#ရန်ကြွေးဟောင်း#
Vol. 43 Ch. 616
မဟာပြိုင်ပွဲက ဂိုဏ်းတိုင်းစုစည်းကြသည့်ပြိုင်ပွဲတခုပင်။
သူတို့က အခွင့်အလမ်းများနှင့်ပြည့်နှက်နေသည့် အလွန်ဆန်းကြယ်သော သေမင်းဝိဉာဉ်မြို့အတွက် ဒီနေရာတွင် ရှိနေကြခြင်းဖြစ်သည်။
လျှို့ဝှက်ဂိုဏ်းများနှင့် မင်းမျိုးနွယ်မိသားစုများက တခုပြီးတခုပေါ်လာကြ၏။
ယခုတကြိမ်မဟာပြိုင်ပွဲက အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ တည်ဆောက်ပုံကို ချိုးဖျက်နိုင်ချေအများဆုံးပေတည်း။
အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ ဂိုဏ်းအဆင့်များက မဟာပြိုင်ပွဲနှင့် အတိုင်းအတာတခုအထိ ဆက်စပ်နေသည်။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတည်ရှိသည့်စံအိမ်တွင် ဂိုဏ်းချုပ်ဟောင်ကျန်းဟန်က မဟာပြိုင်ပွဲဒုတိယအကျော့၏ စည်းမျဉ်းများကို ရှင်းပြနေသည်။
"ဒုတိယအဆင့်ကို တစ်ဦးချင်းတိုက်ပွဲလို့ပြောလို့ရတယ်၊ နေ့လယ်ကြရင် ငါတို့မဲနှိုက်ကြမယ်၊ ငါတို့မဲနှိုက်မိတဲ့ဂိုဏ်းက တစ်ဦးချင်းတိုက်ပွဲမှာ ဆန့်ကျင်ဘက်ဂိုဏ်းနဲ့ တိုက်ပွဲ၀င်ရမယ်၊ နိုင်တဲ့သူတွေက အမှတ်တွေရမယ်"
"မင်းတို့အကုန်လုံးနိုင်ရင် အမှတ်တွေပိုရလိမ့်မယ်"
ယဲ့ချိုးပိုင်၊ ကျွင်းကျိတုံနှင့် ကျန်သောသူများခေါင်းညိတ်လိုက်ကြ၏။
ဟောင်ကျန်းဟန်ဆက်ပြောသည်။
"ဘာပဲဆိုဆို အမှတ်အများဆုံးနဲ့အင်အားသုဆယ်ခုက တတိယအဆင့်ကိုတက်နိုင်မယ်၊ အဲဒါက အုပ်စုတိုက်ပွဲရဲ့နောက်ဆုံးအဆင့်ပဲ၊ တစ်ဦးချင်းတိုက်ပွဲကိုလည်း ရွေးချယ်နိုင်တယ်"
"အမည်ကညွှန်းထားသလိုပဲ မင်းတို့လေးယောက်က တခြားလေးယောက်နဲ့တိုက်ခိုက်ရမယ်၊ နိုင်သူကအမှတ်ပိုရမယ်၊ အင်အားစုဆယ်စုရဲ့တိုက်ပွဲအပြီးမှာ နောက်ဆုံးရမှတ်ကို တွကိချက်လိမ့်မယ်"
"တစ်ဦးချင်းတိုက်ပွဲကတော့ ဒုတိယအဆင့်နဲ့အတူတူပဲ"
"တကယ်လို့ငါတို့သေမင်းဝိဉာဉ်မြို့ကို ၀င်ချင်တယ်ဆိုရင် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းရဲ့အမှတ်တွေက ထိပ်ဆုံးသုံးနေရာထဲ၀င်ဖို့လိုတယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
ဒီလိုအနေအထားတွင် ပြိုင်ပွဲရဲ့အချိန်ကာလက အတော်လေးတိုတောင်းစေနိုင်သည်။ မဟုတ်ပါက အလယ်အလတ်ဆင့်ကြယ်နယ်မြေမှ တဂိုဏ်းပြီးတဂိုဏ်းလာနေကြသည့် ဂိုဏ်းအများအပြားနှင့်အတူ ဒါကိုအဆုံးသတ်ရန် လအနည်းငယ်ကြာမြင့်ပေလိမ့်မည်။
"ကောင်းပြီ၊ မင်းတို့လမ်းလျှောက်ထွက်ချင်ထွက်ကြ၊ ဒါပေမယ့်တခြားသူတွေရဲ့ပိုင်နက်ကိုအလွယ်တကူမသွားကြနဲ့၊ ဘာပဲဆိုဆို တချို့ဂိုဏ်းတွေမှာ ထူးဆန်းတဲ့စိတ်နေစရိုက်တွေရှိကြတယ်၊ ငါမဲသွားနှိုက်လိုက်ဦးမယ်"
လမ်းညွှန်ချက်ပေးပြီးနောက် ဟောင်ကျန်းဟန်ချက်ချင်းပင်ပျောက်ကွယ်သွားသည်။
ယဲ့ချိုးပိုင် မူလက ခေးအောစ့်အနှစ်သာရဓားကျင့်စဉ်ကို ခိုင်မာအောင်လုပ်ချင်ခဲ့သည်။ သို့သော်ဘေးက ကျွင်းကျိတုံက ရုတ်တရက်မေးသည်။
"အစ်ကိုယဲ့၊ လမ်းလျှောက်ထွက်ကြရအောင်"
ဂိုဏ်းချုပ်၏ကိုယ်တိုင်တပည့်ဖြစ်သည့် ချူလန်ကလည်း ပြုံးသည်။
"ဆက်ကျင့်ကြံမနေပါနဲ့တော့၊ မနက်ဖြန်ဒါကစတော့မှာလေ၊ ငါတို့အခုအပြင်ထွက်ပြီးအပန်းဖြေရင်း ဘယ်ဂိုဏ်းအဖွဲ့တွေ လာသလဲဆိုတာလည်း ကြည့်လို့ရတာပေါ့"
ကျန်သောတစ်ယောက်က ကောင်းကင်ဘုံဓားတောင်ထိပ်၏ အတွင်းဂိုဏ်းတပည့်ဖြစ်သည်။ အစက သူ့ခွန်အားနှင့်နယိပယ်က ထူးခြားမနေပါ။
သို့စေကာမူ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ရွေးချယ်မှုအပြီးတွင် သူက ကိုယ်ပိုင်တပည့်အနည်းငယ်ကို အနိုင်ယူပြီး စတုတ္ထနေရာကိုရခဲ့သည်။
သူ့နာမည်က ချီပင်းဖြစ်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ကျွင်းကျိတုံနှင့်ကျန်သောသူများက ချီပင်း၏ နှုတ်ဆိတ်နေတတ်သည့်စရိုက်ကို ကျင့်သားရလာခဲ့ကြသည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်အကူအညီမဲ့စွာ ခေါင်းညိတ်ရုံသာတတ်နိုင်တော့သည်။
"ကောင်းပြီလေ၊ ဒါဆိုမင်းပြောသလိုလုပ်ကြတာပေါ့"
အသင်္ချေပိုင်နက်သဲကန္တာရတွင် မြို့များ၊ ဂိုဏ်းများမရှိပါ။ တချို့က စိမ်းလန်းသည့်လွင်ပြင်ကင်းမဲ့နေသော လွင်ပြင်ကြီးများသာဖြစ်ပြီး အဝါကောင်သဲများကို နေရာတိုင်းတွင်တွေ့ရသည်။
လေကညင်သာစွာတိုက်ခတ်နေပြီး နေရာတိုင်းတွင်သဲဝါများကိုဆောင်ကြဉ်းလာသည်။ သို့စေကာမူ ဒီသဲဝါများ၌ အတော်လေးထူထဲသည့် ဝိဉာဉ်ချီရှိသည်။ မရေမတွက်နိုင်လောက်သည့်ဂိုဏ်းများက သဲဝါထဲတွင် သဘာ၀ရတနာတခုခုရှိလောက်သည်ဟုခံစားမိခဲ့ကြသော်လည်း သူတို့ တစ်ယောက်ပြီးတစ်ယောက် လာစုံစမ်းခဲ့ကြပြီး ဘာတခုမှမတွေ့ခဲ့ကြသဖြင့် ဒီနေရာက မည်သည့်အရင်းအမြစ်မှမရှိသည့် ကန္တာရတခုဟုသာ ဆုံးဖြတ်လိုက်ကြသည်။
မဟာပြိုင်ပွဲသာမရှိပါက ဒီနေရာ၌ နေအိမ်တစ်လုံးပင်ရှိမည်မဟုတ်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းနေအိမ်ကနေ ထွက်လာကြသည်။ အပြင်၌ လူများစွာလမ်းလျှောက်ရင်းစကားပြောနေကြ၏။
တချက်ကြည့်ရုံနှင့် သူတို့၏ကျင့်ကြံခြင်းနယ်ပယ်များက အတော်လေးမြင့်မားတာကို တွေ့နိုင်သည်။
ယဲ့ချိုးပိုင်ကဲ့သို့ သွေးပြောင်းလဲခြင်းနယ်ပယ်အစောပိုင်းအဆင့်ကျင့်ကြံသူတယောက်ကို သာမန်ဟုသာယူဆနိုင်သည်။
သို့သော်ဒါကပုံမှန်သာ။
ဒီနေရာကလူများက နယ်မြေတိုင်းက ထိပ်တန်းဂိုဏ်းများ၏အံ့ဖွယ်ပါရမီရှင်များမဟုတ်ပေလော။ သူတို့မည်သို့မည်ပုံ အားမကောင်းဘဲနေမည်နည်း။
ကျွင်းကျိတုံညည်းတွားသည်။
"အပြင်မှာပိုတော်တဲ့လူဆိုတာ အမြဲရှိတာပဲ"
ချူလန်မှတ်ချက်မပေးခဲ့သော်လည်း သူ့အမူအရာကအနည်းငယ်လေးနက်နေသည်။
"ဒီတကြိမ်ငါတို့တော့ဒုက္ခရောက်လောက်ပြီ၊ ဒါ့အပြင် ငါတို့ထက်ပိုမြင့်တဲ့ဂိုဏ်းတချို့က ရှိသေးတယ်....."
ချူပင်းစကားမပြောသော်လည်း သူ့မျက်လုံးထဲတွင် မှိန်ဖျော့သည့်တိုက်ပွဲဆန္ဒများမြှင့်တက်လာသည်။ ယဲ့ချိုးပိုင်တွင် အတော်လေးကြွယ်၀သည့်တိုက်ပွဲ အတွေ့အကြုံရှိသဖြင့် အော်ရာအနည်းငယ်စီးဆင်းမှုကိုပင် သူရှင်းလင်းစွာခံစားနိုင်သည်။
သူ ချူးပိုင်အားတချက်ကြည့်လိုက်သောအခါ သူ့နှလုံးက တဒုန်းဒုန်းခုန်သွားသည်။
ဒီချူးပိုင်က မရိုးရှင်းဘူး!
ထိုအချိန်တွင်နှစ်လိုဖွယ်အမျိုးသမီးတစ်ဦး၏အသံထွက်ပေါ်လာသည်။
"အာ၊ ဂျူနီယာမောင်လေးယဲ့"
ယဲ့ချိုးပိုင်အနည်းငယ်ကြက်သေသေသွားသည်။
ဒီအသံကအတော်လေးရင်းနှီးနေသည်။ သူလှည့်ကြည့်လိုက်သောအခါ အမျိုးသမီးကို တွေ့လိုက်ရသဖြင့် ပြုံးလိုက်လေသည်။
"စီနီယာအစ်မကျန်း"
ချူလန်အနည်းငယ်အံ့ဩသင့်သွား၏။
"အစ်ကိုယဲ့၊ မင်းသူ့ကိုသိလို့လား"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ငါသူ့ကိုသိတယ်၊ အရင်က ငါနယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်မှာနေဖူးတယ်၊ အဲဒီအချိန်မှာ ငါ ငန်းဆိပ်ကမ်းဂိုဏ်းကို၀င်ခဲ့ပြီး ကျန်းကျိက ကောင်းကင်မုန်းတီးတောင်ထိပ်က ငါ့ရဲ့စီနီယာအစ်မပါ"
နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်!
သူတို့အေးခဲသွားကြ၏။
သို့သော်သူတို့မသိတာပုံမှန်သာ။
မည်သို့ပင်ဆိုစေကာမူ အလယ်အလတ်အဆင့်ကြယ်နယ်မြေက အတော်လေးကြီးသည်မဟုတ်ပေလော။
ကျန်းကျိအလျင်အမြန်လျှောက်လာပြီး အပြုံးဖြင့်ပြောသည်။
"နင်လာမယ်ဆိုတာငါသိတယ်၊ ဒီတကြိမ် နင်ဘယ်ဂိုဏ်းရဲ့ကိုယ်စားပြုလဲ"
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း"
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း!
ကျန်းကျိတုန်လှုပ်ချောက်ချားသွား၏။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းဖြစ်သော်လည်း အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ဓားသမားများအတွက် အားအကောင်းဆုံးနေရာပင်။
ထိုအချိန်တွင် အမျိုးသမီးတစ်ဦးက ကျန်းကျိဘေးသို့ရောက်လာပြီး အပြုံးဖြင့်မေးသည်။
"ဂျူနီယာမောင်လေးယဲ့၊ ဇီရှင်းဘယ်မှာလဲ"
သူမက ရှုချီဖြစ်သည်။
အရင်က မုဇီရှင်း အလ်ကိုက်တောင်ထိပ်တွင်ရှိစဉ်က သူမကောင်းကောင်းဂရုစိုက်ခဲ့သဖြင့် ယဲ့ချိုးပိုင်ကလည်းဒီအတွက် အတော်လေးကျေးဇူးတင်မိသည်။
"ဇီရှင်းမှာ ကိစ္စတခုခုရှိနေလို့ပါ"
"မောင်လေးယဲ့၊ နင်သာဒီတကြိမ် ငါတို့ငန်းဆိပ်ကမ်းဂိုဏ်းကို ဦးဆောင်မယ်ဆိုရင် ငါတို့အဆင့်က နောက်တဆင့်ကို တက်သွားလိမ့်မယ်"
ကောင်းကင်မြင့်တောင်ထိပ်၏သူတော်စင်သားတော်ကျိလျန် အပြုံးဖြင့်ရှေ့သို့လျှောက်လာသည်။
တခြားတယောက်က ရှေးဦးမူလခေးအောစ့်တောင်ထိပ်၏သူတော်စင်သားတော်ဖြစ်သည်။
ယဲ့ချိုးပိုင်ပြုံးသည်။
"ဂိုဏ်းချူပ်ယန် အသင်းကိုဦးဆောင်လာတာလား"
ကျန်းကျိခေါင်းခါယမ်းသည်။
"မဟုတ်ပါဘူး၊ အကြီးအကဲကျဲကိုယ်တိုင် လာခဲ့တာပါ"
"ဒီလိုဆိုရင်ငါသွားလည်ရတော့မှာပဲ"
ရှုချီပြုံးရင်းခေါင်းခါယမ်းသည်။
"အကြီးအကဲကျဲက မဲနှိုက်ဖို့သွားတယ်၊ သူ့ကိုမနက်ဖြန်မှတွေ့ရတော့မှာ"
ထိုအချိန်တွင် ချီပင်းက ယဲ့ချိုးပိုင်နှင့်ကျန်သောသူများနောက်တွင်လာရပ်ပြီး ရုတ်တရက်မေးသည်။
"နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက အားအကောင်းဆုံးဂိုဏ်းမလား"
ယဲ့ချိုးပိုင်အံ့ဩတကြီးလှည့်ကြည့်မိသည်။
ဒီချီပင်းက သိတာအရမ်းများမနေဘူးလား!
ကျိလျန်အပြုံးဖြင့်ရှင်းပြသည်။
"ဒါကအတိတ်ကပါ၊ အခုလက်ရှိ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက အစ်ကိုယဲ့ရဲ့အကူအညီနဲ့ ဖျက်ဆီးခံလိုက်ရပါပြီ၊ မဟုတ်ဘူးဆိုရင် ငန်းဆိပ်ကမ်းဂိုဏ်းမှာ မဟာပြိုင်ပွဲအတွက် ပါ၀င်ဖို့ အခွင့်အလမ်းရှိမှာမဟုတ်ဘူး"
"ကောင်းပြီ၊ ဒီတခါနင်က ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို ကိုယ်စားပြုထားတာဆိုတော့ စကားလျှော့ပြောကြရအောင်'
ကျန်းကျိရွှတ်နောက်စွာမျက်တောင်တဖျပ်ဖျပ်ခတ်ရင်းပြောသည်။
"နင်တခုခုရတဲ့အခါကျရင် ငါ့ကိုလည်းပေးရမယ်နော်"
ယဲ့ချိုးပိုင်ပြုံးသည်။
"မစိုးရိမ်ပါနဲ့၊ ကျွန်တော်သေချာပေါက်ပေးပါမယ်၊ မဟုတ်ရင် နောက်ဆုံးတခေါက်ကလို ဖြစ်ပျက်သွား..."
ထိုနေရာတွင် ယဲ့ချိုးပိုင်ရုတ်တရက်ရှက်သွားပုံရပြီး ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်သည်။
ကျန်းကျိ၏မျက်နှာက ရုတ်တရက်နီရဲသွားပြီး ယဲ့ချိုးပိုင်အားစူးစိုက်ကြည့်ရင်း ခြေဆောင့်ကာ ထွက်သွားလေတော့သည်။
ဒါကိုထွက်ပြေးခြင်းလို့သုံးပါက ပိုသင့်တော်သည်။
"ဘာဖြစ်သွားတာလဲ" ကျိလျန်အနည်းငယ်ကြက်သေသေသွားသည်။
ယဲ့ချိုးပိုင်တခုခုပြောရန်ပြင်လိုက်စဉ် ကျန်းကျိရုတ်တရက်လှည့်လာပြီး သူ့ကို စိမ်းဝါးဝါးကြည့်နေတာကိုတွေ့လိုက်ရသည်။
ဒါကိုမြင်သောအခါ သူအလျင်အမြန်လက်ဝှေ့ယမ်းလိုက်ရသည်။
"ဘာမှမဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး"
ငါကမမြင်သင့်တဲ့အရာတခုခုကိုမြင်ခဲ့ရုံပါပဲ....!
ငန်းဆိပ်ကမ်းဂိုဏ်းထွက်သွားပြီးနောက် ယဲ့ချိုးပိုင်ကောင်းကင်သို့မော့ကြည့်ရင်း ပြုံးလိုက်မိသည်။
ငန်းဆိပ်ကန်းဂိုဏ်းကဒီမှာရှိနေပြီဆိုတော့ နယ်နိမိတ်မဲ့ကမ္ဘာကိုဆင်းသက်လာခဲ့တဲ့ ဂိုဏ်းတချို့လည်းဒီမှာရှိသင့်တယ်မလား!
ရန်ကြွေးဟောင်းတွေကိုဖြေရှင်းဖို့ အချိန်ကျပြီပေါ့!
အပိုင်း(617) coming။