← Chapters

#အင်မော်တယ်အဆင့်အဆောင်၏အောင်မြင်မှု၊ ဆန်းကြယ်ယင်မိုးကြိုးဒိုင်းအဆောင်!#

Vol. 43 Ch. 604

#အင်မော်တယ်အဆင့်အဆောင်၏အောင်မြင်မှု၊ ဆန်းကြယ်ယင်မိုးကြိုးဒိုင်းအဆောင်!#

Vol. 43 Ch. 604

ဒါက အင်မော်တယ်အဆင့်အဆောင်အစောပိုင်းအဆင့်သာဖြစ်လေရာ မုဖူရှန်းအတွက် အရမ်းကြီးမခက်ခဲပေ။

အဆောင်သခင်အဆင့်အရ မုဖူရှန်းက အင်မော်တယ်အဆောင်သခင်နယ်ပယ်ကိုပင် ရောက်နေပါပြီ။

သူ့အတွက် အင်မော်တယ်နယ်ပယ်အစောပိုင်းအဆင့်အဆောင်တခုကို ရေးထွင်းရန်ဆိုတာက မလွယ်ဘူးလား။ သို့စေကာမူ ကိုယ်ပိုင်ဖန်တီးမှုနှင့် ရေးထွင်းမှုက မတူညီသည့်အရာနှစ်ခုပင်။ ခက်ခဲမှုကလည်း ကမ္ဘာများပမာခြားနားသည်။

ရှင်းရှင်းပြောရပါက အင်မော်တယ်အဆောင်သခင်တစ်ဦးက အင်မော်တယ်နယ်ပယ်အဆောင်တစ်ခုကို ဖန်တီးနိုင်မည်မဟုတ်။

ကောင်းကင်နယ်ပယ်ဝိဉာဉ်အဆောင်ကိုပင်လျှင် ဖန်တီးမှုအားပြီးမြောက်နိုင်မည်မဟုတ်ပါ။ ကောင်းကင်အဆင့်အဆောင်အပြီးတွင် ဝိဉာဉ်အဆင့်အဆောင်ရှိသည်။ ဝိဉာဉ်အဆင့်အဆောင်တွင် အဆင့်လေးဆင့်ရှိသည်။ ကောင်းကင်၊ မြေ၊ ဆန်းကြယ်နှင့် အဝါရောင်တို့ဖြစ်သည်။

ဝိဉာဉ်အဆင့်အဆောင်အထက်တွင် အင်မော်တယ်အဆင့်အဆောင်ရှိသည်။

ထို့ထဲတွင် အင်မော်တယ်အဆင့်အဆောင်များ၌ အစောပိုင်း၊ အလယ်အလတ်နှင့် အဆင့်မြင့်ဟူ၍ရှိပါသေးသည်။

၎င်းတို့အထက်တွင် မြေအင်မော်တယ်နှင့် ကောင်းကင်အင်မော်တယ်အဆောင်များရျှသည်။

အင်မော်တယ်အဆောင်သခင်တစ်ဦးအတွက် သူ့ကိုယ်ပိုင်အစောပိုင်းအဆင့်အဆောင်များကို ဖန်တီးရန် မည်မျှပင် ခက်ခဲလေသနည်း။

၀က်များကသစ်ပင်ပေါ်မတက်နိုင်သရွေ့ တည်ရှိနေသည့်လူများအနက် မြင့်မြတ်အဆောင်ဂိုဏ်း၏ နံပါတ်တစ်စံနမူနာတပည့်ဖြစ်သည့် လန်ယင်ချူပင်လျှင် အင်မော်တယ်အဆောင်သခင်နယ်ပယ်ကို မရောက်ခဲ့ပါ။

ကိုယ်ပိုင်အင်မော်တယ်နယ်ပယ်အစောပိုင်းအဆင့်အဆောင်တခုကို ဖန်တီးဖို့အတွက် လာမေးနေတာလား။ သူတို့၏‌အကြီးအကဲများက သူတို့ကို လာပြီးကံစမ်းခိုင်းတာ အံ့ဩသင့်စရာမရှိတော့။

သူတို့ကဒီနေရာတွင် ကောင်းကင်နှင့်မြေကြီး၏ ပိုကြွယ်၀သောနိယာမစွမ်းအားကိုခံစားရန်အတွက် လာကြခြင်းဖြစ်ပြီး ဒါကမုဖူရှန်းအတွက်မူ ဖြစ်နေကျအရာတခုပင်။

အဆောင်များနှင့် မုဖူရှန်းထိတွေ့လာသောအခါ သူလုချန်ရှန်းတပည့်ဖြစ်ပြီးနောက် သူ့အတွက် ခိုင်မာသောအခြေခံအုတ်မြစ်တခုကို တည်ဆောက်ပေးသော အဆောင်အမျိုးမျိုးကို လေ့လာခဲ့သော်လည်း လုချန်ရှန်းတွင် အဂ္ဂိရတ်ပညာနှင့် အခင်းအကျင်းအစီအရင်များပေါ်၌ ကိုယ်ပိုင်နားလည်မှုမျိုးရှိလေရာ သူကိုယ်တိုင်ပိုင်ဆိုင်သည့် မရေအတွက်နိုင်လောက်သည့်ဆေးလုံးများနှင့် အခင်းအကျင်းအစီအရင်များကို ဖန်တီးနိုင်ခဲ့စည်။ ဒါက မုဖူရှန်း၏ စိတ်ကူးကိုလည်း ဘေးကနေ တိုက်ခိုက်လာသည်။

ဒီခိုင်မာသည့်အုတ်မြစ်ကို သူအပြည့်အ၀ပြသပြီးနောက် သူ့ကိုယ်ပိုင်အဆောင်ကို စတင်တွေးတောလာသည်။

မုဖူရှန်းက အင်မော်တယ်အဆင့်အဆောင်တခုကိုမဖန်တီးဖူးသေးသော်လည်း ပြဿာနာအများကြီးရှိမည်မဟုတ်ပေ။

မုဖူရှန်း ဗလာကျင်းနေသည့်အဆောင်ရှေ့တွင်ရပ်နေသည်။ သူ့စိတ်ထဲတွင် မုန်တိုင်းတစင်းကတိုက်ခတ်နေသည်။

ပထမဆုံးအနေနှင့် အင်မော်တယ်အဆင့်အဆောင်နှင့် ဝိဉာဉ်အဆင့်အဆောင်တို့ကြားက ကွာခြားချက်ကဘာများနည်း။

စွမ်းအားကနေတဆင့်ရော မည်မျှအထိ ကွာခြားကြသနည်း။

ပထမအချက်က ကောင်းကင်နှင့်မြေကြီး၏နိယာမစွမ်းအားပြဿာနာပင်။

အင်မော်တယ်အဆင့်အဆောင်များက သေချာပေါက် ဝိဉာဉ်အဆင့်အဆောင်များထက်ပိုလိုအပ်ကြပေလိမ့်မည်။

ဒုတိယတဖြစ်လဲ အရေးအကြီးဆုံးက အင်မော်တယ်အဆင့်အဆောင်က ထိန်းချုပ်မှုဝိဉာဉ်စွမ်းအားပမာဏအများအပြားကို ထပ်လိုအပ်ခြင်းဖြစ်သည်။

ဒါက အကြမ်းဖက်စွမ်းအားကို ထိန်းချုပ်ရန်ပင်။

ဒါ့အပြင် နိယာမစွမ်းအားကို အလွန်အားကြီးပြီး မသန့်မစင်ဖြစ်ကာ ဟန်ချက်မကိုက်မညီဖြစ်ပြီး ဖျက်ဆီးမိမည့်အရေးကနေ ကာကွယ်ရန်လည်းဖြစ်သည်။

ဒီနည်းလမ်းနှင့်ဆိုပါက အင်မော်တယ်အဆင့်အဆောင်တခုဖန်တီးရန်ဟူသည် တကယ်မဖြစ်နိုင်။

မုဖူရှန်း လက်ထဲက မိုးကြိုးစွမ်းအားကိုကြည့်လိုက်သည်။

သူက မိုးကြိုးတာအို၌ အကျွမ်းကျင်ဆုံးပင်။

ကိုးသွယ်ရှေးဦးမိုးကြိုးကျင့်စဉ်ကို ယခုအချိန်တွင် ကောင်းကင်နှင့်မြေကြီး၏ နိယာမစွမ်းအားအဖြစ်လည်းအသုံးပြုနိုင်သည်။

ကိုယ်ပိုင်ဖန်တီးရမည်ဆိုပါက မုဖူရှန်း သူအကျွမ်းကျင်ဆုံးဖြစ်သည့် မိုးကြိုးအရည်အသွေးအဆောင်ကိုသာ ရွေးချယ်မည်ဖြစ်သည်။

ဒီကိစ္စတွင် သူအများဆုံးရင်းနှီးသည့် မိုးကြိုးအရည်အသွေးအဆောင်အမျိုးအစားက ဘယ်လိုအမျိုးအစားဖြစ်လေသနည်း။

ထို့နောက် မုဖူရှန်းတုံ့ဆိုင်းမနေဘဲ ချက်ချင်းဆိုသလို ကာကွယ်ရေးအတားအဆီးအဆောင်တခုကို ဖမ်းဆုပ်လိုက်မိသည်။ ဒါကမုဖူရှန်း၏ အရင်က အသက်မွေး၀မ်းကျောင်းပေတည်း။

ဒီအကြောင်းကိုတွေးမိသောအခါ မုဖူရှန်းချက်ချင်းဆောင်ရွက်လိုက်သည်။

ကိုယ်ပိုင်ဖန်တီးသည့်ကာကွယ်ရေးအတားအဆီးက အကာအကွယ်တခုထက်မပိုပါ။

တခြားဆန်းသစ်ပြောင်းလဲမှုများမရှိပေ။

သို့စေကာမူ ဒီအချက်က ကာကွယ်ရေးအတားအဆီးကို တန်ပြန်တိုက်ခိုက်ရန်အတွက် စွမ်းရည်တခုကိုပေးကောင်းပေးနိုင်သည်။

ဥပမာအားဖြင့် မိုးကြိုးစွမ်းအားကိုအသုံးပြုရင်း တခြားအရာများက အတားအဆီးကို တိုက်ခိုက်နေစဉ် မိုးကြိုးစွမ်းအားဖြင့် အံ့ဖွယ်တန်ပြန်တိုက်ခိုက်မှုတခုဖန်တီးရန်အတွက် သုံး၍ရသည်။

မဟုတ်ဘူး၊ တန်ပြန်တိုက်ခိုက်မှုလေးပဲဆိုရင် ဒါကအရမ်းသာမန်ဆန်နေလိမ့်မယ်!

ဒါကမြင့်မြတ်အက္ခရာဝိဉာဉ်ရဲ့ ကိုယ်ပိုင်ဖန်တီးခြင်းအဓိပ္ပာယ်နှင့် မကိုက်ညီရင် ဘယ်လိုလုပ်မလဲ!

ဒါကိုတွေးမိသောအခါ မုဖူရှန်းခေါင်းခါယမ်းကာ မျက်မှောင်ကြုတ်ရင်း ဆက်လက်တွေးနေသည်။

ကာကွယ်ရေးအတားအဆီးကိုအသက်သွင်းလိုက်စဉ် တချိန်တည်းမှာပင် အတားအဆီးကပြောင်းလဲပြီး တိုက်ခိုက်သူကို မိုးကြိုးလှောင်အိမ်ထဲတွင် ပိတ်လှောင်ထားပါကရော!

ဒါမှမဟုတ် နှစ်ခုစလုံးကိုပေါင်းစပ်ရင်ရော!

ဒီနည်းလမ်းဖြင့်ဆိုပါက သူကမျှော်လင့်မထားသည့်ရလဒ်တခုကို အောင်မြင်နိုင်ပေလိမ့်မည်။

ဒါကိုတွေးမိသောအခါ မုဖူရှန်း၏မျက်လုံးများက ရုတ်တရက်လင်း၀င်းသွားကြ၏။

သူက ကိုးလွှာမိုးကြိုးဒိုင်းကို အခြေခံအဖြစ်သုံးနေသေးပြီး ယခုတွင် ဆန်းကြယ်ယင်ခရမ်းမိုးကြိုးအပါအ၀င် မုဖူရှန်း အမျိုးအစားသုံးခုကို စုစည်းထားပြီးဖြစ်သည်။

မိုးကြိုးလေးမျိုးကနေဖန်တီးထားသည့် ကိုးလွှာမိုးကြိုးဒိုင်းက အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်အဆောင်အဖြစ်ကို ရောက်ရန်ပင် လုံလောက်နေလေပြီ။

ဒါကိုအခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး မုဖူရှန်း မတူညီသည့်မိုးကြိုးစွမ်းအားများကို အထဲသို့ဖြည့်သွင်းလိုက်၏။

ဒါကသတ်ဖြတ်ခြင်းနှင့် ချုပ်နှောင်ခြင်းအခင်းအကျင်းများ၏ သက်ရောက်မှုကို အောင်မြင်ရန်ဖြစ်သည်။

အချိန်က ဖြည်းဖြည်းချင်းကုန်ဆုံးနေသည်။

မြင့်မြတ်မြေကထွက်ခွာရန်အတွက် နှစ်ရက်သာကျန်တော့သည်။

လန်ယင်ချူနှင့်ကျန်သောသူများက ကျင့်ကြံနေရာကနေ နောက်တကြိမ် မျက်လုံးဖွင့်လိုက်ကြသည်။

ယခုတကြိမ်က သူတို့တတိယအကြိမ် မျက်လုံးများကိုဖွင့်လာခြင်းပင်။

အဘယ်ကြောင့်ဆိုသော် သူတို့နှလုံးသားထဲတွင် မုဖူရှန်းက ဒီစမ်းသပ်မှုကို ပြီးမြောက်မှာမဟုတ်သလို မြင့်မြတ်အက္ခရာဝိဉာဉ်အား အောင်မြင်စွာရလိမ့်မည်မဟုတ်ဟု သူတို့မှတ်ယူထားသောကြောင့်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဒါက ကိုယ်တိုင်ဖန်တီးရသည့်အင်မော်တယ်အဆင့်အဆောင်ဖြစ်သည်။

မည်သူကများဒါကိုလုပ်နိုင်မည်နည်း။

မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံကို ရရှိခဲ့သည့်မုဖူရှန်းပင်လျှင် လုပ်နိုင်မည်မဟုတ်။

လက်ရှိသူကဒါကိုဘယ်လိုလုပ်နိုင်မှာလဲ!

မုဖူရှန်းလက်မလျှော့ပေ။

နင်းရှီမျက်မှောင်ကြုတ်သည်။

"အချိန်တွေကိုဖြုန်းတီးနေတာပဲ၊ မြင့်မြတ်အက္ခရာဘိုးဘေးမြေမှာ နိယာမစွမ်းအားက ဘယ်လောက်တောင်ကြွယ်၀လဲ၊ မြန်မြန်နားလည်အောင်လုပ်ကြ"

ရှားရူချီနှင့် ရှန်းဇီယုတို့က မျက်လုံးများကိုဖွင့်ရုံသာရှိသေးသည်။ သူတို့ကျင့်ကြံခြင်းကိုပြန်စလိုက်ကြပြီး မုဖူရှန်းကို လျစ်လျုရှုလိုက်ကြသည်။

ထိုအချိန်တွင် လန်ယင်ချူအနည်းငယ်မျက်မှောင်ကြုတ်ရင်း မုဖူရှန်း၏လုပ်ဆောင်ချက်များကိုကြည့်နေသည်။

မူလဗလာအဆောင်စာရွက်ပေါ်၌ မုဖူရှန်းက လိုင်းများကိုရေးဆွဲထားပြီဖြစ်သည်။

မတူညီသည့်မိုးကြိုးစွမ်းအားလေးမျိုးက အဆောင်စာရွက်ထဲသို့ နဂါးများပမာ တိုး၀င်နေကြ၏။

ဒီအော်ရာက ကောင်းကင်အဆင့်ဝိဉာဉ်နယ်ပယ်အဆောင်တခုထက် အဆပေါင်းများစွာ မရေမတွက်နိုင်လောက်အောင် အားကောင်းသည်။

လန်ယင်ချူ၏မျက်သူငယ်အိမ်များက ပို၍ပင်ကျုံ့သွားသည်။ ထိတ်လန့်မှုက သူမမျက်နှာကို တဖြည်းဖြည်းဖုံးလွှမ်းလာသည်။ သူမ၏မျက်ခုံးနှင့်နှုတ်ခမ်းများတုန်ယင်နေစဉ် လန်ယင်ချူ၏ပါးစပ်ကနေ မယုံကြည်မှုဖြင့် ပြည့်နှက်နေသည့် စကားလုံးများက ထွက်လာခဲ့သည်။

"အင်မော်တယ်အဆင့်....မုဖူရှန်းကတကယ်ပဲ အင်မော်တယ်အဆင့်အဆောင်တခုကို ရေးထွင်းနေတာပဲ၊ ပြီးတော့ ပြီးမြောက်နှုန်းက ပြီးမြောက်လုနီးပါးဖြစ်နေပြီ" လန်ယင်ချူ၏စကားလုံးများကိုကြားပြီးနောက် မျက်လုံးများကို ယခုလေးတင်မှိတ်လိုက်ကြပြီး ဆက်လက်ကျင့်ကြံရန်ပြင်နေကြသည့် နင်းရှီနှင့် ကျန်နှစ်ယောက်မှာ ရုတ်တရက် မျက်လုံးဖွင့်လိုက်မိကြသည်။

"ဘာ"

သူတို့အားလုံး မုဖူရှန်းရှိရာဘက်သို့ကြည့်လိုက်ကြသည်။

မုဖူရှန်းလက်ထဲက အဆောင်စုတ်တံက နတ်သူငယ်တစ်ဦးအလား အဆောင်စာရွက်ပေါ်၌ ကခုန်ပြေးလွှားနေသည်။

မုဖူရှန်း၏အက္ခရာစုတ်ချက်အောက်တွင် အက္ခရာများက မိုးကြိုးစွမ်းအားနှင့်အတူ စတင်တောက်ပလာသည်။

အဆောင်စာရွက်ပတ်လည်၌ မိုးကြိုးအရည်ကန်လေးတကန်ရှိနေသည်။

မိုးကြိုးအရည်ထဲတွင် အရောင်အမျိုးမျိုးရှိသည့်မိုးကြိုးနဂါးလေးကောင်က လိမ့်နေကြသည်။

ထိုအချိန်တွင် မုဖူရှန်းစုတ်တံ၏ နောက်ဆုံးစုတ်ချက်က ကျရောက်လာသည်။

သူကဒီအဆောင်အတွက် နောက်ဆုံးစုတ်ချက်ကို ရေးဆွဲခဲ့သည်။

ထိုအခိုက်အတန့်၌ တိမ်မည်းများက ကောင်းကင်ဘုံနှင့်မြေကြီးကြားက ကောင်းကင်၌ပြည့်နှက်သွား၏။ မိုးကြိုးနဂါးက တိမ်များပေါ်၌ လိမ့်တက်နေကြပြီး ဟိန်းသံများက အဆက်မပြတ်ထွက်ပေါ်နေသည်။

ဟိန်းချက်တိုင်းက မိုးကြိုးစင်းတစင်းကို ကျဆင်းလာစေပြီး အဆောင်စာရွက်ကို ရိုက်ခတ်စေသည်။

အင်မော်တယ်အော်ရာစီးကြောင်းများက ဖြည်းဖြည်းချင်းပျံ့သွားသည်။

မုဖူရှန်းအပြုံးဖြင့်လှမ်းကိုင်ကာ အသက်ရှူထုတ်လိုက်မိသည်။

"ငါဒါကိုဆန်းကြယ်ယင်မိုးကြိုးဒိုင်းအဆောင်လို့ခေါ်မယ်...."

သူမအောင်မြင်ခဲ့လျှင်ပင် မုဖူရှန်းတွင် နောက်ထပ်နောင်တရစရာမရှိတော့။

မည်သို့ပင်ဆိုစေကာမူ သူအများအပြားရခဲ့သည်မဟုတ်ပေလော။

အပိုင်း(605) coming။

All Chapters