်မဖြုန်းဘဲ မြန်မြန်ဒီနေရာက နိယာမစွမ်းအားကို နားလည်အောင်လုပ်ကြရအောင်"
နင်းရှီစကားပြောပြီးသည်နှင့်တပြိုင်နက် ရုတ်တရက် ရှန်းဇီယုနှင့် ရှားရူချီတို့နောက်သို့ ကြည့်လိုက်မိစဉ် အနည်းငယ်ကြက်သေသေသွားလေတော့သည်။
ထိုနေရာက မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံတည်ရှိရာနေရာပေတည်း။
မုဖူရှန်း ကောင်းကင်အဆင့်အဆောင်များ၏ အတားအဆီးရှေ့တွင် ပေါ်လာသည်။
"သူဘာလုပ်ချင်တာလဲ"
ရှားရူချီနှင့် ရှန်းဇီယုတို့က အနည်းငယ်အံ့ဩသင့်သွားကြ၏။
"သူဒါကိုစမ်းသပ်ကြည့်ချင်နေတာလို့တော့ မပြောနဲ့နော်"
သူစကားပြောပြီးသည်နှင့် မုဖူရှန်းအဆောင်စုတ်တံကိုထုတ်ယူပြီး ပထမကောင်းကင်အဆင့်အဆောင်ကို စတင်ချိုးဖျက်သည်။
အဆောာင်ကိုချိုးဖျက်ရန်ဟူသည် အတော်လေးခက်ခဲသည်ဟုဆို၍ရသည်။
အဆောင်များကို ပြန်လည်ပြောင်းပစ်ရန်အတွက် ခိုင်မာသည့်အခြေခံစွမ်းရည်ပမာဏအများအပြားလိုအပ်သည်။
ဒါကမုဖူရှန်းအတွက်မခက်ခဲပါ။
မုဖူရှမ်း အဆောင်ကိုစတင်သင်ယူစဉ်က သူ့အခြေခံက ဒီထက်ပိုပြီးမခိုင်မာနိုင်တော့။
ထို့နောက် လုချန်ရှန်းသူ့ကို စည်းတံဆိပ်စာအုပ်ပေးပြီးနောက်တွင် သူ့အခြေခံက ပို၍ပင်ခိုင်ခံ့လာခဲ့သည်။
တကယ်တမ်းတွင် ဒီကမ္ဘာကြီးထဲတွင်ပင်မရှိခဲ့သည့် စည်းတံဆိပ်ရေးထွင်းနည်းများက ဒီစည်းတံဆိပ်စာအုပ်ထဲတွင်ရှိသည်။
ဒီအကြောင်းပြောရမည်ဆိုပါက အဆောင်ကိုတိုက်ပွဲအတွက် အသုံးပြုပါက အဆောင်သခင်များတွင် အဆောင်အတွက် ကာကွယ်ရေးအစီအမံများရှိပေလိမ့်မည်။
ထို့ကြောင့် ဒါကိုမြင်နိုင်ရန်ဟူသည် မလွယ်ကူပေ။
သို့စေကာမူ ဒီအဆောင်အဆင့်က အနည်းငယ်ကြောက်စရာကောင်းပုံရသော်လည်း ဒါက ကောင်းကင်အထွတ်အထိပ်အဆင့်အဆောင်သာဖြစ်ပြီး အထဲတွင် ကာကွယ်ရေးအစီအမံများမရှိပါ။
အနှီမျက်လုံးနှင့်ပင် ပုံစံကွက်များ၏ အသေးစိတ်အချက်အလက်များကို မြင်နိုင်သည်ဟုဆို၍ရသည်။
ဒါကိုမြငါသောအခါ မုဖူရှန်းခပ်ပေါ့ပေါ့ပြုံးလိုက်သည်။
ကြည့်ရသည်မှာ ဒီတဆင့်က အဆောင်ထွင်းထုခြင်းအခြေခံစမ်းသပ်မှုတခုသာဖြစ်ပုံရသည်။
တချိန်တည်းမှာပင် မုဖူရှန်းပထမအဆောင်၏ ပုံစံကွက်များကိုမြင်နေပြီဖြစ်သဘ်။
မုဖူရှန်းချက်ချင်းပင် စုတ်တံကိုကောက်ကိုင်ပြီး ကောင်းကင်အဆင့်အဆောင်ပေါ်၌ စတင်ရေးလေတော့သည်။
အက္ခရာစီးကြောင်းများက ကောင်းကင်အဆင့်အဆောင်၏အက္ခရာများနှင့်အတူ လိုက်ပါပြီး လက်ရှိစီးကြောင်းအား ဆန့်ကျင်သွား၏။
ကောင်းကင်နှင့်မြေကြီး၏နိယာမစွမ်းအားက မုဖူရှန်း၏အဆောင်စုတ်တံထဲတွင် လှမ့်ဝင်လာသည်။
ဒါကိုမြင်သောအခါ ရှားရူချီနှင့် ရှန်းဇီယုတို့ကနှာခေါင်းရှုံ့သည်။
"ကြည့်ရတာ တချို့လူတွေက လက်မလျှော့ချင်ကြသေးပုံပဲ"
"ကောင်းကင်အဆင်အဆောင်တခုကို ဘယ်လိုလုပ် ဒီလောက်လွယ်လွယ်နဲ့ ထိုးဖောက်မြင်နိုင်မှာတဲ့လဲ"
နင်းရှီ၏မျက်နှာတွင်လည်း အထင်အမြင်သေးသည့်အကြည့်တခုရှိနေပြီး ဘာမှမပြောပေ။
သူ့အမြင်အရ ရှားရူချီနှင့် ရှန်းဇီယုတို့က ၀င်ရန်အတွက် အဆက်အသွယ်များကို အားကိုးတတ်သည့် ပါရမီရှင်များဆိုတာထက် အများကြီးပိုသည်။
သူတို့ပင်လျှင် ဒါကိုမဖြေရှင်းနိုင်လေရာ မုဖူရှန်းကမည်သို့လုပ်နိုင်မည်နည်း။
လန်ယင်ချူတယောက်သာလျှင်ကွဲပြားနေသည်။ သူမအရင်က သူမဆရာပြောခဲ့တာကိုသတိရသွား၏။ သူမ အဆင့်မြင့်မဟာအကြီးအကဲသုံးဦး မုဖူရှန်းကို မည်မျှထိ အလေးအနက်ထားသည်ကို သတိရသွားသည်။
သူမ မုဖူရှန်းအားလေးနက်စွာကြည့်နေသော်လည်း သူမ၏အမူအရာက တည်ငြိမ်နေသည်။
သူတကယ်ဒါကိုလုပ်နိုင်မှာလား!
ဒါပေမယ့် ဒီပါရမီရှင်တောင်မလုပ်နိုင်ဘူးဆိုရင် တခြားဘယ်သူကများ လုပ်နိုင်တော့မှာလဲ!
ထိုအချိန်မှာပင် ခရက်ခ်ဟူသော အတော်လေးညင်သာသည့်အသံတစ်သံထွက်လာသည်။
နင်းရီ၊ ရှားရူချီနှင့် ရှန်းဇီယုတို့၏အမူအရာများက အေးခဲသွားကြပြီး ထိုအသံလာရာဘက်သို့ကြည့်လိုက်ကြသည်။
မုဖူရှန်းရှေ့က ပထမဆုံးကောင်းကင်အဆင့်အဆောင်က လုံး၀ကွဲအက်သွားလေပြီ။
ဒါကိုမြင်သောအခါ လန်ယင်ချူခါးသီးစွာပြောသည်။
ထင်ထားသည့်အတိုင်း သူကတကယ်မွန်းစတားတကောင်ပေတည်း။ ထိုကဲ့သို့ ပါရမီရှိသည့်အဆောင်သခင်တစ်ယောက်နှင့် တခေတ်တည်းတွင် သူကအတူတူနေထိုင်ခဲ့ရသည်။
ငါကံကောင်းတာလား၊ ကံဆိုးတာလား!
မကြာမီ မုဖူရှန်း ဒုတိယအဆောင်ရှိရာသို့ လျှောက်သွားသည်။
ဒုတ်ယကောင်းကင်အဆင့်အဆောင်က ပထမအဆောင်နှင့်အနည်းငယ်ကွဲပြားပုံပေါ်သည်။
ပထမတခု၏အခြေခံနှင့်ဆိုပါက ဒုတိယတခုကိုချိုးဖျက်ရန်ဟူသည် အများကြီးပိုမြန်သည်။ တကယ်တမ်းတွင် ချိုးဖျက်ရန်အတွက် အချိန်တစ်နာရီသာကြာမြင့်ခဲ့သည်။
ထို့နောက် တတိယတခု!
လေးခုမြောက်.....!
ငါးခုမြောက်......၊
ရှစ်ခုမြောက်အထိရောက်လာပြီးနောက် သူက မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံနှင့် အဆောင်တခုတည်းသာ ဝေးတော့သည်။
နင်းရှီ၊ ရှားရူချီနှင့် ရှန်းဇီယုတို့က ဆွံအနေကြပြီး တချိန်တည်းမှာပင် သူတို့မှားယွင်းခဲ့ကြောင်းနားလည်လာကြရသည်။
သူတို့အမှားကြီးမှားယွင်းခဲ့သည်။
မုဖူရှန်းက ၀င်ရန်အတွက် အဆက်အသွယ်များကိုအားကိုးခဲ့သည့်တိုင် သူ့ခွန်အားဖြင့် ဂိုဏ်းချုပ်ကို နိုးကြားစေခဲ့သည်။
ဒါကဂိုဏ်းချုပ်က မုဖူရှန်း၏ခွန်အားက အတားအဆီးများစွာကို ကျော်ဖြတ်ရန်မလိုဘူးဟု ခံစားရစေသည်။
သူကအဆင့်တခုကိုရောက်နေလေပြီ။
ပို၍ရယ်စရာကောင်းတာက နင်းရှီနှင့်ကျန်သောသူများက မုဖူရှန်းကအားနည်းပြီး အဆက်အသွယ်ကောင်းများသာရှိသည်ဟုထင်ခဲ့ကြသည်။
သူတို့ဒါကိုတွေးနေစဉ် မုဖူရှန်း ကိုးခုမြောက်နှင့်နောက်ဆုံးကောင်းကင်အဆင့်အဆောင်ကို အောင်မြင်စွာအဓိပ္ပာယ်ဖော်ပြီးပါပြီ။
သူမြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံရှိရာသို့ရောက်လာသည်။
မုဖူရှန်းပြံးရင်း လက်ချောင်းထိပ်တွင် မျဉ်းတကြောင်းရေးဆွဲပြီး သွေးအဆီအနှစ်တစ်စက်ကိုအတင်းထုတ်ကာ မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံပေါ်၌ ချလိုက်သည်။
ရုတ်ချည်းဆိုသလို မိုးကြိုးစွမ်းအားစီးကြောင်းများထွက်လာပြီး မုဖူရှန်းအား၀န်းရံလိုက်ကြသည်။
တချိန်တည်းမှာပင် မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံကလည်း မုဖူရှန်း၏ မျက်ခုံးကြားသို့ပျံသန်းသွားသည်။
"မဆိုးဘူး၊ ငါလည်းအဆောင်စုတ်တံတခုလိုနေတာနဲ့အတော်ပဲ"
မုဖူရှန်းကျေနပ်စွာခေါင်းညိတ်သည်။
ထို့နောက် သူနင်းရှီနှင့်ကျန်သောသူများ၏ ထိတ်လန့်နေသည့်အကြည့်များကို ဂရုပင်မစိုက်ဘဲ သူတော်စင်အဆောင်ဝိဉာဉ်ဘက်သို့ ကြည့်လိုက်၏။
မုဖူရှန်းကြည့်နေသည့်ဘက်သို့ သူတို့ကြည့်လိုက်ကြသောအခါ နင်းရှီ၊ ရှားရူချီ၊ လန်ယင်ချူနှင့် ရှန်းဇီယုတို့အားလုံးက ကြက်သေသေသွားသည်။
မဖြစ်နိုင်တာ!
သူက မြင့်မြတ်အက္ခရာရဲ့ဝိဉာဉ်ကို စိတ်၀င်စားနေတာလား!
ကောင်းကင်အဆင့်အဆောင်များကို ချိုးဖျက်နိုင်တာကပင် အတော်လေးအထင်ကြီးစရာကောင်းနေပြီဖြစ်ကာ တခြားမည်သူမှမလုပ်နိုင်သည့်အရာတခုကို သူလုပ်နိုင်ခဲ့ပြီဟုဆို၍ရသော်လည်း မြင့်မြတ်အက္ခရာ၏ဝိဉာဉ်စမ်းသပ်မှုက ပြီးမြောက်ရန်မဖြစ်နိုင်ဟုဆို၍ရသည်။
(သူတော်စင်အဆောင်ဝိဉာဉ်ကို မြင့်မြတ်အက္ခရာဝိဉာဉ်လို့လည်းသုံးထားပါတယ်)
အင်မော်တယ်နယ်ပယ်အစောပိုင်းအဆင့်တွင် အဆောင်အသစ်တခုကို တစ်နာရီအတွင်းဖန်တီးခြင်း!
အင်မော်တယ်အဆောင်သခင်များပင် ဒါကိုမလုပ်နိုင်ပေ။
မုဖူရှန်းဘယ်လိုလုပ်နိုင်မှာလဲ!
လန်ယင်ချူသူ့ကိုတားမြစ်လိုက်သည်။
"အစ်ကိုမု၊ မေ့လိုက်ပါတော့"
"ဒီစမ်းသပ်မှုကိုဘယ်သူမှအောင်မယ်လို့ ငါမထင်ဘူး"
"ဒါကလူသားတယောက်ဖြတ်ကျော်နိုင်တဲ့အရာတခုမဟုတ်ဘူး"
မုဖူရှန်း၏မျက်လုံးများကပြူးကျယ်သွားပြီး လန်ယင်ချူအား ဒေါသတကြီး ကြည့်လိုက်လေသည်။
"မင်းဘာလို့ငါ့ကိုဆူပူကြိမ်းမောင်းနေရတာလဲ"
ဆူပူကြိမ်းမောင်းတယ်၊ ကြိမ်းမောင်းတယ်!
ငါဘယ်သူ့ကိုဆူပူကြိမ်းမောင်းလို့လဲ!
လန်ယင်ချူဆွံအသွားသည်။
မုဖူရှန်း မြင့်မြတ်အက္ခရာဝိဉာဉ်ဆီသို့ လျှောက်သွားပြီးပြောသည်။
"ငါကလူသားမဟုတ်ဘူးလား"
အပိုင်း(604) coming။