#ပဏာမခြေလှမ်းလှမ်းခြင်း#
Vol. 44 Ch. 622
ကောင်းကင်ကံကြမ္မာဂိုဏ်းတွင် လူသုံးယောက်တည်းသာကျန်တော့သည်။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းမှ ယဲ့ချိုးပိုင်နှင့်ကျွင်းကျိတုံတို့က တိုက်ခိုက်ရေးခွန်အားကို ဆုံးရှုံးသွားကြပြီဖြစ်သဖြင့် လူနှစ်ယောက်တည်းသာကျန်တော့သည်။
အဖိုးအို နောက်ထပ်တိုက်ပွဲတစ်ပွဲကို စတင်ရန် ကြေငြာလိုက်သည်နှင့်တပြိုင်နက် ချူလန်ခုန်ထွက်လာသည်။
သူ့လက်တစ်ဖက်ကိုကျောနောက်တွင်ထားပြီး ကျန်တစ်ဖက်ကမူ ဓားတလက်ကိုကိုင်ထားသည်။
သူစင်အောက်က ကံကြမ္မာဂိုဏ်း၏ တပည့်သုံးဦးကို ကြည့်ရင်း ထူးမခြားနားစွာပြောသည်။
"လာကြစမ်း"
ကောင်းကင်ကံကြမ္မာဂိုဏ်း၏တပည့်သုံးဦး၏အမူအရာက အတော်လေးကြည့်ရဆိုးနေပြီး တစ်ယောက်က အေးစက်စွာအော်ဟစ်သည်။
"မောက်မာလိုက်တာ၊ မင်းတို့ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက ထိပ်တန်းဂိုဏ်းတဂိုဏ်းဖြစ်တယ်လို့ထင်နေတာလား"
ထို့နောက် လူထိုစင်ပေါ်သို့ခုန်တက်လာသည်။ သူလက်များပေါ်၌ လက်အိတ်တစ်စုံရှိသည်။
လက်အိတ်၏လက်ချောင်းတိုင်းတွင် ရွှေရောင်ဆူးချွံတချောင်းစီပေါ်လာသည်။ ဆူးချွံက အတော်လေးထက်ရှပြီး နေရောင်အောက်တွင် တောက်ပသည့်ရွှေရောင်အလင်းနှင့်ရောင်ပြန်ဟပ်နေသည်။
အဖိုးအိုစကားပြောပြီးသည်နှင့် ချူလန်၏ဓားဆန္ဒက သူတကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး ထက်ရှသည့်ဓားဆန္ဒကို ထိန်းချုပ်လိုက်၏။
သူကလည်း အန္တိမဓားနယ်ပယ်ကိုရောက်နေလေပြီ။
နောက်အခိုက်အတန့်၌ မျက်စိတစ်မှိတ်အတွင်း ချူလန်ထိုနေရာကနေပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် ချူလန်၏ကိုယ်အနီးမှ ဓားဆန္ဒကလည်း သူ့ခန္ဓာနှင့်အတူပျောက်ကွယ်သွားပြီး လေထဲတွင်ပုန်းလျှိုးကာ လေပြေလေညင်းတချက်နှင့်အတူ ကောင်းကင်ကံကြမ္မာဂိုဏ်းတပည့်ထံ ဦးတည်သွားသည်။
ကောင်းကင်ကံကြမ္မာဂိုဏ်း၏တပည့်ကဒါကိုမြင်ပါသည်။
စင်ပေါ်၌ ဓားဆန္ဒမရှိသော်လည်း သူ့နှလုံးသားကရုတ်တရက်အေးစက်သွားပြီး မနာလိုစိတ်ရောအန္တရာယ်ကိုပါ ခံစားလိုက်ရသည်။
သူ့အလိုလိုသိစိတ်ကမှန်သွားခဲ့သည်။
သွေးများကသူမတုံ့ပြန်နိုင်ခင်မှာပင် သွေးများကသူလည်ပင်းကနေထွက်လာသည်။
ထိုဘနောက်လည်ပင်းတင်မက မျက်ခုံး၊ ဒန်တျန်၊ ခြေလက်အင်္ဂါများနှင့် နှလုံးတွင်ပင် သွေးပေါက်တစ်ပေါက်စီရှိလာသည်။
ချူလန်၏ပုံရိပ်က ထိုလူနောက်တွင် ဖြည်းဖြည်းချင်းပေါ်လာတာကို လူတိုင်းမြင်လိုက်ရသည်။
ကံကြမ္မာဂိုဏ်းတပည့်လဲကျသွားသည့်အခိုက် သူ့မျက်လုံးများကရှုပ်ထွေးမှုနှင့် မယုံနိုင်မှုများဖြင့်ပြည့်နှက်နေသည်။
သူကသွေးပြောင်းလဲခြင်းနယ်ပယ်အထွတ်အထိပ်အဆင့်သာဖြစ်သော်လည်း ချူလန်နယ်ပယ်နှင့်အရမ်းကြီးမခြားနားပေ။ သို့စေသည့်တိုင် သူချက်ချင်းအသတ်ခံရသည်။
သူဘာအရိပ်မှမတွေ့ခဲ့သလို မသေခင်မှာပင် ချက်ချင်းတိုက်ခိုက်နိုင်စွမ်းမရှိခဲ့။
လူတိုင်း၏အမူအရာများက အလွန်အမင်းလေးနက်သွားကြသည်။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက ချူလန်ဟုခေါ်သည့်ဒီတပည့်က အလွန်အမင်းအစွမ်းထက်သည့်ဓားတယောက်ဖြစ်ပြီး ကောင်းကင်ဘုံဓားတောင်ထိပ်၏ ခွန်အားလည်းဖြစ်ရပေမည်။
ထိုအချိန်တွင် သူကဖြည်းဖြည်းပေါ်လာပြီး တခြားဂိုဏ်းများရှေ့၌ ကိုယ်ထင်ပြသလိုက်၏။
ကံကြမ္မာဂိုဏ်းချုပ်၏အမူအရာက ကြည့်ရဆိုးသွားပြီး အေးစက်စွာအော်ဟစ်သည်။
"ငါ့ဂိုဏ်းတပည့်တယောက်ကို သတ်ပစ်တာက အရမ်းများနေပြီလို့မင်းမထင်ဘူးလား"
သို့စေကာမူ ချူလန် ကံကြမ္မာဂိုဏ်းချုပ်ကို အကြောက်အလန့်မရှိဘဲ ပြန်လည်စိုက်ကြည့်ကာ ချေပသည်။
"မဟာပြိုင်ပွဲရဲ့ တာအိုဆွေးနွေးစင်မြင့်ပေါ်က တိုက်ပွဲမှာ သေခြင်းရှင်ခြင်းက အရေးမကြီးဘူး၊ ကံကြမ္မာဂိုဏ်းချုပ်က ဒါကို မသိတာများလား"
"ဒါ့အပြင် အခုဘေးတင်က အစ်ကိုယဲ့ကို သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်ပြသခဲ့သေးတာပဲလေ၊ ဟုတ်တယ်မလား"
ဂိုဏ်းချုပ်၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားလေတော့သည်။
သူက ဟောင်ကျန်းဟန်၏ရက်စက်သည့်စကားလုံးများကြောင့် အရှက်ခွဲခံခဲ့ရပြီးဖြစ်သည်။
ကျန်းတျန်ရှင်းကလည်းအရှုံးကို၀န်ခံခဲ့သည်။
ယခုတော့ ဂျူနီယာလေးတယောက်က သူ့ကိုပြန်လည်ချေပရဲနေလေပြီ။
ကောင်းကင်အင်မော်တယ်နယ်ပယ်အော်ရာကရုတ်ချည်းပေါက်ကွဲထွက်လာသည်။
တခဏအကြာတွင် အသင်္ချေပိုင်နက်သဲရန္တာရက ကောင်းကင်တခုလုံးက ပြိုလဲကျတော့မတတ်ဖြစ်လာသည်။
ကောင်းကင်အင်မော်တယ်တစ်ဦးဒေါသထွက်သောအခါ ကမ္ဘာကြီးပင် အရောင်ပြောင်းသွားတတ်သည်။
ဒီစကားလုံးများကသေချာပေါက် အခြေအမြစ်မရှိတာတော့မဟုတ်။
ကောင်းကင်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ဦး၏လှုပ်ရှားမှုတိုင်းက ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်သည်။
ဖိနှိပ်မှုအားက ချူလန်ကိုယ်ပေါ်သို့ မရောက်သေးခင်မှာပင် နောက်ထပ်ဓားဆန္ဒတခု၏ တားဆီးခြင်းကိုခံလိုက်ရသည်။
ဟောင်ကျန်းဟန်ဘေးတွင် ဂုဏ်ယူ၀င့်ကြွားစွာထရပ်ရင်း လက်ချောင်းများကို အတူတကွထားလိုက်သည်။
သူကဓားလက်ချောင်းများကို အလွယ်တကူချလိုက်စဉ် ဟောင်ကျန်းဟန်၏ကိုယ်မှ ဓားဆန္ဒတခုထိုးထွက်လာပြီး အေးစက်စွာပြောသည်။
"၀မ်လီကျင်း၊ မင်းငါ့ကိုမင်းရဲ့ကောင်းကင်ကံကြမ္မာဂိုဏ်းကို ဖျက်ဆီးစေချင်တာလား"
ဟောင်ကျန်းဟန်၏စကားလုံးများက လူတိုင်းကိုထိတ်လန့်သွားစေသည်။
သူကချူလန်အတွက်ရပ်တည်ခြင်းမဟုတ်ဘဲ ယင်းအစား ကောင်းကင်ကံကြမ္မာဂိုဏ်းကို ဖျက်ဆီးစေချင်သလားဟု တိုက်ရိုက်ပြောခဲ့သည်။
ဂိုဏ်းချုပ်၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်တွင် အဖိုးအိုကထူးမခြားနားစွာပြောသည်။
"မင်းတို့နှစ်ယောက် မဟာပြိုင်ပွဲရဲ့ပုံမှန်ဖြစ်စဉ်ကို နှောင့်ယှက်ချင်ရင်တော့ ကျေးဇူးပြုပြီး နောက်ကျမှ ကိုယ်တိုင်ဖြေရှင်းကြပါ"
ထိုးကားကိုကြားသောအခါ ကံကြမ္မာဂိုဏ်းချုပ်က အေးစက်စွာနှာခေါင်းရှုံ့ရင်း သူ့အော်ရာကိုရုတ်သိမ်းလိုက်သည်။
ဟောင်ကျန်းဟန်တစ်ယောက်တည်းမဟုတ်။ ဒီအဖိုးအိုနောက်ကဂိုဏ်းကလည်း သူတို့ကောင်းကင်ကံကြမ္မာဂိုဏ်း ယှဉ်ပြိုင်ရန်အတွက် အရည်အချင်းမရှိသည့်အရာတခုပင်။
ဟောင်ကျန်းဟန်ကလည်း ဓားဆန္ဒကိုရုတ်သိမ်းရင်း အဖိုးအိုမား အပြုံးဖြင့် လက်နှစ်ဖက်ဆုပ်ပြသည်။
"အကြီးအကဲလင်း၊ သူပြိုင်ပွဲမှာ ၀င်မစွက်ဖက်သရွေ့ ကျုပ်ရဲ့ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကလည်း တိုက်ခိုက်မှာမဟုတ်ပါဘူး"
အကြီးအကဲလင်းဟုခေါ်သည့်အဖိုးအိုက ခေါင်းညိတ်ပြီး ငုံ့ကြည့်လိုက်၏။
"ချူလန်၊ မင်းဆက်လက်တိုက်ခိုက်ချင်သေးလား"
ချူလန်ခေါင်းညိတ်ရင်း ကံကြမ္မာဂိုဏ်းက ကျန်ရှိနေသည့်တပည့်နှစ်ယောက်အားကြည့်ပြီး အေးစက်စွာပြောသည်။
"နောက်တယောက်၊ လာခဲ့"
ကျန်ရှိနေသည့်ကံကြမ္မာဂိုဏ်းတပည့်နှစ်ဦး၏အမူအရာများက ကြည့်ရဆိုးနေကြသည်။
သို့စေကာမူ ယခုမြှားကို လေးတင်လိုက်ပြီဖြစ်လေရာ သူတို့တွင်ပစ်ရန်ကလွဲပြီး တခြားရွေးချယ်စရာမရှိတော့။
သူတို့မသွားပါက တိုက်ပွဲမရှိဘဲ ရှုံးနိမ့်ခြင်းပင်။
ဒီလိုလုပ်ရပ်မျိုးက ကောင်းကင်ကံကြမ္မာဂိုဏ်းကို သံသယမရှိလုံး၀အရှက်ရစေလိမ့်မည်။
သို့စေကာမူ တက်သွားတာနှင့် သတ်ဖြတ်ခံရမည်ကို မရှောင်နိုင်ပေ။
သူတို့ ချူလန်ခွန်အားကိုမြင်ထားပြီးဖြစ်ပြီး သူတို့က သေချာပေါက် ချူလန်၏ ပြိုင်ဘက်မဟုတ်ပါ။
သူတို့နှစ်ယောက်ဒုက္ခရောက်နေချိန်တွင် ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်က ကြည့်ရဆိုးသည့်အမူအရာဖြင့် ရုတ်တရက်ပြောလာသည်။
"ငါတို့ကောင်းကင်ကံကြမ္မာဂိုဏ်းက ဒီပွဲမှာ အရှုံးကို၀န်ခံတယ်"
မယုံနိုင်မှုက လူတိုင်း၏မျက်နှာ၌ ပေါ်လာခဲ့သည်။
အရှုံးကို၀န်ခံတာလား!
ပြီးတော့ဒီစကားလုံးတွေက ဂိုဏ်းချုပ်တစ်ဦးရဲ့ပါးစပ်ကနေထွက်လာတာလား!
တိုက်ခိုက်ခြင်းမရှိဘဲ အရှုံးကို၀န်ခံခြင်းဖြင့် မျက်နှာကရစရာမရှိပျက်ယွင်းသွားပေလိမ့်မည်။
ဟောင်ကျန်းဟန် ကံကြမ္မာဂိုဏ်းချုပ်ကို အံ့ဩစွာကြည့်လိုက်မိသည်။
ယဲ့ချိုးပိုင်၏အမူအရာက အနည်းငယ်လေးနက်သွား၏။
ဒီအခြေအနေမှာ ငါဘာလုပ်သင့်လဲ!
သူက လူတိုင်းရဲ့စောင့်ကြည့်ရှုအောက်မှာ အရှုံးကိုတောင်၀န်ခံလိုက်တယ်!
ဒီလိုလူမျိုးကအတော်လေးပါးနပ်သည့်လူမျိုးဖြစ်ပြီး အလွန်အမင်းအန္တရာယ်များသည်။
အရေးကြီးသည့်အချိန်တွင် ဂုဏ်သိက္ခာနှင့် ဂုဏ်ကျက်သရေကို စွန့်လွှတ်နိုင်သည့်လူများက အတော်လေးအန္တရာယ်များသည့်လူများပင်။
ဒါကိုမြင်သောအခါ အဖိုးအိုက ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်ကိုကြည့်ရင်းမေးသည်။
"မင်းသေချာလား"
ဒီတကြိမ်တွင် ကံကြမ္မာဂိုဏ်းချုပ်က တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်ပြီး သူ့မျက်နှာက ပုံမှန်ပြန်ဖြစ်သွားကာ ဘာခံစားချက်မှ မရှိတော့ပါ။
"ကောင်းပြီ၊ ဒီလိုဆိုမှတော့"
အဖိုးအိုကရလဒ်ကိုစတင်ကြေညာသည်။
"ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းနဲ့ ကောင်းကင်ကံကြမ္မာဂိုဏ်းတို့ရဲ့တိုက်ပွဲမှာ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက အနိုင်ရပါတယ်"
တိုက်ပွဲကပြီးသွားလေပြီ။
ကံကြမ္မာဂိုဏ်းချုပ်က ယဲ့ချိုးပိုင်အား နက်မှောင်သည့်အမူအရာဖြင့်စိုက်ကြည့်ရင်း ချူလန်အားလှည့်ကာ သူ့တပည့်များနှင့်အတူထွက်သွားလေတော့သည်။
သူကလုံး၀တုံ့ဆိုင်းနေခဲ့ခြင်းမရှိပေ။
ဟောင်ကျန်းဟန်ဒီမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်ဘေးသို့ရောက်လာသည်။
"မင်းကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်ကို သတိထားရမယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ကောင်းကင်ကံကြမ္မာဂိုဏ်းက ဘာမှစိုးရိမ်စရာမရှိဘူးလို့ ငါအစကထင်ခဲ့တာ" ဟောင်ကျန်းဟန်၏အမူအရာက အနည်းငယ် လေးနက်သွား၏။
"ဒါပေမယ့် အခုကြည့်ရတာ ကောင်းကင်ကံကြမ္မာဂိုဏ်းရဲ့ဒီဂိုဏ်းချုပ်က မရိုးရှင်းဘူး"
ယဲ့ချိုးပိုင်ပြုံးသည်။
"အလယ်အလတ်အဆင့်ကြယ်နယ်မြေက ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာနိုင်တဲ့လူတယောက်က ဘယ်လိုလုပ်ရိုးရှင်းမှာလဲ"
"မင်းဘာလုပ်မလဲ"
"သူတို့ကိုတိုက်ခိုက်ဖို့ ပဏာမခြေလှမ်းလှမ်းလာတာကိုစောင့်သင့်လား၊ ဒါမှမဟုတ်..."
ဟောင်ကျန်းဟန်က ကံကြမ္မာဂိုဏ်းချုပ်က ယဲ့ချိုးပိုင်ကိုသတ်ဖြတ်မည့်အပေါ် လက်လျှော့လိမ့်မည်ဟု မတွေးတောထားတာသိသာထင်ရှားနေသည်။
ယဲ့ချိုးပိုင်တခဏမျှတွေးလိုက်သည်။
"ဒါကိုအခုစိတ်ပူမနေပါနဲ့တော့၊ ဒါပေမယ့် တဘက်ကတကယ်တိုက်ခိုက်ချင်တယ်ဆိုရင် ရက်အနည်းငယ်အတွင်း သေချာပေါက်ဖြစ်ပျက်လာလိမ့်မယ်....."
'သေချာတာပေါ့၊ တဘက်လူက မလှုပ်ရှားဘူးဆိုရင်တောင် ကျွန်တော်မစောင့်နိုင်ဘူး"
သူဘာပဲလုပ်လုပ် ပဏာမခြေလှမ်းလှမ်းရန်အတွက် သေချာအောင်လုပ်ရပေမည်။
ယဲ့ချိုးပိုင် ဒါကိုသူ့ဆရာဆီကနေ သင်ယူခဲ့ခြင်းပင်။
အပိုင်း(623) coming။