← Chapters

#သူတို့ဝိဉာဉ်ကဖျက်ဆီးခံလိုက်ရပြီ၊ ငရဲဘုရင်တောင်မကယ်တင်နိုင်တော့ဘူး#

Vol. 44 Ch. 625

#သူတို့ဝိဉာဉ်ကဖျက်ဆီးခံလိုက်ရပြီ၊ ငရဲဘုရင်တောင်မကယ်တင်နိုင်တော့ဘူး#

Vol. 44 Ch. 625

"အဆုံးမဲ့ဂိုဏ်းရဲ့ ပေါင်းစပ်ခန္ဓာအစီအရင်လား"

လူတိုင်းကြည့်ရှုနေကြစဉ် တာအိုဆွေးနွေးစင်မြင့်ပေါ်၌ လှိုင်းထနေသည့်တိမ်ပင်လယ်ကြီးက လေထဲတွင် အမှန်တကယ်ပေါ်ပေါက်လာပြီး တာအိုဆွေးနွေးစင်တခုလုံးကို လွှမ်းခြုံပစ်လေရာ အနှီမျက်စိဖြင့်ပင် မမြင်နိုင်တော့ပါ။

တာအိုဆွေးနွေးစင်မြင့်အောက်က ကျင့်ကြံခြင်းအဆင့်နိမ့်ကျသူများကမူ အာရုံခံမိလျှင်ပင် အထဲက အခြေအနေကို မခံစားနိုင်ကြပေ။

"အဆုံးမဲ့ဂိုဏ်းရဲ့ဒီအခင်းအကျင်းအစီအရင်ကိုငါလည်းကြားဖူးတယ်"

တခြားသူများထက်ပိုအတွေ့အကြုံရှိသည့်တပည့်တစ်ဦးကလေးနက်စွာပြောသည်။

"အရင်က အဆုံးမဲ့ဂိုဏ်းက ဂိုဏ်းများစွာထဲကနေ ဒုတိယတန်းစားဂိုဏ်းတဂိုဏ်းအဖြစ် မြှင့်တက်လာနိုင်ခဲ့ရတဲ့အကြောင်းရင်းရဲ့ အစိတ်အပိုင်းကြီးတခုက ဒီပေါင်းစပ်ခန္ဓာအစီအရင်ကြောင့်ပဲ"

လူတိုင်းသိချင်စိတ်ဖြင့်ရှေ့တိုးရင်း ထိုလူ၏အသေးစိတ်ရှင်းလင်းချက်များကို နားထောင်ကြသည်။

ဒါကိုမြင်သောအခါထိုတပည့်ကဆက်ပြောသည်။

"အရင်က အဆုံးမဲ့ဒေသက အဆုံးမဲ့ဂိုဏ်းနဲ့တခြားပြိုင်ဘက်အင်အားစုနှစ်စုက တိုက်ခိုက်ခဲ့ကြတယ်"

"ဒီအခင်းအကျင်းအစီအရင်ကြောင့်ပဲ အကြီးအကဲတွေက အခြေခံအဖြစ်ရှိကြပြီး အဆင့်မြင့်မဟာအကြီးအကဲနဲ့ ဂိုဏ်းချုပ်က သခင်အဖြစ် ပူးပေါင်းလိုက်တော့ ဒီအစီအရင်က ခွန်အားနဲ့ပေါက်ကွဲသွားခဲ့ပြီး ကောင်းကင်အင်မော်တယ်နယ်ပယ်နောက်ပိုင်းအဆင့်ကိုတောင် တိုက်ခိုက်နိုင်ခဲ့တယ်"

"အဲဒီအင်အားစုနှစ်ခုကိုအနိုင်ယူပြီးနောက်မှာ သူတို့က အဲဒီအင်အားစုတွေရဲ့အမွေအနှစ်တွေကိုလည်းရသွားခဲ့တယ်"

"အဲဒီအချိန်ကစပြီး အဆုံးမဲ့ဂိုဏ်းက ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းဖြစ်လာသလို အဲဒီနယ်မြေကိုလည်း အဆုံးမဲ့ဒေသလို့ တရား၀င်ပြောင်းလိုက်တယ်"

အဆင့်တူဂိုဏ်းနှစ်ဂိုဏ်းရဲ့ပူးပေါင်းအင်အားကို တစ်ခုတည်းနဲ့ အနိုင်ယူခဲ့တာလား!

ဒါကအခုသူတို့သုံးနေတဲ့အစီအရင်လား!

လူတိုင်းတာအိုဆွေးနွေးစင်မြင့်ပေါ်သို့ ဆက်ကြည့်လိုက်ကြသည်။

ဒါကိုအနှီမျက်စိဖြင့်ခံစားရန်ဟူသည်မဖြစ်နိုင်။

အကယ်၍ကျင့်ကြံခြင်းအဆင့်သာ လုံလောက်အောင်မမြင့်မားပါက သူတို့က အာရုံခံနိုင်မည်မဟုတ်ပေ။ သူတို့ကဘေးနားက ကျင့်ကြံခြင်းအဆင့်ပိုမြင့်သည့်သူများကို ဘေးကြရသည်။

ထိုသူများက ဒီမြင်ကွင်းကိုမြင်သောအခါ အဆုံးမဲ့ဂိုဏ်းချုပ်အားရှုပ်ထွေးသည့် အမူအရာများဖြင့်ကြည့်နေကြ၏။

"တပည့်တွေကိုဘယ်တော့မှလက်လွှဲမပေးခဲ့တဲ့ အဆုံးမဲ့တိမ်ပင်လယ်အခင်းအကျင်းကို သူတို့ကိုလက်လွှဲပေးလိုက်တာလား"

"သူတို့ကတကယ်အကုန်ထုတ်သုံးနေတာပဲ"

"စင်မြင့်ပေါ်က အဲဒီမြင့်မြတ်အဆောင်ဂိုဏ်းရဲ့တပည့်က အန္တရာယ်နဲ့ရင်ဆိုင်နေရပုံပဲ"

"မှန်တယ်၊ တခြားထိပ်တန်းဂိုဏ်းတွေရဲ့ တပည့်တွေဆိုရင်တော့ကြောက်စရာမလိုဘူး၊ ဒါပေမယ့် မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ တကယ့်တိုက်ခိုက်ရေးစွမ်းရည်က အားမကောင်းသေးဘူး"

မြင့်မြတ်အဆောင်ဂိုဏ်းအကြီးအကဲက အရာအားလုံးကိုကြားပါသည်။

ဒါကိုကြားသောအခါ သူ့အမူအရာက အနည်းငယ်ထူးဆန်းနေသည်။

မုဖူရှန်း၏တကယ့်တိုက်ခိုက်ရေးစွမ်းရည်နှင့်အတူ ဒီကလေးက ဝိဉာဉ်တိုက်ခိုက်မှုများကို ဘယ်လိုသုံးရမလဲဆိုတာသိသည်။

ကောင်းကင်အင်မော်တယ်အဆောင်များကိုပင် ရေးထွင်းနိုင်သည့်အဆောင်သခင်တစ်ဦး၏ဝိဉာဉ်က မည်မျှပင် ကြောက်စရာကောင်းလေသနည်း။

သူဆိုလျှင်ပင် မုဖူရှန်း၏ဝိဉာဉ်တိုက်ခိုက်မှုကိုရင်ဆိုင်ရပါက အတော်လေးသတိထားရပေမည်။

သူသာဂရုမစိုက်ပါက ကြီးမားသည့် တန်ပြန်အားတခုကို ခံစားရပေလိမ့်မည်။

တာအိုဆွေးနွေးစင်မြင့်ပေါ်က သက်လတ်ပိုင်းအရွယ်လူကြီးက ဒီမြင်ကွင်းကိုမြင်သောအခါ သူ့မေ့စေးကို သိချင်စိတ်ဖြင့် ပွတ်သပ်လိုက်မိသည်။

သူလည်းမြင်ချင်ပါသည်။

လူသုံးယောက်ကို တစ်ပြိုက်တည်း တိုက်ခိုက်ချင်သည်ဟုပြောသည့် ဒီမြင့်မြတ်အဆောင်ဂိုဏ်းတပည့်က မည်မျှထိစွမ်းဆောင်နိုင်မည်နည်း။

ဒီနယ်ပယ်တွင် ယုံကြည်မှုမရှိသရွေ့ သူတို့က ယခုလိုမောက်မာသောစကားမျိုးကို ပြောမည်မဟုတ်။

တာအိုဆွေးနွေးစင်မြင့်ပေါ်၌ မုဖူရှန်း ဘေးပတ်လည်ကိုကြည့်ရင်း အကြမ်းဖျင်းစိတ်ကူးတခုရလာသည်။

သူတို့မျက်နှာပင်အပျက်ခံရပြီးစွန့်စားရဲသည်မှာ အံ့ဩသင့်စရာမရှိတော့။

တကယ်တော့သူတို့ပြင်ဆင်ထားကြသည်။

သို့စေကာမူ ပေါင်းစပ်ခန္ဓာအစီအရင်ကို ချိုးဖျက်ရန်ဟူသည် မခက်ခဲပါ။

မုဖူရှန်းတွင် အခင်းအကျင်းများပေါ်၌ နားလည်မှုတချို့ရှိပါသည်။

လူတိုင်း၏ညှိုနှိုင်းမှုနှင့် သဟဇာတဖြစ်မှုအတွက် ဒီလိုအပ်ချက်က အတော်လေးမြင့်မားသည်။

ထို့ကြောင့် သူတို့ထဲကတယောက်ကိုချိုးဖျက် သို့မဟုတ် သူတို့ကြားက ဆက်သွယ်မှုကို ဖြတ်တောက်ရန်သာလိုအပ်သည်။

အင်မော်တယ်တပိုင်းနယ်ပယ် သို့မဟုတ် မြေအင်မော်တယ်နယ်ပယ်အဆောင်များကို တိုက်ရိုက်ရေးထွင်းရန်ဆိုတာအတွက် စိုးရိမ်နေစရာမလိုပေ။

မုဖူရှန်းအတွက် ဒီအဆောင်များကို ရေးထွင်းရန်ဟူသည်မခက်ခဲပါ။

အဓိကအကြောင်းရင်းက အကြည့်များစွာက တာအိုဆွေးနွေးစင်မြင့်ပေါ်ကျရောက်နေသဖြင့် သူ့ခွန်အားကို အရမ်းကြီး မထုတ်ပြချင်ပေ။

တဘက်လူ၏အခင်းအကျင်းအစီအရင်ကို အောင်မြင်စွာမည်သို့ချိုးဖျက်ပြီး ခွန်အားအရမ်းကြီးမထုတ်ဖော်ဘဲ သူတို့ကို မည်သို့သတ်ရမည်နည်း။

ဒါကမုဖူရှန်းတွေးနေသည့်အရာပင်။

အစီအရင်က သူတို့သုံးဦးအကြား ပူးပေါင်းဆောင်ရွက်မှုကို မှီခိုအားကိုးထားသည်။

သူတို့၏ပူးပေါင်းမှုကိုချိုးဖျက်ခြင်းဖြင့် သူဒါကိုတိုက်ရိုက်ဖျက်ဆီးနိုင်သည်။

မုဖူရှန်းအတွေးနက်နေစဉ် ထိုသုံးယောက်က ဒေါသတကြီးအော်ဟစ်ကြသည်။

တာအိုဆွေးနွေးစင်မြင့်ပေါ်၌ လိမ့်တက်လာသည့် တိမ်ပင်လယ်က မုဖူရှန်းထံဦးတည်လာပြီး အရှိန်က ကြောက်စရာကောင်းလွန်းသည်။

မုဖူရှန်းမခုခံနိုင်သည့်အသွင်ဟန်ဆောင်ရင်း ဘေးသို့ခုန်လိုက်သည်။

သူခက်ခက်ခဲခဲရှောင်ပြေးဟန်ဆောင်ကာ မြေပေါ်လဲကျသွားသည်။

သူ့မျက်နှာက ကြမ်းပြင်အား အမှတ်အထင်ထိသွားပြီး ဖုန်တချို့စွန်းထင်းကာ သူ့ကို ဖရိုဖရဲဖြစ်သွားစေသည်။

ဒါက အဆုံးမဲ့ဂိုဏ်းကတပည့်သုံးဦးကို သံသယမရှိအကြီးအမားယုံကြည်ချက်ရှိလာစေသည်။

သူဒါကိုတိုက်ဆိုင်စွာပင်ရှောင်နိုင်ခဲ့သော်လည်း မြင့်မြတ်အဆောင်ဂိုဏ်း၏ တပည့်က ယခုလိုစိတ်မကောင်းစရာအခြေအနေတွင် ဒီလိုတိုက်ချက်များကို မခုခံနိုင်တာ သိသာထင်ရှားနေသည်မဟုတ်ပေလော။

မုဖူရှန်းရှောင်တိမ်းရန်အတွက် အာရုံလွှဲထားစဉ် သူတွေးတောနေတာကိုလည်းမရပ်ပေ။

သူ့ဦးနှောက်က အပြင်းအထန်အလုပ်လုပ်နေသည်။

အခင်းအကျင်းကိုချိုးဖျက်မည့်အစီအစဉ်များက တခုပြီးတခုသူ့စိတ်ထဲတွင်၀င်လာကြသည်။ သူ့ခွန်အားကိုရှာတွေ့သွားမလားဆိုသည့် ကောင်းကျိုး၊ ဆိုးကျိုးများကို တွေးပြီးနောက် သူတိုက်ရိုက်ပင် ပယ်ချလိုက်သည်။

ထိုအခိုက်အတန့်၌ အဆုံးမဲ့ဂိုဏ်းတပည့်သုံးဦးက မုဖူရှန်းကို တချိန်တည်းတွင် ရိုက်ခတ်လိုက်ကြ၏။

ထိုအချိန်တွင် တိမ်ပင်လယ်က စတင်အဓိကရုဏ်းဖြစ်လာပြီး မုဖူရှန်းထံ ဆူနာမီတစင်းအလား၀င်သွားသည်။

တိမ်ပင်လယ်ကနေဖွဲ့စည်းထားသည့် ဒီလှိုင်းကြီးက တာအိုဆွေးနွေးစင်မြင့်တခုလုံးကိုဖုံးလွှမ်းသွားကာ မုဖူရှန်းမရှောင်နိုင်ဖြစ်သွားရသည်။

ထိုအခိုက်အတန့်မှာပင် မုဖူရှန်းရုတ်တရက် ဉာဏ်ကွန့်မြူးသွားရသည်။

ထို့နောက် သူဝိဉာဉ်ကိုလျှို့ဝှက်စွာအသက်သွင်းသည်။ သူ့မျက်ခုံးကြားမှ ကျောက်စိမ်းဝိဉာဉ်မီးတောက်အမျှင်စက ချက်ချင်းပျောက်ကွယ်သွား၏။

မုဖူရှန်းခပ်ပေါ့ပေါ့ပြုံးသည်။

"ဒီသုံးယောက်ကို ငါ့အတွက် ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ရမှာပဲ"

တိမ်ပင်လယ်က မုဖူရှန်း၏သဘာ၀ အကာအကွယ်ဖြစ်လာရသည်။

ရုတ်ချည်းဆိုသလို မမြင်ရသည့်ဝိဉာဉ်တိုက်ခိုက်မှုတခုက လှိုင်းထနေသည့် တိမ်ပင်လယ်ကိုဖြတ်သန်းရင်း အဆုံးမဲ့ဂိုဏ်းတပည့်သုံးဦးအား တိုက်ခိုက်သည်။

အဆုံးမဲ့ဂိုဏ်းတပည့်သုံးဦးက ချက်ချင်းအသိစိတ်ကိုဆုံးရှုံးသွားရပြီး သူတို့အသိစိတ်ပင်လယ်က တုန်ခါလာကြသည်။

သူတို့အကြားက ဆက်သွယ်မှုက ရုတ်ချည်းပျက်သုဉ်းပြိုကွဲသွားရသည်။

တာအိုဆွေးနွေးစင်မြင့်ပေါ်က တိမ်ပင်လယ်ကလည်း တဖြည်းဖြည်းစတင်ပျောက်ကွယ်လာသည်။

တာအိုစင်မြင့်ပေါ်ကမြင်ကွင်းက လူတိုင်း၏အကြည့်အောက်တွင် တိုက်ရိုက်ပေါ်လွင်လာခဲ့သည်။

လူတိုင်းတာအိုဆွေးနွေးစင်မြင့်ပေါ်သို့ကြည့်လိုက်ကြ၏။ သူတို့တချက်ကြည့်ချင်ကြသည်။

တိမ်ပင်လယ်ပျောက်ကွယ်သွားရသည့်အကြောင်းရင်းက အဆုံးမဲ့ဂိုဏ်းတပည့်သုံးဦးက မြင့်မြတ်အဆောင်ဂိုဏ်းတပည့်ကို အနိုင်ယူပြီး ဒါကိုဖယ်ရှားဖို့ပဏာမခြေလှမ်းလှမ်းခဲ့ခြင်းလား။

ဒါမှမဟုတ် သူတို့ကိုသုံးယောက်တစ်ယောက်အနိုင်ယူခဲ့တာက မြင့်မြတ်အဆောင်ဂိုဏ်းတပည့်လား။

သို့စေကာမူ မြင်ကွင်းကိုအပြည့်အ၀ပြသလိုက်သောအခါ လူတိုင်းတုန်လှုပ်သွားကြ၏။

အဆုံးမဲ့ဂိုဏ်းတပည့်သုံးဦးက ဘယ်ညာလှုပ်ယမ်းနေကြပြီး သူတို့မျက်နှာက နာကျင်မှုဖြင့်ပြည့်နှက်နေကာ ခေါင်းကိုဖုံးထားရင်း အချိန်အရွေး ပြိုလဲကျသွားသည့်အနေအထားတွင်ရှိနေသည်။

တခြားတဘက်တွင် မုဖူရှန်းရှေ့သို့ အမြန်ပြေးသွားလေတော့သည်။

အဆုံးမဲ့ဂိုဏ်းချုပ် ဒါကိုမြင်သောအခါ သူ့အမူအရာကပြောင်းလဲသွားပြီး ချက်ချင်းအော်ဟစ်လိုက်သည်။

"မြန်မြန်အရှုံးကို၀န်ခံလိုက်"

ထို့နောက်ကောင်းကင်အင်မော်တယ်နယ်ပယ်ဖိအားတခုက မုဖူရှန်းအား ဦးတည်လာသည်။

သူ မုဖူရှန်းကိုတားချင်သည်။

သို့စေကာမူ မြင့်မြတ်အဆောင်ဂိုဏ်းအကြီးအကဲက တာအိုဆွေးနွေးစင်မြင့်အပြင်တွင် တိုက်ရိုက်ပေါ်လာပြီး ထိုဖိအားရှေ့တွင် အဆောင်တခုကသူ့လက်ထဲတွင် ပေါ်လာကာ ဧရာမအတားအဆီးတခု ထိုးတက်လာသည်။

ထို့နောက်ဖိအားအားလုံးကိုခုခံလိုက်သည်။

ဒါက ကောင်းကင်အင်မော်တယ်အဆင့်ကာကွယ်ရေးအဆောင်ပေတည်း။

"အဆုံးမဲ့ဂိုဏ်း၊ မင်းငါတို့ရဲ့မြင့်မြတ်အဆောင်ဂိုဏ်းကို အထင်သေးနေတာလား"

ဒါကိုမြင်သောအခါ အဆုံးမဲ့ဂိုဏ်းချုပ်၏ အမူအရာက အလွန်အမင်းကြည့်ရဆိုးသွားခဲ့သည်။ သူကြည့်နေရုံသာတတ်နိုင်တော့သည်။

ထိုစဉ်မုဖူရှန်း တပည့်တစ်ယောက်၏ခေါင်းကိုရိုက်ချလိုက်သည်။ ထို့နောက်ချက်ချင်းပင် သူကမရပ်ဘဲ ဝိဉာဉ်ပင်ပြိုကွဲသွားသည့် တပည့်အားလှည့်ပင်မကြည့်ဘဲ ကျန်နှစ်ယောက်ထံလှည့်လိုက်ပြီး ထို့နည်းတူပင် လုပ်ခဲ့သည်။

ထိုသုံးယောက်၏ ဝိဉာဉ်က မုဖူရှန်း၏ လက်ဖဝါးရိုက်ချက်အပြီးတွင် ပြိုကွဲသွားရပြီး တာအိုဆွေးနွေးစင်မြင့်ကနေ တိုက်ရိုက်ကျသွားကြရသည်။ သူတို့ဝိဉာဉ်ပင်လျှင် ဖျက်ဆီးခံရသည်။

ငရဲဘုရင်တောင်မှ သူတို့ကိုကယ်တင်နိုင်မည်မဟုတ်တော့ပေ။

အပိုင်း(626) coming။

All Chapters