#ယွမ်ချောင်ကိုတိုက်ခိုက်ခြင်း#
Vol. 43 Ch. 607
ရှောင်ဟိုင်(မဟူရာ)၏ခွန်အားက အင်မော်တယ်မျောက်ဝံကျေးရွာခေါင်းဆောင်၊ ယွန်ချောင်နှင့်ကျန်သောသူများကို ထိတ်လန့်သွားစေသည်။
သို့စေကာမူ ဒါကသူတို့၏ မျှော်လင့်ချက်အတွင်းသာဖြစ်သည်။
နတ်ဆိုးအရှင်နှင့် နတ်ဆိုးနယ်မြေ၏ သခင်တဖြစ်လဲ သူကအရင်က အဆင့်မြင့်ကြယ်နယ်မြေတခုလုံးကို အံ့ဩသွားစေနိုင်ခဲ့သည့်ပုံရိပ်ဖြစ်သည်။
သူ့ပါရမီကမည်သို့မည်ပုံအားနည်းမည်နည်း။
ထိုအချိန်တွင် အုတ်သောင်းအုတ်နင်းက ရုတ်တရက်ပျောက်ကွယ်သွား၏။
အင်မော်တယ်မျောက်ဝံကျေးရွာ၀င်ပေါက်၌ သွေးများဖြင့် ဖုံးလွှမ်းနေသည့်ပုံရိပ်တစ်ရိပ်က ဖြည်းညင်းစွာလျှောက်လာသည်။
သူ့နောက်တွင် ဧရာမသားရဲတချို့ကိုသူ့က တရွတ်တိုက်ဆွဲလာပုံရပြီး ဒါက ဖုန်မှုန့်အများအပြားကိုမြှင့်တက်လာစေသည်။
ကျယ်လောင်သည့်အသံတစ်သံကလည်းရှိနေသည်။
ထိုပုံရိပ်က အင်မော်တယ်မျောက်ဝံကျေးရွာကလူများအကြည့်အောက်တွင် အပြည့်အ၀၀င်လာပြီး ရှောင်ဟိုင်နောက်မှ ဒရွတ်တိုက်ဆွဲခံရသည့် ဧရာမသားရဲများကိုမြင်သောအခါ သူတို့ခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းလိုက်မိကြ၏။
မျှော်လင့်ထားသည့်အတိုင်း နတ်ဆိုးအရှင်က နတ်ဆိုးအရှင်ပင်ဖြစ်သည်။
သူကအရမ်းကြောက်စရာကောင်းလွန်းသည်။
အင်မော်တယ်မျောက်ဝံတောင်ရှိ နတ်ဆိုးသားရဲများက အင်မော်တယ်မျောက်ဝံကျေးရွာ၏ လွှမ်းမိုးနိုင်စွမ်းကြောင့် အလွန်အမင်းပြင်းထန်သည့်သွေးစွမ်းအင်ရှိသည်။
၎င်းတို့က ကိုယ်ခွန်အားတခုတည်းကို အားကိုးရင်း သွေးပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်နိုင်သည်။
ဒါကအနိမ့်ဆုံးကျင့်ကြံခြင်းအဆင့်သာဖြစ်သေးသည်။
သို့စေကာမူ နတ်ဆိုးသားရဲများက နယ်ပယ်တူတွင် အမြဲလိုလိုပြိုင်ဘက်ကင်းကြသည်။
၎င်းတို့တိုက်ခိုက်သောအခါ တခြားမှော်သားရဲများက သွေးရနံ့ကိုရပြီး ဆူပူလှုပ်ရှားမှုကိုကြားသည်နှင့်တပြိုင်နက် ချက်ချင်းပြေးလာတတ်ကြသည်။
အစက ရှောင်ဟိုင် တကောင်ကိုပင်မသတ်နိုင်ခဲ့။
တခါတရံသူက မှော်သားရဲများစွာ၏ ဝိုင်းရံမှုဖြင့် သူရှုံးလုနီးပါးပင်ဖြစ်ခဲ့ရပြီး ယွမ်ချောင်ကယ်တင်ပေးခဲ့ရသည်။
သို့စေကာမူ ဒီရက်များအတွင်း လေ့ကျင့်မှုအပြီးတွင် ရှောင်ဟိုင်က မှော်သားရဲများစွာအကြားမှ ထိုသွေးပြောင်းလဲခြင်းနယ်ပယ်မှော်သားရဲများကိုပင် သတ်နိုင်နေလေပြီ။
ယွန်ချောင်လျှောက်လာပြီးအပြုံးဖြင့်ပြောသည်။
"ငါ့ကိုပေး၊ ငါသွားနှပ်လိုက်မယ်"
ဒီမှော်သားရဲများက ကိုယ်ခန္ဓာကျင့်ကြံသူများအတွက် ကြီးမားသည့်အထောက်အကူများပေတည်း။
သွေးပြောင်းလဲခြင်းနယ်ပယ်မှော်သားရဲတကောင်၏ သွေးကြောစွမ်းအားက အလွန်အမင်းသန့်စင်သည်။
အပြင်ပကမ္ဘာတွင် ဒါကအလွန်အမင်းရှားပါးသည့်ပစ္စည်းတခုပင်။
အစက ယွမ်ချောင်နှင့်ကျန်သောသူများက အမဲလိုက်ရန်တောင်ပေါ်သို့သွားကြပြီး ရှောင်ဟိုင်၏ကိုယ်ကို အားဖြည့်ပေးရန် နှပ်ပေးလေ့ရှိကြသည်။
ယခုတွင်မူ ရှောင်ဟိုင်တယောက်တည်းက လုံလောက်နေပါပြီ။
ရှောင်ဟိုင်ပြုံးလိုက်သည်။
"ကျေးဇူးပါ"
ယွမ်ချောင်အပြုံးဖြင့်ခေါင်းခါယမ်းသည်။
"ဒါကငါ့တာ၀န်ပါ"
ယွမ်ချောင်ထွက်သွားပြီးနောက် ကျေးရွာခေါင်းဆောင်က ရှောင်ဟိုင်ကို သူ့အခန်းထဲသို့ခေါ်လိုက်၏။
"နတ်ဆိုးအရှင်သခင်၊ ဒီရက်တွေမှာ နတ်ဆိုးဘုရင်ဆင်းသက်မှုကို အများကြီးမသုံးခဲ့ဘူးမလား"
ရှောင်ဟိုင်ခေါင်းခါယမ်းသည်။
မှော်သားရဲများနှင့်တိုက်ပွဲတွင် ရှောင်ဟိုင် သန့်စင်သည့်ကိုယ်ခွန်အားတခုတည်းဖြင့် တိုက်ခိုက်ခဲ့သည်။
ကျေးရွာခေါင်းဆောင်ခေါင်းညိတ်သည်။
"ဒါကောင်းတယ်၊ အရင်က တခြားနေရာတွေမှာ နတ်ဆိုးဘုရင်ဆင်းသက်မှုကို အသုံးပြုခဲ့တော့ ငါတို့တောင် မင်းအော်ရာကိုခံစားမိတယ်"
"နတ်ဆိုးပိုင်နက်(ငရဲပိုင်နက်)က သူပုန်တွေကလည်း မသင်္ကာဖြစ်ကြလိမ့်မယ်ဆိုတာ ငါသေချာတယ်"
"ဒါကြောင့် ဒီအချိန်အတွင်းမှာ မင်းနှိမ့်ချပြီးနေနေရမယ်"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ကောင်းပါပြီ"
ထို့နောက် ကျေးရွာခေါင်းဆောင်က စုတ်ပြဲနေသည့်စာလိပ်တလိပ်ကို ရှောင်ဟိုင်အား ပေးသည်။
"နတ်ဆိုးဘုရင်ဆင်းသက်မှုကို တတ်နိုင်သမျှလုံး၀မသုံးမိအောင်ကြိုးစားပါ၊ နတ်ဆိုးအရှင်၊ မင်းနတ်ဆိုးမျောက်ဝံကောင်းကင်ပြိုကွဲအားကို အရင်ကျင့်ကြံသင့်တယ်"
ရှောင်ဟိုင်ခေါင်းကုတ်လိုက်သည်။
"ဒါကသင့်တော်လို့လား"
ကျေးရွာခေါင်းဆောင်ပြုံးသည်။
"ဒီနတ်ဆိုးမျောက်ဝံကောင်းကင်ပြိုကွဲအားက မင်းတိုးတက်အောင်လုပ်ပြီးမှ ကြီးမားတဲ့အောင်မြင်မှုကိုရောက်နိုင်မှာ"
"အဆုံးမှာ မင်းကို ဒီနည်းစနစ်ရဲ့ဖန်တီးသူတ၀က်အဖြစ်သတ်မှတ်လို့ရတယ်လေ၊ ဘာလို့မင်းက အရည်အချင်းမပြည့်မီရမှာလဲ"
"ဒါ့အပြင် ငါတို့မျောက်ဝံနတ်ဆိုးမျိုးနွယ်က နတ်ဆိုးအရှင်ကို အမြဲသစ္စာရှိလျက်ပါ၊ ဒါကြောင့် ငါတို့ဘာတခုကိုမှ ထိန်ချန်ထားမှာမဟုတ်ပါဘူး"
ထို့နောက်တွင်သာ ရှောင်ဟိုင်လှမ်းယူပြီး လှန်ဖျပ်ဖွင့်ရန်အတွက်ပြင်နေစဉ် ယွမ်ချောင်၏အသံက အပြင်ကနေထွက်လာသည်။
"ဒါကလုံလောက်ပြီ၊ လာစားကြတော့"
ညနေစာအပြီးတွင် ရှောင်ဟိုင်ဆေးကန်ထဲကို၀င်ပြီး လွန်ခဲ့သည့်ရက်အနည်းငယ်က တိုးတက်လာခဲ့သည့်ရုပ်ခန္ဓာကို တည်ငြိမ်စေရန်အတွက် သွေးစွမ်းအင်ကို စုပ်ယူလိုက်၏။ ဆေးကန်ကို အင်မော်တယ်မျောက်ဝံကျေးရွာမှ သဘာ၀ရတနာတ၀က်ကျော်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
ထို့ကြောင့်သက်ရောက်မှုက အတော်လေးကောင်းမွန်သည်။
မဟုတ်ပါက ရှောင်ဟိုင်၏ခွန်အားက အလျင်အမြန်တိုးတက်လာမည်မဟုတ်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ခုနှစ်ရက်ကုန်ဆုံးသွားခဲ့သည်။
ရှောင်ဟိုင်ဆေးကန်ထဲကနေထွက်လာသည်။
သူ့သွေးချီက အလွန်အမင်းသိပ်သည်းနေသည်။
သူ့တကိုယ်လုံးကကြွက်သားများက အရမ်းမကြီးမားသော်လည်း သံနက်များနှင့်တူနေသည်။
လက်သီးတချက်တည်းကပင် တောင်များကိုစုတ်ဖြဲနိုင်ပြီး မြစ်များကိုလှန်ပစ်နိုင်သည့်အလားပင်။
"ဟမ်၊ ငါ့ရဲ့ရုပ်ခန္ဓာကထပ်ပြီးတိုးတက်လာပြန်ပြီ...."
ရှောင်ဟိုင်ပြုံးလိုက်သည်။
"ဒီလိုသာဆက်ဖြစ်နေရင် ငါ့ရဲ့စီနီယာအကိုတွေနဲ့ ဂျူနီယာအကိုတွေကို အများကြီးပိုပြီးကူညီနိုင်တော့မှာပဲ"
ထိုနေရာ၌ သူ့အသိစိတ်ထဲတွင် အကျဉ်းထောင်ထဲတွင် ပိတ်ခံထားရသည့် အမျိုးသမီး၏ပုံရိပ်က လင်း၀င်းသွား၏။
ရှောင်ဟိုင်အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
ဒီကွဲကြေနေသည့်ပုံရိပ်များက မကြာမကြာထပ်မံပေါ်ပေါ်လာနေသည်။
၎င်းက ရှောင်ဟိုင်ကို သူ့တာ၀န်နှင့်အမုန်းတရားကို အမြဲမှတ်မိနေစေရန်အတွက် သတိပေးနေသည့်အလားပင်။
ရှောင်ဟိုင်ရေရွတ်သည်။
"အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ နောက်ထပ်မှတ်ဉာဏ်အပိုင်းအစတခုရှိသေးတယ်လို့ငါကြားခဲ့တယ်၊ အခုဒါကို ရှာဖွေရမယ့်အချိန်ကျပြီ..."
ထို့နောက် သူဂူထဲကနေထွက်လာခဲ့သည်။
ဂူအပြင်ဘက်တွင် ယွမ်ချောင်က စောင့်ကြပ်နေသည်။
ရှောင်ဟိုင်ထွက်လာတာကိုမြင်သောအခါ သူပြုံးလိုက်လေသည်။
"နတ်ဆိုးအရှင်၊ မင်းရဲ့ရုပ်ခွန်အားက ထပ်ပြီးတိုးတက်လာပြီ"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ကျုပ်ကို ကျေးရွာခေါင်းဆောင်ဆီကို ခေါ်သွားပေးပါ"
"ကောင်းပြီ"
သူတို့ကကျေးရွာခေါင်းဆောင်နေရာသို့ ရောက်လာကြသည်။
ရှောင်ဟိုင် သူ့ရည်ရွယ်ချက်များကို ရှင်းပြလိုက်သည်။
ထိုစကားကိုကြားသောအခါ ကျေးရွာခေါင်းဆောင်က မျက်မှောင်ကြုတ်သည်။
"နတ်ဆိုးအရှင်၊ ငါ့အထင်မှတ်ဉာဏ်အပိုင်းအစကို အချိန်တခုအထိ မရှာဖွေဖို့ပဲ၊ ဒါကိုရှာတွေ့သွားရင် အဲဒီလူတွေရဲ့အာရုံကို ထပ်ပြီးဆွဲဆောင်မိသွားလိမ့်မယ်"
"ပြီးတော့မင်းရဲ့လက်ရှိခွန်အားနဲ့ဆိုရင်...."
ထိုနေရာတွင် ကျေးရွာခေါင်းဆောင်က ခေါင်းခါယမ်းကာပြုံးသည်။
"ဒါပေမယ့် ငါဒီလိုပြောမယ်ဆိုရင်တောင် မင်းသေချာပေါက်သွားမှာပဲ"
ရှောင်ဟိုင် သူ့မှတ်ဉာဏ်များကိုဆုံးရှုံးလိုက်ရသော်လည်း သူ့စရိုက်ကမူ အလွယ်တကူမပြောင်းလဲပါ။
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ဒီလိုဆိုမှတော့ ယွမ်ချောင်ကမင်းနဲ့အတူ လိုက်ပေးလိမ့်မယ်"
"ကောင်းပါပြီ"
ရှောင်ဟိုင်ပြောသည်။
"ကျုပ်မသွားသေးခင် အစ်ကိုယွမ်ချောင်နဲ့ နောက်တကြိမ်တိုက်ခိုက်ချင်သေးတယ်"
"ဒီရက်တွေမှာ ကျုပ်ဘယ်လောက်အထိ တိုးတက်လာသလဲဆိုတာကြည့်ကြတာပေါ့"
ယွမ်ချောင်၏ခွန်အားက မြေအင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့်နှင့် ယှဉ်၍ရသည်။
ယွမ်ချောင်ပြုံးလိုက်သည်။
"ဒီကိစ္စမှာ ငါမင်းနဲ့အတူဆောင်ရွက်ပါမယ်"
နတ်ဆိုးသခင်ဘယ်လောက်အထိ တိုးတက်လာသလဲဆိုတာ သူလည်းမြင်ချင်ပါသည်။
ရှောင်ဟိုင် မျောက်ဝံနတ်ဆိုးပိုင်နက်ကို ပထမဆုံးအကြိမ်လာတုန်းက နှစ်ယောက်စလုံး ပြိုင်ကွင်း၌ တကြိမ်တိုက်ခိုက်ဖူးသည်။
ထိုအချိန်က ရှောင်ဟိုင်တွင် ပြန်ခုခံရန်အတွက်ပင်နေရာမရှိ။
အခုဘာဖြစ်လာမလဲဆိုတာ သူမသိပါ။
နှစ်ယောက်စလုံးက အင်မော်တယ်မျောက်ဝံစင်မြင့်ပေါ်သို့ရောက်လာကြသည်။
ဒီသတင်းက အင်မော်တယ်မျောက်ဝံကျေးရွာတခုလုံးအတွင်း အလျင်အမြန်ပင် ပျံ့သွားသည်။
ပြင်ပတွင်အမဲလိုက်နေကြသလို ရေတံခွန်အောက်တွင် ကျင့်ကြံနေကြသည့် ရွာသားတိုင်းက ထိုအသံကြောင့် အကုန်လုံးရောက်လာကြသည်။
နတ်ဆိုးသခင်၏ခွန်အားက ဘယ်အဆင့်အထိ တိုးတက်လာခဲ့သလဲဆိုတာကို သူတို့လည်းမြင်ချင်ကြသည်။
ယွမ်ချောင်ပြုံးသည်။
"နတ်ဆိုးအရှင်၊ ဂရုစိုက်နော်၊ ဒီတကြိမ်ငါထိန်ချန်ထားမှာမဟုတ်ဘူး"
သူတို့က အင်မော်တယ်မျောက်ဝံစင်မြင့်ပေါ်သို့ရောက်လာကြ၏။
ရှောင်ဟိုင်၏အပြစ်ကင်းစင်ရိုးသားသော အမူအရာကချက်ချင်းပြောင်းလဲသွားပြီး သူ့ကိုယ်ခန္ဓာကအနည်းငယ် ကိုင်းညွတ်သွားကာ သူ့မျက်လုံးများက မောက်မာသည့်အရိပ်အယောင်တခုဖြင့် ပြည့်နှက်သွားသည်။
တိုက်ပွဲဆန္ဒများက မရပ်မနားထွက်ပေါ်လာကြသည်။
သူပြုံးလိုက်သည်။
"ဒီလိုဖြစ်သင့်တာပေါ့"
တိုက်ပွဲထဲကရှောင်ဟိုင်နှင့် တိုက်ပွဲအတွင်းမဟုတ်သည့်ရှောင်ဟိုင်တို့က လုံး၀ကွဲပြားသည်။
လူတိုင်း၏သိလိုသည့်အကြည့်များအောက်တွင် ရှောင်ဟိုင် ကြမ်းပြင်ကိုပြင်းထန်စွာဆောင့်ရင်း ယွမ်ချောင်ထံပစ်၀င်သွား၏။
ရှောင်ဟိုင်၏ပုံရိပ်က အမြောက်ဆန်တခုပမာဖြစ်နေလေရာ အနှီမျက်စိဖြင့် မြင်နိုင်ရန်ခက်ခဲသည်။
ဖြတ်သန်းသွားသည့်နေရာတိုင်း၌ သူတို့ကလေဟာနယ်ပုံပျက်မှုများကိုသာ ဝေဝါးဝါးမြင်ရသည်။
မျက်စိတမှိတ်အတွင်းမှာပင် ရှောင်ဟိုင် ယွမ်ချောင်ရှေ့တွင်ပေါ်လာပြီး နတ်ဆိုးချီမပါသလို ထာ၀ရနတ်ဆိုးခန္ဓာကိုလည်းမသုံးဘဲ လက်သီးတချက်ပစ်ခွင်းလိုက်သည်။
သူ့တွင်ရှိသည့်အရာအားလုံးက သန့်စင်သည့်ရုပ်ခွန်အားတခုတည်းသာ။
ယွမ်ချောင်လည်းအလားတူပင်ဖြစ်သည်။ သူနှင့်ပတ်သက်ပြီးဘာမှထူးခြားတာမရှိပါ။
ဒါကသွေးနှင့်အသားကြားက ထိပ်တိုက်ရင်ဆိုင်မှုတခုပေတည်း။
သူပြန်လည်မထိန်ချန်ထားဘူးဟုပြောခဲ့လေရာ ဒါကိုမြင်သည်နှင့် ယွမ်ချောင်ကလည်း ထိုးနှက်လိုက်လေသည်။
လက်သီးနှစ်ခုက လေထဲတွင်တွေ့ဆုံသွားကြပြီး ရုတ်ချည်းဆိုသလို လေလှိုင်းများက ပေါက်ကွဲသွားကြ၏။
လေဟာနယ်က တုန်ခါသွားသည်။
အသံလှိုင်းများစွာက မိုးကြိုးအလား ပဲ့တင်ထပ်နေသည်။
အပိုင်း(608) coming။