#ပထမတိုက်ပွဲ#
Vol. 44 Ch. 618
ကျန်းတျန်ရှင်း၏ အပြုအမူများက လူတိုင်း၏နားထဲသို့ အလျင်အမြန်ပျံ့သွားခဲ့သည်။
ချူလန်ဒါကိုကြားသောအခါ သူ့၏အမူအရာကအလွန်အမင်းလေးနက်သွား၏။
ဟောင်ကျန်းဟန်၏ကိုယ်ပိုင်တပည့်ဖြစ်သလို ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ နံပါတ်တစ်ပါရမီရှင်တဖြစ်လဲ သူကကျွင်းကျိတုံထက်အားကောင်းသည်။
သူကလည်း အင်မော်တယ်တပိုင်းနယ်ပယ်တ၀က်အဆင့်ကျင့်ကြံခြင်းဖြင့် အင်မော်တယ်တပိုင်းအစောပိုင်းအဆင့်ကို တိုက်ခိုက်နိုင်ပါသည်။
ဒါ့အပြင် ဒဏ်ရာမရဘဲနှင့် သူနောက်ဆုတ်နိုင်သေးသည်။
သို့သော် ကျန်းတျန်ရှင်းကရော!
သူက အင်မော်တယ်တပိုင်းနယ်ပယ်တ၀က်အဆင့်ဖြင့် အင်မော်တယ်တပိုင်းအစောပိုင်းအဆင့်ကျွမ်းကျင်သူနှစ်ဦးကို သတ်ပစ်ခဲ့သည်။
ဒါကသတ်ဖြတ်ခြင်းဖြစ်ပြီး တိုက်ခိုက်ခြင်းပင်မဟုတ်။
ပြီးတော့သူတို့ကနှစ်ယောက်တောင်ဖြစ်သည်။
သူတို့အကြားက ကွာဟချက်က မည်မျှပင်ကြီးမားလေသနည်း။
ကျွင်းကျိတုံကသယ်သွားပြီးနောက်တွင် ချူလန်က ယဲ့ချိုးပိုင်နှင့် ချီပင်းအားကြည့်ရင်း သိချင်စိတ်ဖြင့်မေးသည်။
"အရင်က ကျန်းတျန်ရှင်းရဲ့အောင်မြင်မှုတွေကို မင်းတို့သိလား"
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင်ရော ချီပင်းပါခေါင်းခါယမ်းပြသည်။
"ဒါဆိုဘယ်လိုသိတာလဲ"
သူပထမဆုံးအကြိမ်စင်ပေါ်သွားကတည်းက ကျန်းတျန်ရှင်းက ကျွင်းကျိတုံနှင့်ယှဉ်နိုင်သည့် အင်မော်တယ်တပိုင်းနယ်ပယ်တ၀က်အဆင့်ခွန်အားကိုသာပြသခဲ့သည်။
ထိုအချိန်ကတည်းက ကျွင်းကျိတုံသေချာပေါက်ရှုံးနိမ့်မယ်ဆိုတာ ယဲ့ချိုးပိုင်ရော ချီပင်းပါသေချာသွားခဲ့သည်။
ယဲ့ချိုးပိုင်ထူးမခြားနားစွာပြောသည်။
"ခံစားချက်အရပေါ့"
ချီပင်းကလည်းတချိန်တည်းတွင်ဖြေသည်။
"ခံစားချက်တခုပဲ"
ယဲ့ချိုးပိုင် ချီပင်းအားလှည့်ကြည့်လိုက်မိသည်။
သူ့၏ကြွယ်၀သည့်တိုက်ပွဲအတွေ့အကြုံကြောင့် သူက ကျန်းတျန်ရှင်း၏အန္တရာယ်ကို ခံစားနိုင်ခြင်းပင်။
ဒီလိုဆိုပါက ချီပင်းကရော!
အရင်က လူမသိသော ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ ဒီသာမန်အတွင်းဂိုဏ်းတပည့်လေးက အမှန်တကယ်ပင် ထူးခြားသည်။
ထိုအချိန်တွင် ကျန်တျန်ရှင်း စင်မြင့်အောက်သို့ကြည့်ပြီး ထူးမခြားနားစွာပြောသည်။
"မင်းတို့ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကလူတွေကဒီလိုပဲဆိုရင် စင်မြင့်ပေါ်ကို တက်လာနေစရာမလိုတော့ဘူး"
ချူလန်၏အမူအရာက အတော်လေးကြည့်ရဆိုးသွားသည်။
မောက်မာတယ်!
ဒီကောင်ကအတော်လေးမောက်မာတာပဲ!
သို့စေကာမူ သူပြန်လည်ချေပနိုင်စွမ်းမရှိပေ။
သူကကျွင်းကျိတုံထက်အားကောင်းသော်လည်း အများကြီးအားကောင်းနေတာတော့မဟုတ်ပါ။
ကျန်းတျန်ရှင်းကိုရင်ဆိုင်ရစဉ် ပြန်လည်လက်တုံ့ပြန်ရန်အတွက် နည်းလမ်းတကယ်မရှိချေ။
တဘက်လူက သူ့လက်ထဲက ဓားမောက်ရှည်ကိုပင်မသုံးခဲ့။
ကောင်းကင်ကံကြမ္မာဂိုဏ်းကလူများက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား နှာခေါင်းရှုံ့ပြသည်။
ကျန်းတျန်ရှင်းအနည်းငယ်မျက်မှောင်ကြုတ်သည်။
"ဓားသမားတွေအားလုံးက ဒီလိုစိတ်ပိုင်းမဖြတ်နိုင်ကြဘူးလား၊ မင်းတို့မနိုင်နိုင်ဘူးဆိုရင် မတိုက်ခိုက်ကြနဲ့၊ နိုင်နိုင်တယ်ဆိုရင် မြန်မြန်တက်လာခဲ့ကြ၊ ဘာလို့ အချိန်ဖြုန်းနေရတာလဲ"
ချူလန်အံကြိတ်ရင်း ရှေ့တလှမ်းတိုးကာ ခုန်တက်သွားရန်ပြင်လိုက်စဉ် သူ့ပခုံးက ဖိနှိပ်ခံလိုက်ရသည်။
လက်ဖဝါးတခုက သူ့ပခုံးပေါ်ဆင်းသက်လာလေရာ သူလှည့်ကြည့်လိုက်စဉ် ယဲ့ချိုးပိုင်ဖြစ်နေတာကို တွေ့လိုက်ရသည်။
ယဲ့ချိုးပိုင်ပြုံးရင်းပြောသည်။
"ငါလုပ်ပါရစေ"
ချူလန်တခဏမျှတုံ့ဆိုင်းနေပြီးနောက် မေးသည်။
"အဆင်ပြေပါ့မလား"
"ငါတို့မကြိုးစားကြည့်သရွေ့တော့ မသိနိုင်ဘူးလေ"
ယဲ့ချိုးပိုင်ပြုံးသည်။
"ဒါပေမယ့် ငါယုံကြည်မှုရှိနေတုန်းပဲ"
ထို့နောက် လူတိုင်း၏အကြည့်အောက်တွင် သူတာအိုဆွေးနွေးစင်မြင့်ပေါ်သို့ ခုန်တက်သွားသည်။
ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားက သူ့လက်ထဲတွင်ပေါ်လာသည်။
ကျန်းတျန်ရှင်း ယဲ့ချိုးပိုင်လက်ထဲကဓားကို ကြည့်ပြီး မျက်ခုံးအနည်းငယ်ပင့်လိုက်မိသည်။
"မင်းဓားကမဆိုးဘူးဘဲ၊ ဒါပေမယ့် မင်းနယ်ပယ်ကတော့ မလုံလောက်သေးဘူး၊ ဒီလိုကွာဟချက်ကြီးက မင်းလက်ထဲက ဓားပြုပြင်ပြောင်းလဲပေးနိုင်တဲ့အရာတခုမဟုတ်ဘူး"
အောက်ကတိုက်ပွဲကိုကြည့်နေကြသူများကလည်း ယဲ့ချိုးပိုင်၏နယ်ပယ်ကို အာရုံခံမိကြသည်။
သွေးပြောင်းလဲခြင်းနယ်ပယ်အစောပိုင်းအဆင့်ပဲလား!
လူတိုင်းတခဏမျှကြက်သေသေသွားကြပြီးနောက် အူလှိုက်သည်းလှိုက် ရယ်မောကြလေတော့သည်။
"သွေးပြောင်းလဲခြင်းနယ်ပယ်အစောပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ်စင်ပေါ်ကိုသွားရဲတာလဲ"
"ဒါပေမယ့် ကျန်းတျန်ရှင်းရဲ့တိုက်ပွဲရလဒ်တွေကိုကြားပြီးတာတောင် သွေးပြောင်းလဲခြင်းနယ်ပယ်အစောပိုင်းအဆင့်နဲ့ စင်ပေါ်ကိုတက်လာသေးတာဆိုတော့ သူကအတော်လေးသတ္တိရှိသားပဲ"
"သတ္တိရှိတာကဘာအသုံး၀င်လို့လဲ၊ မဟာပြိုင်ပွဲမှာ သေခြင်းရှင်ခြင်းအကြောင်းပြောနေစရာကိုမလိုတာ၊ သူသာကျန်းတျန်ရှင်း လက်ထဲမှာသေသွားရင် သတ္တိရှိတာက သူ့ကိုကယ်တင်ပေးနိုင်မှာမို့လား"
ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်က ဒီတကြိမ်အသင်း၏ခေါင်းဆောင်ဖြစ်သည်။
ကောင်းကင်ထက်ကနေ စင်ပေါ်က ယဲ့ချိုးပိုင်ကိုမြင်သောအခါ သူ့ကိုယ်ထဲကအော်ရာက ရင်းနှီးနေသလိုခံစားလိုက်ရသည်။
ထိုအချိန်က နယ်နိမိတ်မဲ့ကမ္ဘာက ငှက်ကလေးကြောင့် ကောင်းကင်ကံကြမ္မာဂိုဏ်းက လူများက အမြစ်ပြတ်သုတ်သင်ခံရလုနီးပါးပင်။
ထို့နောက်တွင် ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်ဒေါသထွက်သွားပြီး လျှို့ဝှက်စစ်ဆေးရန်အတွက် လူများကို စေလွှတ်ခဲ့သည်။
သူယူလာသည့်သတင်းအချက်အလက်များနှင့် ကွဲကြေသွားသည့်ကျောက်စိမ်းဝိဉာဉ်တုံကင်ထဲကအော်ရာနှင့် ယှဉ်ပါက ဓားသမားများအနက်တစ်ဦးက ယဲ့ချိုးပိုင်နှင့် အလွန်အမင်းတူညီသည့်အော်ရာတခုရှိနေပုံရသည်။
ဖြစ်နိုင်တာက.......!
ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်၏ အမူအရာကအေးခဲသွား၏။
အဆင့်နိမ့်ကြယ်နယ်မြေက လူတယောက်က ဒီလိုအချိန်တိုအတွင်းတွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေကို လာနိုင်ပြီး ပြိုင်ပွဲ၌ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကိုပင် ကိုယ်စားပြုနိုင်ခဲ့သည်။
သူတို့၏ကျင့်ကြံခြင်းနယ်ပယ်များက ပြောဆိုရန်ပင် မထိုက်တန်သော်လည်း ကြားကအချိန်ကာလက အလွန်အမင်းတိုတောင်းသည်။
သူ့လက်ထဲတွင် ကောင်းကင်အင်မော်တယ်ဓားတလက်ပင်ရှိနေသည်။
ဒါက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက အဆင့်မြင့်လူများပေးထားတာဖြစ်ရပေမည်။
သို့မဟုတ် ရှေးဟောင်းတန်ခိုးရှင်ပုဂ္ဂိုလ်တဦးဦး၏ အမွေအနှစ်လည်းဖြစ်နိုင်သည်။
ဒီလိုလူမျိုးက သေချာပေါက် ခြိမ်းခြောက်မှုတခုဖြစ်လာပေလိမ့်မည်။
ဒါကိုတွေးမိသောအခါ ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်က အသံပို့လွှတ်လိုက်သည်။
သူ့အသံက ကျန်းတျန်ရှင်းနှင့် ကောင်းကသ်ကံကြမ္မာဂိုဏ်းက တခြားတပည့်သုံးယောက်ဆီသို့ရောက်သွားသည်။
"ငါတို့ဒီကောင်လေးကိုသတ်ပစ်ရမယ်"
ဂိုဏ်းချုပ်ဖြစ်နေပြီး တဘက်လူက ဂျူနီယာလေးတယောက်ဖြစ်နေသည့်တိုင် ဂိုဏ်းဖွံ့ဖြိုးတိုးတက်လာမှုကို သက်ရောက်နိုင်သည့် မည်သည့်ခြိမ်းခြောက်မှုကိုမှ သူခွင့်ပြုမည်မဟုတ်။
ကျန်းတျန်ရှင်းညင်သာစွာခေါင်းညိတ်သည်။
ထို့နောက် သူယဲ့ချိုးပိုင်အားကြည့်လိုက်၏။
"အရှုံးကို၀န်ခံဖို့ အရမ်းနောက်မကျသေးဘူး"
ယဲ့ချိုးပိုင် လက်ထဲတွင် ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို အသာအယာမြှောက်ရင်းပြုံးသည်။
"ကြိုးစားပြီးမှသိနိုင်မှာလေ"
ထိုအချိန်တွင် ဟောင်ကျန်းဟန်၏အသံက ယဲ့ချိုးပိုင်နားထဲ၀င်လာသည်။
"ဂရုစိုက်၊ အခုလေးတင် ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်က မင်းကိုသတ်ဖြတ်လိုသည့်အကြည့်နဲ့ကြည့်နေတာ၊ ပြီးတော့ ကောင်းကင်ကံကြမ္မာဂိုဏ်းတပည့်တွေဆီကိုလည်း သူအသံပို့ပြီးပြီ၊ အကြောင်းအရာကဘာလဲငါမသိပေမယ့် မင်းကို တိုက်ခိုက်ဖို့အတွက်ဖြစ်ရမယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
ဒါကိုမြင်သော်လည်း အဖိုးအိုက ဘာမှမပြောဘဲ လက်ကိုဝှေ့ယမ်းလိုက်၏။
"စတော့"
ဒီတကြိမ်တွင် ကျန်းတျန်ရှင်းကပုံမှန်မဟုတ်ပေ။ သူတိုက်ခိုက်ရန်အတွက် ပဏာမခြေလှမ်းပင်လှမ်းကာ ယဲ့ချိုးပိုင်အား ရိုက်ချလိုက်၏။
သူဓားရှည်ကိုယခုထိမသုံးသေးပါ။
သို့စေကာမူ ကျန်းတျန်ရှင်း၏လက်ဖဝါးက သတ်ဖြတ်ခြင်းဆန္ဒဖြင့်ပြည့်နှက်နေသည်။ ၎င်း၏စွမ်းအားက သူကျွင်းကျိတုံကို အနိုင်ယူစဉ်ကထက် ပို၍အားကောင်းသည်။
ထိုးထွက်လာသည့်ဓားရှည်ဆန္ဒက ထိုအခိုက်အတန့်၌ ကျန်းတျန်ရှင်း၏ လက်ဖဝါးပေါ်၌စုစည်းလာကြပြီး လက်ဖဝါးကို ဓားသွားအဖြစ်သုံးရင်း ယဲ့ချိုးပိုင်ရှိရာသို့ ဒေါင်လိုက်ရိုက်ချလိုက်သည်။
လေဟာနယ်ထဲတွင် လှိုင်းများက ချက်ချင်းထွက်ပေါ်လာခဲ့သည်။
ယဲ့ချိုးပိုင်၏သူငယ်အိမ်များကကျုံ့သွားခဲ့သည်။ ကျန်းတျန်ရှင်းက အမှန်တကယ် အတော်လေးအားကောင်းသည်။
သူရန်သူကို လျှော့မတွက်နိုင်ပေ။
ယဲ့ချိုးပိုင် ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားဖြင့် ရှေ့သို့ညွှန်ပြစဉ် ရုတ်ချည်းဆိုသလို ထူးကဲဓားဆန္ဒက တာအိုဆွေးနွေးစင်မြင့်တခုလုံးသို့ပျံ့ကာ လွှမ်းခြုံပစ်သည်။
အချိန်အတိုင်းအတာတခုအထိ တာအိုဆွေးနွေးစင်မြင့်က နေရာတိုင်းတွင်ရှိနေသည့် ဓားဆန္ဒများနှင့် ပြည့်နှက်နေခဲ့သည်။
ထူးကဲဓားတာအိုလား!
လူတိုင်းအနည်းငယ်ထိတ်လန့်သွားကြ၏။
ဒီကျင့်ကြံခြင်းအဆင့်နဲ့ သူတကယ်ပဲ ထူးကဲခြင်းနယ်ပယ်ကို အသက်သွင်းနိုင်တာလား!
ကျန်းတျန်ရှင်းလည်း အနည်းငယ်အံ့ဩနေသည်။
"ကြည့်ရတာ မင်းကဖျော်ဖြေဖို့ ကြိုးစားနေတာတော့မဟုတ်ဘူးဘဲ"
"မင်းရဲ့ ထူးကဲဓားတာအိုက မင်းလက်ထဲမှာ စွမ်းအားဘယ်လောက်များများ ထုတ်လွှတ်နိုင်မလဲဆိုတာ ငါတကယ်ကြည့်ချင်ပါသေးတယ်"
သူတာအိုဆွေးနွေးစင်မြင့်ပေါ်သို့ တက်လှမ်းလိုက်သည်။
ကျန်တျန်ရှင်း၏ကိုယ်က မိုးကြိုးစင်းတခုပမာ ယဲ့ချိုးပိုင်ရှေ့သို့ချက်ချင်းရောက်သွားပြီး သူ့လက်ဖဝါးက ဓားတလက်အသွင် လက်ဖဝါးကို မြှောက်ကာ ပိုင်းချလိုက်၏။
ယဲ့ချိုးပိုင်ရှေ့သို့ညွှန်ရင်း ဓားလက်ချောင်းကို အသာအယာပုတ်လိုက်သည်။ တာအိုဆွေးနွေးစင်မြင့်ကို ၀န်းရံနေသည့်ဓားဆန္ဒက ထိုအခိုက်အတန့်၌ ထိုးထွက်လာသည်။
ထို့နောက် ဓားများအဖြစ်ပြောင်းလဲကာ ကျန်တျန်ရှင်းအား ဘက်ပေါင်းစုံကနေ ပိုင်းဖြတ်သည်။
ကျန်းတျန်ရှင်းအတွက် ဒါကိုလျစ်လျူရှုထားရန်ဟူသည်မဖြစ်နိုင်ပေ။
သူ့လက်ဖဝါးက ဆက်လက်ဖြတ်တောက်နေစဉ် တခြားလက်တစ်ဘက်က လခြမ်းကွေးဓားမောက်ရှည်က ဓားရှည်အလင်းတန်းများနှင့်အတူ ပေါက်ကွဲသွား၏။
အန္တိမနယ်ပယ်ဓားရှည်ဆန္ဒ!
ဒီနယ်ပယ်က ယဲ့ချိုးပိုင်၏ဓားဆန္ဒထက် ပိုမိုနိမ့်ကျသော်လည်း သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းကိုအားကိုးရင်း ကွာဟချက်ကို အတင်းဖြည့်ကာ ခုခံလိုက်သည်။
ယဲ့ချိုးပိုင်၏ဓားလက်ချောင်းက ကျန်းတျန်ရှင်း၏လက်ဖဝါးဓားသွားနှင့် ထိပ်တိုက်တွေ့ဆုံသွားကြသည်။
ဘန်း......!
တာအိုဆွေးနွေးစင်မြင့်တခုလုံးပေါ်၌ ဓားဆန္ဒနှင့် ဓားရှည်ဆန္ဒတို့က နှစ်ခုအဖြစ် ပေါ်ပေါက်လာပြီး အရှေ့နှင့်အနောက်ဘက်သို့ ပျံ့သွားကြသည်။
လူတိုင်း၏ထိတ်လန့်နေသည့်အကြည့်အောက်တွင် ယဲ့ချိုးပိုင်ဆယ်လှမ်းနောက်ဆုတ်လိုက်ရပြီး ကျန်းတျန်ရှင်းကမူ ခြောက်လှမ်းနောက်ဆုတ်လိုက်ရလေသည်။
အပိုင်း(619) coming။