← Chapters

#မုဖူရှန်း၊ ကျွန်တော်ခွန်အားအလုံးစုံကိုသုံးရမယ်လေ#

Vol. 44 Ch. 626

#မုဖူရှန်း၊ ကျွန်တော်ခွန်အားအလုံးစုံကိုသုံးရမယ်လေ#

Vol. 44 Ch. 626

သူတို့၏ဝိဉာဉ်များပင်ပြိုကွဲသွားခဲ့ပြီး ဒီကမ္ဘာကြီးထဲတွင် သူတို့ကိုကယ်တင်ရန်အတွက် နည်းလမ်းဟူ၍ပင်မရှိတော့။

ကောင်းကင်အင်မော်တယ်အထွတ်အထိပ်အဆင့်နှင့်လူသိများသည့်ဆေးလုံးများ၊ သဘာ၀ရတနာများပင် ဒီနေရာတွင် အသုံးမ၀င်တော့ပါ။

အဆုံးမဲ့ဂိုဏ်းချုပ်က ကြည့်ရဆိုးသည့်အမူအရာဖြင့် ထိုမြင်ကွင်းကိုကြည့်ရင်း မုဖူရှန်းအားစိမ်းဝါးဝါးကြည့်နေသည်။

မုဖူရှန်းကတကယ်ပင် ဒီနေရာတွင် အဆုံးမဲ့ဂိုဏ်း၏ပါရမီအရှိဆုံးတပည့်လေးဦးကို သတ်ပစ်ခဲ့သည်။ အဆုံးမဲ့တိမ်ပင်လယ်အစီအရင်ကို ကျင့်ကြံရန်အတွက် ပါရမီက အလွန်အမင်း ထူးချွန်ရန်လိုအပ်သည်။

ထို့နောက်သူတို့လေးယောက်အကြား လက်ရှိအဆင့်ကို ရောက်ရန်အတွက် ကြီးမားသည့် သဟဇာတဖြစ်မှုကိုလည်း လိုအပ်ပါသေးသည်။

အဆုံးမဲ့ဂိုဏ်းချုပ်က သူတို့ကဂိုဏ်းချုပ်၊ လက်ထောက်ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲရာထူးများကိုပင် ယူကြလိမ့်မည်ဟု အဆင့်မြင့်မဟာအကြီးအကဲနှင့်ပင်သဘောတူခဲ့သည်။

သို့စေကာမူ သူတို့ကမုဖူရှန်းတစ်ဦးတည်း၏သတ်ပစ်ခြင်းကိုခံလိုက်ရလေပြီ။

မုဖူရှန်း သိသာနေသည့်သတ်ဖြတ်ခြင်းဆန္ဒတခုကိုခံစားမိသဖြင့် လှမ်းကြည့်လိုက်မိသည်။

အဆုံးမဲ့ဂိုဏ်းချုပ်က သူ့ကိုစူးစိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။

မုဖူရှန်းဟန်လုပ်ကာပြုံးသည်။

"စီနီယာ၊ ဘာလို့ကျွန်တော့်ကိုဒီလိုကြည့်နေရတာလဲ၊ ဒါကမဟာပြိုင်ပွဲပဲလေ၊ ကျွန်တော်တို့ကတိုက်ခိုက်ပြီး တာအိုကို ဆွေးနွေးရမယ်လေ၊ သေခြင်းရှင်ခြင်းအကြောင်းကို ပြောနေစရာမလိုပါဘူး"

"ဒါ့အပြင် သူတို့သေတဲ့အထိရိုက်နှက်ခံရလိမ့်မယ်လို့ ကျွန်တော်တကယ်မထင်ထားခဲ့ပါဘူး၊ အစောကြီးကတည်းကသာ ကျွန်တော်သိခဲ့မယ်ဆိုရင် ဒီလိုခွန်အားအများကြီးသုံးမိမှာမဟုတ်ဘူး၊ ကျွန်တော်သူတို့ကို အနိုင်ယူနိုင်မလားဆိုတာ မသေချာတော့ ခွန်အားအပြည့်ကို မတော်တဆသုံးမိသွားတာပါ....." မုဖူရှန်း အဆုံးမဲ့ဂိုဏ်းချုပ်ကို သတိထားလျက် ကြည့်ကာ နူးညံ့စွာပြောသည်။

"စီနီယာ၊ ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ခင်ဗျားက အမြင်မကျဉ်းလောက်ပါဘူးနော်"

လူတိုင်း အဆုံးမဲ့ဂိုဏ်းချုပ်ကို စာနာစွာကြည့်လိုက်သည်။ မုဖူရှန်းကို အကြောက်တလန့်ကြည့်နေကြသည့်သူများလည်းရှိသည်။

သူကမြင့်မြတ်အဆောင်ဂိုဏ်း၏တပည့်တစ်ဦးဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယခုတွင် ကောင်းကင်အင်မော်တယ်တစ်ယောက်ကိုပင် စကားပြောဆိုနေသည်။

ဘာလို့သူ့အသံကအရမ်းစိတ်တိုချင်စရာကောင်းနေရတာလဲ!

သို့စေကာမူ အပေါ်က အင်အားစုများ၏ ထိပ်သီးများက ဒီမေးခွန်းတွေကိုဂရုမစိုက်ပေ။ သူတို့ပိုပြီးပူပန်သည့်အရာက တိမ်ပင်လယ်ထဲက အကြောင်းရင်းကိုပင်။

မုဖူရှန်း အဆုံးမဲ့တိမ်ပင်လယ်အခင်းအကျင်းကို မည်သို့မည်ပုံချိုးဖျက်ခဲ့လေသနည်း။

သူကဒီကောင်းကင်အင်မော်တယ်များရှေ့တွင် ကလေးကစားစရာသာသာရှိသည့် အတော်လေးထက်မြက်သော သရုပ်ဆောင်စွမ်းရည်များကို ပြသနေသည်။

သူတို့မြင်ခဲ့တာက သူ့လုပ်ဆောင်ချက်နှင့် အပြုအမူများမှ အသေးစိတ်ခြင်းများဖြစ်သော်လည်း မုဖူရှန်း ထိုလူအိုကြီးများ၏ တောက်လောင်နေသည့်အကြည့်များကို မည်သို့မည်ပုံလှည့်ဖျားနိုင်မည်နည်း။

သို့စေကာမူ သူတို့ကိုအရူးလုပ်နိုင်သည်ဟုလည်း မုဖူရှန်းမတွေးတောထားပါ။

အရေးအကြီးဆုံးအချက်က ဒါကကျင့်ကြံခြင်းအဆင့်နိမ့်ကျသည့် သို့မဟုတ် တန်းတူရှိသည့် ကျင့်ကြံသူများအတွက်သာဖြစ်သည်။

ထိုအဆုံးမဲ့ဂိုဏ်းတပည့်သုံးဦး၏ အသိစိတ်ပင်လယ်ကိုတိုက်ခိုက်ရန်အတွက် သူစိတ်ဝိဉာဉ်ကိုအသုံးပြုခဲ့သည်။

ရလဒ်အဖြစ် သူတို့၏အသိစိတ်ပင်လယ်က မတည်မငြိမ်ဖြစ်လာပြီး အခင်းအကျင်းကို ချိုးဖျက်မည့်သက်ရောက်မှုကိုလည်း အောင်မြင်သွားခဲ့သည်။

ထို့နောက် အခွင့်အရေးကို အမိအရဖမ်းကိုင်ရင်း သုံးယောက်လုံး၏ ဝိဉာဉ်များကို ချေမွပစ်ခဲ့ခြင်းပင်။

ဒါကသာမန်သာ။

အဆောင်သခင်တစ်ဦးအနေဖြင့် သူ့ဝိဉာဉ်က အစွမ်းထက်တာကပုံမှန်သာဖြစ်သည်။

သို့စေကာမူ သူတို့ကသတင်းအချက်အလက်တချို့ကိုလည်း စုစည်းနိုင်ခဲ့ကြသည်။

မုဖူရှန်းက စိတ်ဝိဉာဉ်တိုက်ခိုက်ခြင်းကျင့်စဉ်တခုရှိသည်။

သက်လတ်ပိုင်းအရွယ်လူကြီးက ‌မေ့စေ့ကိုပွတ်သပ်ရင်း မုဖူရှန်းအား စဉ်းစားကာကြည့်ရင်း ရုတ်တရက်မှိန်ဖျော့စွာ ပြုံးလိုက်မိသည်။

"စိတ်၀င်စားစရာပဲ....."

ထိုအချိန်တွင် အဆုံးမဲ့ဂိုဏ်းချုပ်က မည်းမှောင်သည့်အမူအရာဖြင့်ပြောသည်။

"မင်းမှာငါတို့နဲ့ဘာအာဃာတရှိလို့လဲ၊ မင်းဘာလို့ ငါ့ရဲ့အဆုံးမဲ့ဂိုဏ်းတပည့်လေးယောက်ကို တခါတည်းသတ်ပစ်ရတာလဲ"

မုဖူရှန်းဒါကိုကြားသော်လည်း သူ့အထောက်အထားမှန်ကိုမထုတ်ဖော်ခဲ့ပေ။ ယင်းအစား သူအံ့ဩသင့်သွားသည့်အသွင် ဟန်ဆောင်လိုက်၏။

"ဘာအာဃာတမှမရှိပါဘူး၊ ကျွန်တော်ခဏတာမထိန်းချုပ်နိုင်ဖြစ်သွားတာလို့ ပြောခဲ့တာပဲလေ"

"စီနီယာ၊ ကျွန်တော်တို့မြင့်မြတ်အဆောင်ဂိုဏ်းတပည့်တွေရဲ့တကယ့်တိုက်ပွဲခွန်အားက တခြားသူတွေထက်နည်းနည်းအားနည်းတာကို ခင်ဗျားလည်းသိမှာပါ"

"ဒါကြောင့် နိုင်ဖို့အတွက် ကျွန်တော်သတိလက်လွတ်မနေရဲဘူးလေ၊ ကျွန်တော်တိုက်ခိုက်တဲ့အကြိမ်တိုင်း ခွန်အားအပြည့်ကိုပဲ သေချာပေါက်သုံးရမယ်လေ၊ မဟုတ်ဘူးဆိုရင် ကျွန်တော်ဆုံးရှုံးသွားရင်ရော"

ပို၍နားထောင်လေလေ အဆုံးမဲ့ဂိုဏ်းချုပ်၏ အမူအရာက ပို၍ပင် မည်းမှောင်လာလေလေဖြစ်သည်။

သူ့စကားကရယ်စရာကောင်းသော်လည်း မုဖူရှန်းပြောခဲ့တာက အမှန်တရားဖြစ်လေရာ ချေပရန်အတွက် နည်းလမ်းပင်မရှိ။

ဒါ့အပြင်သူကမြင့်မြတ်အဆောင်ဂိုဏ်း၏ တပည့်တစ်ဦးလည်းဖြစ်နေသေးသည်။

ဒီနေရာတွင် သူတိုက်ခိုက်၍မရပေ။

ဒီနေရာတွင် မြင့်မြတ်အဆောင်ဂိုဏ်းအကြီးအကဲတစ်ဦးရှိနေလေရာ သူတို့မဆင်မခြင်တိုက်မိပါက ထိုအကြီးအကဲကို သတ်နိုင်၊ မသတ်နိုင်ကိုမဆိုထားနဲ့၊ သူတို့လုပ်ခဲ့လျှင်ပင် မြင့်မြတ်အဆောင်ဂိုဏ်းတခုလုံး၏ အပြည့်အ၀လက်စားချေခြင်းကို ခံရပေလိမ့်မည်။

ထိုအချိန်တွင် အဆုံးမဲ့ဂိုဏ်းက ဆက်လက်တည်ရှိတော့မည်မဟုတ်။

ဒါကိုတွေးမိသောအခါ အဆုံးမဲ့ဂိုဏ်းချုပ်က နှာခေါင်းရှုံ့ရင်း ထိုနေရာ၌ပင် ရုတ်ချည်းပျောက်ကွယ်သွား၏။

ထိုအခိုက်အတန့်မှာပင် သက်လတ်ပိုင်းအရွယ်လူကြီးက ကြေညာသည်။

"မဟာပြိုင်ပွဲရဲ့ဒုတိယအကျော့မှာ မြင့်မြတ်အဆောင်ဂိုဏ်းအနိုင်ရရှိပါတယ်"

လန်ယင်ချူနှင့်ကျန်သောသူများက အံ့ဩသင့်ခြင်းမရှိဘဲ ပြုံးလိုက်ကြသည်။

မြင့်မြတ်အဆောင်ဂိုဏ်းတပည့်များ၏ တိုက်ခိုက်ရေးစွမ်းရည်က မကောင်းသော်လည်း ဒုတိယတန်းစားအင်အားစုတခုကိုရင်ဆိုင်ရသောအခါတွင် လုံး၀ဖိအားမရှိပါ။

ဒါ့အပြင် ထိုမွန်းစတားလေးမုဖူရှန်းကိုယ်တိုင်ကိုယ်ကျလှုပ်ရှားခဲ့သည်။ မြင့်မြတ်အဆောင်ဂိုဏ်းအကြီးအကဲက မုဖူရှန်းကိုကြည့်ရင်းပြုံးသည်။

"သွားကြရအောင်၊ ငါတို့တတိယအကျော့အတွက် ပြင်ဆင်ထားလို့ရပြီ"

မုဖူရှန်းခေါင်းညိတ်သည်။

သူပြင်ဆင်မှုတချို့လုပ်ရန်လိုအပ်ပါသေးသည်။

သူမြင့်မြတ်အဆောင်ဂိုဏ်းတွင် ရှိနေစဉ်ကတည်းကပင် စိတ်ဝိဉာဉ်ပျိုးထောင်နည်း၏အဆင့်ငါး မီးစုန်းစိမ်းဝိဉာဉ်မီးတောက်က အဆင့်ချိုးဖျက်ရန်အတွက် နီးစပ်နေလေပြီ။

ဒီနည်းလမ်းဖြင့် နောက်ပိုင်းပြိုင်ပွဲများတွင် သူယုံကြည်မှုပိုရှိလာမည်ဖြစ်သည်။

သို့စေကာမူ မုဖူရှန်းရုတ်တရက်ရယ်လိုက်မိသည်။

နောက်ဆုံးအဆင့်မှာ ငါ့စီနီယာအစ်ကိုနှစ်ယောက်နဲ့တွေ့ရင် ဘယ်လိုများဖြစ်လာမလဲ!

အစ်ကိုကြီးသာဆိုပါက အဆင်ပြေပါသည်။ သူတို့ဆွေးနွေးကာ သရုပ်ဆောင်၍ရသည်။

သို့သော်စီနီယာအစ်ကိုရှောင်ဟိုင်ဆိုပါက...!

ရှောင်ဟိုင်၏တိုက်ပွဲသွေးဆာသည့်ပုံရိပ်ကိုတွေးတောမိပြီးနောက် သူတို့သာစတင်တိုက်ခိုက်ပါက သူကသေချာပေါက် ပြိုင်ဘက်ကို အလျှော့ပေးမည်မဟုတ်။ ဒါ့အပြင် သူကပိုမိုတိုက်ခိုက်လေလေ ပိုပိုပြီး သတ္တိရှိလာသည်နှင့်တူသည်။

မုဖူရှန်းတသိမ့်သိမ့်တုန်ယင်သွားရသည်။

ရှောင်ဟိုင်ရှိနေသည့်တာအိုဆွေးနွေးစင်မြင့်ပေါ်၌ အဆုံးသတ်နှင့်ပင်နီးစပ်နေလေပြီ။

တိုက်ဆိုင်စွာပင် ရှောင်ဟိုင်၏ တာအိုဆွေးနွေးစင်မြင့်တွင်လည်း ရှောင်ဟိုင် နယ်နိမိတ်မဲ့ကမ္ဘာကို ကျူးကျော်လာခဲ့သည့် ဂိုဏ်းခုနှစ်ဂိုဏ်းမှ တစ်ဂိုဏ်းနှင့်ကြုံကြိုက်ခဲ့သည်။

နေလောင်ချိုင့်ဝှမ်း!

မှန်ပေသည်။ ရှောင်ဟိုင် နေလောင်ချိုင့်ဝှမ်းကိုရင်ဆိုင်ရသည့်အခိုက်အတန့်တွင် သူချက်ချင်းပင် တဘက်လူကိုမှတ်မိသွားပြီး ပထမအကျော့တွင် သူစင်မြင့်ပေါ်ကို သွားချင်ကြောင်း ပြောခဲ့သည်။

အင်မော်တယ်မျောက်ဝံကျေးရွာ၏ စွမ်းအားကြောင့် လူတိုင်းဝေခွဲမရဖြစ်နေကြသည်။

ဒီအင်အားစုကဘယ်ကနေလာကြတာလဲ!

ဘာလို့အရင်ကတခါမှမကြားဖူးရတာလဲ!

အစက ဒါက နယ်မြေသေးသေးလေးတခုကနေ လာသည့် အမည်မသိ တတိယတန်းစားအင်အားစုတခုဟုသာ သူတို့ထင်ခဲ့ကြသည်။

သို့စေကာမူ အင်မော်တယ်မျောက်ဝံကျေးရွာကလူများတိုက်ခိုက်သောအခါ သူတို့မှားယွင်းခဲ့တာကို သိသွားကြ၏။

အခြေခံအားဖြင့် သူတို့ထဲကဘယ်သူမဆို လူနှစ်ယောက် သုံးယောက်နှင့်တိုက်ခိုက်နိုင်သည်။

တခါတရံ သူတို့က လုံး၀သုတ်သင်ပစ်တတ်သည်။

ဒီနေရာက အမြင့်ဆုံးဂိုဏ်းက ဒုတိယတန်းစားထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဆိုပေမယ့် သူတို့ကတော့ ဆိုးဆိုးရွားရွားမရှုံးလောက်ပါဘူး၊ ဟုတ်တယ်မလား!

ရှောင်ဟိုင်က အင်မော်တယ်မျောက်ဝံကျေးရွာ၌ လုံး၀မတိုက်ခိုက်ရသေးသည့် တစ်ဦးတည်းသောသူပေတည်း။ သူနေလောင်ချိုင့်ဝှမ်းနှင့် တိုက်ခိုက်ရသောအခါ ပဏာမခြေလှမ်းလှမ်းကာ တိုက်ခိုက်သည်။ ဒါ့အပြင် သူကအလွန်ပြင်းထန်ကာမြန်ဆန်သည့်ပုံစံဖြင့် တပည့်လေးဦးကိုပင် သတ်ပစ်ခဲ့သည်။

ဒါကအတော်လေး၀မ်းနည်းဖွယ်ရာပင်။

တာအိုဆွေးနွေးစင်မြင့်က သွေးများဖြင့် ဖုံးလွှမ်းနေသည်။

နေလောင်ချိုင့်ဝှမ်းသခင်က အေးစက်သည့်အမူအရာဖြင့်ပြောသည်။

"မင်းဘယ်သူလဲ"

ရှောင်ဟိုင်ပြုံးရင်း နေလောင်ချိုင့်ဝှမ်းသခင်ကိုကြည့်လိုက်၏။

"အကြွေးစုဆောင်းသူပေါ့"

"အရင်က ခင်ဗျား နယ်နိမိတ်မဲ့ကမ္ဘာကို ကျူးကျော်၀င်ရောက်လာတုန်းက လုပ်ခဲ့သလိုမျိုး ခင်ဗျားတပည့်တွေကိုလည်း ပြန်သတ်လိုက်တာပါ"

ဂျူနီယာညီလေးမုက နယ်နိမိတ်မဲ့အင်ပါယာ၏မင်းသားဖြစ်သည်။

တဘက်လူကကျူးကျော်လာပြီး ယခုလိုအပြုအမူမျိုးဖြင့်ပင် နယ်နိမိတ်မဲ့အင်ပါယာကလူများစွာကိုသတ်ပစ်ခဲ့သည်။

ထို့ကြောင့် ရှောင်ဟိုင်ဒါကိုအလွတ်မပေးနိုင်ပါ။

နေလောင်ချိုင့်ဝှမ်းသခင် ထိုစကားကိုကြားသောအခါ သူ့အမူအရာက အလွန်အမင်း မည်းမှောင်သွားသည်။

"ဒီတော့မင်းကအဆင့်နိမ့်နယ်မြေကပေါ့..."

အဆင့်နိမ့်နယ်မြေ!

လူတိုင်း ရှောင်ဟိုင်ကိုကြည့်လိုက်ကြသည်။

အဆင့်နိမ့်နယ်မြေက လူတွေက ပရိသတ်အားလုံးကို လွှမ်းမိုးနိုင်တဲ့အထိ အစွမ်းထက်တာလား!

"လူငယ်တွေကအရမ်းမမောက်မာသင့်ဘူး၊ မဟုတ်ဘူးဆိုရင် ကြီးထွားလာတဲ့အထိ မစောင့်နိုင်မှာကိုစိုးရိမ်မိတယ်...."

ထို့နောက် နေလောင်ချိုင့်ဝှမ်းသခင်ထွက်သွားလေတော့သည်။

နောက်ထပ်ရက်အနည်းငယ်အတွင်း ကောင်းကင်ကံကြမ္မာဂိုဏ်းက နေလောင်ချိုင့်ဝှမ်းနှင့် အဆုံးမဲ့ဂိုဏ်းတို့ကို အရေးကြီးသောကိစ္စရပ်များကို ဆွေးနွေးရန်အတွက် ဖိတ်ကြားလိုက်၏။

အပိုင်း(627) coming။

All Chapters