#တိမ်ပြာဓားသခင်ပြန်ပေါ်လာခြင်း#
Vol. 43 Ch. 609
ဒါတွေရဲ့ရုပ်ခွန်အားကိုဖယ်ထားဦး၊ အားလုံးက အဆင့်မြင့်ခန္ဓာကျင့်စဉ်များဖြစ်သည်။
ဒီလိုဆိုငါဘယ်အရာမှာပိုကောင်းလဲ!
လုချန်ရှန်းကောက်ချက်ချသည်။
ဓားတာအို၊ လှံတာအို၊ ပြန်လည်မွေးဖွားခြင်းတာအို၊ ကောင်းကင်ဘုံမိုးကြိုးတာအို၊ သေခြင်းရှင်ခြင်းတာအို၊ လေဟာနယ်တာအို......!
အမ်.....!
လုချန်ရှန်း ဒီသုံးသပ်ချက်ကိုချရသောအခါ ခေါင်းကိုက်သလိုပင်ခံစားလာရသည်။
အရင်ကငါဘာမှမသိသလိုအမြဲခံစားရတာလေ!
အခုမှဘာလို့အားလုံးကိုသိနေသလိုခံစားနေရတာလဲ!
သို့တိုင်အောင် သူက နိယာမစွမ်းအားအတော်များများကို ကျွမ်းကျင်ချင်ပြီး အားလုံးကို ကျင့်ကြံခြင်းနည်းစနစ်တခုအဖြစ် ပေါင်းစပ်ကာ အစွမ်းထက်သဟဇာတဖြစ်မှုတခုကို ပေါင်းထည့်နိုင်သည့် ထိုကျင့်ကြံခြင်းနည်းစနစ်များအား ဖန်တီးချင်သည်။
ယခုလိုကျင့်ကြံခြင်းနည်းစနစ်များက အတော်လေးအခြေခံကျသည်။
သူအရူးအမူးလုပ်နေစရာမလိုပေ။ ကန့်သတ်ချက်များစွာမရှိဘဲ မည်သူမဆို ကျင့်ကြံနိုင်သည်။
သို့စေကာမူ ၎င်း၏မြင့်မားသောသည်းခံနိုင်မှုကြောင့် နိယာမစွမ်းအားအများအပြား သိူ့မဟုတ် ကျင့်ကြံခြင်းနည်းစနစ်မျိုးစုံကို ကျင့်ကြံနိုင်သည့် လုချန်ရှန်းကဲ့သို့လူမျိုးကသာလျှင် ထိုကဲ့သို့သော ကျင့်ကြံခြင်းနည်းစနစ်မျိုး၏ အဆုံးစွန်သောစွမ်းအားကို ထုတ်လွှတ်နိုင်ပေလိမ့်မည်။
ဒီလိုမျိုးကျင့်ကြံခြင်းနည်းစနစ်၏ အောက်ခြေအကန့်အသတ်က အတော်လေးနိမ့်သည်ဟုဆို၍ရပြီး တချိန်တည်းမှာပင် အမြင့်ဆုံးကန့်သတ်ချက်က အတော်လေးမြင့်မားသည်။
မည်သူမဆိုကျင့်ကြံနိုင်သည်။
သို့စေကာမူ လုချန်ရှန်းက ထိုအဆင့်ကိုရောက်နိုင်သည့်တစ်ဦးတည်းသောသူဖြစ်လောက်သည်။
မည်သို့ပင်ဆိုစေကာမူ ဒီအချက်များက သီးခြားစီဖြစ်သည်။
ဒါကိုတွေးမိသောအခါ လုချန်ရှန်းကိုယ်ပိုင်ဖန်တီးမှုကို စတင်လိုက်သည်။
သူ့စိတ်ထဲတွင် ကမ္ဘာကြီး၏စည်းမျဉ်းများကို ဟန်ချက်ညီရန်အတွက်ကြိုးစားရင်း ပြန်လည်စီစဉ်နေသည်။
ဒါက ပုလင်းတလုံးထဲတွင် မီးလုံးတလုံးနှင့်ရေများကိုထည့်သလိုပင်။
ဒါက မီးကိုငြိမ်းသတ်သည့်ရေ သို့မဟုတ် မရည်ပျော်နေသည့်ရေနှင့်တူသည်။
သို့စေကာမူ ဒါက မီးကိုထုတ်လုပ်ပေးမည့်ရေအဖြစ် ပြောင်းလဲသွားတာနှင့် ရေကို မီးထဲတွင် ထုတ်လုပ်ပေးလာပေလိမ့်မည်။
ဒီအခြေအနေက အောင်မြင်မှုကို ကိုယ်စားပြုခြင်းပင်။
ဒါကရှည်လျားသည့်လုပ်ငန်းစဉ်တခုဖြစ်လေရာ လုချန်ရှန်းသူ့ကိုယ်သူအချိန်သုံးလပေးလိုက်သည်။
အကယ်၍တခြားသူများသာ လုချန်ရှန်းတွေးတောနေတာကိုသိမည်ဆိုပါက သေချာပေါက် မြေကြီးနှင့် ခေါင်းဆောင့်ကာ သတ်သေသွားကြလောက်သည်။
တခြားသူများကမူ သူတို့လမ်းတလျှောက်၌ ရထားသည့်နာလည်မှုများဖြင့် ကိုယ်ပိုင်ကျင့်ကြံခြင်းနည်းစနစ်များကိုဖန်တီးရန်အတွက် သူတို့ဘ၀အများစုကို အသုံးပြုကြသည်။
ထို့ကြောင့် လက်ကျန်ဘ၀ကို အပြစ်အနာအဆာများကိုရှာကာ ပြီးပြည့်စုံအောင်လုပ်ရာ၌ ကုန်ဆုံးကြပေလိမ့်မည်။
အဆုံးသတ်တွင် အောင်မြင်ရန်အတွက် အခွင့်အလမ်းတခုရှိသည်။
သို့သော် အများစုက မပြည့်စုံသည့်ကျင့်ကြံခြင်းနည်းစနစ်များသာ။
လုချန်ရှန်းကရော!
ဒီလိုခက်ခဲတဲ့အဆင့်တခုရှိတဲ့ ကျင့်ကြံခြင်းနည်းစနစ်တခုကို ဖန်တီးဖို့အတွက် ကိုယ့်ကိုကိုယ် အချိန်သုံးလပဲပေးခဲ့တာလား!
ဒီသုံးလကအရမ်းကြာရှည်တယ်လို့ မင်းကိုယ်မင်းထင်နေတာလား!
မင်းကတကယ်ကိုလူသားမဆန်ဘူးဘဲ!
တခြားတဘက်တွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေ၊ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏လျှို့ဝှက်နယ်မြေ၌ ယဲ့ချိုးပိုင်နောက်ဆုံးရုပ်တုဆီသို့ လျှောက်သွားနေလေပြီ။
ယဲ့ချိုးပိုင်ကြယ်ကြွေဓားကိုကိုင်ပြီး ရှေ့သို့ပိုင်းချလိုက်ပြီးနောက် နောက်ဆုံး၌ စိတ်သက်သာရာရစွာသက်ပြင်းချရင်း ပြုံးလိုက်သည်။
"အချိန်များစွာကုန်ဆုံးပြီး နောက်ဆုံးတော့ ငါဒါကိုကျွမ်းကျင်သွားပြီ....."
ထိုအချိန်တွင် ခန်းမထဲက ရုပ်တုကိုးခုက မှိန်ဖျော့သည့်ဓားအလင်းတခုကို ထုတ်လွှတ်သည်။
ဓားရောင်ခြည်များက အလင်းတိုင်များအဖြစ်ပြောင်းလဲသွားကာ ယဲ့ချိုးပိုင်ဘယ်ဘက်က ခန်းမအလယ်၌စုစည်းလာသည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်လှည့်ကြည့်လိုက်သည်။ အလင်းတိုင်ထဲတွင် ပုံရိပ်ယောင်တခုက ဖြည်းဖြည်းချင်းပုံဖော်နေသည်။
ထိုပုံရိပ်ယောင်က ရုပ်တု၏ပိုရိပ်နှင့်မခြားနားပေ။ သူက သစ်သားဓားနှင့်တူသည့် ဓားတလက်ကိုကိုင်ထားပြီး အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားသည်။
ဒါကပုံရိပ်ယောင်တခုဖြစ်သည့်တိုင် ထိုတောက်ပသည့်မျက်လုံးများ၌ ထင်ဟပ်နေသည့်ဓားဆန္ဒကို ယဲ့ချိုးပိုင်မြင်နိုင်သည်။
ဒီဓားဆန္ဒကို သူ့၏ထူးကဲဓားတာအိုပင်လျှင် မယှဉ်နိုင်ပေ။
သို့စေကာမူ ထိုမျက်လုံးများကအနည်းငယ်ရင်းနှီးနေပုံရသည်။
ယဲ့ချိုးပိုင်အရမ်းကြီးမတွေးတောတော့ဘဲ လက်နှစ်ဖက်ဆုပ်လိုက်သည်။
"ဂျူနီယာယဲ့ချိုးပိုင်က စီနီယာကိုအရိုအသေပေးပါတယ်၊ စီနီယာရဲ့အမွေအနှစ်အတွက် ကျေးဇူးတင်ပါတယ်"
ပြောစရာပင်မလို။ ဒီပုံရိပ်ယောင်ပိုင်ရှင်က ကောင်းကင်ဘုံဓားတောင်ထိပ်ကိုထူထောင်သူပေတည်း။
ပုံရိပ်ယောက်၏မျက်နှာက အတော်လေးဝေဝါးနေသော်လည်း ၎င်း၏မျက်လုံးများကမူ အလွန်အမင်းကြည်လင်နေသည်။
သူ့၏အကြည့်က ယဲ့ချိုးပိုင်၏နှလုံးသားကိုပင်ထိုးထောက်မြင်မိုင်သည့်အလား ထက်ရှသည့်ဓားတစ်စင်းပမာ။
"မင်းဒီကိုလာပြီး ဒီခြေလှမ်းကိုလှမ်းနိုင်တယ်ဆိုတဲ့အချက်က မင်းမှာငါ့လိုမျိုး ရှေးဦးမူလခေးအောစ့်အနှစ်သာဓားခန္ဓာရှိတယ်လို့ဆိုလိုတာပဲ"
(ရှေးဦးမူလခေးအောစ့်ဓားခန္ဓာကို ခေးအောစ့်အနှစ်သာဓားခန္ဓာလို့လည်းခေါ်ပါတယ်)
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
မိုးမခပင်ပြောစကားအရ ခေးအောစ့်အနှစ်သာရဓားခန္ဓာက ဒီစကြာ၀ဠာထဲတွင် ဓားတာအိုကိုကျင့်ကြံရန် အသင့်တော်ဆုံးရုပ်ခန္ဓာဖြစ်သည်။
တချိန်တည်းမှာပင် ဒီလိုရုပ်ခန္ဓာမျိုးကို ပိုင်ဆိုင်သူအားလုံးက ဓားတာအိုဘုရင်များဖြစ်ကြသည်။
"မင်းငါ့ကိုမင်းဆရာအဖြစ် အသိအမှတ်ပြုချင်လား"
ဟင်းလင်းပြင်ပုံရိပ်ယောင်ကမေးသည်။
လုချန်ရှန်းအနည်းငယ်ကြက်သေသေသွားသော်လည်း နောက်အခိုက်အတန့်၌ သူပြုံးရင်းခေါင်းခါယမ်းကာ တွေးပင်မတွေးဘဲ ပြောလိုက်သည်။
"စီနီယာ၊ ကျွန်တော့်မှာဆရာတယောက်ရှိပြီးသားပါ"
"ဒီအမွေအနှစ်ကို စီနီယာကိုဆရာအဖြစ် ကိုးကွယ်ပြီးမှ လေ့ကျင့်နိုင်မယ်ဆိုရင် ကျွန်တော်နောက်တခါဘယ်တော့မှာ မသုံးတော့ပါဘူး"
"ပြီးတော့ ဒီနေရာကနေရထားတဲ့ အကျိုးအမြတ်တွေကို လုံး၀စွန့်လွှတ်ပစ်လိုက်ပါမယ်"
ယဲ့ချိုးပိုင်အတွက် လုချန်ရှန်းကို သူ့ဆရာအဖြစ်ခံယူခဲ့စဉ်ကတည်းက တခြားတယောက်ဆီသို့ပြောင်းရန်ဟူသည် မဖြစ်နိုင်တော့ပါ။
ပုံရိပ်ယောင်က ထိုစကားကိုကြားသောအခါ အံ့ဩသင့်ခြင်းလည်းမရှိသလို ဒေါသထွက်ခြင်းလည်းမရှိဘဲ တည်ငြိမ်စွာခေါင်းညိတ်သည်။
"အရမ်းကောင်းတယ်၊ ဓားသမားတွေက ဒီလိုစရိုက်မျိုးရှိဖို့လိုအပ်တယ်၊ တခုခုကို ဆုံးဖြတ်တဲ့အခါ ရှေ့တိုးပြီး ဘယ်တော့မှ မပြောင်းလဲရဘူး၊ ဒီလိုဆိုမှ ဓားရဲ့ထက်မြက်မှုကို ဆုံးရှုံးရမှာမဟုတ်တော့ဘူး"
"ဒီလိုဆိုရင်တောင် ငါမင်းကိုအတင်းမလုပ်ခိုင်းပါဘူး၊ မင်းအမွေအနှစ်ကိုရပြီးပြီဆိုမျှတာ့ ဒါကမင်းကံကြမ္မာပဲလေ"
"မင်းလက်ဆက်ကျင့်ကြံလို့ရတယ်၊ ဒါကမင်းနဲ့ငါ့ကြားကကံတရားပဲ"
ထို့နောက် ပုံရိပ်ယောင်က တခဏမျှစဉ်းစားပြီးနောက် ယဲ့ချိုးပိုင်၏မျက်ခုံးရှိရာသို့ လက်ညိုးထိုးလိုက်သည်။
သူ့ဝိဉာဉ်ကနေ သိပ်သည်းထားသည့်ဓားလေးတလက်က ယဲ့ချိုးပိုင်၏မျက်ခုံးကြား၌ ၀င်သွားသည်။
"ဒါက ငါ့စိတ်ဝိဉာဉ်အော်ရာအမျှင်စလေးတခုပဲ၊ အနာဂတ်မှာ မင်းရဲ့ခွန်အားက အဆင့်တခုကိုရောက်လာပြီး ပိုမြင့်တဲ့ကြယ်နယ်မြေကို ဦးတည်းတဲ့အချိန်မှာ ငါ့ကို ဒီနေရာမှာရှာလို့ရတယ်"
"ငါ့နာမည်ကတော့.....တိမ်ပြာဓားသခင်"
ထို့နောက်ပုံရိပ်ယောင်က ထိုနေရာ၌ပင် ပျောက်ကွယ်သွားသည်။
တိမ်ပြာဓားသခင်လား!
ယဲ့ချိုးပိုင်ခေါင်းခါယမ်းကာရယ်မောမိသည်။ ဒါကတကယ့်ကံကြမ္မာဖြစ်သည်။
သူတို့တွင် ခေးအောစ့်အနှစ်သာခန္ဓာရှိရုံသာမက သူတို့၏ခေါင်းစဉ်ကလည်းတူလွန်းသည်။
မည်သို့ပင်ဆိုစေကာမူ လူရိုင်းနယ်မြေ၌ ယဲ့ချိုးပိုင်တည်ထောင်ခဲ့သည့်ဂိုဏ်းက တိမ်ပြာဓားဂိုဏ်းဖြစ်သည်။ သူ့ကိုလည်း တိမ်ပြာဓားသူတော်စင်အဖြစ် လူသိများသည်။
ထို့နောက် ယဲ့ချိုးပိုင် တိမ်ပြာဓားသခင်ရှိရာဘက်သို့ထပ်မံဦးညွတ်ရင်း ခန်းမထဲကနေ ထွက်လာသည်။
ထိုအချိန်တွင် လျှို့ဝှက်နယ်မြေအပြင်တွင် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းချုပ် ဟောင်ကျန်းဟန်က လျှို့ဝှက်နယ်မြေအပြင်ဘက်တွင် စောင့်ကြပ်နေဆဲပင်။
ထိုအခိုက်အတန့်၌ ဟောင်ကျန်းဟန်ရုတ်တရက်မျက်လုံးများကိုဖွင့်ရင်း လျှို့ဝှက်နယ်မြေအပြင်ဘက်က ကျောက်ပြားကိုဖုံးထားသည့် အစိမ်းရောင်စပျစ်နွယ်ပင်များကို အံ့ဩသင့်တကြီး ကြည့်နေမိသည်။
အစိမ်းရောင်စပျစ်နွယ်များက အဆက်မပြတ်ပြုတ်ကျနေကြ၏။
ဒါကိုမြင်သောအခါ ဟောင်ကျန်းဟန်၏မျက်နှာက အံ့ဩမှုနှင့်အတူ တောက်ပလာခဲ့သည်။
ထိုအချိန်ကယဲ့ချိုးပိုင်ကိုသူပြောခဲ့သည်။
အကယ်၍မည်သူမှ အမွေအနှစ်ကိုမရနိုင်ပါက ဒီစပျစ်နွယ်များကိုဖယ်ရှားရန်ဟူသည် မဖြစ်နိုင်ပေ။
အမွေအနှစ်ကိုရယူခြင်းဖြင့်သာ ဒီစပျစ်နွယ်များကကျဆင်းလာမည်ဖြစ်သည်။
ယခုဒါကကျဆင်းသွားပြီဖြစ်လေရာ ယဲ့ချိုးပိုင်အောင်မြင်ခဲ့သည်ဟုဆိုလိုနေခြင်းပင်။
ဟောင်ကျန်းဟန်ပျော်နေစဉ်မှာပင် ယဲ့ချိုးပိုင်လျှို့ဝှက်နယ်မြေကနေ ထွက်လာသည်။
ဟောင်ကျန်းဟန်ချက်ချင်းရှေ့တိုးကာ ယဲ့ချိုးပိုင်၏ပခုံးကိုပုတ်ရင်း ရယ်မောလိုက်သည်။
"ကောင်းတယ်၊ ကောင်းလိုက်တဲ့ကလေး၊ မင်းတကယ်အောင်မြင်ခဲ့တာပဲ"
ယဲ့ချိုးပိုင်ပြုံးကာခေါင်းညိတ်သည်။
"ကျွန်တော်ကံကောင်းသွားတာပါ"
"ဘာလို့ဒီလောက်နှိမ့်ချနေတာလဲ"
ဟောင်ကျန်းဟန်ပြုံးလိုက်သည်။
"ကောင်းပြီ၊ ငါ့နောက်ကလိုက်ခဲ့၊ ငါမင်းကို ဘိုးဘေးရဲ့ဓားကိုပေးမယ်"
"ပြီးတော့ အခုအချိန်က ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတခုလုံးကို အသိပေးဖို့ အချိန်ကျပြီ"
"ငါတို့ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက နောက်ထပ်နှုတ်ဆိတ်နေမှာမဟုတ်တော့ဘူး"
အမွေအနှစ်ကိုရပြီးနောက် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက လူသိရှင်ကြားမနေဘဲနေ၍မရတော့ပါ။
ဟောင်ကျန်းဟန် ကောင်းကင်ဘုံဓားတောင်ထိပ်တပည့်များအား လှုံ့ဆော်ရန်အတွက် ဒီအကြောင်းကို လူတိုင်းအား ပြောပြရန် စီစဉ်ခဲ့သည်။
အပိုင်း(610) coming။