← Chapters

#အန္တရာယ်အကဲဖြတ်ကျွမ်းကျင်သူ၊ မုဖူရှန်း#

Vol. 43 Ch. 612

#အန္တရာယ်အကဲဖြတ်ကျွမ်းကျင်သူ၊ မုဖူရှန်း#

Vol. 43 Ch. 612

ယခုအခိုက်အတန့်လေး၌ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းပိုင်နက်တွင် ဓားချီကထိုးတက်လာပြီး ဓားကြွေးကြော်သံများကမြည်ဟီးနေသည်။

မရေမတွက်နိုင်လောက်သည့်ဓားဆန္ဒများက ကောင်းကင်နှင့်မြေကြီးအား ပိုင်းဖြတ်နိုင်သည့် ဧရာမဓားများအဖြစ်ပြောင်းလဲကာ အဆက်မပြတ်မြောလွင့်နေသည်။

လူတိုင်းဒီမြင်ကွင်းကိုကြည့်ရင်း အလွန်အမင်းထိတ်လန့်တုန်လှုပ်နေကြ၏။

ကျွင်းကျိတုံက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ ပါရမီရှင်တပည့်ဖြစ်ပြီး ဂိုဏ်းချုပ်ကိုယ်ပိုင်တပည့်နောက်တွင် ဒုတိယလိုက်သည်။

သူ့ခွန်အားက အင်မော်တယ်တပိုင်းနယ်ပယ်တ၀က်အဆင့်ကိုပင်ရောက်နေပြီဖြစ်သလို ဓားဆန္ဒကလည်း အန္တိမဓားနယ်ပယ်သို့ရောက်နေလေပြီ။

ယဲ့ချိုးပိုင်ကရော!

သူက တာအိုနယ်ပယ်အထွတ်အထိပ်အဆင့်ဖြစ်သော်လည်း သူ့ဓားဆန္ဒက ထူးကဲဓားတာအိုအဆင့်ကိုရောက်နေလေပြီ။

ဒါ့အပြင် တာအိုနယ်ပယ်အထွတ်အထိပ်အဆင့်သာဖြစ်သည့် ယဲ့ချိုးပိုင်က နယ်ပယ်ကြီးတခုကိုကျော်ဖြတ်ကာ ကျွင်းကျိတုံ၏ ခွန်အားအပြည့်တိုက်ချက်ကို ချိုးဖျက်ပစ်ခဲ့သည်။

သူဘယ်လိုလုပ်နိုင်တာလဲ!

ဘိုးဘေးချန်ထားခဲ့တဲ့ အမွေအနှစ်ဓားကျင့်စဉ်က တကယ်ပဲ ဒီလောက်တောင် အစွမ်းထက်တာလား!

ဟောင်ကျန်းဟန် ‌နောက်ကနေ အပြုံးဖြင့်ခေါင်းညိတ်သည်။

ဘိုးဘေးနှင့်ရုပ်ခန္ဓာတူသည့် လူတစ်ယောက်အဖြစ် မျှော်လင့်ထားသကဲ့သို့ပင် ယဲ့ချိုးပိုင်အချိန်မတန်ဘဲ မသေသေးသရွေ့ သူ့အနာဂတ်က အကန့်အသတ်မဲ့ပေလိမ့်မည်။

သူအလယ်အလတ်ကြယ်နယ်မြေတွင် နံပါတ်တစ်ဓားသမားပင်ဖြစ်လာမည်။

မဟုတ်ဘူး၊ ဒီအလယ်အလတ်အဆင့်ကြယ်နယ်မြေထက်တောင်အများကြီးပိုဝေးဝေးသွားနိုင်လိမ့်မယ်!

ယဲ့ချိုးပိုင်၏ခရီးစဉ်က သေချာပေါက် ဒီနေရာတွင်ရပ်သွားမည်မဟုတ်။

ဒါကဟောင်ကျန်းဟန်၏အတွေးဖြစ်သည်။

လျှို့ဝှက်ဓားမျှော်စင်တွင် အဆင့်မြင့်မဟာအကြီးအကဲနှစ်ဦးက တစ်ဦးပြီး တစ်ဦးမျက်လုံးဖွင့်လိုက်ကြသည်။

အဝေးတနေရာက ဓားဆန္ဒတိုက်ပွဲကိုခံစားမိသည့်အပေါ် ခပ်ယဲ့ယဲ့ပင်ခေါင်းညိတ်လိုက်ကြ၏။

"ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းမှာ ထူးခြားတဲ့ပုံရိပ်တခုပေါ်ပေါက်လာခဲ့ပြီ...."

"ခေးအောစ့်အနှစ်သာရဓားခန္ဓာ၊ အရင်က ဘိုးဘေးက ဓားခန္ဓာတခုတည်းကိုအားကိုးပြီး အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာပြိုင်ဘက်ကင်းခဲ့တယ်"

"အခုသူကအထက်ကမ္ဘာကိုရောက်နေပြီ၊ အဲဒါကဘယ်လိုမျိုးလဲဆိုတာ ငါတကယ်သိချင်မိတယ်"

"ဘိုးဘေးအကြောင်းမပြောနဲ့ဦး၊ ဒီယဲ့ချိုးကို သူ့ရဲ့လုံခြုံမှုအတွက် အာမခံရဦးမယ်"

ဓားသမားများကတည့်တိုးဆန်သည်။ ရှင်းရှင်းပြောရပါက သူတို့ကခေါင်းမာပြီး အလွယ်တကူစိတ်မပြောင်းလဲကြပေ။

ဒီလိုစရိုက်မျိုးနှင့်ဆိုပါက တခြားသူများကို ရန်စစော်ကားရန်ဟူသည် အရမ်းလွယ်ကူသည်။

ထို့ကြောင့် ဓားသမားတစ်ယောက်၏ ကျင့်ကြံခြင်းလမ်းကြောင်း၌ သေချာပေါက်ရန်သူအများအပြားရှိသည်။

"ငါတို့လူအိုကြီးနှစ်ယောက်ကပဲ သူ့စောင့်ရှောက်သူတွေဖြစ်ပေးကြတာပေါ့"

ထို့နောက်အဆင့်မြင့်မဟာအကြီးအကဲနှစ်ဦးက ထိုနေရာ၌ပျောက်ကွယ်သွား၏။

တခြားတဘက်တွင် ကျွင်းကျိတုံ၏အမူအရာကလေးနက်ကာ အနည်းငယ်ဖြူဖျော့နေသည်။

ထို့နောက် သူခါးသီးစွာပြုံးရင်းသက်ပြင်းချကာ လက်ကိုဓားနှစ်ဖက်ဖြင့်ကိုင်ပြီး ယဲ့ချိုးပိုင်အားဦးညွတ်ရင်း လက်နှစ်ဖက်ဆုပ်သည်။

"အစ်ကိုယဲ့၊ ငါရှုံးသွားပြီ"

သူ့အသံက အတော်လေးရက်ရောပြီး မကျေနပ်သည့်အရိပ်အယောင်အနည်းငယ်မျှပင်မပါရှိပေ။

ယဲ့ချိုးပိုင်ပြုံးရင်း လက်နှစ်ဖက်ဆုပ်သည်။

"ငါ့ကိုအနိုင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"

"အခွင့်အရေးရတဲ့အခါ ထပ်တိုက်ကြတာပေါ့"

"သေချာတာပေါ့"

ထို့နောက် ဟောင်ကျန်းဟန် ယဲ့ချိုးပိုင်အား ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ ဓားသားတော်အဖြစ် ကြေညာသည်။

မည်သူမှကန့်ကွက်ခြင်းမရှိပေ။

မည်သို့ပင်ဆိုစေကာမူ ယဲ့ချိုးပိုင်က ဘိုးဘေးအမွေအနှစ်ကို ရခဲ့သူမဟုတ်ပေလော။

သူ့ပါရမီကအရမ်းခိုင်မာသည်။

ထူးကဲဓားတာအိုက တာအိုနယ်ပယ်ခွန်အားဖြင့် အင်မော်တယ်တပိုင်းနယ်ပယ် တ၀က်အဆင့်ကို အနိုင်ယူပစ်ခဲ့သည်။

ဒီလူသားမဆန်သည့်ပါရမီက ဓားသမားအားလုံးကို စည်းရုံးနိုင်ခဲ့သည်။

ထိုဖြစ်ရပ်အပြီးတွင် ယဲ့ချိုးပိုင် ဟောင်ကျန်းဟန်နှင့်အတူ ဂိုဏ်းချုပ်ခန်းမသို့ လိုက်လာခဲ့သည်။

ဟောင်ကျန်းဟန် သိုးမွေးစာလိပ်တလိပ်နှင့် ကျောက်စိမ်းဆွဲသီးတခုကိုထုတ်ယူပြီး စားပွဲပေါ်တင်ကာ ယဲ့ချိုးပိုင်ရှေ့သို့တွန်းပေးလိုက်၏။

ယဲ့ချိုးပိုင်ကောက်ကိုင်လိုက်သောအခါ အနည်းငယ်ကြက်သေသေသွားသည်။

"မဟာပြိုင်ပွဲကြီးလား"

ဟောင်ကျန်းဟန်ရှင်းပြသည်။

"မဟာပြိုင်ပွဲကို နှစ်တရာတကြိမ်ကျင်းပတယ်"

"ဒါကအလယ်အလတ်အဆင့်ကြယ်နယ်မြေထဲက နယ်မြေအားလုံးအကြားက အဆင့်သတ်မှတ်တဲ့တိုက်ပွဲတခုပဲ"

နယ်မြေအားလုံး!

ယဲ့ချိုးပိုင်တုန်လှုပ်သွားသည်။

အလယ်အလတ်အဆင့်ကြယ်နယ်မြေက မည်မျှပင်ကျယ်ပြောလေသနည်း။

အကွာအဝေးက မည်မျှကျယ်လေသနည်း။

နယ်မြေအားလုံးပါ၀င်နိုင်ပါက ဒါက အရမ်းကြီးလိမ့်မည်ဟုဆိုလိုနေခြင်းပင်။

ဟောင်ကျန်းဟန်ရှင်းပြသည်။

"တကယ်တော့ ဒါကမင်းထင်သလောက်မရှုပ်ထွေးဘူး၊ မဟာပြိုင်ပွဲမှာ အောင်ပွဲခံနိုင်တဲ့ဂိုဏ်းက ပြိုင်ပွဲမှာပါ၀င်ဖို့အတွက် ဒီဂိုဏ်းကို ကိုယ်စားပြုနိုင်မယ်"

"ပြီးတော့ သာမန်နယ်မြေတွေမှာ အဆင့်သတ်မှတ်ချက်တွေကို ဆုံးဖြတ်သားပြီးသားဆိုတာ မင်းလည်းသိမှာပါ"

"ဥပမာပြောရရင် ငါတို့ရဲ့ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက ဒီနယ်မြေမှာ အားမကောင်းဆုံးဆိုတာ အငြင်းပွားစရာမရှိဘူး၊ ဟုတ်တယ်မလား"

"ဒီတော့ငါတို့တိုက်ခိုက်စရာမလိုဘူး၊ ငါတို့ မဟာပြိုင်ပွဲရဲ့နောက်တဆင့်စမှာကို စောင့်နေရုံပဲ"

"တခြားဂိုဏ်းတွေကမောက်မာပြီး ငါတို့ကိုစိန်ခေါ်ချင်ရင်တော့ ငါတို့လှုပ်ရှားရမှာပေါ့"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"စီနီယာဟောင်ပြောစကားအရဆိုရင် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက အရင်မဟာပြိုင်ပွဲမှာ မပါ၀င်ခဲ့ဘူးလား"

"မှန်တယ်"

ဟောင်ကျန်းဟန်ခေါင်းညိတ်သည်။

"ဘယ်သူမှ သူချန်ခဲ့တဲ့အမွေအနှစ်ကို မရရှိခဲ့ရင် သတင်းတွေကိုအပြင်မှာမဖြန့်ဖို့အတွက် ဘိုးဘေးအမိန့်ပေးခဲ့တယ်"

"ဒါကြောင့် ဒီနှစ်တွေမှာ ငါတို့လူသိရှင်ကြားမနေခဲ့ကြတာပဲ"

လူသိရှင်ကြားမနေသည့်တိုင် သူက ဒုတိယတန်းစားဂိုဏ်းများအတွင်း ထိပ်တန်းတည်ရှိမှုတခုဖြစ်လာနိုင်သည်။

ယဲ့ချိုးပိုင်ခေါင်းခါယမ်းရင်း ရယ်မောမိသည်။ ထင်ထားသည့်အတိုင်းပင် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ အခြေခံအုတ်မြစ်က အရမ်းအားကောင်းသည်။

"ဒါပေမယ့် အခုတော့....."

ဟောင်ကျန်းဟန်အကြောင်းအရာကို ပြောင်းပြီး ယဲ့ချိုးပိုင်အားလေးနက်စွာကြည့်သည်။

"တယောက်က အမွေအနှစ်ကိုရသွားပြီဆိုတော့ အခုက ငါတို့ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းအတွက် လူသိများလာဖို့ အချိန်တန်ပြီ"

"ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနှစ်တွေထဲမှာ ငါအသက်မရှုနိုင်လောက်တဲ့အထိ နာကျင်ခဲ့ရတယ်"

"ဒီတော့....."

ဟောင်ကျန်းဟန် ယဲ့ချိုးပိုင်၏ပခုံးကိုပုတ်ရင်း အပြုံးဖြင့်ပြောသည်။

"ကြိုးစားပြီး မဟာပြိုင်ပွဲမှာ ငါတို့ရဲ့ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို ဂုဏ်သတင်းပြန်တည်ဆောက်ဖို့အတွက် ကူညီပါကွာ"

ယဲ့ချိုးပိုင်ပြုံးကာ ကတိပေးလိုက်သည်။

"စိတ်ချပါ"

တခြားတဘက်တွင် မြင့်မြတ်အဆောင်ဂိုဏ်း၌ အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက မုဖူရှန်းကိုခေါ်လိုက်ကြသည်။

"ကောင်စုတ်လေး၊ မင်းလုပ်စရာတခုရှိတယ်"

ဒါကိုကြားသောအခါ မုဖူရှန်းအလျင်အမြန်ပင် ထွက်ပြေးလေတော့သည်။

"အမ်း၊ ကျွန်တော်ဒီအဆောင်ပေါ်မှာ သုတေသနလုပ်နေတာ အရေးပါတဲ့အဆင့်တခုကိုရောက်နေပြီ၊ ကျွန်တော်ကျရှုံးလို့မရဘူး၊ အကြီးအကဲတို့၊ တခြားတယောက်ကို ရှာလိုက်ကြပါလား"

မုဖူရှန်းမရပ်မနားပြေးသွားတာကိုကြည့်ရင်း မုတ်ဆိတ်ဖြူအကြီးအကဲ၏ မုတ်ဆိတ်များပင် တုန်ယင်နေလေသဘ်။

သူလက်ကိုညင်သာစွာဆန့်ထုတ်လိုက်စဉ် မမြင်နိုင်သည့်ဝိဉာဉ်ချီတခုက မုဖူရှန်း၏ကိုယ်ကိုမလိုက်သည်။

"ကောင်စုတ်လေး၊ လှည့်ကွက်တွေလာမကစားနဲ့"

"ဒီတကြိမ်မဟာပြိုင်ပွဲရဲ့ဆုလာဘ်တွေက သေမင်းဝိဉာဉ်မြိုကို၀င်ဖို့အတွက် အရည်အချင်းမီတယ်"

သေမင်းဝိဉာဉ်မြို့!

မုဖူရှန်း ရုန်းကန်နေတာကို ချက်ချင်းရပ်လိုက်ပြီး တီးတိုးရေရွတ်နေသည်။

"မင်းရဲ့ပင်ကိုယ်စရိုက်အရဆိုရင် သေမင်းဝိဉာဉ်မြို့မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ မင်းကြားဖူးမှာပါ၊ ဟုတ်တယ်မလား"

မှန်ပေသည်။ မုဖူရှန်း၏သတိကြီးသည့်စရိုက်အရ သူတတ်နိုင်တာမှန်သမျှကို ရှာဖွေပေလိမ့်မည်။

သေမင်းဝိဉာဉ်မြို့က လျှို့ဝှက်ချက်တခုဟု ဆို၍ရသော်လည်း အလွန်ကျော်ကြားသဖြင့် ကောလဟာလတချို့ကို ထုတ်ဖော်လာခဲ့သည်။

ဥပမာအားဖြင့် သေမင်းဝိဉာဉ်မြို့တွင် မရေမတွက်နိုင်လောက်သည့် အနန္တတန်ခိုးရှင်ကျွမ်းကျင်သူများ၏ ဝိဉာဉ်များကို ထောင်ချထားဟည်။

သူတို့က ကမ္ဘာကြီးထဲက တစ္ဆေများ၊ နတ်ဘုရားများ၊ နတ်ဆိုးများနှင့် မွန်းစတားများဖြစ်ကြသည်။

အမွေအနှစ်များကနေရာတိုင်းတွင်ရှိပြီး မရေမတွက်နိုင်လောက်သည့်သဘာ၀ရတနာများပင်ရှိသည်။ ပိုအရေးကြီးတာက ဒါက လူတစ်ယောက်၏ဝိဉာဉ်ကို အကြီးအမား တိုးတက်စေခြင်းပင်။

မုဖူရှန်းအတွက်မူ သူ့ဝိဉာဉ်ကို တိုးတက်အောင်လုပ်ရန် နည်းလမ်းတခုလိုအပ်နေခြင်းဖြစ်သည်။

"ဒါပေမယ့်.....သေမင်းဝိဉာဉ်မြို့က နည်းနည်းအန္တရာယ်များပုံပဲ..."

အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက တစ်ဦးကိုတစ်ဦးကြည့်လိုက်မိကြ၏။

"အန္တရာယ်များတာ၊ ဒီလိုဆိုရင်ရော၊ ငါတို့မင်းနဲ့အတူလိုက်ပေးပြီး အန္တရာယ်မရှိတာ သေချာအောင်လုပ်ပေးမယ်"

"အာ၊ ထားလိုက်ပါတော့" မုဖူရှန်းမျက်လုံးလိမ့်လိုက်မိသည်။

"အကြီးအကဲတို့ရဲ့ခွန်အားက သေမင်းဝိဉာဉ်မြို့ရဲ့အကန့်အသတ်ကို ကျော်လွန်နေပြီလေ"

"အင်မော်တယ်တပိုင်းနယ်ပယ်အောက်လူတွေပဲ ဒီနေရာထဲကို၀င်လို့ရမယ်" မုဖူရှန်းတချက်တွေးလိုက်မိသည်။

"ကျွန်တော်စဉ်းစားပါရစေဦး"

သွေးဆောင်မှုကအရမ်းကြီးလွန်းပြီး အန္တရာယ်လည်းရှိသည်။

မုဖူရှန်း သက်ဆိုင်ရာအန္တရာယ်များကိုလည်း အကဲဖြတ်ရပေဦးမည်။

အပိုင်း(613) coming။

All Chapters