#မြင့်မြတ်အက္ခရာဝိဉာဉ်#
Vol. 43 Ch. 605
ဆန်းကြယ်ယင်မိုးကြိုးဒိုင်းအဆောင်က မုဖူရှန်းအလွန်အမင်းကျေနပ်အားရသည့် တီထွင်မှုတခုဟုဆို၍ရသည်။
၎င်းထဲတွင် ထင်ရှားသည့်အကာအကွယ်စွမ်းရည်များရှိသည်သာမက မျှော်လင့်မထားသည့် သတ်ဖြတ်ပိတ်ဆို့ခြင်းအခင်းအကျင်းစွမ်းအားတခုလည်းပါရှိသည်။
မုဖူရှန်း၏လက်ရှိခွန်အားအရ ဒါကိုစုစည်းမထုတ်လုပ်နိုင်တာက ၀မ်းနည်းစရာပင်။
သူကသုံးရက်၊ သို့မဟုတ်လေးရက်ကြာတိုင်း အပိုင်းအစနှစ်ခု၊ သို့မဟုတ်သုံးခုသာရေးထွင်းနိုင်သည်။
သူ သူ့၏စီနီယာအစ်ကိုအစ်မများ၊ ဂျူနီယာညီငယ်ညီမငယ်များကို ဒီအရာနှင့် ကာကွယ်ပေးပါက မြေအင်မော်တယ်ကျွမ်းကျင်သူများပင်လျှင် ခေါင်းကိုက်ရပေလိမ့်မည်။
အကယ်၍မြင့်မြတ်အဆောင်ဂိုဏ်း၏ အထက်လူကြီးများသာ မုဖူရှန်းတွေးတောနေတာကို သိမည်ဆိုပါက သူတို့သေချာပေါက်သွေးအန်ကြပေလိမ့်မည်။
သာမန်အင်မော်တယ်အဆောင်သခင်များပင်လျှင် အင်မော်တယ်အဆင့်အဆောင်များကိုရေးထွင်းရန်အတွက် လုံးလဝီရိယနှင့်အချိန်များစွာလိုအပ်သည်။
မင်းက သုံးလေးရက်အတွင်းမှာ သုံးခုလေးခုရေးထွင်းနိုင်သေးတာတောင် မကျေမနပ်ဖြစ်နေသေးတာလား!
ပြီးတော့ဒါကိုတစုတစည်းတည်းမထုတ်နိုင်ဘူးလို့တောင်ပြောနေသေးတယ်!
မင်းဒါကနည်းနည်းစိတ်ပျက်နေတာလား!
တကယ်တမ်းတွင် မုဖူရှန်း၏စရိုက်က လုချန်ရှန်းဆီကဆင်းသက်လာခြင်းပင်။
တစုတစည်းတည်းထုတ်လုပ်ခြင်းဟူသောစကားလုံးများကို လုချန်ရှန်းတီထွင်ခဲ့ခြင်းဖြစ်သည်။
သူကတကြိမ်တည်းတွင် ဆေးလုံးသုံးလေးလုံးစီသန့်စင်လေ့ရှိပြီး အရည်အသွေးကလည်း အပြစ်အနာအဆာကင်းပေသည်။
တပည့်တစ်ဦးဖြစ်သည့်အပေါ် မုဖူရှန်းက သူ့ကိုယ်သူမည်သို့မည်ပုံ မကန့်သတ်ဘဲ နေနိုင်မည်နည်း။
မုဖူရှန်းနောက်တွင် လန်ယင်ချူ၊ နင်းရှီ၊ ရှားရူချီနှင့် ရှန်းဇီယုတို့က သူ့အား မွန်းစတားတကောင်ပမာကြည့်နေကြသည်။
မုဖူရှန်း၏အဆောင်က ကိုယ်တိုင်ဖန်တီးထားသည့်အချက်ကိုထားဦး၊ အင်မော်တယ်အဆင့်အဆောင်ကို သန့်စင်နိုင်ခြင်းက မုဖူရှန်းက အင်မော်တယ်အဆောင်သခင်နယ်ပယ်ကို တက်လှမ်းနေပြီဟု ဆိုလိုနေခြင်းပင်။
မြင့်မြတ်အဆောင်ဂိုဏ်းတခုလုံးတွင်ပင်လျှင် အင်မော်တယ်အဆောင်သခင်ငါးဦးထက်မပိုပေ။
သူတို့သိသောသူများက အဆင့်မြင့်မဟာအကြီးအကဲသုံးဦးနှင့် မြင့်မြတ်အဆောင်ဂိုဏ်း၏ဂိုဏ်းချုပ် အစရှိသည့်လေးယောက်ဖြစ်သည်။
သူတို့ထဲကမည်သူကများ ဒီထဲတွင် နှစ်များစွာမရေမတွက်နိုင်လောက်အောင် မနှစ်မြှုပ်ထားသူများရှိပါသနည်း။
မုဖူရှန်းကအသက်ဘယ်လောက်ရှိပြီမို့လဲ!
သူအဆောင်တာအိုကို ဘယ်နှစ်နှစ်များ လေ့လာခဲ့သေးလို့လဲ!
သူ့အမေရဲ့၀မ်းဗိုက်ထဲတွင်ရှိစဉ်ကတည်းက စပြီးသင်ယုမည်ဆိုလျှင်ပင် ဒီမျှထိ သင်ယူနိုင်မည်မဟုတ်။
ထို့ကြောင့် မုဖူရှန်းကိုယ်ပိုင်အဆောင်ကို မဖန်တီးနိုင်ခဲ့လျှင်ပင် ဒါကသူ့၏ ကြောက်ခမန်းလိလိခွန်အားကိုသက်သေပြနေသည်။
နင်းရှီခါးသီးစွာပြုံးသည်။
လူတိုင်းကန့်ကွက်နေသည့်တိုင် ဂိုဏ်းချုပ်က သူ့ကို ပဉ္စမနေရာကိုပေးခဲ့သည်မှာ အံ့ဩသင့်စရာမရှိတော့။
ရွေးချယ်ပွဲတွင်သူကိုယ်တိုင်ပါ၀င်လျှင်ပင် ထူးချွန်သူတစ်ယောက်ဖြစ်လောက်သည်။
မုဖူရှန်းအတွက်မူ ယခုလိုပြိုင်ပွဲမျိုးတွင် ပါ၀င်ခြင်းက အိမ်ထဲတွင်ဆော့ကစားရသည့်ပမာ အဓိပ္ပာယ်မရှိပေ။
ရုတ်တရက် အလင်းဖြူတစင်းက မြင့်မြတ်အက္ခရာဝိဉာဉ်အနီးလင်း၀င်းသွား၏။
ထို့နောက် အလင်းဖြူက ဆန်းကြယ်ယင်မိုးကြိုးဒိုင်အဆောင်၀န်းကျင်သို့ တဖြည်းဖြည်းကျယ်သွားပြီး လွှမ်းခြုံပစ်သည်။
၎င်းက မုဖူရှန်း၏ရလဒ်များကိုစစ်ဆေးနေပုံရသည်။
များမကြာမီမှာပင် မုဖူရှန်းရှေ့က အတားအဆီးများက ပျောက်ကွယ်သွားသည်။
မုဖူရှန်းရှေ့သို့သွားနေသရွေ့ သူက မြင့်မြတ်အက္ခရာဝိဉာဉ်ဆီသို့ ရောက်နိုင်ပေလိမ့်မည်။
ဒါ....ဒါက ကိုယ်တိုင်ဖန်တီးထားတဲ့ အင်မော်တယ်အဆင့်အဆောင်လား!
သူဘယ်ကနေလာတာလဲ!
လန်ယင်ချူနှင့်တခြားသူများက အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့က မကျေမနပ်ပြောရန် အရမ်းအားနည်းလွန်းသည်။
ယခုအချိန်တွင် သူတို့ကိုအံ့ဩသင့်စေမည့်အရာတခုရှိလာလျှင်ပင် သူတို့အံ့ဩသင့်မည်မဟုတ်တော့။
မည်သို့ပင်ဆိုစေကာမူ အလွန်ထိတ်လန့်စရာကောင်းသည့်အရာတခုကို သူတို့တွေ့ခဲ့ကြရပြီမဟုတ်ပေလော။
မုဖူရှန်းရှေ့သို့လျှောက်လာပြီး မြင့်မြတ်အက္ခရာဝိဉာဉ်ရှေ့တွင်ရပ်လိုက်သည်။ အဝေးကနေကြည့်ပါက မြင့်မြတ်အက္ခရာဝိဉာဉ်က ဘာမှမရှိသည့် အဆောင်တခုသာဖြစ်သည်။ သို့စေကာမူ မုဖူရှန်းချဉ်းကပ်လာသည့်အခိုက်အတန့်၌ အဆောင်ကနေ အဆုံးမဲ့နိယာမစွမ်းအားတခုရှိနေတာကို သူသတိထားမိသွားသည်။
ဒါက နှစ်သန်းပေါင်းများစွာတည်ရှိခဲ့လျှင်ပင် ကောင်းကင်နှင့်မြေကြီး၏ နိယာမစွမ်းအားက အရိုးထဲကပိုးကောင်များပမာ ဒီအဆောင်၌ အမြဲတမ်းတွယ်ကပ်စွဲမြဲနေခဲ့ပြီး ပျောက်ကွယ်မသွားခဲ့ပေ။
ဒါကဒဏ္ဍာရီလာသူတော်စင်အဆောင်လား!
မုဖူရှန်းနှလုံးသားထဲကနေသက်ပြင်းချရင်း မသိစိတ်ကပြောလိုက်သည်။
"ဒါကကျင့်ကြံသူတွေပြောပြောကြတဲ့ ထာ၀ရသက်တမ်းနဲ့ဆင်တူတာပဲ...."
မှန်ပေသည်။ မုဖူရှန်းထိုစကားလုံးများကို ပြောလိုက်မိစဉ် သူမျက်လုံးရှေ့တွင် ကမ္ဘာကြီးကလည်နေခဲ့သည်။
သူအနီးကပ်ကြည့်သောအခါ သမုဒ္ဒရာတစင်းထဲတွင်ပေါ်လာတာကိုတွေ့လိုက်ရသည်။
ပင်လယ်ထက်တွင် လှိုင်းများရိုက်ခတ်နေသည်။ ဧရာမလှိုင်းများက တကြိမ်ပြီးတကြိမ် မြှင့်တက်လာနေကြသည်။ မုန်တိုင်းထန်နေသည့်လှိုင်းများက အဆုံးမဲ့တောင်များပမာ။
ဒါက မြင့်မြတ်အက္ခရာဝိဉာဉ်ရှိခဲ့သည့်နေရာဖြစ်ရပေမည်။
ထိုအချိန်တွင် ကလေးအသွင်ပုံရိပ်တခုက မုဖူရှန်းရှေ့တွင်ပေါ်လာသည်။
သူ့ဆီကနေ ကလေးဆန်သည့်အသံထွက်လာသော်လည်း အသံက လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာကပင် သူနေရာပြောင်းခဲ့သည့်အလား အပြောင်းအလဲများဖြင့် ပြည့်နှက်နေသည်။
"အရာတိုင်းက အစွန်းကိုရောက်တာနဲ့ ထာ၀ရသက်တမ်းဆီကိုရောက်နိုင်တယ်"
"ငါတောင်မှ အင်မော်တယ်မသေမျိုးအဖြစ်ကို အမှန်တကယ်မရောက်နိုင်ခဲ့ဘူး"
မုဖူရှန်းတုန်လှုပ်သွားပြီးနောက် ခေါင်းညိတ်သည်။
"စီနီယာ၊ ခင်ဗျားဆိုလိုတာက မြင့်မြတ်အက္ခရာ(သူတော်စင်အဆောင်)က အဆောင်ရဲ့အဆုံးသတ်မဟုတ်သလို ကျင့်ကြံခြင်းကလည်း အတူတူပဲလို့ပြောချင်တာလား"
"မင်းကဉာဏ်ကောင်းသားပဲ" သူတော်စင်အဆောင်ဝိဉာဉ်ကပြောသည်။
"ဒီကမ္ဘာထဲမှာ မင်းကိုပါရမီရှင်လို့ ယူဆလို့ရတယ်"
"ငါဒီကိုမတော်တဆရောက်လာတော့ ဒီဒေသက အဆောင်သခင်တွေက အရမ်းသာမန်ဆန်လွန်းတာကို ငါတွေ့ခဲ့ပြီး နေရာတွေပြောင်းချင်ခဲ့တယ်"
"ဒါပေမယ့် ငါဒီကိုပေါ်လာရကတည်းက အကြောင်းရင်းတခုတော့ရှိရမယ်"
"ထင်ထားတဲ့အတိုင်းပဲ၊ နောက်ဆုံးတော့ ငါတယောက်ကိုတွေ့ခဲ့ပြီ"
မုဖူရှန်းပြုံးသည်။
"စီနီယာ၊ ခင်ဗျားကျုပ်ကိုချီးမွမ်းနေတာပဲ"
"မင်းကိုချီးမွမ်းနေတာ" သူတော်စင်အဆောင်ဝိဉာဉ်က မုဖူရှန်းကိုစိုက်ကြည့်သည်။
"မင်းကငါချီးမွမ်းရမယ့်နေရာမှာမရှိသေးဘူး"
"နောက်တခုက ငါမင်းနောက်လိုက်ခဲ့မယ်၊ ဘာပဲဆိုဆို မင်းအဆင့်မြင့်ကြယ်နယ်မြေကို၀င်ပြီး ကိုက်ညီတဲ့ခွန်အားမျိုးရလာတဲ့အခါကျရင် ငါမင်းကို ငါ့အတွက် ကိစ္စရပ်တချို့ကို ကူညီပေးဖို့တောင်းဆိုရမယ်"
"သေချာတာပေါ့၊ မင်းရဲ့တာအိုအဆောင်လမ်းစဉ်မှာ ကူညီပေးဖို့အတွက် ငါလည်း အကောင်းဆုံးတတ်နိုင်သမျှကြိုးစားပေးပါမယ်"
ထို့နောက် မြင့်မြတ်အက္ခရာခေါ် သူတော်စင်အဆောင်ဝိဉာဉ်က မုဖူရှန်းအသိစိတ်ထဲသို့၀င်သွားသည်။
သို့စေကာမူ မုဖူရှန်း၏အသိစိတ်ပင်လယ်ထဲက ကာကွယ်ရေးအလွှာများကို တွေ့ရသောအခါ သူဆွံအသွားလေတော့သည်။
"မင်း ....မင်းကအတော်လေးသတိကြီးတာပဲ"
မုဖူရှန်းဖြောင့်မတ်စွာပင်ပြောသည်။
"လက်ဝှေ့လောကမှာ မျောလွင့်နေရင် ဘယ်သူကမထိုးဘဲနေလို့လဲ၊ အသက်ပိုရှည်ဖို့အတွက် သတိထားရမယ်လေ"
ထို့နောက် မုဖူရှန်းအဆောင်ကမ္ဘာထဲကနေ ထွက်လာခဲ့သည်။
လန်ယင်ချူနှင့်ကျန်သောသူများက ဒီမြင်ကွင်းကိုကြည့်နေပြီး သူတို့၏မျက်လုံးများက အဆုံးမဲ့မနာလိုမှုများဖြင့် ပြည့်နှက်နေကြ၏။
သို့စေကာမူ သူတို့လောဘကိုမလှုံ့ဆော်နိုင်ပေ။ ယခုလိုမွန်းစတားကိုရင်ဆိုင်ရသောအခါ သူတို့ဘယ်လိုလုပ် လောဘကြီးနိုင်တော့မည်နည်း။
ငါတို့အသက်ရှင်ရတာကိုငြီးငွေ့နေတာလည်းမဟုတ်ဘဲနဲ့!
သူတို့မုဖူရှန်းလိုလူတယောက်နှင့်တွေ့သောအခါ နီးစပ်အောင်ကြိုးစားရမည်၊ မဟုတ်ပါက သူ့ကိုလျစ်လျူရှုပြီး မပတ်သပ်မိအောင်လုပ်ရမည်။ ဒီလိုဆိုပါက သူနှင့်ရန်သူဖြစ်လာမည်မဟုတ်တော့။
မုဖူရှန်းသူတို့အားကြည့်ရင်းပြုံးသည်။
"ကောင်းပြီ၊ မင်းတို့ကျင့်ကြံချင်ကြသေးလား၊ ငါအရင်ထွက်တော့မယ်နော်"
သူတို့တစ်ဦးကိုတစ်ဦးကြည့်လိုက်၏။ ဘိုးဘေးမြေပိတ်ဆို့ရန်အတွက် အမွေးတိုင်တစ်တိုင်စာမျှအချိန်သာကျန်တော့သည်။ ကျင့်ကြံခြင်းကဘာထူးတော့မည်နည်း။
လန်ယင်ချူခါးသီးစွာပြုံးသည်။
"အစ်ကိုမု၊ အတူတူထွက်ကြရအောင်၊ ဆရာကလည်း နင့်ကိုတွေ့ချင်နေမယ်လို့ ငါထင်တယ်"
မုဖူရှန်းပြုံးရင်းခေါင်းညိတ်သည်။
"ဒါကငါ့တာ၀န်ပါ"
မည်သို့ပင်ဆိုစေကာမူ သူကမြင့်မြတ်အဆောင်ဂိုဏ်းမှ နတ်ပစ္စည်းနှစ်ခုကိုရယူခဲ့သဖြင့် ရှင်းလင်းချက်တခုပေးရန်လိုအပ်သည်။
သူတို့ထွက်သွားပြီးနောက် ဂိုဏ်းချုပ်ခန်းမသို့ရောက်လာကြသည်။
ထိုကိစ္စကိုရှင်းပြပြီးနောက်တွင် ဂိုဏ်းချုပ်က မုဖူရှန်းကို ရှုပ်ထွေးနေသည့်အမူအရာဖြင့်ကြည့်ရင်း လေးနက်စွာပြောသည်။
"မုဖူရှန်း.....မင်းမြင့်မြတ်အဆောင်ဂိုဏ်းကို ပိုမြင့်မားတဲ့နေရာတခုကို ဆောင်ကြဉ်းပေးနိုင်မယ်လို့ငါမျှော်လင့်ပါတယ်"
ဒီထဲတွင် အဓိပ္ပာယ်နှစ်မျိုးရှိသည်။
ထိုနတ်ပစ္စည်းနှစ်ခုကို မုဖူရှန်းပိုင်သွားပြီဖြစ်သည်။
ဒုတိယအချက်က မြင့်မြတ်အဆောင်ဂိုဏ်းကိုသစ္စာမဖောက်သင့်သလို မြင့်မြတ်အဆောင်ဂိုဏ်းကလည်း အမြဲလိုလို သူ့၏ ကျောထောက်နောက်ခံဖြစ်နေပေလိမ့်မည်။
မုဖူရှန်းပြုံးရင်းခေါင်းညိတ်သည်။
"သေချာတာပေါ့၊ ဒါပေမယ့်ဂိုဏ်းချုပ်၊ ဘိုးဘေးမြေမှာ ဖြစ်ပျက်ခဲ့တာကို ကျေးဇူးပြုပြီး အပြင်ကိုမဖြန့်ပါနဲ့"
သိုင်းကမ္ဘာကအန္တရာယ်များတယ်၊ ဂရုစိုက်တာကပိုကောင်းတယ်!
အပိုင်း(606) coming။