#လွှမ်းမိုးခြယ်လှယ်နေသည့်ဓားရှည်ဆန္ဒ#
Vol. 44 Ch. 619
အပြင်လူတစ်ယောက်သာ ဒီနေရာတွင်ရှိမည်ဆိုပါက ဘာကြောင့်ရှိနေသည့်လူများက ဒီလောက်ထိတ်လန့်သွားကြသလဲဆိုတဲ့အပေါ် သူတို့သေချာပေါက် အံ့ဩသင့်သွားကြပေလိမ့်မည်။
တာအိုဆွေးနွေးစင်မြင့်ပေါ်က လူနှစ်ယောက်နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရတာက ဘာများအံ့ဩသင့်စရာရှိလို့လဲ!
သို့စေကာမူ ဒီအချက်တစ်ချက်တည်းက လူတိုင်းကို ထိတ်လန့်သွားစေခဲ့ခြင်းပင်။
ကျန်းတျန်ရှင်းက အင်မော်တယ်တပိုင်းနယ်ပယ်တ၀က်အဆင့်တွင်ရှိပြီး အင်မော်တယ်တပိုင်းနယ်ပယ်အစောပိုင်းအဆင့်ကျွမ်းကျင်သူနှစ်ဦးက တ၀က်အဆင့်ဖြင့်သတ်နိုင်သည့်တည်ရှိမှုမျိုးလည်းဖြစ်သည်။
ဒီလိုလူမျိုးကို အင်မော်တယ်တပိုင်းနယ်ပယ်အောက်တွင် ပြိုင်ဘက်ကင်းတည်ရှိမှုမျိုးဟုဆို၍ရသည်။
ယဲ့ချိုးပိုင်ကရော!
သူက သွေးပြောင်းလဲခြင်းနယ်ပယ်အစောပိုင်းအဆင့်ကျင့်ကြံသူလေးတယောက်သာဖြစ်ပြီး ကျန်းတျန်ရှင်းနှင့် နယ်ပယ်များစွာ ကွာဝေးသည်။
သို့သော် သူတဘက်လူ၏သတ်ခြင်းကိုမခံခဲ့ရသလို ကျန်းတျန်ရှင်းအား နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ရန်ပင် တွန်းအားပေးနိုင်ခဲ့သည်။
ကံကြမ္မာဂိုဏ်းရှိရာဘက်မှ တပည့်သုံးဦးစလုံးက ထိတ်လန့်သွားကြ၏။
"သူဒါကိုဘယ်လိုလုပ်လိုက်တာလဲ"
ကျန်းတျန်ရှင်း၏တိုက်ချက်က သူမကြာသေးခင်ကမှ အနိုင်ယူခဲ့သည့် နယ်ပယ်တူက ဓားသမားလေးထက် ပိုအားကောင်းသည့်တိုင် သွေးပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူလေးတစ်ယောက်က ဒါကိုတားဆီးနိုင်ခဲ့သည်။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းဘက်တွင် ကျွင်းကျိတုံကအနည်းငယ်ကောင်းမွန်လာပြီဖြစ်ကာ အနည်းဆုံးသူမတ်တပ်ရပ်နိုင်သော်လည်း သူ့အော်ရာက အားနည်းနေသေးသည်။
သူတာအိုဆွေးနွေးစင်မြင့်ပေါ်သို့ကြည့်ရင်း မျက်လုံးများ၌ ရှုပ်ထွေးနေသည့်အကြည့်တခုကြည့်နေသည်။
"သူငါနဲ့ယှဉ်တုန်းကထက်ပိုအားကောင်းတယ်....ဒါမှမဟုတ် အဲဒီအချိန်တုန်းက သူခွန်အားအပြည့်မသုံးခဲ့တာများလား"
ချူလန်ခါးသီးစွာပြုံးရင်းခေါင်းခါယမ်းသည်။
"ငါတို့ပါရမီကအရမ်းကောင်းပြီး အနည်းဆုံးတော့ ငါတို့အဖော်တွေထက် သာလွန်သွားပြီလို့ထင်နေတဲ့အချိန် ငါဒီနေ့ အစ်ကိုယဲ့တိုက်ခိုက်တာကိုတွေ့လိုက်ရတော့ ငါတို့က ရေတွင်းအောက်က ဖားလေးတွေလိုပဲဆိုတာ ငါသဘောပေါက်လိုက်ပါပြီ"
အမြဲလိုလိုတိတ်ဆိတ်နေတတ်သည့် ချီပင်းက ထိုအချိန်တွင်တီးတိုးရေရွတ်လာသည်။
"ဒီကောင်းကင်က အရမ်းကြီးပြီးကျယ်ပြောတယ်"
"ငါတို့ထက်အားကောင်းတဲ့လူတွေအများကြီးရှိတယ်၊ ဥပမာပြောရရင်ယဲ့ချိုးပိုင်ပေါ့၊ ဒါ့အပြင် တခြားနေရာတွေမှာ ယဲ့ချိုးပိုင်ထက် ပိုပါရမီရှိတဲ့ တယောက်ယောက်ရှိတယ်"
ချူလန်နှင့်ကျွင်းကျိတုံတို့က တိတ်ဆိတ်စွာခေါင်းညိတ်ကြသည်။
တကယ်တမ်းတွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေက ကြီးမားပြီး အထက်တွင် အဆင့်မြင့်ကြယ်နယ်မြေရှိနေသေးသည်။
ထိုအချိန်စင်မြင့်ထက်တွင် ကျန်းတျန်ရှင်းအံ့ဩသင့်နေသည်။
သူ့လက်ကိုငုံ့ကြည့်သောအခါ ဓားဆန္ဒအကြွင်းအကျန်အမျှင်တန်းများက သူ့အရေပြား၊ ဆံချည်မျှင်သွေးကြောများနှင့် မရီဒျန်များကို အရူးအမူးဖြတ်တောက်နေကြ၏။
၎င်းတို့က အရိုးများပေါ်၌တွယ်ကပ်နေသည့် ကပ်ပိုးကောင်များပမာ။
ကျန်းတျန်ရှင်းအေးစက်စွာနှာခေါင်းရှုံ့ရင်း လက်မောင်းကိုခါယမ်းသောအခါ ဓားရှည်ဆန္ဒထွက်လာပြီး ဓားဆန္ဒအမျှင်တန်းများကို ပျံ့သွားစေသည်။
"မင်းမှာစင်ပေါ်တက်ဖို့ သတ္တိရှိနေတာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ"
ကျန်းတျန်ရှင်း ယဲ့ချိုးပိုင်အားထူးမခြားနားစွာကြည့်သည်။
"မင်းငါ့ကို ဒီနယ်ပယ်မှာ တကယ်ပဲယှဉ်နိုင်စွမ်းရှိတယ်၊ အမှန်ပြောရရင် ငါတို့အခန်းကဏ္ဍကသာပြောင်းပြန်ဖြစ်သွားရင် ငါမင်းလောက်တော်မှာမဟုတ်ဘူး"
ဒါကညံ့သည်ဟုဆိုလိုခြင်းပင်!
စင်အောက်၌ အုတ်သောင်းအုတ်နင်းဖြစ်သွားသည်။
ကျန်းတျန်ရှင်းကိုပင် ယခုလိုအရာကို ကိုယ်တိုင်ကိုယ်ကျပြောလာနိုင်အောင် လုပ်နိုင်ခြင်းက ယဲ့ချိုးပိုင်၏ခွန်အားကို သက်သေပြနေသည်။
ကျန်းတျန်ရှင်းကလည်း ဓားသမားတစ်ယောက်ဖြစ်သည်။
ဓားရှည်သမားတစ်ယောက်က ဓားသမားတစ်ယောက်ထက် လုပ်ရပ်များတွင်သာမက ပင်ကိုယ်စရိုက်တွင်ပင် ပို၍လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသည်။
ထို့ကြောင့် အစစ်အမှန်ဓားသမားတစ်ယောက်က သူကတဘက်လူလောက် အားမကောင်းဘူးဟု၀န်ခံလာပါက ဟန်ဆောင်မှုများရောထွေးနေမည်မဟုတ်။
ယဲ့ချိုးပိုင်မှိန်ဖျော့စွာပြုံးသည်။
"မင်းလည်းမဆိုးပါဘူး၊ ငါတိုက်ခိုက်ခဲ့တဲ့လူတွေထဲမှာ မင်းကိုအဆင့်တခုသတ်မှတ်လို့တောင်ရတယ်"
ယဲ့ချိုးပိုင်၏မောက်မာသောစကားလုံးများကိုကြားရသောအခါ ကျန်းတျန်ရှင်းမျက်ခုံးအနည်းငယ်ပင့်လိုက်မိသည်။
"မင်းနယ်ပယ်ကအရမ်းနိမ့်ကျနေသေးတယ်၊ မင်းငါ့ကိုအနိုင်ယူနိုင်မယ်လို့ တကယ်တွေးနေတာဆိုတော့ မင်းက အရမ်းနုံအလွန်းရာကျတယ်"
"မင်းငါနဲ့နယ်ပယ်တူလာတဲ့အခါကျရင် ငါတို့တိုက်ခိုက်ကြမယ်လို့ ငါတကယ်ပြောချင်ပေမယ့် အခုတော့......"
ထိုသို့ပြောနေစဉ် ကျန်းတျန်ရှင်း လခြမ်းကွေးဓားကောက်ရှည်ကို လက်ထဲတွင် ကိုင်မြောက်ရင်း ဓားအိမ်ထဲကနေထုတ်လိုက်သည်။
ဓားအိမ်ကနေ ဓားရှည်ဆန္ဒများက ပေါက်ကွဲလာသည်။
"ဒါပေမယ့် မင်းမှာ အခွင့်အရေးမရှိတော့ဘူး"
သူစကားပြောပြီးသည်နှင့်တပြိုင်နက် လွှမ်းမိုးခြယ်လှယ်နိုင်သည့် ဓားရှည်ဆန္ဒက တာအိုဆွေးနွေးစင်မြင့်တခုလုံးအတွင်း ပျံ့သွားသည်။
သူက တာအိုဆွေးနွေးစင်မြင့်ကို၀န်းရံနေသည့်ဓားပိုင်နက်နှင့်အတူ တိုက်ပွဲတခုစတင်သည်။
ကျန်းတျန်ရှန်း မြေကြီးကိုရုတ်တရက်ဆောင့်လိုက်စဉ် တာအိုဆွေးနွေးစင်မြင့်၌ ဧရာမပေါက်ကွဲမှုတခုမြည်ဟီးလာသည်။
ထို့နောက် သူယဲ့ချိုးပိုင်ထံသို့ အမြောက်ဆန်တခုပမာပစ်၀င်သွား၏။
သူမရောက်သေးခင်မှာပင် ဓားရှည်ဆန္ဒက ဆူနာမီကဲ့သို့ပင် လွှဲယမ်း၀င်လာသည်။
ယဲ့ချိုးပိုင်၏အဖြူရောင်၀တ်စုံက လွင့်မြောနေပြီး သူ့၀တ်စုံ၊ ရင်ဘတ်နှင့် ဘောင်းဘီအနားစတို့က တဟူးဟူးမြည်နေသည်။
ယဲ့ချိုးပိုင် ဒီဓားချက်ကိုရင်ဆိုင်စဉ် ရန်သူအားလုံး၀လျှော့မတွက်ပေ။
တဘက်လူ၏ကျင့်ကြံခြင်းနယ်ပယ်က သူ့ထက်မြင့်မားသည်သာမက နယ်ပယ်ဖြတ်ကျော်သတ်ဖြတ်ရာတွင်လည်း တော်သည့် နတ်ဆိုးတကောင်ဖြစ်နေသေးသည်။
ဒီလိုရန်သူမျိုးကိုရင်ဆိုင်ရသောအခါ ရန်သူကိုလျှော့တွက်တာက သေမည့်အခွင့်အလမ်းကို တိုးလာစေရုံသာရှိသည်။
ယဲ့ချိုးပိုင် လက်ထဲက ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို အနည်းငယ်မြှောက်လိုက်စဉ် ထူးကဲဓားဆန္ဒက ထွက်လာသည်။
ထိုအခိုက်အတန့်၌ ခေးအောစ့်အနှစ်သာရဓားကျင့်စဉ်က ပုန်းလျှိုးမနေတော့ဘဲ ဒီနယ်ပယ်တွင် ပြန်ပေါ်လာခဲ့သည်။
ဓားဆန္ဒများကစုစည်းကာ ဓားဆန္ဒနဂါးတကောင်အဖြစ်ပြောင်းလဲသွားပြီး ယဲ့ချိုးပိုင်၏ဓားကိုရစ်ပတ်ရင်း ကျန်းတျန်ရှင်းထံသို့ ထိုးဖောက်သွား၏။
လူတိုင်းဒီမြင်ကွင်းကိုကြည့်ရင်း လုံး၀ကြက်သေသေနေကြသည်။
သူတို့ဘာထပ်ပြောရမှန်းမသိကြတော့။
တာအိုဆွေးနွေးစင်မြင့်အောက်တွင်မူ သေလုနီးပါးတိတ်ဆိတ်နေခဲ့သည်။
ဓားဆန္ဒနှင့် ဓားရှည်ဆန္ဒတို့၏ ပြင်းထန်သောတိုက်မိမှုကသာ စင်ပေါ်၌ တုန်ခါနေသည့်အသံကိုထုတ်လွှတ်ပေးနေသည်။
ဒါကမိုးကြိုးများလိမ့်တက်လာသည့်အလားထင်ရသည်။
သွေးပြောင်းလဲခြင်းနယ်ပယ်အစောပိုင်းအဆင့်ကျင့်ကြံသူတယောက်က ဒီလိုအစွမ်းထက်ဓားချက်ကို ထုတ်လွှတ်နိုင်တာလား!
သူလုပ်နိုင်တာမလုပ်နိုင်တာကိုထား၊ ဒါကပင် သူတို့အတွက်ခုခံရန်ခက်ခဲနေလေပြီ။
လူတိုင်းစိတ်ကူးယဉ်နေမိကြစဉ် ကျန်းတျန်ရှင်း၏လခြမ်းကွေ့ဓားမောက်ရှည်က အလွန်အမင်း ခြယ်လှယ်လွှမ်းမိုးနိုင်သည့် ဓားရှည်ဆန္ဒကိုသယ်ဆောင်ကာ အပေါ်ကနေအောက်အထိ ယဲ့ချိုးပိုင်အား တောင်တစ်လုံးကျဆင်းလာသည့်ပမာ ပိုင်းချလိုက်သည်။
ယဲ့ချိုးပိုင်၏ဓားကနေ ကျန်းတျန်ရှင်း၏ဓားရှည်ကို အောက်ကနေ၀င်တိုက်မိသည်။
ဘန်း........!
ထိုအချိန်တွင် အသင်္ချေပိုင်နက်သဲကန္တာရ၏ လေဟာနယ်ကသာ လုံလောက်အောင် မခိုင်မာပါက ပြိုကွဲသွားပေလိမ့်မည်။
ဓားရှည်နှင့်ဓားကိုအတူတကွပေါင်းလိုက်သောအခါ စကားလုံးတလုံးတည်းသာခြားသည့် လုံး၀ကွဲပြားသည့်အဓိပ္ပာယ်နှစ်ခုက ယှဉ်၍မရလောက်အောင် စတင်အပြင်းအထန်တိုက်မိသည်။
ချွင်.....ချွင်......ချွင်......!
ဒီအသံများက တာအိုဆွေးနွေးစင်မြင့်ထက်တွင် မိုးကြိုးသံပမာထွက်ပေါ်နေသည်။
ကျန်းတျန်ရှင်း ယဲ့ချိုးပိုင်၏ဓားကို လက်ခံသည့်အခိုက်အတန့်၌ သူ့အမူအရာကချက်ချင်းတုန်လှုပ်မှုသို့ကူးပြောင်းသွားရသည်။
ဒီဓားချက်က သူ့ကိုအမှန်တကယ်ပင် ပြိုင်ဘက်၏ကျင့်ကြံခြင်းအဆင့်ကို သံသာဖြစ်လာစေသည်။
သူကတကယ်ပဲ သွေးပြောင်းလဲခြင်းနယ်ပယ်အစောပိုင်းအဆင့်လား!
ငါအင်မော်တယ်တပိုင်းကျွမ်းကျင်သူနှစ်ယောက်ကို သတ်ခဲ့တုန်းကလည်း ဒီလိုပဲမလား!
မူလက ဒီဓားချက်ကအဆုံးသတ်တော့မည်ဟုသူတွေးနေခဲ့သည်။
အပြင်ပန်းကကြည့်မည်ဆိုပါက သူနည်းလမ်းတချို့ကိုသုံးရန်လိုကောင်းလိုပါလိမ့်မည်။
တခြားတဘက်တွင် ယဲ့ချိုးပိုင်ကလည်း မသက်သာပေ။
ကျန်းတျန်ရှင်းလက်ထဲကဓားရှည်က အလွန်အမင်းလေးလံသည်။
ထိပ်တိုက်တွေ့ဆုံသောအခါ အဆုံးမဲ့တောင်တန်းများက ဖိနှိပ်လာသည့်အလားပင်။
အလွန်အမင်းလွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသည့်ဓားရှည်ဆန္ဒက သူ့ထူးကဲဓားဆန္ဒကိုရင်ဆိုင်ရသည့်တိုင် ကြောက်စိတ်အနည်းငယ်မျှပင်မရှိဘဲ ဆက်လက်တိုက်ခိုက်နေခဲ့သည်။
ဒီဓားရှည်ဆန္ဒက ယဲ့ချိုးပိုင်၏ထူးကဲဓားဆန္ဒကို ၎င်း၏နယ်ပယ်နှင့် လွှမ်းမိုးခြင်းဆန္ဒဖြင့်အားကိုးဖိနှိပ်ထားသည်ဟုဆို၍ရသည်။ ဒါကနည်းနည်းတော့အားနည်းနေသည်။
နှစ်ယောက်စလုံးက မဆိုင်းမတွပင် တချက်တည်းနှင့် နောက်ဆုတ်သွားကြ၏။
ယဲ့ချိုးပိုင်အော်ရာကအနည်းငယ်မတည်မငြိမ်ဖြစ်နေခဲ့ပြီး ကျန်းတျန်ရှင်းကမူ နောက်သို့ခြေလှမ်းအနည်းငယ်ထပ်ဆုတ်လိုက်ရသည်။
သို့စေကာမူ သူတို့နှစ်ယောက်လုံးမရပ်ကြပေ။ သူတို့ဆုတ်သည့်အခိုက်အတန့်၌ တာအိုဆွေးနွေးစင်မြင့်ပေါ်သို့ ထပ်တက်ကာ ထပ်မံထိပ်တိုက်ရင်ဆိုင်ကြပြန်သည်။
ဓားနှင့်ဓားရှည်များက အတူတကွပေါင်းစပ်ပြီး ဓားရှည်ဆန္ဒနှင့် ဓားဆန္ဒက တာအိုဆွေးနွေးစင်မြင့်တခုလုံးတွင် ပြည့်နှက်နေသည်။
အပိုင်း(620) coming။