#ရှေးဦးမူလ#
Vol. 43 Ch. 613
ရှောင်ဟိုင် အင်မော်တယ်မျောက်ဝံရွာ၌ ကောင်းမွန်လာပြီဖြစ်သည်။
ကျေးရွာခေါင်းဆောင်က ရှောင်ဟိုင်အခန်းထဲသို့၀င်လာသည်။
ထို့နောက် အဆုံးမဲ့သွေးစွမ်းအင်များဖြင့် ၀န်းရံနေသည့် ရှောင်ဟိုင်၏ကိုယ်ကို ကြည့်လိုက်၏။
သူ့ရုပ်ခွန်အားက အရင်ကထက်ပို၍ပင် အားကောင်းလာခဲ့သည်။
ကျေးရွာခေါင်းဆောင်ခေါင်းညိတ်သည်။
"နတ်ဆိုးအရှင်၊ မှတ်ဉာဏ်အပိုင်းအစကို ရှာဦးမှာလား"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
ပုံရိပ်များက သူ့စိတ်ထဲတွင် မကြာခဏဆိုသလိုပို၍ပို၍ပေါ်လာနေပြီဖြစ်သည်။
၎င်းကသူ့ကိုမြန်မြန်ဆန်ဆန်ကြီးထွားလာစေချင်ပြီး တခြားမှတ်ဉာဏ်အပိုင်းအစများကို အလျင်အမြန်ရှာဖွေရန်အတွက် စေ့ဆော်နေသည့်အသွင်။
ကျေးရွာခေါင်းဆောင် အကူအညီမဲ့စွာသက်ပြင်းချရင်း ခါးသီးစွာပြုံးသည်။
"ဒီလိုဆိုရင် တချက်ကြည့်လို့ရအောင် နတ်ဆိုးအရှင် သေမင်းဝိဉာဉ်မြို့ကို သွားလို့ရတယ်"
"သေမင်းဝိဉာဉ်မြို့"
ရှောင်ဟိုင် ကျေးရွာခေါင်းဆောင်အား လှမ်းကြည့်လိုက်၏။
ကျေးရွာခေါင်းဆောင်ရှင်းပြသည်။
"သေမင်းဝိဉာဉ်မြို့က ကောင်းကင်နဲ့မြေကြီးရဲ့ ရှေးဟောင်းကျွမ်းကျင်သူတွေ၊ တစ္ဆေတွေနဲ့ နတ်ဘုရားတွေရဲ့ဝိဉာဉ်တွေကို အကျဉ်းချထားတယ်"
"နတ်ဆိုးအရှင်ရဲ့ဝိဉာဉ်အပိုင်းအစက အဲမှာရှိနိုင်ချေပိုများတယ်"
ရှောင်ဟိုင်မေးသည်။ "ဘယ်လိုသွားရမလဲ"
"မဟာပြိုင်ပွဲ" ကျေးရွာခေါင်းဆောင်ဖြေကြားသည်။
"မဟာပြိုင်ပွဲရဲ့ထိပ်တန်းနယ်မြေသုံးခုကို ဖြတ်ကျော်နိုင်မှ သေမင်းဝိဉာဉ်မြို့ကို ၀င်လို့ရမယ်"
"ဘယ်လိုပါ၀င်ယှဉ်ပြိုင်ရမလဲ"
ကျေးရွာခေါင်းဆောင်ပြုံးလိုက်သည်။
"နတ်ဆိုးအရှင်၊ စိတ်မပူပါနဲ့၊ ငါတို့နောက်တဆင့်ကိုစောင့်ရုံပါပဲ၊ အချိန်ကျလာတာနဲ့ ယွမ်ချောင်ကို မင်းကို အဲဒီကိုခေါ်သွားပေးဖို့ ငါပြောလိုက်ပါမယ်"
မျောက်ဝံနတ်ဆိုးဒေသတွင် အင်မော်တယ်မျောက်ဝံကျေးရွာက အမြဲလိုလို ထိပ်တန်းတည်ရှိမှုမျိုးဖြစ်သည်။
ကျေးရွာခေါင်းဆောင်ကလည်း မျောက်ဝံနတ်ဆိုးဒေသ၌ တခြားဂိုဏ်းများက နတ်ဘုရားတစ်ပါးဟုပင် သတ်မှတ်ထားကြသည့် တည်ရှိမှုပင်။
အရင်က အင်မော်တယ်မျောက်ဝံကျေးရွာက ဒီမဟာပြိုင်ပွဲကို တခါမှဂရုမစိုက်ပါ။
မျောက်ဝံနတ်ဆိုးဒေသက တခြားဂိုဏ်းများ၊ အင်အားစုများကသာပါ၀င်ကြသည်။
အင်မော်တယ်မျောက်ဝံကျေးရွာကသာ ပါ၀င်လိုပါက တခြားအင်အားစုများက မည်သို့မည်ပုံတားနိုင်မည်နည်း။
ရှောင်ဟိုင်ခေါင်းညိတ်ကာ ထွက်သွားရန်အတွက် ထရပ်လိုက်သည်။
"ကျေးရွာခေါင်းဆောင်၊ ကျွန်တော် အစ်ကိုယွမ်ချောင်နဲ့ ဆက်ပြီးတိုက်လိုက်ဦးမယ်"
ကျေးရွာခေါင်းဆောင်၏အမူအရာက ပြောင်းလဲသွားသည်။
"မင်းတို့....ညင်ညင်သာသာလေးထိုးနှက်ကြပါကွာ"
သူအင်မော်တယ်မျောက်ဝံစင်မြင့်ထဲတွင် တိုက်ခိုက်သည့်အကြိမ်တိုင်း ၎င်းက ပျက်စီးသွားရသည်။
အကယ်၍ပြန်ပြင်လိုပါက သဘာ၀ရတနာပမာဏအများအပြားကို သုံးစွဲရန်လိုအပ်သည်။
သို့စေကာမူ ကျေးရွာခေါင်းဆောင်၏ စကားလုံးများက ရှောင်ဟိုင်အတွက် အသုံးမ၀င်ဖြစ်သွားရသည်။
များမကြာမီ မကြာသေးခင်ကမှ ပြုပြင်ထားသည့် အင်မော်တယ်မျောက်ဝံစင်မြင့်ပေါ်မှ ကြီးမားသည့်အုတ်သောင်းအုတ်နင်းတခုထွက်ပေါ်လာသည်။
အကူအညီမဲ့စွာပင် ကျေးရွာခေါင်းဆောင်မှာ သစ်တောထဲသို့ပြေးရတော့သည်။
သူသွေးအဆီအနှစ်တချို့ငှားယမ်းရန်အတွက် မြေအင်မော်တယ်အဆင့်နှင့် ကောင်းကင်အင်မော်တယ်အဆင့်မှော်သားရဲတချို့ကို ရှာဖွေရပေဦးမည်။
မဟုတ်ပါက ဒီလိုသာဆက်ဖြစ်နေပါက ကုန်လှောင်ရုံက သွေးအဆီအနှစ်များက ရှောင်ဟိုင်အတွက် မဟာပြိုင်ပွဲမစတင်ခင်မှာပင် သုံးဖြုန်းရန်အတွက် မလုံမလောက် ဖြစ်သွားရပေလိမ့်မည်။
အချိန်ကဆက်လက်ကုန်ဆုံးနေသည်။
နယ်မြေအသီးသီးတွင် မဟာပြိုင်ပွဲကြောင့် တိုက်ပွဲများက အရှိန်ဖြင့်သွားနေကြ၏။
မဟာပြိုင်ပွဲ၏ဆုလာဘ်က သေမင်းဝိဉာဉ်မြို့သို့၀င်ရန်ပင်။
မရေမတွက်နိုင်လောက်သည့် ရှေးဟောင်းမင်းမျိုးနွယ်မိသားစုများနှင့် လျှို့ဝှက်ဂိုဏ်းများစွာကပေါ်လာကြပြီး မဟာပြိုင်ပွဲတွင် စတင်ပါ၀င်ကြသည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ထိပ်တန်းဂိုဏ်းချုပ်တစ်ဦးက ယခုလိုပင်ပြောခဲ့သည်။
ဒီတကြိမ်မဟာပြိုင်ပွဲတွင် သူတို့လိုထိပ်တန်းဂိုဏ်းများပင်လျှင် ၉၀ရာခိုင်နှုန်း ယုံကြည်မှုရှိသည်ဟုမဆိုနိုင်ပေ။
ထိုသူတို့ကလူသိရှင်ကြားမနေကြသည့် ရှေးဟောင်းမင်းမျိုးနွယ်မိသားစုများနှင့် လျှို့ဝှက်ဂိုဏ်းများပင်မဟုတ်ပေလော။
သူတို့၏အခြေခံအုတ်မြစ်ရော ခွန်အားပါ မသိရပေ။
ရှေးဟောင်းမင်းမျိုးနွယ်မိသားစုနှင့် လျှို့ဝှက်ဂိုဏ်းများ၏ ပေါက်ဖွားလာမှု၊ စတင်တော့မည့် မဟာခေတ်တစ်ခေတ်ကို ကိုယ်စားပြုသည့် အံ့ဖွယ်ပါရမီရှင်များ ပေါ်ပေါက်လာမှု!
မကြာမီ သုံးလကကုန်ဆုံးသွားခဲ့သည်။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတွင် ဟောင်ကျန်းဟန် ယဲ့ချိုးပိုင်၏ကျင့်ကြံခြင်းဓားစက်ကွင်းထဲသို့ရောက်လာသည်။
ထိုထဲတွင် အလွန်အမင်းကြွယ်၀သည့် ဓားဆန္ဒနှင့် ဝိဉာဉ်ချီများရှိသည်။
ဒါက ဓားသမားတစ်ယောက်အတွက် အသင့်တော်ဆုံးပင်။
ဟောင်ကျန်းဟန် ယဲ့ချိုးပိုင်အား ၀န်းရံနေသည့် ဝိဉာဉ်စွမ်းအင်ကိုကြည့်လိုက်၏။
ထိုအချိန်တွင် ၎င်းကရုတ်တရက်ပေါက်ကွဲသွားပြီး ယဲ့ချိုးပိုင်ကို မုန်တိုင်းမျက်လုံးအဖြစ် ဗဟိုပြုရင်း လေဆင်နှာမောင်းတခုအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက်စတင်လှည့်ပတ်ကာ အနီး၀န်းကျင်က ဝိဉာဉ်ချီများကို စတင်အရူးအမူး စုပ်ယူလေတော့သည်။
ချိုးဖျက်ရန်ပြင်နေခိုက်တွင် ယဲ့ချိုးပိုင် သွေးပြောင်းလဲခြင်းနယ်ပယ်အစောပိုင်းအဆင့်သို့ ချိုးဖျက်သွားပြီး လေဆင်နှာမောင်းက သူ့ကိုယ်ထဲသို့ အပြည့်အ၀၀င်ရောက်သွားခဲ့သည်။
သူကခိုင်မာသည့်အခြေခံဖြင့်ချိုးဖျက်ခဲ့ခြင်းဖြစ်လေရာ နယ်ပယ်ကို တည်ငြိမ်အောင် လုပ်နေစရာမလိုပါ။
ဟောင်ကျန်းဟန်ပြုံးလိုက်သည်။
"ဂုဏ်ယူပါတယ်"
ယဲ့ချိုးပိုင်မျက်လုံးဖွင့်လိုက်၏။
"လွန်ခဲ့တဲ့သုံးလအတွင်း စီနီယာဟောင် ကျန်တော့်ကိုပေးခဲ့တဲ့အရင်းအမြစ်တွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်"
"မင်းက ကောင်းကင်ဘုံဓားတောင်ထိပ်ရဲ့ ဓားသားတော်ပဲလေ၊ ဒီတော့အရင်းအမြစ်တွေကို မင်းကိုပေးရမှာပေါ့"
ဒါကအတော်လေးလက်တွေ့ကျသော်လည်း ပုံမှန်သာဖြစ်သည်။
ယဲ့ချိုးပိုင် အကြောင်းအရာကို ပြောင်းလဲပစ်သည်။
"စီနီယာဟောင် ကျွန်တော့်ကိုလာကြည့်တယ်ဆိုတာက မဟာပြိုင်ပွဲက စတင်နေပြီလို့ ဆိုလိုတာမလား"
"ဟုတ်တယ်၊ ကနဦးအဆင့်ရွေးချယ်ပွဲက ပြီးသွားပြီ"
ဟောင်ကျန်းဟန်ပြောသည်။
"အခုနယ်မြေတိုင်းက သူတို့ရဲ့ကိုယ်စားပြုဂိုဏ်းတွေကို ဆုံးဖြတ်ပြီးကြပြီဆိုတော့ အသင်္ချေပိုင်နက်သဲကန္တာရကို ဒုတိယအဆင့်အတွက်သွားရမယ်"
သူယဲ့ချိုးပိုင်ကို ကောင်းကင်ဘုံဓားတောင်ထိပ်၏ ဓားသံစင်မြင့်ပေါ်သို့ ခေါ်လာခဲ့သည်။
ကျန်သုံးယောက်ကလည်း ထိုနေရာတွင်ရပ်နေကြသည်။
သူတို့ထဲကတယောက်က ယဲ့ချိုးပိုင်နှင့် ဒီမတိုင်ခင်က တိုက်ခိုက်ခဲ့သည့် ကျွင်းကျိတုံဖြစ်သည်။
ဟောင်ကျန်းဟန်ပြောသည်။
"ဂိုဏ်းတစ်ဂိုဏ်းစီက မဟာပြိုင်ပွဲမှာ ပါ၀င်ဖို့အတွက် တပည့်လေးယောက်စီ စေလွှတ်လိမ့်မယ်"
"ကောင်းပြီ၊ သွားကြရအောင်"
ထာ၀ရသက်တမ်းကမ္ဘာ၌ လုချန်ရှန်း မျက်လုံးများကိုဖွင့်လိုက်၏။
လအနည်းငယ်ကြာပြီးနောက် လုချန်ရှန်း သူအထူးကောင်းမွန်သည့် နိယာမစွမ်းအားကို အနှစ်ချုပ်နိုင်ခဲ့သည်။
သူကအတော်လေးလိုက်ဖက်ပြီး ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆို၍ရသည့် ကျင့်ကြံခြင်းနည်းစနစ်ထူထောင်မည့်ရည်ရွယ်ချက်နှင့်အတူ အားလုံးကို အတူတကွပေါင်းစပ်ခဲ့သည်။
လအနည်းငယ်ကြာ မစားမအိပ်ဘဲနေခဲ့ခြင်းကပင်လုချန်ရှန်းအတွက် ညှဉ်းပန်းနှိပ်စက်မှုတခုဖြစ်နေပြီဖြစ်ကာ သူက နေ့ညအချိန်တိုင်း၌ စဉ်းစားရင်း နည်းလမ်းအသစ်များကို ကြိုးစားကြည့်သည်။
နောက်ဆုံးတွင် သူ့၏သုတေသန၌ ကောက်ချက်ချသည့်အဆင့်ကိုရောက်လာခဲ့သည်။
လုချန်ရှန်းပြုံးရင်း ဘောပင်နှင့်စာရွက်ကိုကောက်ကိုင်ကာ စာရွက်ပေါ်၌ စတင်ရေးသည်။
မိုးမခပင်ကလည်း သိချင်စိတ်ဖြင့် လှမ်းကြည့်နေသည်။
နောက်ထပ်လအနည်းငယ်အတွင်း လုချန်ရှန်းတုံ့ပြန်လာမလားဆိုတာ ၎င်းက မြင်ချင်နေခြင်းပင်။
မည်ကဲ့သို့သော် တုန်လှုပ်ဖွယ်ရာကျင့်ကြံခြင်းကျင့်စဉ်များကို သူဖန်တီးမည်နည်း။
လျိုကျိယုကလည်းမယုံပေ။
သို့စေကာမူ သူတချက်ကြည့်ရန်အတွက် ကြိုးစားအားမထုတ်ပေ။ တခြားသူများ၏ ကျင့်ကြံခြင်းကျင့်စဉ်ကို ခိုးကြည့်တာက ကြီးမားသည့်တားမြစ်အရာတခုမဟုတ်ပေလော။
ကျင့်ကြံခြင်းကျင့်စဉ်တခုကိုဖန်တီးဖို့အတွက်လအနည်းငယ်လား!
သာမန်ကျင့်ကြံခြင်းကျင့်စဉ်တခုလို့ ပြောရင်တောင် ဒါကအဆင်ပြေနေဦးမယ်!
မည်သို့ပင်ဆိုစေကာမူ လုချန်ရှန်း၏ခွန်အားက အတော်လေးနက်ရှိုင်းသည်။
သာမန်ကျင့်ကြံခြင်းကျင့်စဉ်တခုကို ဖန်တီးခြင်းက သူ့အတွက် ကိတ်မုန့်တစလှီးခွဲသည့်နှယ်လွယ်ကူသည်။
သို့သော်လုချန်ရှန်းဖန်တီးချင်တာက သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းကျင့်စဉ်ဖြစ်သည်။
သူအသုံးပြုမည့် ကျင့်ကြံခြင်းကျင့်စဉ်က မည်သို့မည်ပုံနိမ့်ကျနိုင်မည်နည်း။
ဘယ်လိုလုပ်မရှုပ်ထွေးဘဲနေမည်နည်း။
လအနည်းငယ်က ဘယ်လိုလုပ်လုံလောက်မည်နည်း။
ကျောက်တုံးလေးကလည်း သိချင်စိတ်ဖြင့် ငုံ့ကြည့်နေသည်။
လုချန်ရှန်းသူ့ကိုအဝေးသို့ မောင်းမထုတ်ဘဲ ယင်းအစား စာရွက်ပေါ်၌ နာမည်တလုံးရေးလိုက်သည်။
"ရှေးဦးမူလ"
ရှေးဦးမူလ!
မိုးမခပင်ငုံ့ကြည့်လိုက်သည်။
အဆုံးသတ်တွင် ဒါကပို၍ပင် ကြောက်စရာကောင်းနေသည်။
ဒါကတကယ်ပဲ လအနည်းငယ်မှာ ဖန်တီးခဲ့တဲ့ကျင့်ကြံခြင်းကျင့်စဉ်တခုလား!
၎င်းကသာမန်ဆန်သော်လည်း ဒီကျင့်ကြံခြင်းကျင့်စဉ်၏ အမြင့်ဆုံးကန့်သတ်ချက်က အလွန်အမင်းမြင့်မားသည်။
တနည်းအားဖြင့် အမြင့်ဆုံးကန့်သတ်ချက်ဟူ၍မရှိပေ။
မင်း နိယာမစွမ်းအား ဘယ်လောက်များများတောင် နားလည်ခဲ့တာလဲ!
ဒီအခြေအနေတွင် ဒီ ရှေးဦးမူလ ၏ စွမ်းအားက အတော်လေးကြီးမားပေလိမ့်မည်။
ဒါ့အပြင် ကြောက်မက်ဖွယ်အကောင်းဆုံးအရာက ဒါက နိယာမစွမ်းအားအားလုံးနှင့် ပြီးပြည့်စုံစွာပေါင်းစပ်နိုင်ခြင်းပင်။
ဒီအချက်တခုတည်းကိုအခြေခံလျှင်ပင် ဒါက မိုးမခပင်ကို အံ့ဩသင့်သွားစေရန် လုံလောက်နေလေပြီ။
မိုးမခပင်က ဒီကျယ်ပြောသည့်စကြာ၀ဠာ၌ ကမ္ဘာဦးအစကတည်းက နေထိုင်လာခဲ့ခြင်းဖြစ်သဖြင့် ၎င်းက စကြာ၀ဠာ၏ပျက်စီးခြင်း၊ ပြန်လည်မွေးဖွားခြင်း၊ မျိုးတုန်းခြင်းနှင့် ကြွယ်၀ခြင်း အစရှိသည့်အရာအားလုံးကို မြင်တွေ့ခဲ့ရပြီဖြစ်သည်။
သူ့အတွင် အတွေ့အကြုံမည်မျှပင်ရှိလေသနည်း။
သို့တိုင်အောင် ၎င်းက ကောင်းကင်နှင့်မြေကြီး၏ နိယာမစွမ်းအားအားလုံးဖြင့် ပြီးပြည့်စုံစွာပေါင်းစပ်ထားသည့် ကျင့်ကြံခြင်းကျင့်စဉ်မျိုးကို တခါမှမတွေ့ခဲ့ဖူးပါ။
စကားလုံးကိုပြီးပြည့်စုံစွာမှတ်သားခြင်း!
အမြင်ကွဲလွဲမှုမရှိ၊ ငြင်းဆန်မှုမရှိ၊ ဘေးဆိုးကျိုးများမရှိ!
ကျင့်ကြံနေရင်းနှင့်လည်းရူးသွပ်သွားမည်မဟုတ်။
မိုးမခပင်အခိုင်အမာပြောဆိုနိုင်သည်။
ဒီရှေးဦးမူလကျင့်ကြံခြင်းကျင့်စဉ်က စကြာ၀ဠာစတင်ဖန်တီးစဉ်ကတည်းကပင် အဆန်းကြယ်ဆုံးကျင့်ကြံခြင်းကျင့်စဉ်တခုဖြစ်ပေလိမ့်မည်။
အပိုင်း(614) coming။