← Chapters

#ခဏလောက်မထိန်းချုပ်နိုင်ဖြစ်သွားရတာပါ#

Vol. 44 Ch. 623

#ခဏလောက်မထိန်းချုပ်နိုင်ဖြစ်သွားရတာပါ#

Vol. 44 Ch. 623

အသင်္ချေပိုင်နက်သဲကန္တာရတွင် တာအိုဆွေးနွေးစင်မြင့်တခုထက်ပိုသည်။

ပြိုင်ဆိုင်မှုကိုအရှိန်မြှင့်ရန်အတွက် တာအိုဆွေးနွေးစင်မြင့်ဆယ်ခုကိုပင်သုံးခဲ့သည်။ အနောက်ဘက်က တာအိုဆွေးနွေးစင်မြင့်တဖြစ်လဲ မုဖူရှန်းရှိသည့် မြင့်မြတ်အဆောင်ဂိုဏ်း၏ နေရာတွင် ဒုတိယရွေးချယ်မှုကို ကျင်းပမည်ဖြစ်သည်။

ဒါက မြင့်မြတ်အဆောင်ဂိုဏ်းအတွက် လုံး၀စိန်ခေါ်မှုမဟုတ်သလို တမင်တကာစီစဉ်တာ သို့မဟုတ် တိုက်ဆိုင်မှုလည်းမဟုတ်ပေ။

အလယ်အလတ်အဆင့်ကြယ်နယ်မြေမှ ထိပ်တန်းဂိုဏ်းလေးဂိုဏ်းကို မတူညီသည့်တာအိုဆွေးနွေးစင်များပေါ်၌ သတ်မှတ်ပေးထားသည်။

အခြေခံအားဖြင့် ထိပ်တန်းဂိုဏ်းများရှိသည့် တာအိုဆွေးနွေးစင်မြင့်များတွင် စိတ်ထင့်စရာဘာမှမရှိပါ။

မြင့်မြတ်အဆောင်ဂိုဏ်းကလည်း ထိပ်တန်းဂိုဏ်းတခုဖြစ်ပြီး နောက်ဆုံးပေါ်လာရမည့်ဂိုဏ်းလည်းဖြစ်သည်။

သူတို့က အောင်နိုင်သူကိုဆုံးဖြတ်ပေးသည့် ဂိုဏ်းနှင့်တိုက်ရိုက်တိုက်ခိုက်ရမည်။

ဘယ်ဂိုဏ်းမှကန့်ကွက်တာမရှိပေ။

ထိပ်တန်းဂိုဏ်းများ၏အင်အားအရ သူတို့က တကြိမ်ပြီးတကြိမ်တိုက်ခိုက်ရန် အချိန်ဖြုန်းနေစရာမလို။

မုဖူရှန်းတာအိုဆွေးနွေးစင်အောက်တွင် သူ့၏ထုံးစံအတိုင်းပေါ့ပါးပြီးရွှတ်နောက်နောက်အပြုံးကိုဖယ်ရှားရင်း တာအိုဆွေးနွေးစင်မြင့်ပေါ်သို့ နက်မှောင်သည့်အမူအရာဖြင့်ကြည့်နေသည်။

ဒါက ဒုတိယနှင့်တတိယအဆင့်ဂိုဏ်းများကြားက တိုက်ပွဲတခုပေတည်း။

အနိုင်ရသည့်ဂိုဏ်းက မြင့်မြတ်အဆောင်ဂိုဏ်းနှင့်ယှဉ်ရမည်ဖြစ်ကာ နောက်ဆုံးတိုးတက်မှုကို ဆုံးဖြတ်ရမည်။

တာအိုဆွေးနွေးစင်ပေါ်၌ အင်အားစုတခုကို အဆုံးမဲ့ဂိုဏ်းဟုခေါ်သည်။

ဒီဂိုဏ်းအပေါ် မုဖူရှန်းစိတ်ထဲတွင် ပုံနှိပ်ထားပြီးဖြစ်သည်။ သူသေမင်းအဆောင်တခုကို ထွင်းထုထားသည်။

အဘယ်ကြောင့်ဆိုသော် နယ်နိမိတ်မဲ့ကမ္ဘာက မိစ္ဆာမျိုးနွယ်များ၏ ကျူးကျော်ခြင်းကိုခံရစဉ်က အဓိကဂိုဏ်းခုနှစ်ဂိုဏ်းက ဆင်းသက်လာခဲ့သည်။

ထိုဂိုဏ်းခုနှစ်ဂိုဏ်းက နယ်နိမိတ်မဲ့အင်ပါယာ၏ မရေမတွက်နိုင်လောက်သည့်လူများအားသတ်ပစ်ခဲ့သည်။

အဆုံးမဲ့ဂိုဏ်းက ထို့ထဲကတခုပင်။

ထိုအချိန်တွင် လန်ယင်ချူက မုဖူရှန်း၏ အမူအရာကိုသတိထားမိသဖြင့် သိချင်စိတ်ဖြင့်မေးသည်။

"ဘာဖြစ်လို့လဲ၊ ဒီမှာမင်းရဲ့ရန်သူတွေရှိလို့လား"

လန်ယင်ချူ၏စောင့်ကြည့်မှုက အတော်လေးအသေးစိတ်ဖြစ်ခဲ့သည်ဟုဆိုရပေမည်။

မည်သို့ပင်ဆိုစေကာမူ သူက မြင့်မြတ်အဆောင်ဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့်ဖြစ်နေသည်မဟုတ်ပေလော။

သူ့ကဂိုဏ်းချုပ်၏ဆက်ခံသူအဖြစ် ပျိုးထောင်ခြင်းခံရလာသူဖြစ်သည်။

သူ့တွင် သိမြင်နားလည်မှုစွမ်းရည်မရှိတာ ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။

မုဖူရှန်းခေါင်းညိတ်သည်။

"အဆုံးမဲ့ဂိုဏ်း၊ အဲဒီအချိန်တုန်းက ငါ့မင်းဆက်ကလူတွေအများကြီးကို သူတို့သတ်ပစ်ခဲ့ကြတယ်"

မင်းဆက်!

လန်ယင်ချူအနည်းငယ်လန့်သွားသည်။

သူတို့ကမုဖူရှန်းဘယ်ကလာသလဲဆိုတာ တခါမှမကြားခဲ့ဖူးပါ။

သို့သော်မုဖူရှန်းဒါကိုကျယ်ကျယ်လေးမပြောခဲ့လေရာ သူကလည်းမေးမြန်းရန်အတွက် ပဏာမခြေလှမ်းလှမ်းမည်မဟုတ်။

လူတစ်ယောက် ဒီလိုအကြောင်းအရာမျိုးကိုပြောလာသောအခါ မေးစရာမလိုသည့် အရာတချို့ရှိသည်။

မုဖူရှန်း ဒီအကြောင်းကိုပြောလာသောအခါ အင်ပါယာဟုသာပြောခဲ့ပြီး ဘယ်မင်းဆက်ဖြစ်သလဲဆိုတာ မပြောခဲ့ပေ။

ထို့ကြောင့်ဒါကိုမေးနေစရာမလိုတော့။

လန်ယင်ချူခေါင်းညိတ်သည်။

"အပြင်ပန်းကကြည့်မယ်ဆိုရင် အဆုံးမဲ့ဂိုဏ်းမှာ လူသုံးယောက်ကျန်နေသေးပြီး တဘက်ကဂိုဏ်းမှာတောင် လူတယောက်တည်းပဲကျန်တော့တယ်၊ ဘာမှစိတ်ထင့်စရာမလိုပါဘူး"

ထိုနေရာတွင် လန်ယင်ချူ အေးစက်သည့်အပြုံးတပွင့်ကိုပြသလိုက်၏။

"အချိန်ကျရောက်လာ‌တဲ့အခါ သူတို့ကိုသတ်ပစ်ရုံပဲလေ"

မုဖူရှန်းခေါင်းညိတ်ကာ ပြောလိုက်သည့်စကားတခွန်းက လန်ယင်ချူ၊ နင်းရှီနှင့် ရှန်းကျိယုတို့ကို ထိတ်လန့်သွားစေသည်။

"အချိန်ကျလာတဲ့အခါကျရင် ငါ့ကိုလုပ်ခွင့်ပေးပါ၊ သူတို့ကိုငါကိုယ်တိုင်ကိုင်တွယ်ရမယ်"

သူတို့သုံးယောက် ထိုစကားလုံးများကိုကြားသည်နှင့်အံ့ဩသင့်သွားပုံရသည်။ မုဖူရှန်းနှင့်ရက်ပေါင်းများစွာ အပြန်အလှန်ဆက်ဆံပြီးနောက် သူက ပြဿာနာရှာရတာကိုမကြိုက်သည့် အလွန်သိမ်မွေ့ပြီး သတိကြီးတတ်သောလူတစ်ယောက်ဆိုတာ သိလာရသည်။

ဒါကပထမဆုံးအကြိမ် ဒီလိုသတ်ဖြတ်လိုသည့်စကားလုံးများကိုပြောလာခြင်းပင်။

သို့စေကာမူ သူတို့အကြားတွင် အာဃာတရှိလေရာ ဒါကနားလည်ပေး၍ရပါသည်။

သုံးယောက်လုံးက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။

မုဖူရှန်း၏ခွန်အားအရဆိုပါက သူတို့ကိုကိုင်တွယ်နိုင်တာထက်ပိုနေလေပြီ။

မည်သည့်မြေအင်မော်တယ်အဆင့်အဆောင်မဆို သူတို့အားလုံးကိုသတ်နိုင်သည်။

အဆုံးမဲ့ဂိုဏ်းနဲ့ရန်သူဖြစ်လာမည့်အရေးကျတော့ရော!

စိတ်မကောင်းပါဘူး၊ ငါတို့ဒီဘက်ခြမ်းကို တခါမှမတွေးဖူးဘူး!

သူတို့၏မြင့်မြတ်အဆောင်ဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးတွင် ထိပ်တန်းဂိုဏ်တစ်ဂိုဏ်းဖြစ်လေရာ ဒုတိယတန်းစားအင်အားစုလေးကို ကြောက်နေရဦးမည်လား။

တကယ်တမ်းတွင် ရလဒ်က မျှော်လင့်ထားသကဲ့သို့ပင် အဆုံးမဲ့ဂိုဏ်းက နောက်ဆုံးအောင်ပွဲကိုရယူနိုင်ခဲ့သည်။

တစ်ရက်နားပြီး ပြန်လည်ကောင်းမွန်အောင်လုပ်ရန် အဆိုပြုပြီးနောက် အဆုံးမဲ့ဂိုဏ်းက မြင့်မြတ်အဆောင်ဂိုဏ်းနှင့် ရင်ဆိုင်ရပေတော့မည်။

"အဆုံးမဲ့ဂိုဏ်း နဲ့ မြင့်မြတ်အဆောင်ဂိုဏ်း"

တာအိုဆွေးနွေးစင်မြင့်မှ သက်လတ်ပိုင်းမရွယ်လူတစ်ယောက်က ထူးမခြားနားစွာပြောသည်။

မုဖူရှန်းခုန်တက်သွား၏။ သူကတုံ့ဆိုင်းနေခြင်းမရှိ။ အောက်တွင် အဆုံးမဲ့ဂိုဏ်းတပည့်များက ခါးသီးစွာပြုံးနေကြသည်။

"ဘာလို့မြင့်မြတ်အဆောင်ဂိုဏ်းက တာအိုဆွေးနွေးစင်မြင့်ထက်မှာ ‌ပေါ်လာရတာတုန်း"

"ဟူး၊ ငါကံမကောင်းဘူးလို့ပဲပြောရမလား"

ဘေးကနေ အဆုံးမဲ့ဂိုဏ်းချုပ်ကပြောသည်။

"မကြောက်နဲ့၊ လွတ်လွတ်လပ်လပ်တိုက်ခိုက်ကြ"

"မြင့်မြတ်အဆောင်ဂိုဏ်းကိုရှုံးနိမ့်တာက ရှက်စရာမဟုတ်ဘူး၊ ဒါ့အပြင် မြင့်မြတ်အဆောင်ဂိုဏ်းရဲ့တကယ့်တိုက်ခိုက်မှုစံနှုန်းက ထိပ်တန်းဂိုဏ်းတွေရဲ့အဆင့်မှာမရှိဘူး"

မဟာပြိုင်ပွဲ၏အလယ်တွင် မည်သူမှ ဆေးလုံးများကိုသုံး၍မရပေ။ ဒါ့အပြင် တိုက်ခိုက်နေစဉ် ရေးထွင်းထားခြင်းမဟုတ်သရွေ့ အဆောင်များကိုလည်းသုံးခွင့်မရှိပေ။

ဒီအချက်တချက်တည်းကပင် မြင့်မြတ်အဆောင်ဂိုဏ်းအတွက် ကြီးမားသည့်အားနည်းချက်တခုဖြစ်နေလေပြီ။

အကယ်၍ ပြိုင်ပွဲမတိုင်ခင် ရေးထွင်းထားသည့်အဆောင်ကိုသာသုံးနိုင်ပါက မြင့်မြတ်အဆောင်ဂိုဏ်းက မဟာပြိုင်ပွဲ၏ သံသယမရှိ ချန်ပီယံဖြစ်လာပေလိမ့်မည်။

အဆောင်များနှင့်ပတ်သက်လာသောအခါ ဘယ်ဂိုဏ်းကများ သူတို့ကိုစိန်ခေါ်နိုင်မည်နည်း။

ဘယ်ဂိုဏ်းတွင်များ မြင့်မြတ်အဆောင်ဂိုဏ်းထက် ပိုများသည့်အဆောင်များ ရှိနေသနည်း။

အဆုံးမဲ့ဂိုဏ်းတပည့်များကဒါကိုကြားသောအခါ သူတို့၏မျက်လုံးများက တောက်ပသွားကြပြီး ခေါင်းညိတ်သည်။

တပည့်တစ်ယောက်က တာအိုဆွေးနွေးစင်မြင့်ပေါ်သို့တက်လာပြီး မုဖူရှန်းအား လက်နှစ်ဖက်ဆုပ်ပြသည်။

သို့စေကာမူ မုဖူရှန်းမလှုပ်ရှားဘဲ ထိုတပည့်ကို အေးစက်စွာကြည့်နေသည်။ သူကခံစားချက်ကင်းမဲ့နေပြီး ပုံမှန်မဟုတ်စွာ အေးစက်နေသည့်အလား။

အထက်တွင် မြင့်မြတ်အဆောင်ဂိုဏ်း၏ အကြီးအကဲတစ်ဦးက ဒါကိုမြင်သောအခါ မေ့စေ့ပွတ်လိုက်သည်။

"ဒီအဆုံးမဲ့ဂိုဏ်းက သူနဲ့ရန်ငြိုးတချို့ရှိပုံပဲ"

မုဖူရှန်း၏အေးစက်သောအမူအရာကို မြင်ရသောအခါ ထိုတပည့်က မျက်မှောင်ကြုတ်သည်။

စွမ်းအားကွာခြားချက်က မနည်းဘူးဆိုရင်တောင် ဒီလောက်ထိတော့ မစော်ကားသင့်ဘူးမလား!

သက်လတ်ပိုင်းအရွယ်လူ၏အမိန့်နှင့်အတူ တာအိုဆွေးနွေးပွဲကစတင်သည်။ အဆုံးမဲ့ဂိုဏ်းတပည့်က မုဖူရှန်းဆီသို့ ရိုက်ချလိုက်သည်။ ဒီလက်ဖဝါးချက်ထဲတွင် ထိုတပည့်၏ ခွန်အားအလုံးစုံကိုဖိသိပ်ထားသည်။ မြင့်မြတ်အဆောင်ဂိုဏ်းတပည့်များကိုရင်ဆိုင်ရသောအခါ သူဘာကိုမှ ဖုံးကွယ်မထားရဲပေ။ ထို့ကြောင့် သူ့မူလစံနှုန်းထက်ပင် ပိုသာနေသည့် လက်ဖဝါးဖြင့် ရိုက်ချလိုက်ခြင်းပင်။

သူ့၏သွေးပြောင်းလဲခြင်းနယ်ပယ်အထွတ်အထိပ်အဆင့်ခွန်အားနှင့်အတူ သူက အင်မော်တယ်တပိုင်းတ၀က်အဆင့်ခွန်အားကို အတင်းထုတ်လွှတ်နိုင်သည်။

အောက်တွင် အဆုံးမဲ့ဂိုဏ်းသားများက ဒီမြင်ကွင်းကိုမြင်သောအခါ ချက်ချင်းချီးမွမ်းလိုက်ကြ၏။

"ကြည့်ရတာ ကျွမ်းကျင်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါကျရင် အကောင်းဆုံးစွမ်းရည်တွေကို ထုတ်သုံးရမယ်ထင်တယ်"

"မှန်တယ်၊ မဟုတ်ဘူးဆိုရင် ငါဘယ်လိုဖြစ်လာမလဲဆိုတာပြောနိုင်မှာမဟုတ်ဘူး၊ ဂျုနီယာညီလေးပါရမီကမဆိုးဘူး၊ သူကတကယ်ပဲ အင်မော်တယ်တပိုင်းနယ်ပယ် တ၀က်အဆင့်ခွန်အားကို ထုတ်လွှတ်နိုင်တယ်"

"အချိန်ကျရင် ငါတို့ရှုံးရင်တောင် ဂိုဏ်းကိုပြန်တဲ့အခါကျရင် အများကြီးပျိုးထောင်ခံရလိမ့်မယ်"

သို့စေကာမူ သူတို့စကားပြောပြီးသည်နှင့်တပြိုင်နက် မုဖူရှန်းလှုပ်ရှားသည်။

သူ့အမူအရာကအေးစက်နေပြီး သတ်ဖြတ်ခြင်းဆန္ဒကို အတင်းဖုံးကွယ်ထားရသည်။

အကယ်၍သူသာသတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်ပြသလိုက်ပါက တဘက်လူက တွေ့ရှိသွားပေလိမ့်မည်။

သူဆက်မတိုက်ခိုက်ဘဲ အရှုံးကိုတိုက်ရိုက်၀န်ခံလိုက်ရင် ဘယ်လိုလုပ်မလဲ!

မုဖူရှန်းအော်ဟစ်ရင်း လက်ဖဝါးဖြင့် ရိုက်ချသည်။

ရုတ်ချည်းဆိုသလို မိုးကြိုးများက မြည်ဟီးလာသည်။ မိုးကြိုးစင်းများက လျှပ်စီးနဂါးများအဖြစ်ပြောင်းသွားပြီး ထိုတပည့်၏ လက်ဖဝါးချက်ကို ဖျက်ဆီးကာ ရင်ဘတ်သို့ တိုက်ရိုက်ထိုးဖောက်သွား၏။

အဆုံးမဲ့ဂိုဏ်းတပည့်၏အော်ရာက ချက်ချင်းပျောက်ကွယ်သွားပြီး မြေပေါ်သို့ကျသွားလေတော့သည်။

ဒီအရာများအားလုံးကိုလုပ်ပြီးနောက်မုဖူရှန်း အမောတကာအသက်ရှူနေရသည့်အသွင်ပြုမူနေသည်။

"ငါတောင်းပန်ပါတယ်၊ ငါအဆောင်ကိုမသုံးနိုင်တော့ နည်းနည်းစိတ်ရှုပ်ထွေးပြီး တခဏလောက်မထိန်းချုပ်နိုင်ဖြစ်သွားရတာပါ"

လန်ယင်ချူ "....."

နင်းရှီ "....."

ရှန်းဇီယု "....."

အပိုင်း(624) coming။

All Chapters