← Chapters

#ရူးသွပ်မှု#

Vol. 43 Ch. 608

#ရူးသွပ်မှု#

Vol. 43 Ch. 608

နှစ်ဦးသားကြားက ထိပ်တိုက်ရင်ဆိုင်မှုက တွေးတောနိုင်လောက်သည့်တိုးတက်မှုများရှိမနေပေ။

ဝိဉာဉ်ချီတိုးပွားလာခြင်းလည်းမရှိဘဲ ဒါက ကိုယ်ခန္ဓာနှင့် ရုပ်ခန္ဓာကြားက ထိပ်တိုက်တွေ့ဆုံမှုသာ။

ပြောရမည်ဆိုပါက ကိုယ်ခန္ဓာကျင့်ကြံသူနှစ်ဦးကြားက စစ်မှန်သောထိပ်တိုက်ရင်ဆိုင်မှုပေတည်း။

မျောက်ဝံနတ်ဆိုးများဖြစ်စေ၊ ရှောင်ဟိုင်ဖြစ်စေ တိုက်ပွဲထဲတွင် စိတ်လှုပ်ရှားမှုက ပို၍ပင်တိုးလာပြီး သူတို့က အတော်လေး စိတ်လှုပ်ရှားနေကြပုံရသည်။

အင်မော်တယ်မျောက်ဝံစင်မြင့်အောက်က ကျေးရွာသားများကလည်း ဒါကိုမြင်နေရသဘ်။

နှစ်ဦးသား၏မျက်နှာ၌ ရူးသွပ်သည့်အပြုံးကိုယ်စီရှိနေငြသည်။

ထိုအခိုက်အတန့်၌ အင်မော်တယ်မျောက်ဝံစင်ထဲတွင် မျက်စိတစ်မှတ်အတွင်းမှာပင် ရှောင်ဟိုင် ယွမ်ချောင်ရှေ့သို့ရောက်သွားပြီဖြစ်ကာ ထိုးနှက်လိုက်သည်။

ဒါက လေဟာနယ်ကိုထိုးဖောက်ရင်း ယွမ်ချောင်ထံပစ်၀င်သွား၏။

ယွမ်ချောင်ရယ်မောလိုက်ပြီး ရှောင်လွှဲမနေသလို ပြန်လည်ထိန်းချုပ်ထားခြင်းလည်းမရှိဘဲ ရှောင်ဟိုင်ဆီသို့ လက်သီးတချက်ပြန်ထိုးလိုက်သည်။

လက်သီးနှစ်ခုတိုက်မိသောအခါ လေဟာနယ်ကပေါက်ကွဲသွား၏။ လက်သီးထဲတွင် မိုးကြိုးသံများပါပါ၀င်နေသည်။

သို့စေကာမူ ယွမ်ချောင်က မြေအင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့်ဖြစ်ပြီး လက်ရှိရှောင်ဟိုင်က ဘာပဲဖြစ်ဖြစ် သူ့ကို မရင်ဆိုင်နိုင်ပါ။

မျှော်လင့်ထားသည့်အတိုင်းပင် သူလွင့်စင်သွားရသည်။

သို့သော်ယခုတကြိမ်တွင် ရှောင်ဟိုင် သူ့ကိုယ်သူ အင်မော်တယ်မျောက်ဝံစင်အစွန်း၌ အောင်မြင်စွာရပ်နိုင်ခဲ့သည်။

သူမလွင့်စင်သွားခဲ့ပေ။ တချိန်တည်းမှာပင် အော်ဟစ်ကာ ကြမ်းပြင်အားဆောင့်လိုက်သည်။

အင်မော်တယ်မျောက်ဝံစင်တခုလုံးတွင် ထိုအခိုက်အတန့်၌ မြေပြိုမှုတခုဖြစ်လာသည့်အလား အပြင်းအထန်တုန်ခါသွားသည်။

နောက်ကန်အား၏အကူအညီနှင့်အတူ သူယွမ်ချောင်ထံ ဆက်လက်ပြေး၀င်သွား၏။

ယွမ်ချောင်ပျော်ရွှင်စွာအော်ဟစ်သည်။

ရှောင်ဟိုင်ပြေး၀င်လာသည့်အချိန်တွင် သူလက်မောင်းကို ဆွဲသိမ်းရင်း ဒူးကို အနည်းငယ်ကွေးလိုက်စဉ် ခွန်အားက ခြေထောက်များကနေ တကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ထို့နောက် ရှောင်ဟိုင်အားရိုက်ချရန်အတွက် ပခုံးကိုသုံးလိုက်သည်။

အောက်ကလူများကဒါကိုမြင်သောအခါ စိုးရိမ်ပူပန်သွားကြ၏။

"အစ်ကိုယွမ်ချောင်၊ ခင်ဗျားမထိန်ချန်ထားတော့ဘူးလား၊ ဒါကအရမ်းမများလွန်းဘူးလား"

"အစ်ကိုယွမ်ချောင်ရဲ့ခွန်အားနဲ့ဆိုရင် သူအပြင်းအထန်ဒဏ်ရာရသွားလိမ့်....."

ထိုစေကာမူ ထိုကန့်ကွက်ချက်များထွက်လာစဉ်.....

"နတ်ဆိုးသခင်ရဲ့ဂုဏ်ယူမှုက တခြားတဘက်ကို ထိန်ချန်ထားခွင့်မပေးဘူး၊ ဒါ့အပြင် ဒီလိုအခြေအ‌နေမျိုးမှာပဲ ကျုပ်ရဲ့ စွမ်းဆောင်ရည်ကို ပိုကောင်းကောင်းအသုံးချနိုင်မှာ" ရှောင်ဟိုင်အော်ဟစ်ရင်း နတ်ဆိုးစွမ်းအားက ထိုးထွက်လာသည်။

သူကနတ်ဆိုးစွမ်းအားကို တမင်တကာဖိနှိပ်ထားသော်လည်း အမှတ်မဲ့ နည်းနည်းလေးဖော်ပြမိလိုက်သည်။

သို့စေကာမူ ဒါက ယွန်ချောင်၏သွေးကြောကိုဖိနှိပ်ရန်လုံလောက်နေပါပြီ။

ယွန်ချောင်အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူ့ရုပ်ခွန်အား၏ စွမ်းအားက အနည်းငယ်ကျဆင်းလာသော်လည်း နတ်ဆိုးစွမ်းအားရှင် ရှောင်ဟိုင်အား တိုက်ခိုက်နေဆဲပင်။

ရှောင်ဟိုင်၏လက်သီးချက်က ယွမ်ချောင်ပခုံးပေါ်ကျရောက်လာသည်။

ထိုစဉ် သူ ဖျက်ဆီး၍မရနိုင်သည့်ဒိုင်းတခုကို ထိုးမိသွားသည့်ပမာခံစားလိုက်ရသည်။ တဘက်လူက လုံး၀မယိမ်းယိုင်ခဲ့ပေ။

တချိန်တည်းမှာပင် ရှောင်ဟိုင်ပင်မခုခံနိုင်သည့် အင်အားကြီးစွမ်းအားတခုက ပခုံးကနေ ထွက်လာပြီး သူ့အားလွင့်စင်သွားစေပြန်သည်။

‌လတ်ဆတ်သည့်သွေးများက လေထဲတွင်ပက်ဖြန်းသွား၏။

ရှောင်ဟိုင်၏မျက်လုံးများက တဖြည်းဖြည်းသွေးရောင်လွှမ်းလာသည်။

သူလေထဲတွင် အတင်းအားသုံးရပ်ပြီး ကြီးမားသည့်သားရဲတကောင်အလား ဟိန်းကာ ခြေအစုံကိုကွေးရင်း ရုတ်တရက် ပစ်၀င်သွား၏။

သူလေဟာနယ်အား ပြင်းထန်စွာတက်နင်းမိစဉ် လှိုင်းများပင်ပေါ်လာခဲ့သည်။

ရှောင်ဟိုင်က လှောင်အိမ်ထဲကနေ လွတ်မြောက်လာသည့်သားရဲရိုင်းတကောင်အလား။ သူဧရာမအားတခုကို ထုတ်လွှတ်ရင်း နတ်ဆိုးများ၊ နတ်ဘုရားများကို မကြောက်ရန်ပင် ဆုံးဖြတ်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူယွမ်ချောင်ရှေ့တွင်ပေါ်လာပြီး ယွမ်ချောင်ပခုံးအား လက်နှစ်ဖက်နှင့်ဖမ်းကိုင်လိုက်၏။

နတ်ဆိုးစွမ်းအားကြောင့် ယွမ်ချောင် တုန်ယင်သွားပြီး အသိစိတ်ကိုဆုံးရှုံးလိုက်ရကာ ရှောင်ဟိုင်၏ ပခုံးကနေ ကိုင်လျက် အင်မော်တယ်မျောက်ဝံစင်မြင့်ပေါ်သို့ ပစ်ချခံရသည်။

သို့စေကာမူ ဒါကမရပ်သေး။

ရှောင်ဟိုင်ဒေါသတကြီးဟိန်းသည်။ သူ့လက်မောင်းပေါ်၌ သွေးကြောများက ထိုးထွက်လာပြီး တီရောင်များပမာ ကြွက်သားများပေါ်၌ တွားတွားသွားနေသည်။

သူ ယွမ်ချောင်အား ခေါင်းပေါ်မြောက်လျက် အောက်သို့ပစ်ချလိုက်သည်။

တချိန်တည်းမှာပင် ရှောင်ဟိုင်၏ဒူးကလည်း ယွမ်ချောင်နောက်ကနေ အပေါ်သို့ ပစ်၀င်လာသည်။

ဒါကိုမြင်သောအခါ ယွမ်ချောင် နောက်ကနေ လက်ကိုဆန့်ကာ ရှောင်ဟိုင်၏ ဒူးကို ဖမ်းကိုင်လိုက်၏။

ထို့နောက် ရှောင်ဟိုင်၏ဘယ်ဘက်ပခုံးပေါ်၌ ကန်ကျောက်သံတစ်သံပေါ်လာသည်။

ခရက်ခ်......ခရက်ခ်.....!

အရိုးကျိုးသံများက ဆက်တိုက်မြည်ဟီးလာသည်။

ရှောင်ဟိုင်၏အမူအရာကချက်ချင်းပြောင်းလဲသွား၏။ သို့စေကာမူ နတ်ဆိုးသခင်အဖြစ် သူ့၏အားကောင်းသောစိတ်စွမ်းအားနှင့် ဂုဏ်ယူမှုက နာကျင်မှုကြောင့် အော်ဟစ်ခြင်းကနေ တားဆီးနေသည်။

သူနာကျင်ဖွယ်ရာမအော်ဟစ်နိုင်သေးခင်မှာပင် လွင့်စင်သွားရပြန်သည်။

ယွမ်ချောင်၏ကိုယ်က ထိုအခိုက်အတန့်၌ မျောက်ဝံတကောင်လိုဖျတ်လတ်နေသည်။ လက်အစုံကိုမြေပေါ်ထောက်ရင်း သူရှောင်ဟိုင်နောက်မှ လိုက်သွားသည်။

ရှောင်ဟိုင်နောက်သို့လွင့်စင်သွားစဉ် သူက ရှောင်ဟိုင်ကိုယ်ရှေ့တွင်ပေါ်လာပြီး တုံ့ဆိုင်းမနေဘဲ တချိန်တည်းတွင် လက်သီးတချက် ပစ်ထည့်လိုက်လေရာ ရှောင်ဟိုင်၏ ရင်ဘတ်အား ထိမှန်သွားသည်။

ရှောင်ဟိုင်၏မျက်နှာက မကျန်းမမာပုံအနီရောင်အသွင်ပြောင်းသွားပြီး သူ့မျက်လုံးများကပြူးကျယ်ကာ မျက်သူငယ်အိမ်များကကျုံ့သွားပြီး သွေးတစ်လုပ်အန်လိုက်ရသည်။

သူကိုယ်ခန္ဓာကိုလှည့်လိုက်ပြီး အင်မော်တယ်မျောက်ဝံစင်မြင့်အား ၀င်တိုက်လိုက်၏။

ဂျုန်း.......!

အင်မော်တယ်မျောက်ဝံစင်က ထိုအချိန်တွင် ပျက်စီးသွားပြီး ရှောင်ဟိုင်ဆင်းသက်ရာနေရာက်ု ဗဟိုအဖြစ်ထားရင်း နေရာတိုင်းတွင်ပြိုကျလာကာ အက်ကြောင်းများက နေရာတိုင်းတွင်ပေါ်လာသည်။

လူတိုင်းဒါကိုမြင်သောအခါ စိုးရိမ်ပူပန်သွားကြ၏။

"မြန်မြန်၊ သူ့ကိုကယ်ကြ"

"သူတကယ်ပဲထိန်ချန်မထားဘူးဘဲ၊ ဒီလိုခွန်အားကွာဟချက်နဲ့ တခုခုဖြစ်ပျက်လာခဲ့ရင် ဘာလုပ်မလဲ"

တစ်ယောက်ယောက်ကစကားပြောပြီးသည်နှင့်တပြိုင်နက် ပြေးသွားချင်သော်လည်း ကျေးရွာခေါင်းဆောင်က အော်ဟစ်လိုက်သည်။

"ရပ်လိုက်"

"စိတ်မြန်လက်မြန်မလုပ်နဲ့"

စိတ်မြန်လက်မြန်လား!

သူကသေတော့မှာလေ!

ထိုအချိန်တွင် စိတ်ဖီးစီးမှုမှတဆင့် အနက်ရောင်မျဉ်းတကြောင်းထွက်လာပြီး ရှောင်ဟိုင်၏ပုံရိပ်ကပစ်၀င်လာသည်။

သူ့ကိုယ်ထဲတွင် လိုင်းငါးကြောင်းက တချိန်တည်းတွင် တောက်ပလာသည်။

ထာ၀ရနတ်ဆိုးခန္ဓာ!

ဒါကရှောင်ဟိုင်သုံးချင်ခြင်းမဟုတ်ဘဲ မသိစိတ်ကနေ အလိုလိုပေါ်လာခြင်းပင်။

သူ့ရုပ်ခန္ဓာ၏အော်ရာက ချက်ချင်းပင် ထိုးတက်လာသည်။

ဒါကိုမြင်သောအခါ ယွမ်ချောင်ရယ်မောလိုက်သည်။

"အရမ်းကောင်းတယ်"

ထို့နောက်သူရှောင်ဟိုင်ထံ ထပ်မံပစ်၀င်သွားပြန်သည်။

လက်သီးချက်များနှင့်ကန်ချက်များက အဆက်မပြတ်တိုက်နေသည်။

စင်မြင့်က မရပ်မနားတုန်ခါနေသည်။

တကြိမ်ပြီးတကြိမ် ပတ်၀န်းကျင်လေဟာနယ်ကနေ တုန်ခါမှုများထွက်လာတတ်သည်။

ရှောင်ဟိုင်အဆက်မပြတ်လွင့်စင်နေပြီး ထိပ်တိုက်တွေ့ဆုံသည့်အကြိမ်တိုင်း သွေးအန်နေရသည်။

သို့စေကာမူ ရှောင်ဟိုင်၏ တိုက်ခိုက်ရေးစိတ်ဓာတ်က သွေးများဖြင့်ဖုံးလွှမ်းနေသည့်တိုင် ပို၍ပို၍ပင်အားကောင်းလာသည်။

သူ့သွေးချီနှင့်ရုပ်ခွန်အားက လုံး၀အားနည်းမသွားဘဲ ယင်းအစား ပို၍ပင် ရဲရင့်လာကြ၏။

အရင်က အဆင့်မြင့်ကြယ်နယ်မြေတွင် လူတချို့က နတ်ဆိုးနယ်မြေတဖြစ်လဲ ငရဲနယ်မြေကို မှတ်ချက်ပေးကြသည်။

သူတို့က ငရဲနယ်မြေကို ရန်စသည်ထက် ကောင်းကင်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းကိုသာရန်စချင်သည်။

အကြောင်းရင်းက ငရဲနယ်မြေတခုလုံးက တိုက်ပွဲရူးများဖြင့်ပြည့်နှက်နေသောကြောင့်ပင်။

ဒီနယ်မြေသခင်ကလည်း စိတ္တဇတယောက်ပင်။

ကောင်းကင်သခင်အဆင့်ဂိုဏ်းများပင်လျှင် သူတို့ကိုအလွယ်တကူရန်မစရဲပေ။

လူတိုင်းကတနေ့နှင့်တညစောင့်ကြည့်နေပြီးနောက် နောက်ဆုံးတွင် ရှောင်ဟိုင် ပျက်စီးနေသည့်အင်မော်တယ်မျောက်ဝံစင်တွင် လဲရင်း အဆုံးသတ်သွားသည်။

ရှောင်ဟိုင်ကိုယ်မှ မရေမတွက်နိုင်လောက်သောအရိုးများက ကျိုးသွားခဲ့သည်။

သူ့ကိုယ်ခန္ဓာ၌ အကောင်းပကတိကျန်နေသောအစိတ်အပိုင်းဟူ၍ တခုမှမကျန်တော့ဟုဆို၍ရသည်။

လူတိုင်း ယွန်ချောင်အားကြည့်လိုက်ကြစဉ် သူတို့အနည်းငယ်ကြက်သေသေသွားကြ၏။

အဘယ်ကြောင့်ဆိုသော် ယွမ်ချောင်၏ အော်ရာကမတည်မငြိမ်ဖြစ်နေပြီး တချိန်တည်းမှာပင် သူဒဏ်ရာရသွားသောကြောင့်ပင်။

ယွမ်ချောင်က မြေအင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့်တစ်ဦးဖြစ်သည်။

ရှောင်ဟိုင်ကရော!

သူကသွေးပြောင်းလဲခြင်းနယ်ပယ်ကလူများကိုသာ ရင်ဆိုင်တိုက်ခိုက်နိုင်သည်။

ကြားထဲတွင် နယ်ပယ်ဘယ်နှစ်ခုများပင်ရှိလေသနည်း။

သို့စေကာမူ သူကယွမ်ချောင်ကို တနေ့လုံးတိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရအောင်ပင် လုပ်ပစ်ခဲ့သည်။

ဒါဘယ်လိုပါရမီမျိုးလဲ!

ကျေးရွာခေါင်းဆောင်လက်ဝှေ့ယမ်းသောအခါ ကြွယ်၀သည့်သွေးချီများထွက်လာသည်။

ဒါက အမျိုးမျိုးသောမြေအင်မော်တယ်မှော်သားရဲများနှင့် ကောင်းကင်အင်မော်တယ်နယ်ပယ်မှော်သားရဲများအပါအ၀င် သဘာ၀ရတနာများစွာတို့၏ သွေးအဆီအနှစ်မှ သန့်စင်ထားခြင်းဖြစ်သည်။

ထို့နောက် ရှောင်ဟိုင်တကိုယ်လုံးကိုဖုံးလွှမ်းကာ သူ့ခန္ဓာကိုအဆက်မပြတ်ပြုပြင်မွမ်းမံပေးနေပြီး ပိုကောင်းအောင်လုပ်ပေးနေသည်။

တခြားတဘက်တွင် ထာ၀ရသက်တမ်းနယ်မြေ၌ လုချန်ရှန်းက မိုးမခပင်ဘေးတွင် တစ်လခန့်ထိုင်နေခဲ့သည်။

လွန်ခဲ့သည့်လက သူအတော်လေးကောင်းမွန်သည့်အားသာချက်များကို အနှစ်ချုပ်ခဲ့သည်။ ယခုတွင်မူ သူ့တွင် စိတ်ကူးတချို့ရှိလာလေပြီ။

အပိုင်း(609) coming။

All Chapters