#ဒီတိုက်ပွဲမှာ ယဲ့ချိုးပိုင်နိုင်တယ်#
Vol. 44 Ch. 621
ခေးအောစ့်အနှစ်သာရဓားကျင့်စဉ်က ကြယ်ကြွေဓားပညာရပ်ထက် ပိုမိုထူးကဲအားကောင်းသော်လည်း ရှေးဦးမူလဓားကျမ်းနှင့်ယှဉ်ပါက အဆင့်တခုထက်ပို၍ ကွာခြားချက်ရှိနေဆဲပင်။
ယဲ့ချိုးပိုင်ပင်လျှင်ဒါကိုခံစားနိုင်သည်။
ဓားပညာရပ်များအနက် ဒီပညာရပ်က ဓားသမားများအတွက် ကြီးမားသည့်လိုအပ်ချက်တခုရှိသည်။
ဥပမာအားဖြင့် နတ်ဆိုးချိုးဖျက်ရန်အတွက် တတိယဓားချက်ကိုသူသုံးနိုင်သည်။
ယဲ့ချိုးပိုင်၏လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် ဓားတာအိုနယ်ပယ်နှင့်ပင် ဒါကိုသုံးရန်အတွက် ဧရာမ၀န်ထုပ်၀န်ပိုးတခုကို သူသည်းခံရပေမည်။
ဒါပေမယ့် ဒါကိုသုံးပြီးသည်နှင့်ထပ်ပြီး တိုက်ခိုက်ရန်အတွက် ဖြစ်နိုင်ချေမရှိတော့ပါ။
ဒီဓားချက်က သူ့ကျင့်ကြံခြင်း၊ အနှစ်သာရ၊ စွမ်းအင်နှင့် အပြင်ပကမ္ဘာ၏ အနှစ်သာရကို သိပ်သည်းထားသည့်ဓားချက်ပေတည်း။
ယဲ့ချိုးပိုင်၏လက်ရှိနယ်ပယ်အရ သူ့တွင် ရှိသည့်အရာအားလုံးကို သူလောင်းကြေးထပ်စွန့်စားခဲ့ပြီးပြီဟုဆို၍ရသည်။
ဒါကတခုတည်းသောနည်းလမ်းပင်။ ထို့နောက်တွင်သာ ကျန်းထျန်ရှင်း၏ဓားချက်ကို သူအနိုင်ယူနိုင်မည်။
ကျန်းတျန်ရှင်းက သူအရင်ကတိုက်ခိုက်ခဲ့ဖူးသည့် သိုင်းပညာရှင်များနှင့် ကွဲပြားသည်။
သူ့ပါရမြီကြောက်စရာကောင်းပြီး သူ့တိုက်ခိုက်စွမ်းအားက ထင်ရှားသည်။
အင်မော်တယ်တပိုင်းနယ်ပယ်တ၀က်အဆင့်ကျွမ်းကျင်မှုဖြင့် သူအင်မော်တယ်တပိုင်းနယ်ပယ်နှစ်ဦးကို တစ်ယောက်တည်း သတ်ပစ်ခဲ့သည်။
ဒီတိုက်ပွဲမှတ်တမ်းက ထူးခြားသည်ဆိုရုံမျှပြော၍မရပေ။
နယ်ပယ်ကပိုအားကောင်းလေလေ၊ နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်ရန်ဆိုတာက ပိုခက်ခဲလေလေဖြစ်သည်။
အင်မော်တယ်နယ်ပယ်ကိုရောက်ရှိခြင်းက ကောင်းကင်ဘုံကိုတက်လှမ်းခြင်းထင်ပင် ခက်ခဲသည်။
သေးငယ်သည့်နယ်ပယ်တိုင်းကပင် ယှဉ်၍မရနိုင်လောက်အောင် ကြီးမားသည့်ခွန်အားကိုသယ်လာပေးသည်။
သို့သော်ကျန်တျန်ရှင်းလုပ်ခဲ့သည်။
ယဲ့ချိုးပိုင်တောင်မှ ဒီလိုလူကိုရင်ဆိုင်ရန် အစွမ်းကုန်သုံးခဲ့ရသည်။
တာအိုဆွေးနွေးစင်မြင့်ပေါ်၌ သုံးပေရှည်ဓားနှင့် လခြမ်းကွေ့ဓားမောက်ရှည်တို့က ထိပ်တိုက်တွေ့ဆုံသွားကြ၏။
ဓားနှင့်ဓားရှည်ကဆက်လက်တိုက်မိနေပြီး ယဲ့ချိုးပိုင်နှင့် ကျန်းတျန်ရှင်းတို့က အလယ်တွင်ရှိနေကာ ပတ်၀န်းကျင်လေဟာနယ်နှင့် တာအိုဆွေးနွေးစင်မြင့်တို့က အဆက်မပြတ် တုန်ခါနေသည်။
ကျန်းတျန်ရှင်းနောက်တွင် လွှမ်းမိုးနိုင်စွမ်းရှိသည့်ဓားရှည်ဆန္ဒမှဖွဲ့စည်းထားသော လခြမ်းကွေ့ဓားရှည်အလင်းက အဆက်မပြတ်ပေါ်လာသည်။
မူလတောက်ပနေသည့်နေရာက ယခုတွင်အနည်းငယ်မှိန်နေသည်။
ဒီလခြမ်းကွေ့က ထိုနေရာရှိ တခုတည်းသောအလင်းအရင်းအမြစ်ဖြစ်လာရသည်။
ယဲ့ချိုးပိုင်နောက်တွင် ကမ္ဘာကြီး၏ အနှစ်သာရကိုသိပ်သည်းထားသည့် ဓားဆန္ဒက လေဆင်နှာမောင်းတခုကဲ့သို့ ပရမ်းပတာထိုးထွက်လာပုံရသည်။
သို့စေကာမူ သူက ကျန်းတျန်ရှင်း၏ ဟာကွက်များကိုအဆက်မပြတ်ရှာဖွေနေသည်။ သူဟာကွက်တခုကို ချိုးဖျက်နိုင်သရွေ့ ၀င်ရောက်ကာ ထိုးဖောက်ရန်အတွက် အခွင့်အရေးယူ၍ရပေလိမ့်မည်။
ယခုတကြိမ်တွင် သူအရင်ကကဲ့သို့ ချက်ချင်းမဆုတ်ဘဲ ယင်းအစား အတော်ကြာငြိမ်သက်နေခဲ့သည်။
ဓားဆန္ဒနှင့် ဓားရှည်ဆန္ဒက ရှေ့နောက်အဆက်မပြတ်တိုက်မိနေသည်။
သူတို့၏တိုက်ချက်များက လူတိုင်းကို အတော်လေးအံ့ဩသင့်သွားစေသည်။
ကျန်းတျန်ရှင်းကိုမဆိုထားနဲ့၊ သွေးပြောင်းလဲခြင်းနယ်ပယ်အစောပိုင်းအဆင့်သာ ရှိသေးသည့် ယဲ့ချိုးပိုင်တစ်ဦးတည်းကပင် ယခုလိုတိုက်ချက်မျိုးကို တကယ်ထုတ်လွှတ်နိုင်သည်။
ဒါကကျန်းတျန်ရှင်းနှင့်ညီမျှနေသည်။
တာအိုဆွေးနွေးစင်မြင့်ပေါ်၌ ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်ကဒီမြင်ကွင်းကို မြင်သောအခါ သူ့အမူအရာက မှောင်မိုက်သွားပြီး သတ်ဖြတ်ခြင်းဆန္ဒများက သူ့မျက်လုံးများ၌ စုစည်းလာသည်။
သူ့လက်ချောင်းများက အနည်းငယ်စတင်လှုပ်ရှားလာ၏။
သူတခုခုလုပ်သင့်သလား၊ မလုပ်သင့်ဘူးလားဆိုတာကို စဉ်းစားနေပုံရသည်။
ထိုအချိန်မှာပင် ဟောင်ကျန်းဟန် ရုတ်တရက်သူ့ဘေးတွင်ပေါ်လာသည်။
ဟောင်ကျန်းဟန်၏အသံကတည်ငြိမ်နေသော်လည်း ခြိမ်းခြောက်မှုဖြင့်ပြည့်နှက်နေသည်။
"လူငယ်မျိုးဆက်တွေရဲ့ကိစ္စကို သူတို့ကိုဖြေရှင်းခွင့်ပေးလိုက်ပါ၊ ဒါမှမဟုတ် မင်းအကြာကြီးမတိုက်ခိုက်ခဲ့ရလို့လား၊ ဘာလို့ငါနဲ့မတိုက်ခိုက်ရတာလဲ"
ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်၏ အမူအရာက အလွန်အမင်းကြည့်ရဆိုးသွားသည်။
ဒါကအတော်လေးရှက်စရာပင်။
သူဟောင်ကျန်းဟန်၏ခွန်အားကိုကြားဖူးသည်။ သူ့ခွန်အားက ကောင်းကင်အင်မော်တယ်အစောပိုင်းအဆင့်ဖြစ်သော်လည်း တကယ့်တိုက်ပွဲခွန်အားက ထိုထက်ပင်အားကောင်းသည်။
အကယ်၍သူတို့သာတကယ်တိုက်ခိုက်ပါက သူကဟောင်ကျန်းဟန်၏ပြိုင်ဘက်မဟုတ်ပါ။
ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်က အင်္ကျီလက်ကိုခါယမ်းရင်း အေးစက်စွာ နှာခေါင်းရှုံ့သည်။
"ငါကဂျူနီယာတယောက်နဲ့တိုက်နေစရာမလိုဘူး"
ဒါကိုကြားသောအခါ ဟောင်ကျန်းဟန် ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်ကိုကြည့်ပြီး ထူးမခြားနားစွာပြောသည်။
"ငါလည်းဒီလိုပဲမျှော်လင့်ပါတယ်၊ ယဲ့ချိုးပိုင်က ငါ့ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းရဲ့ဓားသားတော်ပဲ၊ သူသာတခုခုဖြစ်ပျက်သွားမယ်ဆိုရင် ကောင်းကင်ကံကြမ္မာဂိုဏ်းရဲ့တည်ရှိမှုက ရပ်သွားရလိမ့်မယ်"
"ဓားအင်မော်တယ်တယောက်ပြောတာကို သဲသယမဖြစ်နဲ့၊ မင်းတို့ကောင်းကင်ကံကြမ္မာဂိုဏ်းရဲ့ခွန်အားအရဆိုရင် ဒါကမလုံလောက်သေးဘူး၊ နားလည်လား"
ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်၏ အမူအရာကပြောင်းလဲသွား၏။
ဟောင်ကျန်းဟန်၏စကားလုံးများက ယုံကြည်မှု၊ လွှမ်းမိုးမှုဖြင့်ပြည့်နှက်နေပြီး သူဘယ်လိုချေပရမှန်းပင်မသိပါ။
မူလကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက အတော်လေးနှိမ့်ချနေခဲ့ပြီး အခြေခံအားဖြင့် အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ မည်သည့်တိုက်ပွဲတွင်မှ မပါ၀င်ပေ။
သို့သော်ဒီတကြိမ်တွင် ယဲ့ချိုးပိုင်ကြောင့် လူသိများလာခဲ့သည်။
ဒီလူကဘယ်ကနေလာတာလဲ!
ကောင်းကင်အင်မော်တယ်နှစ်ယောက် တိတ်တဆိတ်တိုက်ခိုက်နေစဉ် တာအိုဆွေးနွေးစင်မြင့်ပေါ်၌ ရလဒ်က နောက်ဆုံးတော့ ဆုံးဖြတ်ပြီးသွားလေပြီ။
ထိုအချိန်တွင် လခြမ်းကွေ့ကပေါ်လာခဲ့သည်။ ကမ္ဘာကြီး၏အနှစ်သာရနှင့် သိပ်သည်းထားသည့် နတ်ဆိုးချိုးဖျက်ခြင်းဓားချက်ကြောင့် အပေါက်တစ်ပေါက်ဖြစ်နေခဲ့ပြီး လခြမ်းကွေ့ကလည်း ချို့ယွင်းသွားရကာ ဓားဆန္ဒက ကျူးကျော်သွားသည်။ အက်ကြောင်းက ဆက်လက်ကျယ်ပြန့်လာသည်။
အသက်ရှုကြိမ်သုံးကြိမ်အပြီးတွင် လူတိုင်း၏ထိတ်လန့်နေသည့်အကြည့်အောက်၌ လခြမ်းကွေ့ဓားရှည်အလင်းက ပြိုကွဲသွားရသည်။
ကျန်းတျန်ရှင်း၏မျက်နှာကဖြူဖျော့သွားပြီး ပါးစပ်အပြည့်သွေးတစ်လုပ်အန်လိုက်ရပြီး ကြမ်းပြင်ပေါ်သို့လဲကျသွားရသည်။
ယဲ့ချိုးပိုင် ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို အချိန်မီရပ်တန့်ခဲ့သောကြောင့်သာ ဒါက ကျန်းတျန်ရှင်း၏ကိုယ်ကို မထိုးဖောက်သွားခြင်းဖြစ်သည်။
ကျန်းတျန်ရှင်း မြေပေါ်ကျသွားပြီး သုံးပေရှည်ဓားကို ကြည့်ရန်အတွက် ခေါင်းအနည်းငယ်မော့လိုက်သည်။
သူရုတ်တရက်အရူးအမူးရယ်လိုက်မိသည်။
"အရမ်းကောင်းတယ်၊ အံ့ဩစရာပဲ"
ထိုစကားလုံးများကိုပြောပြီးနောက် သွေးများကဆက်လက်စီးကျလာသည်။
သို့စေကာမူ ကျန်းတျန်ရှင်းမရပ်ဘဲ ယင်းအစား ယင်းချိုးပိုင်အား မောက်မာစွာကြည့်ရင်း ဂုဏ်ယူစွာပြောသည်။
"မင်းကအရမ်းအားကောင်းတာပဲ၊ တကယ်အရမ်းအားကောင်းတယ်"
"ဒီလိုနယ်ပယ်မှာ ငါ့ကိုထိပ်တိုက်ရင်ဆိုင်နိုင်တယ်ဆိုကနည်းက ငါ့ပါရမီက မင်းထက်နိမ့်ကျတယ်"
"ငါအရင်ကမှားခဲ့တယ်၊ မင်းကငါ့ရဲ့ဓားသွေးကျောက်မဟုတ်ခဲ့ဘူး၊ ဒါပေမယ့် ငါအစွမ်းကုန်မင်းနောက်ကလိုက်ပြီး မင်းကို ငါ့ရဲ့ဓားသွေးကျောက်ဖြစ်လာအောင် လုပ်မယ်"
ယဲ့ချိုးပိုင်၏မျက်နှာကလည်းဖြူဖျော့နေသည်။
သူ့ဝိဉာဉ်ချီက ကင်းမဲ့နေပြီဖြစ်ကာ မကျသွားစေရန်အတွက် သူ့ကိုယ်သူအတင်းရပ်နေခြင်းပင်။
သူအားတင်းပြုံးလိုက်၏။
"မင်းကလည်းအရမ်းအားကောင်းပါတယ်၊ ဒါပေမယ့်မင်းရဲ့ဆုံးဖြတ်ချက်က မင်းအသက်ကိုကယ်လိုက်တယ်"
ကျန်းတျန်ရှင်းက ကောင်းကင်ကံကြမ္မာဂိုဏ်းကို မဟာပြိုင်ပွဲအတွက်သာ ၀င်ခဲ့ခြင်းဖြစ်သည်။
ယဲ့ချိုးပိုင်အစကသူ့အသက်ကိုမယူချင်ခဲ့ပေ။ သို့စေကာမူ ကျန်းတျန်ရှင်းထုတ်လွှတ်သည့် သတ်ဖြတ်ခြင်းဆန္ဒကိုမြင်ပြီးနောက် ယဲ့ချိုးပိုင်သူ့ကိုသတ်ရန်ဆုံးဖြတ်ခဲ့သည်။
သို့သော်ငြားလည်း ကျန်းတျန်ရှင်း၏ နောက်ပိုင်းလုပ်ရပ်များက သူ့အားသတ်မည့် ယဲ့ချိုးပိုင်၏ရည်ရွယ်ချက်ကို ပယ်ဖျက်သွားစေခဲ့သည်။
ကျန်းတျန်ရှင်းပြုံးလိုက်သည်။
"ငါကအမြဲကံကောင်းနေသူတယောက်ပဲ"
"ငါပြောနိုင်ပါတယ်"
ထို့နောက် ယဲ့ချိုးပိုင်နောက်ဆုံးတွင် ခံနိုင်ရည်မရှိတော့ဘဲ တာအိုဆွေးနွေးစင်မြင့်ပေါ်သို့ကျသွားသည်။
သူဆေးလုံးတလုံးကိုထုတ်ယူကာ အလျင်အမြန်ပင်ပါးစပ်ထဲထည့်ပြီးနောက် ဖြည်းဖြည်းချင်းပြန်လည်ကောင်းမွန်လာအောင်လုပ်နေသည်။
ကျန်းတျန်ရှင်း တခြားသူများကိုမကြည့်ဘဲ ခေါင်းမော့ကာ အဖိုးအိုအားကြည့်ရင်း တုန်ယင်နေသည့်လက်ကိုမြှောက်လိုက်သည်။
"ကျွန်တော်ရှုံးသွားပြီ"
အဖိုးအို ကြမ်းပြင်ပေါ်က လူနှစ်ယောက်အား သဘောကျသည့်အကြည့်ဖြင့်ကြည့်ရင်း ခေါင်းညိတ်ကာစတင်ကြေညာသည်။
"ဒီတိုက်ပွဲမှာ ယဲ့ချိုးပိုင်နိုင်တယ်"
လေထဲရှိ ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ် ဒီမြင်ကွင်းကိုမြင်သောအခါ သူ့မျက်နှာက ရေစက်တစက်ကျတော့မည့်အလား မှောင်မိုက်နေသည်။
ယခုသူကဒီမွန်းစတားလေး ကျန်းတျန်ရှင်းကိုဆုံးရှူံးသွားလေပြီ။
ယဲ့ချိုးပိုင်ကလည်းမတိုက်ခိုက်ခဲ့ပေ။
ကောင်းကင်ဘုံဓားတောင်ထိပ်က ကျန်နှစ်ယောက်ကို ကိုင်တွယ်ရန်ဟူသည် အနည်းငယ်ခက်ခဲနေလေပြီ။
သို့စေကာမူ ဒီမဟာပြိုင်ပွဲတွင် သေမင်းဝိဉာဉ်မြို့ပါ၀င်လာခဲ့လေရာ ကောင်းကင်ကံကြမ္မာဂိုဏ်းက အလွယ်တကူလက်မလျှော့နိုင်ပေ။
တိုက်ပွဲမစခင် ရလဒ်ကိုသိမည်မဟုတ်။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ တပည့်များက ဘယ်လောက်ထိ အစွမ်းထက်သလဲဆိုတာ သူမသိပါ။
အရင်က ကောင်းကင်ဘုံဓားတောင်ထိပ်က နှိမ့်ချနေခဲ့ပြီး သူတို့၏အစစ်အမှန်ခွန်အားကို သိသူနည်းလှသည်။
ချူလန် သယ်သွားခံရသည့်ယဲ့ချိုးပိုင်အားကြည့်လိုက်၏။
"အခက်ခဲဆုံးပြဿာနာကို ဖြေရှင်းပြီးသွားပြီဆိုတော့ ကျန်တာတွေကို ငါတို့လက်ထဲ ထားခဲ့လိုက်ပါ"
"မစိုးရိမ်ပါနဲ့၊ သူတို့အတွက် တာအိုဆွေးနွေးစင်မြင့်ကနေ အသက်ရှင်လျက် ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
အပိုင်း(622) coming။