#ခေးအောစ့်အနှစ်သာရဓားကျင့်စဉ်#
Vol. 43 Ch. 611
အမွေအနှစ်ကို တခြားတယောက်ကရသွားခဲ့သည်။
ဒီသတင်းက ဗိုင်းရပ်စ်ကဲ့သို့ပင် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတခုလုံးအတွင်း အလွန်အမင်းကြောက်စရာကောင်းသည့်နှုန်းဖြင့် ပျံ့သွားသည်။
ဒါကကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းမှ ဘိုးဘေး၏အမွေအနှစ်ဖြစ်ကာ ယခုအချိန်အထိ မည်သူမှ မရယူနိုင်ခဲ့ကြပေ။
အတိတ်ကဂိုဏ်းချုပ်များကိုမဆိုထားနဲ့၊ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းမှ မည်သည့်ပါရမီရှင်ကမှ ဒဏ္ဍာရီလာအမွေအနှစ်ကို မရနိုင်ခဲ့ကြပါ။
အခုတော့ တခြားတယောက်က တကယ်ပဲ ဒါကိုရသွားတာလား!
ဒါက ကြီးမားသည့်အုတ်သောင်းအုတ်နင်းတခုကို ဖြစ်ပျက်သွားစေသည်။
"တယောက်ယောက်က တကယ်ပဲ ဘိုးဘေးအမွေအနှစ်ကိုရသွားတာလား"
"ဟုတ်တယ်၊ ဆရာပြောခဲ့တာကိုငါကြားခဲ့တယ်၊ သူကျင့်ကြံခြင်းနည်းစနစ်တခုကို လျှို့ဝှက်ဓားမျှော်စင်ရဲ့ရှစ်ထပ်မြောက်မှာ နားလည်အောင်လုပ်နေတုန်း ကိုးထပ်က တခုခုကို အာရုံခံမိခဲ့တယ်တဲ့"
"ကိုးထပ်မြောက်လား၊ ဘိုးဘေးဓားပေါ့၊ ဆိုလိုတာက အမွေအနှစ်က ပြီးသွားပြီပေါ့"
"ဘိုးဘေးအမွေအနှစ်ကိုရနိုင်တဲ့သူတွေကပဲ အဲဒီအင်မော်တယ်ဓားကို အမွေဆက်ခံနိုင်မှာလေ"
"ဘယ်လိုပဲဆိုဆို ဒီအမွေအနှစ်တွေကို ရနိုင်မယ့်အခြေအနေရပ်တွေက အရမ်းကြမ်းတမ်းတော့ ဒီအမွေအနှစ်ပစ္စည်းကလည်း သေချာပေါက်ရိုးရှင်းမှာမဟုတ်ဘူး"
ကောင်းကင်ဘုံဓားတောင်ထိပ်က တပည့်နှင့်အကြီးအကဲအားလုံးက အမွေအနှစ်ကို ရသွားသည့်သူက အတိအကျဘယ်သူများဖြစ်သလဲဆိုတာကို ဆွေးနွေးနေကြ၏။
အဲဒီလူကတကယ်ပဲဘယ်သူများလဲ!
နှစ်သောင်းကျော်ကြာ ဘယ်သူမှမရနိုင်ခဲ့တဲ့ အမွေအနှစ်ကိုရနိုင်ခဲ့တာလား!
တချိန်တည်းမှာပင် ဘိုးဘေး၏အမွေအနှစ်က ဘာများလဲဆိုတာ သူတို့သိချင်မိကြသည်။ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ လျှို့ဝှက်နယ်မြေ၌ ရုပ်တုကိုးခုသာရှိသည်။
ခေးအောစ့်အနှစ်သာရဓားခန္ဓာမရှိဘဲ ရုပ်တုများကိုအသက်သွင်းရန်ဟူသည်မဖြစ်နိုင်ပေ။ ရုပ်တုကိုးခုထဲတွင် ဘာဖွက်ထားသလဲဆိုတာကို မရေမတွက်နိုင်လောက်သည့်လူများက သိချင်ကြသည်။ လူတိုင်းသိချင်နေကြစဉ် ဂိုဏ်းချုပ်ဟောင်ကျန်းဟန်က ဂိုဏ်းရှိ တပည့်နှင့်အကြီးအကဲအားလုံးကို ပင်မတောင်ထိပ်တွင် စုစည်းစေသည်။
လူတိုင်းကပင်မတောင်ထိပ်သို့ပြေးလွှားနေကြ၏။
အမွေးတိုင်တစ်တိုင်စာအချိန်ခန့် မကြာသေးခင်မှာပင် သူတို့အားလုံးက စုစည်းနေကြပြီဖြစ်သည်။
ဟောင်ကျန်းဟန်လေထဲတွင်ရပ်နေပြီး တပည့်များအားလုံးရောက်လာတာကို မြင်သောအခါ လည်မြိုတချက်ရှင်းရင်း ရှင်းလင်းသည့်အသံဖြင့်ပြောသည်။
"အခုငါ့မှာ အရေးကြီးတဲ့ကြေငြာစရာတခုရှိတယ်"
အောက်ကတပည့်များက အသက်ရှူသံများကိုပင် ထိန်းသိမ်းရင်း ဂရုတစိုက်နားထောင်လိုက်ကြသည်။
"ဘိုးဘေးချန်ထားခဲ့တဲ့အမွေအနှစ်ဖြစ်ကို ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေကနေ နောက်ဆုံးတော့ ဒီနေ့ရယူသွားနိုင်ခဲ့ပါပြီ"
သူတို့ကဒီသတင်းကိုကြားပြီးကြပြီဖြစ်သော်လည်း ဂိုဏ်းချုပ်ကိုယ်တိုင်ပြောလာသောအခါတွင်မူ အံ့ဩသင့်သွားကြရသည်။
တပည့်တယောက်ကမေးသည်။
"ဂိုဏ်းချုပ်၊ အမွေအနှစ်ကဘာလဲ"
လူတိုင်းထိုမေးခွန်းကိုကြားသောအခါ ခေါင်းညိတ်လိုက်ကြသည်။
ဒါက သူတို့အသိချင်ဆုံးအရာပေတည်း။
ဟောင်းကျန်းဟန်ပြုံးသည်။
"အဲဒါကဓားကျင့်စဉ်တခုပဲ၊ ယဲ့ချိုးပိုင်ကို ငါ့အစား လက်တွေ့ပြခိုင်းလို့ရပါတယ်"
ထို့နောက် သူ့နောက်က ယဲ့ချိုးပိုင်အား လှည့်ကြည့်လိုက်သည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်ခေါင်းညိတ်ပြီး ရှေ့သို့လျှောက်လာကာ ဓားရိုးမရှိသည့် ကျောက်စိမ်းဓားတလက်ကို ထုတ်ယူလိုက်၏။
ကျောက်စိမ်းဓားအလင်းက ယဲ့ချိုးပိုင်အား လှည့်ပတ်နေပြီး ၎င်းကအလွန်အမင်းထက်ရှနေသည်။
တဝဲဝဲလည်နေသည့်ဓားအလင်းက အနီးကလေဟာနယ်ကို အချိန်တိုင်း ပိုင်းဖြတ်နေပုံရပြီး လေဟာနယ်အား မီးတောက်ပမာ လောင်ကျွမ်းစေပြီး လှိုင်းများပင်ထွက်လာစေသည်။
ဒါက ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားပေတည်း။
အကြီးအကဲအားလုံးက ဒီဒဏ္ဍာရီလာကောင်းကင်အင်မော်တယ်ဓားကို အရင်က မြင်ခဲ့ကြပြီးဖြစ်သည်။ ယဲ့ချိုးပိုင် ခေးအောစ့်အနှစ်သာရဓားကျင့်စဉ်ကို အသုံးပြုရန် ပြင်နေစဉ် တပည့်တယောက်က ရှေ့တက်ကာ ရှင်းလင်းသည့်အသံဖြင့်မေးသည်။
"အစ်ကိုယဲ့၊ လက်တွေ့ပြရုံနဲ့ ဒီဓားရဲ့နက်ရှိုင်းမှုကို သိနိုင်မှာမဟုတ်ဘူး၊ ဘာလို့ ငါ့ကိုမင်းနဲ့အတူမစမ်းသပ်ခိုင်းရတာလဲ"
ထိုလူကိုမြင်သောအခါ လူတိုင်းအံ့ဩသင့်သွားကြ၏။
"အဲဒါ ကျွင်းကျိတုံပဲ"
"ဒုတိယအကြီးအကဲရဲ့ကိုယ်ပိုင်တပည့်ပါရမီနဲ့ခွန်အားက ဂိုဏ်းထဲမှာ ထိပ်တန်းအဆင့်ရှိတယ်"
"သူလွန်ခဲ့တဲ့တစ်နှစ်က အန္တိမဓားတာအိုနယ်ပယ်ကို ချိုးဖျက်ခဲ့တယ်လို့ငါကြားခဲ့တယ်၊ ဟုတ်တယ်မလား၊ သူ့ခွန်အားက အင်မော်တယ်တပိုင်းနယ်ပယ် တ၀က်အဆင့်ကိုတောင်ရောက်နေပြီ၊ ကျွင်းကျိတုံက ဂိုဏ်းချုပ်ရဲ့ကိုယ်ပိုင်တပည့်နဲ့ ပခုံးချင်းယှဉ်ရပ်နိုင်တဲ့ တည်ရှိမှုမျိုးပဲ"
ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်ပြုံးရင်းခေါင်းညိတ်သည်။
"သေချာတာပေါ့"
တိုက်ဆိုင်စွာပင် ယခုအချိန်၌ ခေးအောစ့်အနှစ်သာရဓားကျင့်စဉ်စွမ်းအားကို သူမည်မျှထိ ထုတ်လွှတ်နိုင်မလဲဆိုတာ ယဲ့ချိုးပိုင် သိချင်နေခြင်းပင်။
တစ်ယောက်ယောက်ကို သူ့ဓားအားစမ်းသပ်ရန်အတွက် ကူညီခိုင်းတာက မဖြစ်နိုက်တာတော့မဟုတ်။
ကျွင်းကျိတုံ ဓားပါးလေးတလက်ကို ထုတ်လိုက်၏။ ဓားပါးက အတော်လေးထက်ရှသည်။
သူက ကာကွယ်မှုကိုလုံး၀ပယ်ချကာ ထက်မြက်သည့်တိုက်ခိုက်မှုကို အဆုံးစွန်ထိ အသုံးပြုတော့မည့်အလားပင်။
ကျွင်းကျိတုံ၏ဓားက သန့်စင်သည့်သတ်ဖြတ်ခြင်းဓားတလက်ဟုဆို၍ရသည်။
ယခုလိုလူမျိုးက တကယ့်တိုက်ပွဲတွင် အမှန်တကယ်ပင်ပို၍ကြောက်ဖို့ကောင်းသည်။
သူတို့၏ တိုက်ပွဲခွန်အားက ပို၍ပင် အားကောင်းတတ်သည်။
"အစ်ကိုယဲ့၊ ကျေးဇူးပြုပြီး ငါ့ကိုအလင်းပြပေးပါဦး"
ကျွင်းကျိတုံ လက်ကောက်၀တ်ကို ညင်သာစွာမြှောက်ရင်း ယဲ့ချိုးပိုင်ဖြင့် ဓားပါးဖြင့် ညွှန်လိုက်သည်။
ဒီကိုယ်ဟန်အနေအထားက သူကကာကွယ်မှုကို လုံး၀စွန့်ပစ်ထားသည်ဟုဆိုနေခြင်းပင်။
သတ်ဖြတ်ခြင်းဆန္ဒနှင့်ဓားဆန္ဒက ထိုအခိုက်အတန့်၌ အမှန်တကယ်ပြီးပြည့်စုံစွာပေါင်းစပ်သွားကြပြီး မည်သည့်ညစ်ညမ်းမှုမှမပါရှိသည့် သတ်ဖြတ်ခြင်းဆန္ဒဓားတလက်အဖြစ်ပြောင်းလဲကာ ယဲ့ချိုးပိုင်ထံသို့ တိုး၀င်သွားသည်။
ဒီအလွန်အမင်းပြင်းထန်သည့်အထူးဓားဆန္ဒကို ယဲ့ချိုးပိုင်ခံစားမိသည်။
ယဲ့ချိုးပိုင်၏မျက်လုံးများကအေးစက်သွား၏။
တကယ်တမ်းတွင် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတွင် ပါရမီရှင်များစွာရှိသည်။
ကျွင်းကျိတုံက ယဲ့ချိုးပိုင်မြင်ခဲ့ဖူးသည့် လူငယ်မျိုးဆက်များအနက် အထူးချွန်ဆုံးလူတယောက်ပင်ဖြစ်လေသည်။
ယဲ့ချိုးပိုင်ခေါင်းညိတ်ရင်း ထိုကိုယ်ဟန်အနေအထားကို လက်ခံလိုက်၏။
ထိုအချိန်တွင် ကျွင်းကျိတုံ၏အမူအရာကလည်း နွေးထွေးသည့်အပြုံးကနေ သတ်ဖြတ်ခြင်းဆန္ဒများဖြင့် ပြည့်နှက်သွားလေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူထိုနေရာမှ ပျောက်ကွယ်သွားသည်။
လူတိုင်းတုံ့ပြန်ကြသည့်အချိန်တွင် ကျွင်းကျိတုံ၏ပုံရိပ်က ယဲ့ချိုးပိုင်နှင့်ခြေလှမ်းငါးလှမ်းပင်မဝေးသည့်နေရာ၌ ပေါ်ပေါက်လာခဲ့လေပြီ။
သူ့တံတောင်ဆစ်ကအနည်းငယ်ကွေးသွားပြီး လက်ထဲကဓားပါးဖြင့် ယဲ့ချိုးပိုင်ရှိရာသို့ ထိုးစိုက်ပစ်သည်။
အလွန်အမင်းသိပ်သည်းကာ ကြောက်စရာကောင်းသည့်ဓားဆန္ဒက ထိုအခိုက်အတန့်၌ ခရုပတ်တခုအဖြစ်ပြောင်းသွားပြီး ဟာရီကိန်းမုန်တိုင်းတခုကိုသယ်ဆောင်လာသလို လေဟာနယ်အား ထိုးဖောက်သွား၏။
ထို့နောက် ယဲ့ချိုးပိုင်၏မျက်နှာရှိရာသို့ ကြမ်းတမ်းစွာထိုးစိုက်သွားသည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်၏မျက်သူငယ်အိမ်များက အနည်းငယ်ကျုံ့သွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ တဘက်လူကို သူလျှောမတွက်ထားပေ။
သူ့လက်ထဲက ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားက အဖွင့်ရပ်တည်ချက်တခုကို ပြုလုပ်ပြီး ကျွင်းကျိတုံလက်ထဲက ဓားပါးကို ပိုင်းချလိုက်သည်။
ဓားချီက နဂါးတကောင်အဖြစ်ပြောင်းလဲသွားသလို နဂါးဟိန်းသံများကို ထုတ်လွှတ်လာသည်။
ဓားဆန္ဒကလှည့်ပတ်လာပြီး ကျွင်းကျိတုံနှင့်တိုက်မိသွားသည်။
ဒါကခေးအောစ့်အနှစ်သာရဓားကျင့်စဉ်လား!
လူတိုင်းဒါကိုမြင်သောအခါ အားလုံးက ဓားသမားများဖြစ်ကြသဖြင့် ဘိုးဘေးချန်ထားခဲ့သည့် ဒီဓားကျင့်စဉ်၏ တမူထူးခြားမှုကို မည်သို့မည်ပုံသတိမထားမိဘဲနေမည်နည်း။
သူတို့က တဘက်တည်းကိုသာမြင်နိုင်သော်လည်း ၎င်း၏နက်ရှိုင်းမှုကပင် သူတို့ကို တုန်လှုပ်သွားစေခဲ့သည်။
ကျွင်းကျိတုံ၏အမူအရာကပို၍ပင်အေးစက်လာပြီး သူ့လက်ထဲကဓားပါးက ထိုအချိန်၌ မြန်ဆန်သွားသည်။
ထို့နောက် ယဲ့ချိုးပိုင်အားထိုးရန်အတွက် လေကိုပင်အသုံးပြုကာ ပို၍မြန်ဆန်သည့်နှုန်းဖြင့် တိုက်ခိုက်သည်။
သတ်ဖြတ်ခြင်းဆန္ဒ၊ အန္တိမဓားဆန္ဒ၊ လေဆန္ဒ!
ထိုအခိုက်အတန့်၌ အားလုံးက ပြီးပြည့်စုံစွာပေါင်းစပ်သွားကြ၏။
၎င်းနောက် ပို၍ပင်မြန်ဆန်ထက်ရှသည့် ဓားတွန်းအားတခုကိုဖြစ်လာစေသည်။
နှစ်ခုလုံးကစုဆုံသွားကြ၏။
ထိုးဖောက်လာသည့်လှံက ခေးအောစ့်အနှစ်သာရဓားနဂါးနှင့်တိုက်မိပြီး လေဟာနယ်အတက်အကျများကိုပင် ဖြစ်သွားစေသည်။
နောက်ဆက်တွဲလှိုင်းများက နေရာအနှံ့ပျံ့သွားသည်။
ထိုအခိုက်အတန့်၌ တိုက်မိခြင်းကို ဗဟိုပြုကာ ဓားဆန္ဒက နေရာအနှံ့တွင် ပြိုကွဲသွား၏။
တောင်ထိပ်မှ သစ်ပင်များ၊ ကျောက်တုံးကြီးများကလည်း လိမ့်ကျလာကြပြီး သစ်အပိုင်းအစများနှင့် ကျောက်မှုန်များအဖြစ် ပြောင်းလဲသွားကြသည်။
လူတိုင်း ထိုမြင်ကွင်းကိုအထိတ်တလန့်ကြည့်နေကြသည်။
ဓားဆန္ဒကနေ ဖန်တီးထားသည့် ထိုးဖောက်ခြင်းလှံပေါ်၌ အက်ကြောင်းများစတင်ပေါ်ပေါက်လာသည်။
ထိုအချိန်တွင် ကျွင်းကျိတုံ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားလေတော့သည်။
ဒီတိုက်ချက်တွင် သူဘာမှထိန်ချန်မထားသလို နှိမ့်ချထားခြင်းလည်းမရှိချေ။
ဘိုးဘေးချန်ထားခဲ့သည့် အမွေအနှစ်ဓားကျင့်စဉ်က ဘယ်လောက်ထိအစွမ်းထက်သလဲဆိုတာကို စမ်းသပ်ရန်အတွက် သူခွန်အားအပြည့်ကိုသာအသုံးပြုခဲ့သည်။
သို့စေကာမူ ထိုအခိုက်အတန့်လေးမှာပင် သူ့၏အားအကောင်းဆုံးတိုက်ချက်က အမှန်တကယ်စတင်ပြိုကွဲလာခဲ့သည်။
အက်ကြောင်းပေါ်လာသည့်အချိန်တွင် ထိုးဖောက်ခြင်းလှံကလည်း ပျက်စီးသွားရသည်။
ခေးအောစ့်အနှစ်သာရဓားနဂါးက ဓားကြွေးကြော်သံများကို ထုတ်လွှတ်ရင်း ဆက်လက်တိုး၀င်နေသည်။
အပိုင်း(612) coming။