#မိုးမခပင်က လုချန်ရှန်းအား တိုက်ခိုက်ခြင်း#
Vol. 43 Ch. 614
"ဒါကိုဘယ်လိုလုပ်လိုက်တာလဲ"
လုချန်ရှန်း ဘောပင်ချလိုက်တာကိုမြင်သောအခါ မိုးမခပင်မေးလိုက်၏။
လုချန်ရှန်းပခုံးတွန့်သည်။
"ဒါကငါလုပ်ခဲ့တာပဲလေ"
"ဘာလိုအပ်တယ်၊ ဘာမရှိဘူးဆိုတာကိုတွေးပြီးတော့ပေါ့၊ ဒါကိုပြင်ဆင်ဖို့အတွက် ဒီလမ်းကြောင်းအတိုင်းပဲ သွားဖို့လိုတာ"
"ဒါပေမယ့် ဒါကတကယ်တော့ အရမ်းခက်ခဲတယ်၊ ဒီတကြိမ် လအနည်းငယ်လောက်တောင်ကြာသွားခဲ့တယ်"
မိုးမခပင် "....."
အဲလောက်အေးအေးဆေးဆေးမလုပ်ရရင် မင်းသေသွားမှာမို့လား!
ဒီလိုဆန်းကြယ်တဲ့ကျင့်ကြံခြင်းကျင့်စဉ်ကို ဖန်တီးဖို့ လအနည်းငယ်ပဲကြာခဲ့တာလေ!
မင်းဘာထပ်လိုချင်သေးတာလဲ!
သို့စေကာမူ လုချန်ရှန်းအရင်က လုပ်ခဲ့တာကို သူတွေးမိသွားသည်။
ဥပမာအားဖြင့် ကိုးသွယ်မြေအောက်အစီအရင်ကိုချမှတ်ခြင်း၊ ကိုးသွယ်မြေအောက်အစီအရင်ကို အဆင့်မြှင့်ခြင်း၊ ကြယ်နယ်မြေဖြတ်သန်းအခင်းအကျင်းကို ချမှတ်ခြင်းနှင့် ဆေးလုံးသန့်စင်ခြင်း အစရှိသည့်အရာများက ရက်အနည်းငယ်မျှသာကြာမြင့်ခဲ့သည်။
လုချန်ရှန်းကဲ့သို့စိတ္တဇတယောက်အတွက် လအနည်းငယ်က တကယ်တော့ အရမ်းရှည်လျားသည်။
ထိုအချိန်တွင် လုချန်ရှန်းတွေးနေသည်။
သူကျင့်ကြံခြင်းကျင့်စဉ်ကိုဖန်တီးပြီးလေပြီ။ သို့သော် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကိုက်ညီမှုနှင့် နိယာမစွမ်းအားကို စမ်းသပ်ရပေဦးမည်။
မည်သို့ပင်ဆိုစေကာမူ ဒါကယခုသီအိုရီတခုဖြစ်ပြီး ရလဒ်ကိုလက်တွေ့မကျင့်သုံးရသေးပါ။
ဘယ်သူနဲ့စမ်းကြည့်သင့်လဲ!
ရုတ်တရက်လုချန်ရှန်းလှည့်ရင်း ပျင်းရိစွာအကြောဆန့်နေသည့် လျိုကျိယုအား ကြည့်လိုက်သည်။
လုချန်ရှန်း၏အကြည့်ကိုမြင်သောအခါ လျိုကျိယု၏မျက်နှာက တောင့်တင်းသွား၏။
"ဘာ....ဘာများမှားနေလို့လဲ"
ဘာလို့ငါမကောင်းတဲ့ခံစားချက်တခုရနေရတာလဲ!
လုချန်ရှန်း၏မျက်နှာ၌ အပြုံးကြီးတပွင့် ပေါ်လာသည်။
ဒါက....ဒါနည်းနည်းထူးဆန်းနေတယ်မလား!
"ကျိယု၊ မင်းကိုကြည့်ရတာဘာမှလုပ်စရာမရှိပုံပဲ"
လုချန်ရှန်း၏ထူးဆန်းသည့်အပြုံးကိုကြည့်ရင်း လျိုကျိယုကျောချမ်းသွားပြီး ကျောမှ ချွေးအေးများပင်ထွက်လာသည်။
"ကျွန်တော်ဒီနေ့မကျင့်ကြံရသေးတာ ရုတ်တရက်သတိရလိုက်ပြီ၊ ကျွန်တော် ချိုးဖျက်ခြင်းရဲ့အစွန်းမှာရောက်နေတာဆိုတော့ မြန်မြန်သီးသန့်ကျင့်ကြံဖို့လိုနေပြီ"
ထိုသို့ပြောပြီးနောက် သူ့ခြေထောက်များကဆီသုတ်ထားသည့်အလား အလျင်အမြန်ပင် ထွက်ပြေးသွားလေတော့သည်။
သို့စေကာမူ လုချန်ရှန်း လျိုကျိယုကို ဘယ်လိုလုပ်ဒီလောက်လွယ်လွယ်နှင့် လွှတ်ပေးမည်နည်း။
ချက်ချင်းဆိုသလို သူ့ညာလက်ကိုလေထဲတွင်ဆန့်ထုတ်ရင်း လျိုကျိယုရှိရာဘက်သို့ လက်ငါးချောင်းကို အတူတကွဖိချလိုက်သည်။
လျိုကျိယုအနီးက လေဟာနယ်က အရူးအမူးဖိသိပ်လာပြီး လှောင်အိမ်တခုဖန်တီးကာ လျိုကျိယုကို အထဲတွင်ပိတ်ပစ်သည်။
လျိုကျိယုကရော!
သူခုခံရန်အတွက်တွေးပင်မတွေးပေ။
သူ့စိတ်ထဲ၀င်လာသည့်ပထမဆုံးအတွေးက နောက်ဆုံးအချိန်ကာလဖြစ်နေခြင်းပင်။
သောက်ကျိုးနည်း....!
ထို့နောက် လုချန်ရှန်းသူ့ကို ပြန်ဆွဲယူလိုက်သည်။
ထိုအချိန်တွင် မိုးမခပင်ကပြောသည်။
"သူဒါကိုခံနိုင်မှာမဟုတ်ဘူး၊ မင်းရဲ့စွမ်းအားကိုထိန်းချုပ်ထားမယ်ဆိုရင်တောင် သူသေရင်သေ မဟုတ်ရင် ဒဏ်ရာအပြင်းအထန်ရသွားလိမ့်မယ်"
"ဒါ့အပြင် ဒီကျင့်ကြံခြင်းကျင့်စဉ်က အခုလေးတင်ဖန်တီးထားတာ၊ မင်းတိုက်ချက်ရဲ့ခွန်အားကို နားမလည်နိုင်သေးဘူး"
ဘုရားရေ!
လအနည်းငယ်အတွင်းမှာ ဘယ်လိုကျင့်ကြံခြင်းကျင့်စဉ်မျိုးကို သူတီထွင်ခဲ့တာလဲ!
ဘာလို့ငါတောင်မခံနိုင်ရတာလဲ!
ဒါကအရမ်းစော်ကားလွန်းရာကျတယ်မလား!
သို့သော် လျိုကျိယု မိုးမခပင်၏စကားလုံးများကို ၁၀၀ရာခိုင်နှုန်းယုံကြည်သည်။
အချိန်အကြာကြီးနေပြီးနောက် စံအိမ်တော်တွင် သူမမြင်နိုင်သည့်လူနှစ်ယောက်သာရှိသည်။
ပထမတစ်ယောက်ကလုချန်ရှန်းဖြစ်ပြီး ဒုတိယကမိုးမခပင်ဖြစ်သည်။
ငှက်ကလေးကမူ သူ့တွင် နတ်ဖီးနစ်သွေးကြောရှိသည့်တိုင် လျိုကျိယု၏ခွန်အားအရ သူနိမ့်ကျလျှင်ပင် ကွာဟချက်က ဘယ်လောက်ထိကြီးမားသလဲဆိုတာ သူခံစားမိနေတုန်းပင်။
မိုးမခပင်ကယခုလိုပြောလာပြီဖြစ်လေရာ ဒါကအမှန်တရားဖြစ်ရပေမည်။
ဒါကိုကြားသောအခါ လုချန်ရှန်းတခဏမျှတွေးရင်း လျိုကျိယုကိုအောက်ချလိုက်သည်။
ထို့နောက် သူ လျိုကျိယုအား အထင်အမြင်သေးစွာကြည့်သည်။
"ကောင်းကောင်းကျင့်ကြံ၊ မင်းရဲ့သဲအိတ်က ငါ့လက်သီးစမ်းသပ်မှုက တိုးတက်မှုကိုတောင် မမှီနိုင်သေးဘူး"
လျိုကျိယု "....."
ငါတကယ်ငိုချင်လာပြီဟ!
သူကအရမ်းအနိုင်ကျင့်တာပဲ!
လုချန်ရှန်းအနည်းငယ်စိတ်ပူနေသည်။
ငါဘယ်သူ့ကိုစမ်းကြည့်သင့်လဲ!
ဒီအဆင့်နိမ့်ကြယ်နယ်မြေ၏ ခွန်အားကိုသူသိတာကြာပါပြီ။ ဒါက လျိုကျိယုထက်ပင် လုံး၀နိမ့်ကျသည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေလျှင်ပင် အလားတူဖြစ်သည်။ သူ့လက်ဝှေ့အိတ်ကို ပြောနေစရာပင်မလို။
အဆင့်မြင့်ကြယ်နယ်မြေအတွက်မူ ထိုနေရာ၌ ဘာလျှို့ဝှက်ချက်များရှိသလဲဆိုတာ သူမသိပါ။
ထို့ကြောင့် ပိုပြီးတည်တည်ငြိမ်ငြိမ်နေခြင်းက ပိုကောင်းသည်။
ထိုအချိန်တွင် မိုးမခပင်ကပြောသည်။
"ဘာလို့ငါနဲ့မစမ်းကြည့်ရတာလဲ"
တိုင်ဆိုင်စွာပင် သူမကလည်း ရှေးဦးမူလဟုခေါ်သည့် ဒီကျင့်ကြံခြင်းကျင့်စဉ်ကို စမ်းကြည့်ချင်နေခြင်းပင်။
သူမကိုပင် ထိတ်လန့်စေနိုင်သည့် ဒီကျင့်ကြံခြင်းကျင့်စဉ်ကို လုချန်ရှန်းဘယ်လောက်ထိ အစွမ်းထက်အောင်သုံးနိုင်မည်နည်း။
ဒါကသူ့ကိုဘယ်လောက်များများ အားဖြည့်ပေးနိုင်မည်နည်း။
ဒါကိုကြားသောအခါ လုချန်ရှန်း၏ဝိဉာဉ်က ချက်ချင်းပင် တောက်လောင်လာသည်။
"ဒါကိုစမ်းကြည့်လိုက်ဦးနော်"
ထို့နောက် မိုးမခပင်၏အကိုင်းအခက်များက လေမတိုက်ဘဲလှုပ်ရှားသွားကြပြီး ဆံပင်ဖြူစုန်းမတကောင်ပမာ ဘက်ပေါင်းစုံ၌ လွင့်မြောနေကြ၏။
မိုးမခကိုင်းတိုင်းသာမက မိုးမခကိုင်းက သစ်ရွပ်များပင်လျှင် ဒီကမ္ဘာကြီးထဲက အမှန်တရားစွမ်းအားကို ထုတ်လွှတ်နေသည်။
လျိုကျိယု ဒီမြင်ကွင်းကို လေးနက်သည့်အမူအရာဖြင့်ကြည့်နေသည်။
ဒီစွမ်းအားကိုသူအရင်ကတခါမှမမြင်ဖူးပါ။
လုချန်ရှန်းပင်လျှင် တခါမှမမြင်ဖူး။
ဒီလိုစွမ်းအားက စကြာ၀ဠာထဲတွင် မွေးဖွားလာသည့်အလားပင်။
သို့မဟုတ် ဒါက စကြာ၀ဠာအဖြစ် ပြောင်းလဲသွားသည့်စွမ်းအားဟုလည်းဆို၍ရသည်။
ဒါကိုမြင်သောအခါ လုချန်ရှန်းလက်သီးဆုပ်လိုက်သည်။
ချက်ချင်းဆိုသလို ဓားတာအိုနိယာမဖြင့် ဖွဲ့စည်းထားသည့်ဓားရှည်တလက်က သူ့လက်ထဲတွင် ပေါ်ပေါက်လာသည်။
တချိန်တည်းမှာပင် လုချန်ရှန်း၏အကူအညီနှင့်အတူ ရှေးဦးမူလကျင့်စဉ်လှည့်ပတ်မှုစတင်ကာ နိယာမစွမ်းအား၏အော်ရာမျိုးစုံက သူ့မရီဒျန်များနှင့် ဒန်တျန်၌ တချိန်တည်းတွင် ပေါက်ကွဲလာကြပြီး ဓားတခုလုံးကို ဖုံးလွှမ်းသွား၏။
ရောင်စုံအလင်းရောင်များက ဓားရှည်၌ကပ်ငြိနေကြသည်။ တချက်ကြည့်ရုံနှင့် ဒါက သာမန်ဆန်ပုံပေါ်သော်လည်း အနည်းငယ်အနီးကပ်ကြည့်မည်ဆိုပါက လုချန်ရှန်းအနီး ငါးကီလိုမီတာပတ်လည်အတွင်းက အရာအားလုံးက အဆက်မပြတ် ဖြတ်တောက်ခံနေရသည်။
အနှီမျက်စိဖြင့်မမြင်နိုက်သည့်အက်ကြောင်းလေးများထဲကနေ အာကာသစွမ်းအားများက စိမ့်ထွက်လာကြ၏။
သို့စေသည့်တိုင် ရှေးဦးမူလကျင့်ကြံခြင်းကျင့်စဉ်၏ နက်ရှိုင်းမှုကိုပြသရန် မဖြစ်နိုင်ပေ။
မိုးမခပင်၏မျက်လုံးများက လုချန်ရှန်းလက်ထဲက ဓားပေါ်ကျရောက်နေသည်။
ဓားရှည်က အဆုံးစွန်ထိသိပ်သည်းနေပြီး ကောင်းကင်နှင့်မြေကြီးနိယာမစွမ်းအားအသီးသီးမှ အားသစ်တခုကကျစ်လျစ်လာသည်။
ဒီအမည်မသိ ပရမ်းပတာစွမ်းအားတွင် ကြီးမားသည့်အဖျက်စွမ်းအားရှိသည်။
ဒါက မိုးမခပင်ကိုပင်လေးနက်သွားစေသည်။
ထိုအချိန်တွင် မိုးမခပင်အနီးရှိ မိုးမခကိုင်းအားလုံးက တချိန်တည်းတွင် မြှားတသောင်းပစ်လိုက်သည့်အလား လုချန်ရှန်းထံ၀င်ရောက်သွားသည်။
မိုးမခကိုင်းတိုင်းက လေဟာနယ်ကို ထိုးဖောက်သွားသော်လည်း အဆုံးမဲ့ဘ၀ဆန္ဒဖြင့်ပြည့်နှက်နေပြီး လေဟာနယ်ကို ချက်ချင်းပြုပြင်ပေးသည်။
ဒါကအတော်လေးဝိရောဓိဖြစ်ပုံရသော်လည်း ၎င်း၏အဖျက်စွမ်းအားကမူ အလွန်အမင်းကြောက်စရာကောင်းသည်။
လျိုကျိယု ချက်ချင်းပင် ကျောက်တုံးလေးကိုပွေ့ဖက်ကာ ခုန်လျက် စံအိမ်တော်တည်ရှိသည့် တောင်ထိပ်လေးကနေ ထွက်ပြေးလေတော့သည်။ သူ့အမူအရာကလေးနက်နေပြီး ဒီမြင်ကွင်းကို အဝေးကနေ ကြည့်နေသည်။
အရိုးတောင်ပံမြွေကျားကလည်း ချက်ချင်းနိုးလာပြီး တချက်ဟစ်ကြွေးကာ ကြီးမားသည့်အရိုးတောင်ပံများအားလှုပ်ခတ်ရင်း တောင်နက်ထဲသို့ ထွက်ပြေးသွားသည်။
ထိုအချိန်တွင် လုချန်ရှန်းလှုပ်ရှားသည်။
သူ့လက်ထဲကဓားတာအိုနိယာမကနေ သိပ်သည်းထားသည့်ဓားရှည်က သူ့ခေါင်းအထက်အထိ ဖြည်းဖြည်းချင်းမြှောက်သွား၏။
ထိုအချိန်တွင် လုချန်ရှန်း၏မျက်နှာက တည်ငြိမ်နေသလို သူ့မျက်လုံးများကလည်း တည်ငြိမ်နေသည်။
"ရှေးဦးမူလ၊ အရာအားလုံးတိတ်ဆိတ်စေ" သူညင်သာစွာရေရွတ်သည်။
သူ့အသံကအတော်လေးတိုးသော်လည်း ထာ၀ရသက်တမ်းကမ္ဘာတခုလုံးအတွင်း မိုးကြိုးပစ်သံပမာ ပဲ့တင်ထပ်သွားသည်။
သူပိုင်းဖြတ်လိုက်သောအခါ ထာ၀ရသက်တမ်းကမ္ဘာတခုလုံးက တုန်ခါသွား၏။
အကယ်၍ လုချန်ရှန်းနှင့် မိုးမခပင်တို့ကသာ ထာ၀ရသက်တမ်းနယ်မြေ၏ လေဟာနယ်ကို အားဖြည့်ခိုင်မာအောင် မလုပ်ခဲ့ပါက ပြိုလဲကျသွားသည်မှာ ကြာမြင့်နေလေပြီ။
အပိုင်း(615) coming။