#ရှေးဦးမူလဓားကျမ်း၊ နတ်ဆိုးချိုးဖျက်ခြင်း#
Vol. 44 Ch. 620
နှစ်ဦးသားကြားကပြင်းထန်သည့်တိုက်ပွဲက အောက်ကလူများနှင့် တာအိုဆွေးနွေးစင်မြင့်ထက်ကလူများအား တုန်လှုပ်သည့်အမူအရာများကိုဖြစ်လာစေသည်။
တာအိုဆွေးနွေးစင်မြင့်အပေါ်တွင် ဂိုဏ်းအသီးသီးမှခေါင်းဆောင်များက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချသည်။
"ဒီယဲ့ချိုးပိုင်ကတကယ်မွန်းစတားပဲ၊ သူကျန်းတျန်ရှင်းနဲ့ တကယ်ပဲအကြာကြီးတိုက်ခိုက်နိုင်တယ်"
"မဆိုးဘူး၊ ကျင့်ကြံခြင်းနယ်ပယ်ကြားက ကွာဟချက်ကအရမ်းကြီးမားနေတာတောင် သူဒီလိုလုပ်နိုင်နေသေးတယ်"
ထို့နောက်ဟောင်ကျန်းဟန်နှင့် ဆက်သွယ်ခဲ့သည့်ဂိုဏ်းချုပ်နှစ်ဦးက သူ့ဘေးသို့ လျှောက်သွားကြ၏။
"ဂိုဏ်းချုပ်ဟောင်၊ ယဲ့ချိုးပိုင်ကို ငါတို့ဂိုဏ်းထဲ၀င်ခွင့်ပြုဖို့စဉ်းစားချင်လား"
"ထွက်သွားစမ်း၊ သူကငါတို့ဂိုဏ်းကို၀င်သင့်တာ၊ ငါတို့ဂိုဏ်းမှာ ဓားသမားတွေအများကြီးရှိတယ်"
"ဘာဖြစ်လို့လဲ၊ ငါတို့ဂိုဏ်းမှာဓားသမားမရှိလို့လား"
သူတို့နှစ်ယောက်ငြင်းခုံနေတာကိုကြားရသည့်အပေါ် ဟောင်ကျန်းဟန်အကူအညီမဲ့စွာပြောလိုက်ရသည်။
"ငါနှစ်ယောက်လုံးကိုပြောရတော့မှာပဲ၊ ငါမင်းတို့ကို ယဲ့ချိုးပိုင်ကိုပေးဖို့ သဘောမတူထားဘူးနော်"
"ယဲ့ချိုးပိုင်က ငါတို့ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းရဲ့ ဓားသားတော်ပဲ၊ သူခေါင်းညိတ်နေသရွေ့ မြေအင်မော်တယ်အဆင့်ကိုရောက်လာတာနဲ့ ငါသူ့ကို တောင်ထိပ်သခင်ရာထူးကို လက်လွှဲပေးပြီး လျှို့လျှို့ဝှက်ဝှက်ကူညီပေးနေမှာ"
"ပြီးတော့ ငါ့ရဲ့ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းရှေ့မှာ ဓားသမားတွေအကြောင်းပြောနေတာ နည်းနည်းမသင့်တော်ဖြစ်မနေဘူးလား"
သူ့တွင်အားကိုးရာမဲ့နေသည့်အမူအရာတခုရှိသော်လည်း ဟောင်ကျန်းဟန်အလွန်ပျော်နေသည်။
ယဲ့ချိုးပိုင်က သူ့၏ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းမှဖြစ်သည်။
တခြားဂိုဏ်းချုပ်များက ယဲ့ချိုးပိုင်၏ ကြောက်ခမန်းလိလိပါရမီကို သဘောကျသည့်အတွက် ဒီလောက်ကြိုးစားနေကြတာမလား!
ကောင်းကင်ဘုံဓားတောင်ထိပ်၏ ဂိုဏ်းချုပ်တဖြစ်လဲ သူလည်း ဂုဏ်ကျက်သရေကို ဝေမျှရပေမည်။
ဟောင်ကျန်းဟန်၏စကားလုံးများကိုကြားသောအခါ ဂိုဏ်းချုပ်နှစ်ဦးက ခပ်ရှက်ရှက်ပြုံးလိုက်ကြ၏။
တကယ်တမ်းတွင်ဓားကျင့်ကြံခြင်း၌ မည်သည့်ဂိုဏ်းမှ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းနှင့် ယှဉ်၍မရပေ။
သူတို့က ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းလက်ထဲကနေ ယဲ့ချိုးပိုင်ကို လုယူသွားချင်ပါက နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်းသာ။
တခြားတဘက်တွင် ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်က ဒါကိုမြင်သောအခါ သူ့အမူအရာက ရေစက်တစက်ကဲ့သို့ပင် လေးလံနေသည်။
ဒီလိုကြောက်စရာပါရမီရှင်ဖြစ်နေပေမယ့် သူ့မှာငါတို့ကောင်းကင်ကံကြမ္မာဂိုဏ်းနဲ့ အာဃာတရှိနေတယ်!
ပြီးတော့ အာဃာတကြီးကြီးပဲ!
တခဏအကြာတွင် ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်က အဆင့်နိမ့်ကြယ်နယ်မြေသို့ လူများစေလွှတ်ခဲ့တာကို နောင်တရလာမိသည်။
သူကျွမ်းကျင်သူများစွာနှင့်တပည့်များကို ဆုံးရှုံးခဲ့သည်သာမက ယခုလိုကြောက်စရာပုဂ္ဂိုလ်တစ်ဦးကိုပင် ရန်စစော်ကားမိခဲ့သည်။
သို့စေကာမူ ဒါကဖြစ်ပြီးသွားပြီဖြစ်လေရာ နောင်တရနေတာကအသုံးမ၀င်ပါ။
ဂိုဏ်းချုပ်တဖြစ်လဲ ဒီအက်ကြောင်းကို တတ်နိုင်သမျှ အမြန်ဆုံးသူပြင်ရမည်။
တနည်းအားဖြင့် ပုန်းကွယ်နေသည့်အန္တရာယ်ဖြစ်သည့် ယဲ့ချိုးပိုင်ကို သူဖယ်ရှားပစ်ချင်သည်။
ဒါကတခုတည်းသောနည်းလမ်းပေတည်း။
သို့မှသာ ကောင်းကင်ကံကြမ္မာဂိုဏ်းက ဘေးကင်းစွာဖွံ့ဖြိုးလာမည်ဖြစ်သည်။
စင်မြင့်ပေါ်၌ ယဲ့ချိုးပိုင်နှင့် ကျန်းတျန်ရှင်းတို့က ထပ်မံဆုတ်လိုက်ကြရပြန်သည်။
ယခုတကြိမ်တွင် ယဲ့ချိုးပိုင်၏အော်ရာက မတည်မငြိမ်ဖြစ်လာပြီး ကျန်းတျန်ရှင်းကမူ အနည်းငယ်အသက်ရှူကျပ်သွားရသည်။
"မင်းခွန်အားက ငါမျှော်လင့်ထားတာထက် ကျော်လွန်နေပြီလို့ပြောရမယ်"
ကျန်းတျန်ရှင်း၏မျက်နှာက လေးနက်နေခြင်းမရှိသလို မည်းမှောင်မနေဘဲ အဆုံးမဲ့တိုက်ပွဲဆန္ဒများသာကျန်ရှိပြီး သူ့မျက်လုံးများ၌ စိတ်လှုပ်ရှားမှုရှိနေသည်။
ဓားရှည်သမားတစ်ဦးတဖြစ်လဲ ကျန်းတျန်ရှင်းကလည်း တိုက်ပွဲစိတ္တဇတယောက်ဖြစ်သည်။
ယခုလိုကြောက်စရာကောင်းသည့်ပြိုင်ဘက်ကိုရင်ဆိုင်ရခြင်းက သူ့ကိုယ်ထဲက အဒရီနလင်ကို အဆက်မပြတ် မြှင့်တက်လာစေသည်။
ယဲ့ချိုးပိုင်ပြုံးသည်။
"မင်းလည်းမဆိုးပါဘူး"
ကျန်းတျန်ရှင်း အူလှိုက်သည်းလှိုက်ရယ်မောလေတော့သည်။
"ကောင်းတယ်၊ ကောင်းတယ်၊ ငါ့ဘ၀မှာ ငါ့အသက်အရွယ်က ဘယ်သူ့ကိုမှ ငါကျန်းတျန်ရှင်းမလေးစားဖူးဘူး၊ မင်း၊ ယဲ့ချိုးပိုင်ကလည်း ပါ၀င်လာစေရမယ်"
ကျန်းတျန်ရှင်းလက်ထဲက လခြမ်းကွေးဓားမောက်ရှည်ကိုမြှောက်ကာ လက်ကိုင်ကို လက်နှစ်ဖက်ဖြင့်ကိုင်သည်။
ထို့နောက် ခြေထောက်များကိုဖြန့်ရင်း ဒူးကိုအနည်းငယ်ကွေးကာ စမည့်အနေအထားတခုကို ပြုလုပ်သည်။
"ယဲ့ချိုးပိုင်၊ အစကငါ့မှာမင်းကိုသတ်ဖို့ရည်ရွယ်ချက်ရှိခဲ့ပေမယ့် မင်းက ငါ့မျက်လုံးထဲမှာတော့ ဝိဉာဉ်သေတခုပဲ"
"ဒါပေမယ့် ကြည့်ရတာတော့ မင်းကငါ့နှလုံးသားထဲက ပုံစံကိုပြောင်းလဲနိုင်ဖို့အတွက် မင်းရဲ့ကိုယ်ပိုင်ခွန်အားကိုသုံးခဲ့တယ်၊ သူကအရမ်းတော်တဲ့ပြိုင်ဘက်တယောက်ဖြစ်လာမှာပဲ"
"ပြောရရင်ဓားသွေးကျောက်ကောင်းတလုံးပေါ့၊ ဒါကြောင့်မင်းမသေဘဲ ငါ့ရဲ့လခြမ်းကွေ့ဓားမောက်ရှည်အောက်မှာ ဝိဉာဉ်သေတခုဖြစ်လာစေဖို့ ငါမျှော်လင့်တယ်"
ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်ကျယ်လောင်စွာရယ်မောသည်။
"သေချာတာပေါ့၊ ဒါပေမယ့် အခုကစပြီး မင်းကိုယ်မင်းဂရုစိုက်သင့်ပြီ"
ထို့နောက် ယဲ့ချိုးပိုင်လက်ထဲကဓားကို အသာလေးမြှောက်လိုက်စဉ် ဓားဆန္ဒက ပေါက်ကွဲသွား၏။
ယခုတကြိမ်တွင်မူ ထူးကဲဓားဆန္ဒက အရင်အကြိမ်အနည်းငယ်ထက်ပိုအားကောင်းပြီး ပို၍ကြီးကျယ်ထက်မြက်သည်။
ဓားဆန္ဒဖြတ်သွားသည့်နေရာတိုင်း၌ အက်ကွဲသံများပေါ်လာပြီး ပြိုကွဲပျက်စီးတော့မည့်အလားပင်။
"ဒီဓားရှည်က နောက်ဆုံးတိုက်ချက်ပဲ"
ကျန်းတျန်ရှင်း၏မျက်နှာက အရူးအမူးရယ်မောမှုဖြင့်ပြည့်နှက်နေပြီး သူ့မျက်လုံးများ၌ စိတ်လှုပ်ရှားမှုများရှိနေသည်။
"ငါထိန်ချန်ထားမှာမဟုတ်ဘူး၊ ဒီဓားချက်မှာ ငါအရာအားလုံးကိုသုံးမယ်"
"မင်းအသက်ရှင်နေသေးတယ်ဆိုတဲ့အချက်က မင်းကငါ့ရဲ့ဓားသွေးကျောက်တခုဖြစ်လာဖို့အတွက် အရည်အချင်းရှိတယ်ဆိုတာကို သက်သေပြနေတာပဲ"
ထို့နောက် ကျန်းတျန်ရှန်း၏အနီးအနားက လွှမ်းမိုးခြယ်လှယ်နေသည့်ဓားရှည်ဆန္ဒကို လခြမ်းကွေ့ဓားမောက်ရှည်က လုံး၀စုပ်ယူလိုက်၏။
အပြင်ပကမ္ဘာ၌ ဓားရှည်ဆန္ဒက နောက်ထပ်တည်ရှိမနေတော့ဘဲ ဓားရှည်ဆန္ဒတိုင်းက ဓားမောက်ရှည်ထဲတွင် စုပ်ယူခံရသည်။
ဓားပိုင်နက်ထဲက ထူးကဲဓားဆန္ဒက ဓားရှည်ဆန္ဒကိုတားဆီးခြင်းမရှိဘဲ ကျန်းတျန်ရှင်းကိုယ်ပေါ်သို့ မဆက်မပြတ်ပိုင်းဖြတ်လာသည်။
ကျန်းတျန်ရှင်းကလည်း တမင်တကာပင် သူ့ကိုမတားဆီးခဲ့ပေ။
ဒါကိုခုခံရန်အတွက် သုကျင့်ကြံခြင်းနယ်ပယ်နှင့် ရုပ်ခန္ဓာကိုအားကိုးရပေဦးမည်။
သူ့ကိုယ်ခန္ဓာ၌ နက်ရှိုင်းသည့်ဓားအမှတ်အသားများရေးဆွဲရန်အတွက် ဓားရှည်ဆန္ဒကိုခွင့်ပြုလိုက်၏။ တချို့ကမူ အလွန်ပင်နက်ရှိုင်းလေရာ အရိုးများကိုပင် မြင်နေရသည်။
သို့စေကာမူ ကျန်းတျန်ရှင်းမျက်နှာပေါ်က မောက်မာမှုက လျော့မသွားဘဲ သူ့တိုက်ပွဲဆန္ဒကလည်း အဆက်မပြတ်မြှင့်တက်လာသည်။
ယဲ့ချိုးပိုင်၏အမူအရာကလည်း လေးနက်သွားရသည်။
ယခုတကြိမ်တွင် ကျန်းတျန်ရှင်းက အမှန်တကယ်ပင် သူ့ကို အလွန်အမင်းအန္တရာယ်ရှိသည့်ခံစားချက်ကိုပေးဆောင်ခဲ့သည်။
ဒီတိုက်ချက်ကိုသူခုခံချင်သော်လည်း ခွန်အားအပြည့်ကိုသုံးလျှင်ပင် လုံလေုက်မည်မဟုတ်။
သူ့လက်ရှိအကန့်အသတ်ကို ချိုးဖျက်ရပေတော့မည်။
ယဲ့ချိုးပိုင် ဒီအကြောင်းကိုတွေးနေရင်း ကိုယ်နေဟန်ပုံစံတခုကို ယူလိုက်သည်။
ထိုအချိန်တွင် သူ့လက်ထဲက ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားက ထပ်မံမြှင့်တက်လာသည်။
ဒီအခိုက်အတန့်မှာပင် ကောင်းကင်နှင့်မြေကြီး၏အနှစ်သာရများက ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားရှိရာသို့ သိပ်သည်းသွားကြပုံရသည်။
ဒါက ခေးအောစ့်အနှစ်သာရဓားကျင့်စဉ်မဟုတ်သလို ကြယ်ကြွေဓားပညာရပ်လည်းမဟုတ်ပေ။
ယဲ့ချိုးပိုင်အချိန်အတော်ကြာအသုံးမပြုခဲ့သောကြောင့် ရှေးဦးမူလဓားကျမ်းက အချိန်အကြာကြီး အဆင့်မချိုးဖျက်ခဲ့ပေ။
တတိယဓားချက်!
နတ်ဆိုးချိုးဖျက်ခြငခး!
ကျန်းတျန်ရှင်း ယဲ့ချိုးပိုင်၏ကိုယ်ဟန်ကိုကြည့်ရင်း ရူးသွပ်စွာပြုံးသည်။
ဒီအော်ရာက.....!
တကယ်ပဲမင်းငါ့ကိုစိတ်မပျက်စေဘူးဘဲ!
ထိုအချိန်တွင် ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်သူ့ကိုပေးထားသည့် ညွှန်ကြားချက်ကို သူလုံးလုံးလျော့လျော့မေ့သွားပြီး ယဲ့ချိုးပိုင်နှင့်သာ တိုက်ခိုက်ချင်တော့သည်။
သေခြင်းရှင်ခြင်းကိုအမှုမထားဘဲ ကျန်းတျန်ရှင်းနောက်တဒင်္ဂလေးတွင် သေရမည်ဆိုလျှင်ပင် သူရပ်တန့်မည်မဟုတ်။
လွှမ်းမိုးနေသည့်ဓားရှည်ဆန္ဒနှင့် တိုက်ပွဲဆန္ဒက လခြမ်းကွေ့ဓားမောက်ရှည်ထဲတွင် လုံး၀ထိန်းချုပ်ခံလိုက်ရပြီးနောက် ကျန်းတျန်ရှင်း ဟင်းလင်းပြင်၌ လခြမ်းတခုကိုရေးဆွဲပြီး ယဲ့ချိုးပိုင်အားပိုင်းချလိုက်သည်။
"ဓားသွားအရှင်သခင်၊ ဝံပုလွေအူသံလခြမ်းကွေး"
ဓားရှည်ဆန္ဒကလုံး၀ကျန်မနေတော့ဘဲ လခြမ်းကွေးဓားမောက်ရှည်က လေဟာနယ်ထဲတွင် လခြမ်းကွေးဓားရှည်အဖြစ် ဖြတ်တောက်လိုက်၏။
ထိုအချိန်တွင် ကမ္ဘာကြီးက မှောင်မိုက်သွားပုံရပြီး ဒီလခြမ်းကွေးကသာ တောက်ပသည့်ဓားရှည်အလင်းနှင့်အတူ ထွက်လာကာ ယဲ့ချိုးပိုင်အား အပြင်းအထန်ပိုင်းဖြတ်သည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်လက်ထဲက ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားနှင့် ပိုင်းချလိုက်သည်။
ဒီဓားချက်က ယဲ့ချိုးပိုင်၏ကိုယ်ထဲက ဝိဉာဉ်ချီကိုစုပ်ယူသွားပြီး အစကနေလက်ရှိအထိ သူ့၏ဓားတာအိုအပေါ်နားလည်မှုအားလုံးကိုစုစည်းသလို ကမ္ဘာကြီး၏ အနှစ်သာရကိုလည်းစုစည်းရင်း ထူးကဲဓားဆန္ဒနှင့်ပေါင်းစပ်ကာ ဘန်းခနှင့် ပိုင်းချလိုက်သည်။
လူတိုင်း၏ထိတ်လန့်နေသည့်အကြည့်အောက်တွင် ယဲ့ချိုးပိုင်နောက်သို့ ဆယ်လှမ်းဆုတ်လိုက်ရသည်။
လခြမ်းနှင့်ယဲ့ချိုးပိုင်၏နတ်ဆိုးချိုးဖျက်ခြင်းဓားချက်က တိုက်မိသွား၏။
ခရက်ခ်.....!
တခဏအကြာတွင် တာအိုဆွေးနွေးစင်မြင့်တခုလုံးက အနည်းငယ်တုန်ခါလာပြီး အခင်းအကျင်းအစီအရင်၏ အကာအကွယ်ရှိနေသဖြင့် ပျံ့သွားသည့်ဓားရှည်ဆန္ဒနှင့် ဓားဆန္ဒက မထိခိုက်စေခဲ့သော်လည်း သူတို့ကို မသိစိတ်က နောက်ဆုတ်သွားစေသည်။
ဒါက တကယ်ပဲ သွေးပြောင်းလဲခြင်းနယ်ပယ်အစောပိုင်းအဆင့်နဲ့ အင်မော်တယ်တပိုင်းနယ်ပယ်တ၀က်အဆင့်ကြားက ကျင့်ကြံသူတွေရဲ့စွမ်းအားလား!
အပိုင်း(621) coming။