#အန္တရာယ်လား၊ ဒါဆိုကျွန်တော်မသွားတော့ဘူး!#
Vol. 43 Ch. 606
လန်ယင်ချူ မုဖူရှန်းထွက်သွားပြီးနောက် ခါးသီးစွာပြုံးသည်။
"ဆရာ၊ မုဖူရှန်းဘယ်ကလာသလဲဆိုတာ ကျွန်မမသိပေမယ့် သူ့ပါရမီက အရမ်းကြောက်ဖို့ကောင်းတာပဲ"
"အရင်က ကျွန်မသူနဲ့နှုတ်ဆက်စဉ်က သူ့သက်တမ်းကိုခံစားမိတယ်၊ သူက ဒီလိုငယ်ရွယ်တဲ့အရွယ်မှာတောင် အင်မော်တယ်အဆောင်သခင်နယ်ပယ်ကိုရောက်နေပြီ"
"သူ့အမေရဲ့၀မ်းဗိုက်ထဲကနေ အဆောင်တွေကို သူစတင်ကျင့်ကြံမယ်ဆိုရင်တောင် ဒါကမဖြစ်နိုင်ဘူးမလား"
ဂိုဏ်းချုပ်သက်ပြင်းချသည်။
"အချိန်ကသူရဲကောင်းတွေကို ဖန်တီးပေးတယ်၊ ဒီခေတ်ကိုဦးဆောင်မယ့် ကြောက်စရာကောင်းတဲ့ပုံရိပ်တချို့က အဓိကရုဏ်းနဲ့ ကပ်ဘေးမတိုင်ခင် ဆင်းသက်လာကြလိမ့်မယ်"
"ဒီမုဖူရှန်းက သူတို့ထဲကတယောက်ဖြစ်လောက်တယ်"
"ကပ်ဘေး"
လန်ယင်ချူအံ့သြတကြီးမေးသည်။
"မဟာကပ်ဘေးကြီးက လာတော့မှာလား၊ ဘာကပ်ဘေးကြီးလဲ"
ဂိုဏ်းချုပ်က ခေါင်းခါယမ်းသည်။
"ငါလည်းမသိဘူး၊ ဒါပေမယ့် ငါ့မှာ အမြင်တခုရှိနေတယ်"
ကျွမ်းကျင်သူများတွင် အနာဂတ်နှင့်ပတ်သက်ပြီး ဝေဝါးသည့်အမြင်များ အမြဲလိုလိုရှိတတ်ပြီး အထူးသဖြင့် အကျပ်အတည်းနှင့် ပတ်သက်လာသောအခါ ပိုရှိလာတတ်သည်။
ကောင်းကင်အင်မော်တယ်နယ်ပယ်စွမ်းအားရှင်တဖြစ်လဲ မြင့်မြတ်အဆောင်ဂိုဏ်းချုပ်တွင်လည်းသေချာသည်။
ယခုတွင်မူ မုဖူရှန်းလိုမွန်းစတားမျိုးပေါ်လာပြီဖြစ်လေရာ သူပို၍ပင်သေချာလာသည်။
"အမိန့်ကိုလက်ဆင့်ကမ်းလိုက်၊ မြင့်မြတ်အဆောင်ဂိုဏ်းက ဒီကာလအတွင်း လူသိရှင်ကြားနေလို့မရတော့ဘူး၊ တချိန်တည်းမှာပင် အရေးပေါ်အခြေအနေတွေအတွက် တပည့်တွေရဲ့ကျင့်ကြံခြင်းကို အရှိန်မြှင့်တင်ကြ"
လန်ယင်ချူလက်နှစ်ဖက်ဆုပ်ကာ ဂိုဏ်းချုပ်၏လေးနက်သောအမူအရာကို မြင်ပြီးနောက် ထိုကိစ္စကိုဖြေရှင်းရန်အတွက် ချက်ချင်းထွက်သွားသည်။
ထိုအချိန်တွင် မုဖူရှန်းကလည်း အဆင့်မြင့်မဟာအကြီးအကဲများကျင့်ကြံနေသည့်နေရာကိုပြန်ရောက်လာသည်။
အဆင့်မြင့်မဟာအကြီးသုံးဦးကလည်း သတင်းအချက်အလက်များကိုရရှိထားကြလေပြီ။
မုဖုရှန်းရောက်လာတာကိုမြင်သောအခါ သူတို့သက်ပြင်းချကြသည်။
"မင်းလိုမျိုးနတ်ဆိုးလေးက သူတော်စင်အဆောင်ဝိဉာဉ်ကို တကယ်ယူသွားနိုင်မယ်လို့ ငါတကယ်မထင်ထားမိဘူး"
"ဒါတင်မကသေးဘူး၊ သူက မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံကိုပါ ယူသွားခဲ့တယ်"
မုဖူရှန်းနောက်ပြောင်လိုက်သည်။
"အကြီးအကဲတို့က ဒါကို လက်ဆင့်ကမ်းပေးဖို့တော့ မပြောလောက်ပါဘူးမလား"
မုတ်ဆိတ်ဖြူအကြီးအကဲက ချက်ချင်းပင် မုတ်ဆိတ်ဖြူအားပွတ်သပ်ရင်း စိုက်ကြည့်သည်။
"ကျေးဇူးကန်းတဲ့ကောင်စုတ်လေး၊ ငါတို့မင်းကိုဘာမှမတောင်းခံခဲ့ဘဲ ဒီလိုသင်ကြားပေးခဲ့တာတောင် မင်းကငါတို့ကို ဒီလိုတွေးနေတုန်းလား"
"အာ၊ မဟုတ်ပါဘူး၊ ကျွန်တော်စနောက်နေတာပါ"
မုဖူရှန်းအလျင်အမြန်လက်ဝှေ့ယမ်းသည်။
"အကြီးအကဲတွေရဲ့စိတ်ခံစားချက်ကို ပြောင်းလဲအောင်လုပ်ပေးတာက ကျန်းမာရေးအတွက် အကျိုးရှိပြီး ဒီနည်းလမ်းမဲ့ အသက်ပိုရှည်နိုင်တယ်တဲ့"
မဟာအကြီးအကဲနှစ်ဦး "...."
မုတ်ဆိတ်ဖြူအကြီးအကဲ၏မျက်လုံးထောင့်စွန်းက အဆက်အပြတ်တုန်ယင်နေပြီး လက်ကိုဆန့်ထုတ်လိုက်သည်။
"မ.....မရှင်းပြနဲ့တော့၊ ဒီရှင်းပြချက်က ငါတို့သုံးယောက်ကို ထိလုနီးပါးပဲ"
"ကောင်းပြီ၊ မင်းရဲ့နောက်အစီအစဉ်တွေကဘာလဲ"
မုတ်ဆိတ်ဖြူအကြီးအကဲက မုတ်ဆိတ်ကိုပွတ်သပ်ရင်း မုဖူရှန်းအားကြည့်သည်။
"ငါတို့လူအိုကြီးသုံးယောက်ဆီကနေ မင်းသင်ယူနိုင်သမျှ အရာအားလုံးကို သင်ယူခဲ့ပြီးပြီမလား"
မုဖူရှန်းတခဏမျှတွေးလိုက်သည်။
"ကျွန်တော် အထူးမိုးကြိုးစွမ်းအားရှိတဲ့ နေရာတနေရာလိုအပ်တယ်"
"ပြီးတော့ ကျွန်တော့်ရဲ့ဝိဉာဉ်မီးကို ယဉ်ပါးအောင်လုပ်ဖို့အတွက် ကောင်းကင်နဲ့မြေကြီးရတနာတချို့ကိုလိုသေးတယ်"
ယခုအချိန်က ကိုးသွယ်ရှေးဦးနတ်မိုးကြိုးနည်းစနစ်ကို တိုးတက်အောင်လုပ်ရန် အချိန်ကျရောက်လာပြီဟု မုဖူရှန်းတွေးလိုက်မိသည်။
သူက ကိုးသွယ်ရှေးဦးနတ်မိုးကြိုးနည်းစနစ်၏ ပထမအဆင့်ကို အပြည့်အ၀ဖမ်းဆုပ်မိပြီဖြစ်ကာ ဒါက ဆန်းကြယ်ယင်ခရမ်းမိုးကြိုးဖြစ်သည်။
အကယ်၍သူသာဒုတိယအဆင့်ကို ချိုးဖျက်လိုပါက သူ့စိတ်ဝိဉာဉ်၌ အဆင့်ချိုးဖျက်မှုတခုလုပ်ရမည်သာမက မိုးကြိုးစွမ်းအားများကို ပို၍စုပ်ယူရန်လိုအပ်သည်။
မိုးကြိုးနည်းစနစ်၌ အဆင့်ချိုးဖျက်ရန်အတွက်မူ ဒါက မုဖူရှန်း၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်စေနိုင်သည်သာမက မိုးကြိုးဒြပ်စင်အဆောင်များ၏ အရည်အသွေးနှင့်စွမ်းအားကိုပါ တိုးမြှင်လာစေနိုင်သည်။
ဝိဉာဉ်မီးတောက်ကရော!
ဝိဉာဉ်က အဆောင်သခင်တစ်ဦး၏ အခြေခံဖြစ်သည်။
ဒါကရိုးရှင်းပါသည်။
အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက တစ်ဦးကိုတစ်ဦးကြည့်ရင်း အတွေးနက်နေကြသည်။
"မင်းက စိတ်ဝိဉာဉ်ပျိုးထောင်နည်းကိုကျင့်ကြံပြီး အဆင့်ငါးဖြစ်တဲ့ မီးစုန်းစိမ်းဝိဉာဉ်မီးတောက်အဆင့်ကို ရောက်နေပြီဆိုတာ ငါတို့အားလုံးသိကြတယ်"
"ဝိဉာဉ်မီးတောက်ကိုသန့်စင်ဖို့ အသုံးပြုတဲ့ သဘာ၀ရတနာတွေကရှားပါးတယ်ဆိုပေမယ့် ငါတို့သုံးယောက်မှာရှိတယ်"
"ဒါပေမယ့် ဒီအထူးမိုးကြိုးစွမ်းအားအတွက်ကတော့....."
မိုးကြိုးနယ်မြေများကရှိပါသည်။
အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက နှစ်များစွာနေလာခဲ့ကြပြီဖြစ်သဖြင့် ဒါကို သိကြပါသည်။
သို့စေကာမူ မုဖူရှန်းက သာမန်နယ်မြေမျိုးကိုလိုအပ်မည်မဟုတ်လေရာ ဒါကအနည်းငယ်ခက်ခဲသည်။
ရုတ်တရက် အဆင့်မြင့်မဟာအကြီးအကဲတစ်ဦးက ပြောလိုက်သည်။
"သိပြီ"
မုတ်ဆိတ်ဖြူအကြီးအကဲကလည်း ဒါကိုတွေးမိသည်မှာ သိသာနေပြီး သူအနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။
"ဒါပေမယ့်ဒါကနည်းနည်းအန္တရာယ်များပုံပဲ"
"ဟုတ်တယ်၊ အဲဒါမှန်တယ်၊ ငါတို့တောင် အဲနေရာကိုဂရုတစိုက်၀င်ရတယ်၊ မင်းကိုကာကွယ်ပေးဖို့အတွက် ငါတို့အာရုံကို လွှဲပြောင်းပေးဖို့ဆိုတာကထားတော့"
ထိုစကားကိုကြားသောအခါ မုဖူရှန်း အလျင်အမြန်ခေါင်းခါယမ်းသည်။
"အာ၊ ဒါကိုမေ့လိုက်တော့၊ ဝိဉာဉ်မီးတောက်ကိုအရင်သန့်စင်ကြရအောင်"
"???"
အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက ဆွံအသွားကြသည်။
ဘာလား!
အန္တရာယ်များတယ်လို့ကြားတာနဲ့ မင်းပြတ်ပြတ်သားသားငြင်းလိုက်တာလား!
တခြားပါရမီရှင်တပည့်များသာဆိုပါက တိုက်ရိုက်သဘောတူလောက်သည်။ ကျင့်ကြံခြင်းက ကောင်းကင်ဘုံကို ဆန့်ကျင်ရသည့်တိုက်ပွဲတခုဟု သူတို့ဆိုကြပေလိမ့်မည်။ အန္တရာယ်ကိုပါကြောက်နေပါက တာအိုကို မည်သည့်အတွက်ကြောင့် ကျင့်ကြံနေစရာလိုသနည်း။
ဒါပေမယ့်.... ဒါကဘာလို့မုဖူရှန်းအပေါ် အလုပ်မဖြစ်ရတာလဲ!
မုဖူရှန်း အဆင့်မြင့်မဟာအကြီးအကဲသုံးဦး၏သံသယကိုမြင်သဖြင့် တည်ငြိမ်စွာပြောသည်။
"ဒါကပုံမှန်ပဲလေ၊ အဲဒါကအန္တရာယ်ရှိတယ်ဆိုရင် ကျွန်တော်ယုံကြည်မှုမရှိသရွေ့ သွားမှာမဟုတ်ဘူး၊ ကျွန်တော့်ခွန်အားက ဒါကို ကိုင်တွယ်နိုင်တဲ့အဆင့်တခုအထိ တိုးလာတဲ့အချိန်မှ ကျွန်တော်သွားမယ်"
"မဟုတ်ရင် အသက်ကိုဆုံးရှုံးလိုက်ရရင် ကျွန်တော်အရာအားလုံးကိုဆုံးရှုံးရမှာလေ"
အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက အတိဆွံအနေကြသည်။
သောက်ကျိုးနည်း၊ မင်းပြောတာက အဓိပ္ပာယ်ရှိတယ်ဟ၊ အဓိပ္ပာယ်ရှိလွန်းလို့ ငါတို့တောင်မငြင်းနိုင်တော့ဘူး!
သို့စေကာမူ သူတို့တခုခုမှားနေတာကို ခံစားနေရပြီး လက်ချောင်းများကိုပင် တည်ငြိမ်စွာမထားနိုင်ကြပေ။
"ကောင်းပြီ၊ ကောင်းပြီ၊ ပေါက်ကရတွေကိုနားမထောင်ချင်ဘူး၊ စိတ်ဝိဉာဉ်ပျိုးထောင်နည်းကိုအရင် သွားကျင့်ကြံတော့"
တစ်ယောက်က မုဖူရှန်းဆီသို့ သိုလှောင်လက်စွပ်တကွင်းပစ်ပေးလိုက်သည်။
မုဖူရှန်းကြက်သေသေသွားသည်။
ဝိဉာဉ်မီးတောက်ကိုပြုပြင်မွမ်းမံခြင်းနှင့် ဝိဉာဉ်ကိုပြုပြင်မွမ်းမံခြင်းက မတူညီသည့်အရာနှစ်ခုပင်။
အရှေ့ကတခုအတွက်လိုအပ်သည့်ပစ္စည်းများက ပိုတောင်ရှားပါးသည်။
သို့စေကာမူ အဆင့်မြင့်မဟာအကြီးအကဲက သူ့ကိုတိုက်ရိုက်ပင်ပေးလိုက်သည်။ သူတို့က ကြိုတင်ပြင်ဆင်ထားတာဖြစ်ရပေမည်။
ဒါကိုတွေးမိသောအခါ မုဖူရှန်း၏နှုတ်ခမ်းများကကွေ့သွားခဲ့သည်။
သူကသူ့ဆရာကဲ့သို့ပင် ကျေးဇူးကြွေးတင်နေတာကိုမကြိုက်သော်လည်း ဒီကျေးဇူးကြွေးကိုမူ သူလက်ခံရန် ဆန္ဒရှိသည်။
အနာဂတ်တွင် မုဖူရှန်းသာချမ်းသာလာပါက မြင့်မြတ်အဆောင်ဂိုဏ်းကို သေချာပေါက် သူကူညီပေးရပေမည်။
ထို့နောက် မုဖူရှန်းလေးနက်စွာပြောသည်။
"အကြီးအကဲတို့၊ ကျွန်တော်ဒါကိုမှတ်မိနေပါမယ်"
ဒါကိုမြင်သောအခါ အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက ရယ်မောရင်း ခေါင်းညိတ်လိုက်ကြ၏။
ဒါကလုံလောက်ပါပြီ။
ထို့နောက် မုဖူရှန်းဂူတလုံးတွင်နေထိုင်ကာ စိတ်ဝိဉာဉ်ပျိုးထောင်နည်းကို စတင်ကျင့်ကြံလေတော့သည်။
တခြားတဘက်တွင် မျောက်ဝံနတ်ဆိုးနယ်မြေ၊ အင်မော်တယ်မျောက်ဝံတောင်တခုလုံးက တုန်ခါနေသည်။
မရေမတွက်နိုင်လောက်သည့်ငှက်နှင့်သားရဲများက ပတ်ပြေးနေကြသည်။
လူဆယ်ယောက်ကျော်၏ကိုယ်လုံးထက်ပင်ကြီးမားသည့် ဧရာမသစ်ပင်ကြီးများက တစ်ပင်ပြီးတစ်ပင်မြေပေါ်လဲကျသွားကြ၏။
ဖုန်မှုန့်များက မုန်တိုင်းတစင်းတိုက်ခတ်သည့်နှယ် လွင့်မြောသွားကြသည်။ အသံလှိုင်းများက မရပ်မနားပဲ့တင်ထပ်နေသည်။
အင်မော်တယ်မျောက်ဝံတောင်ခြေရင်းက တချို့ဂိုဏ်းနှင့်မင်းမျိုးနွယ်မိသားစုများက ဒါကိုခံစားမိကြသဖြင့် ထိတ်လန့်သွားကြ၏။
မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်မျောက်ဝံတောင်က မျောက်ဝံနတ်ဆိုးဒေသတခုလုံး၏ မြင့်မြတ်မြေဖြစ်နေသေးသည်။
တောင်ပေါ်က အင်မော်တယ်မျောက်ဝံများက သူတို့နှလုံးသားထဲက နတ်ဘုရားများပင်။
ပုံမှန်အချိန်များတွင် သူတို့တောင်ပေါ်သို့ အမြန်မတက်ရဲကြပေ။ ဆယ်နှစ်တခါ သူတို့ တောင်ခြေရင်းတွင် လက်ဆောင်များသာ ချန်ထားခဲ့တတ်ကြသည်။
သို့စေကာမူ အမြဲလိုလိုငြိမ်းချမ်းနေတတ်သည့် အင်မော်တယ်မျောက်ဝံတောင်က ဒီနေ့ရက်များအတွင်း အဆက်မပြတ်တုန်ခါနေသည်။
"ဘာဖြစ်သွားတာလဲ"
"ရန်သူကြီးတယောက်ယောက်က ကျုးကျော်လာတာများလား"
အတွေ့အကြုံရှိသည့်အကြီးအကဲတစ်ဦးကပြောသည်။
"ငါတော့ဒီလိုမထင်ဘူး"
"တကယ်လို့အဲဒါက ကျွမ်းကျင်သူသာဆိုရင် တောင်ပေါ်က နတ်ဘုရားတွေတောင်မခုခံနိုင်တဲ့ တည်ရှိမှုက ဒီလိုကြီးမားတဲ့ပရမ်းပတာကြီးကို ဖြစ်စေမှာမဟုတ်ဘူး၊ သူတို့ကိုဖမ်းဆီးကြလိမ့်မယ်"
"သူတို့သာအားမကောင်းဘူးဆိုရင် အရင်ကတည်းက တောင်ပေါ်က နတ်ဘုရားတွေက ကိုင်တွယ်ပြီးလောက်ပြီ"
"ဒါကြောင့် နတ်ဘုရားတစ်ပါးကျင့်ကြံနေတာဖြစ်ရမယ်"
တောင်တွင်ကျင့်ကြံသူများ၏ ၉၉ရာခိုင်နှုန်းက ကိုယ်ခန္ဓာကျင့်ကြံသူများဖြစ်သည်။
ကိုယ်ခန္ဓာကျင့်ကြံသူများကသာ မည်သည့်ဝိဉာဉ်ချီမှမပါဘဲ ယခုလိုဆူပူအုံကြွမှုကိုဖြစ်စေနိုင်သည်။
သူတို့ဒါကိုတွေးမိတာ အံ့ဩစရာမရှိပေ။
တချိန်တည်းမှာပင် အင်မော်တယ်မျောက်ဝံကျေးရွာ၌ ကျေးရွာခေါင်းဆောင်၊ ယွမ်ချောင်နှင့် ကျန်သောသူများဒါကိုမြင်သောအခါ သက်ပြင်းချလိုက်ကြစည်။
"နတ်ဆိုးအရှင်ရဲ့ခွန်အားက အရမ်းမြန်မြန်ဆန်ဆန်တိုးတက်လာတာပဲ....."
အပိုင်း(607) coming။