← Chapters

#ပစ်မှတ်၊ ရှောင်ဟိုင်#

Vol. 44 Ch. 627

#ပစ်မှတ်၊ ရှောင်ဟိုင်#

Vol. 44 Ch. 627

မဟာပြိုင်ပွဲ၏ ဒုတိယအကျော့တွင် တာအိုဆွေးနွေးစင်မြင့်ဆယ်ခုက တခုပြီးတခု အပြီးသတ်သွားသည်။

နောက်ဆုံးဖြစ်သည့် တတိယအကျော့ကို ဆယ့်ငါးရက်အကြာတွင် ကျင်းပမည်ဖြစ်သည်။ ဒီဆယ့်ငါးရက်က ဂိုဏ်းနှင့်အင်အားစုများကို အနေအထားကိုက်ညီအောင်လုပ်ရန်အတွက် အချိန်ပေးသည်သာမက ဒီဧရိယာကိုဆယ့်ငါးရက်အတွင်း ရှင်းရန်လည်းဖြစ်သည်။ ဖယ်ထုတ်ခံရသည့်ဂိုဏ်းများကလည်း အသင်္ချေပိုင်နက်သဲကန္တာရကနေ ထွက်သွားရသည့်အပေါ် သေချာစေရန်လည်းဖြစ်သည်။

ဒါကမသမာသည့်နည်းလမ်းများကို အသုံးပြုသည့် ဂိုဏ်းနှင့်အင်အားစုများက ထိပ်သီးဆယ်ခုထဲ၀င်သည့် ဂိုဏ်းများအား တိတ်တဆိတ်နှုတ်ပိတ်ပြီး နောက်ဆုံးသို့ သူတို့အား၀င်ခွင့်ပေးရန်အတွက် ခြိမ်းခြောက်လာခြင်းကနေ တားဆီးကာကွယ်ရန်လည်းဖြစ်သည်။

ဒါကအရင်ကဖြစ်ပျက်ခဲ့သည်။

ဒါ့အပြင် ဒီနှစ်မဟာပြိုင်ပွဲ၏ ဆုလာဘ်က သေမင်းဝိဉာဉ်မြို့သို့၀င်နိုင်မည့် အရည်အချင်းပြည့်မီခြင်းပင်။

အကယ်၍သူတို့သာ ဒီဧရိယာကိုမရှင်းပါက တချို့အင်အားစုများက မသမာသည့်နည်းလမ်းတချို့ကို အမှန်တကယ်သုံးလာကြပေလိမ့်မည်။

ဒီဖြစ်နိုင်ချေက ပုံမှန်ထက်ပိုမြင့်သည်။

ယခုတွင်မူ လူသုံးယောက်က အသင်္ချေပိုင်နက်သဲကန္တာရရှိ ကံကြမ္မာဂိုဏ်းဌာနတွင် စုဝေးနေကြ၏။

သူတို့သုံးယောက်က ကံကြမ္မာဂိုဏ်းချုပ်၊ အဆုံးမဲ့ဂိုဏ်းချုပ်နှင့် နေလောင်ချိုင့်ဝှမ်းသခင်တို့ဖြစ်သည်။

အဆုံးမဲ့ဂိုဏ်းနှင့် နေလောင်ချိုင့်ဝှမ်းတို့အကြား တာအိုဆွေးနွေးစင်မြင့်၌ ဖြစ်ပျက်ခဲ့သည့်အရာများကို ကံကြမ္မာဂိုဏ်းချုပ်ကလည်းကြားခဲ့သည်။

သူတို့ကအဆင့်နိမ့်နယ်မြေက ထိုလူများနှင့်တွေ့ဆုံနေရပြီဟု ခန့်မှန်း၍ရပေသည်။

အဆုံးမဲ့ဂိုဏ်းချုပ်နှင့် နေလောင်ချိုင့်ဝှမ်းသခင်တို့၏အမူအရာများက မည်းမှောင်နေကြ၏။

"အဆင့်နိမ့်နယ်မြေက ငါတို့အထင်သေးခဲ့ကြတဲ့ အဲဒီဂျူနီယာလေးတွေက တကယ်ဒီအတိုင်းအတာအထိတောင် ကြီးထွားလာတာကို မင်းတို့လည်းမြင်ကြမှာပါ"

အဆုံးမဲ့ဂိုဏ်းချုပ်က လေးနက်သည့်အသံဖြင့်ပြောသည်။

"အဲဒီအချိန်က ငါမသေချာခဲ့ဘူးဆိုပေမယ့် အခုမင်းပြောလာတော့မှ ငါသေချာနိုင်ပြီ"

"မုဖူရှန်း၊ ဟုတ်တယ်မလား " ကံကြမ္မာဂိုဏ်းချုပ်ရေရွတ်လိုက်သည်။

"အဲဒီကောင်လေးက ငါတို့ကျူးကျော်ဖို့အတွက် လူလွှတ်ခဲ့တဲ့အဆင့်နိမ့်နယ်မြေက နယ်နိမိတ်မဲ့အင်ပါယာရဲ့မင်းသားပဲ"

အဆုံးမဲ့ဂိုဏ်းချုပ်နားလည်သဘောပေါက်လာရသည်။

ဒီလိုဆိုပါက တဘက်လူက သူ့တပည့်လေးယောက်ကို ရက်ရက်စက်စက်သတ်ပစ်ရသည့်အကြောင်းရင်းက ရှင်းလင်းနေလေပြီ။

နေလောင်ချိုင့်ဝှမ်းသခင်က ပေါက်ကွဲသွားပြီး လက်ဖဝါးကိုဒေါသတကြီးမြှောက်ကာ ရှေ့က ကျောက်စားပွဲအား ပြင်းထန်စွာ ရိုက်ချလိုက်သည်။

သူ့ရှေ့ကကျောက်စားပွဲက ဖုန်မှုန့်အဖြစ် ပြောင်းသွားသည်သာမက စံအိမ်တခုလုံးကလည်း မီးမုန်တိုင်းတစင်းလွှမ်းခြုံပစ်သည့်အလား ပြာဖြစ်သွားရသည်။

မနီးမဝေးကလူများက ရုတ်တရက်ခေါင်းလှည့်ပြီး ကောင်းကင်ပေါ်ထိုးတက်လာသည့် မီးမုန်တိုင်းအားကြည့်ရင်း သူတို့ အနည်းငယ်ကြက်သေသေသွားကြ၏။

ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူတစ်ယောက် ဒေါသထွက်နေတာလား!

ကံကြမ္မာဂိုဏ်းချုပ်နှင့် အဆုံးမဲ့ဂိုဏ်းချုပ်တို့က ဒါကိုမြင်သော်လည်း သူတို့၏ အမူအရာများက တည်ငြိမ်နေသည်။

"အခုဒေါသထွက်နေတာကအသုံးမ၀င်ဘူး၊ အခုတန်ပြန်အစီအစဉ်တခုကို တွေးတောရမယ့်အချိန်ပဲ"

အဆုံးမဲ့ဂိုဏ်းချုပ်ခေါင်းညိတ်သည်။

"ငြိမ်းချမ်းရေးအတွက် တောင်းဆိုဖို့ဆိုတာက သေချာပေါက်အသုံးမ၀င်ဘူး၊ အဲဒီအချိန်က ငါတို့လက်အောက်ငယ်သားတွေက လူတွေအများကြီးကိုသတ်ပစ်ခဲ့တယ်၊ ဒါက သေခြင်းတရားရဲ့အထုံးတခုဖြစ်နေပြီ"

နေလောင်ချိုင့်ဝှမ်းသခင်က ဒေါသတကြီးအော်ဟစ်သည်။

"ဒီလိုဆိုမှတော့သူတို့ကိုသွားသတ်ကြရအောင်၊ ငါတို့က ကောင်းကင်အင်မော်တယ်သုံးယောက်ပဲ၊ ဘာလို့ဒီကလေးတွေကို ကြောက်နေရမှာလဲ"

အဆုံးမဲ့ဂိုဏ်းချုပ်က နေလောင်ချိုင့်ဝှမ်းသခင်အား တချက်စိုက်ကြည့်ရင်း ထူးမခြားနားစွာပြောသည်။

"သူတို့ကိုသတ်ဖို့လား၊ အဲဒါကပြောဖို့လွယ်ပေမယ့် မုဖူရှန်းဘယ်ဂိုဏ်းကို ၀င်ထားသလဲဆိုတာကိုရောမင်းသိလား"

"မြင့်မြတ်အဆောင်ဂိုဏ်းပဲ၊ ဒါပေမယ့်သူက မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ပါရမီရှင်တစ်ယောက်လည်းဖြစ်သေးတယ်၊ မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ တခြားတပည့်သုံးယောက်က သူ့ကိုရိုသေကျိုးနွံကြပုံပဲ၊ မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ အကြီးအကဲကလည်း သူ့ကိုအတော်လေးအကာအကွယ်ပေးထားတယ်"

နေလောင်ချိုင့်ဝှမ်းသခင်ကြက်သေသေသွားသည်။

မြင့်မြတ်အဆောင်ဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေရှိ ထိပ်တန်းဂိုဏ်းများအနက် တစ်ဂိုဏ်းဖြစ်သည်။

ယခုတကြိမ်မဟာပြိုင်ပွဲ၏ဆုလာဘ်က သေမင်းဝိဉာဉ်မြို့သို့၀င်ခွင့်ဖြစ်လေရာ လာကြသောသူအများစုက ဂိုဏ်းအသီးသီးမှ ပါရမီရှင်များဖြစ်သလို ဂိုဏ်းထဲမှ ထိပ်တန်းပုံရိပ်များလည်းဖြစ်ကြသည်။

ကံကြမ္မာဂိုဏ်းချုပ်ကလည်းပြောသည်။

"ယဲ့ချိုးပိုင်လို့ခေါ်တဲ့တယောက်ကလည်း ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို ၀င်ခဲ့တယ်"

ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း!

နှစ်ယောက်စလုံးအေးခဲသွားကြ၏။

"ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကလည်း အဆင့်နိမ့်နယ်မြေမှာ လူတွေစေလွှတ်ခဲ့တာမလား"

ကံကြမ္မာဂိုဏ်းချုပ်ကခေါင်းခါယမ်းသည်။

"ဒါပေမယ့်သတ်ဖြတ်ဖို့အတွက် သူတို့က ဘာမှမလုပ်ခဲ့ဘူး၊ ပြီးတော့အဲဒီအချိန်က သူတို့က ကူညီတောင်ပေးခဲ့ပုံပဲ၊ ဒါ့အပြင် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက ဒီနှစ်တွေမှာ သိုသိုသိပ်သိပ်နေခဲ့တာ၊ ငါ့တွက်ချက်မှုအရတော့ ငါတို့တင်မဟုတ်ဘူး၊ တခြားဂိုဏ်းတွေကလည်း ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို အတော်လေး လျှော့တွက်ထားမိကြတာပဲ" ထိုနေရာတွင် ကံကြမ္မာဂိုဏ်းချုပ်က လေးနက်သည့်အမူအရာဖြင့်ပြောသည်။

"အဲဒီအချိန်က ဟောင်ကျန်းဟန်ငါ့ကို မျက်နှာချင်းဆိုင်တုန်းက တကယ်လို့ငါသာတိုက်ခိုက်ရင် ငါ့ရဲ့ကောင်းကင်ကံကြမ္မာဂိုဏ်းကို ဖျက်ဆီးပစ်မယ်လို့ သူယုံကြည်ချက်အပြည့်နဲ့ပြောခဲ့တယ်"

သူတို့နယ်ပယ်နှင့်ပုံရိပ်အရ သူတို့၏ အမူအရာများ၊ အသံ၊ အကြည့်နှင့် စကားလုံးများကဘာကိုမှမဖုံးကွယ်ထားပေ။

သူတို့လိုအပ်တာကိုသာပြောမည်ဖြစ်သည်။

သူလုပ်နိုင်ပါကခေါင်းညိတ်မည်။ မလုပ်နိုင်ပါက ခေါင်းခါယမ်းမည်သာ။

မနိုင်ပါကမနိုင်ခြင်းဖြစ်ပြီး အနိုင်ယူနိုင်ပါက အနိုင်ယူနိုင်ခြင်းပင်။

သုံးယောက်လုံးခေါင်းညိတ်ကြသည်။

ဒီကနေကြည့်မည်ဆိုပါက နေလောင်ချိုင့်ဝှမ်း၏ တာအိုဆွေးနွေးစင်မြင့်က အင်မော်တယ်မျောက်ဝံကျေးရွာတခုတည်းကသာ အမည်မသိဂိုဏ်းတခုအဖြစ် တည်ရှိနေခြင်းပါ။

မြင့်မြတ်အဆောင်ဂိုဏ်းနှင့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတို့က သူတို့ထက်ပိုအားကောင်းသဖြင့် စွန့်စားမှုနှင့် အခက်အခဲက အနည်းငယ်ပိုမြင့်သည်။

"မင်းတို့ဘယ်လိုထင်လဲ"

နေလောင်ချိုင့်ဝှမ်းသခင်ကလည်း တည်ငြိမ်သွားပြီးနောက် ကြည့်ရဆိုးသည့်အမူအရာဖြင့်ပြောသည်။

"သူတို့ပြန်လာမှာကို ငါတို့စောင့်နေရမှာလား၊ ဒီလိုကိစ္စမျိုးမှာ ငါတို့အတွက်ထပ်ပြီး တိုက်ခိုက်ဖို့ဆိုတာက မဖြစ်နိုင်ဘူး၊ သူတို့ပါရမီအရဆိုရင် သူတို့ကအနာဂတ်ပြဿာနာတွေဖြစ်လာလိမ့်မယ်"

"ဒါ့အပြင် သူတို့မှာအင်အားတွေရှိလာပြီဆိုတော့ ငါ့တို့ဆီကို မုန်တိုင်းတစင်းလို လက်စားလာချေကြလိမ့်မယ်"

ကံကြမ္မာဂိုဏ်းချုပ်ကလေးနက်စွာပြောသည်။

"ဒါကြောင့်လည်း ဒီအချိန်အတောအတွင်းမှာ ငါတို့သူတို့ကိုသတ်ပစ်ရမယ်၊ ဒါ့အပြင် သူတို့နောက်ကွယ်က ဂိုဏ်းနဲ့အင်အားစုတွေကို ငါတို့လုပ်ခဲ့တယ်ဆိုတာ ရှာတွေ့ခိုင်းလို့မရဘူး"

"ငါတို့ဘာလုပ်သင့်လဲ"

အဆုံးမဲ့ဂိုဏ်းချုပ်နှင့် နေလောင်ချိုင့်ဝှမ်းသခင်တို့က ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်အားကြည့်လိုက်ကြ၏။

"ငါတို့မြင့်မြတ်အဆောင်ဂိုဏ်းကို လောလောဆယ်ဆန့်ကျင်လို့မရသေးဘူး၊ တဘက်လူမှာ သေချာပေါက် ကောင်းကင်အင်မော်တယ်အဆင့်အဆောင်တွေရှိလိမ့်မယ်၊ ငါတို့သာ အလျင်စလိုတိုက်မိရင် သူတို့ကိုချက်ချင်းသတ်နိုင်မှာမဟုတ်ဘူး"

"ဟောင်ကျန်းဟန်ကလည်း ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို စိုးရိမ်နေလိမ့်မှာဆိုတော့ သေချာပေါက်စောင့်ကြပ်ပေးနေလိမ့်မယ်၊ စွန့်စားမှုကအရမ်းကြီးတယ်"

"ဒီလိုဆိုရင်....."

နေလောင်ချိုင့်ဝှမ်းသခင်က ခေါင်းညိတ်လိုက်လေသည်။

"အဲဒီကိုယ်ခန္ဓာကျင့်ကြံသူကို အရင်ကိုင်တွယ်လိုက်ကြရအောင်"

"မှန်တယ်" ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်ကဆက်ပြောသည်။

"သူ့ကိုဖမ်းပြီး ကျန်နှစ်ယောက်ကို သတင်းပေးရမယ်၊ သူတို့နှစ်ယောက်တည်းလာမှ ငါတို့သူ့ဘေးကင်းမှုကို အာမခံနိုင်မယ်လို့ပြောရမယ်"

အဆုံးမဲ့ဂိုဏ်းချုပ်မျက်မှောင်ကြုတ်သည်။

"ဒါကနည်းနည်းအန္တရာယ်များတယ်၊ သူတို့က ဂိုဏ်းကိုဒီအကြောင်းကိုပြောလိုက်ရင် ဘယ်လိုလုပ်မလဲ၊ အဲကျရင် ငါတို့ဘာလုပ်သင့်လဲ"

ကံကြမ္မာဂိုဏ်းချုပ် အသာအယာသက်ပြင်းချသည်။

"အခုငါတို့စွန့်စားပြီး သူတို့ရဲ့ခင်မင်မှုအပေါ် လောင်ကြေးထပ်ရုံပဲတတ်နိုင်တယ်"

"ဒါ့အပြင်အခုတခြားပိုကောင်းတဲ့နည်းလမ်းမရှိတော့ဘူး၊ ငါတို့ဒီနေရာမှာ မဖြေရှင်းနိုင်ဘူးဆိုရင် အနာဂတ်မှာ တိုက်ခိုက်ဖို့အတွက် ဘာအခွင့်အရေးမှရှိလာမှာမဟုတ်တော့ဘူး"

"အဲဒီအချိန်ကျရင် ဂိုဏ်းက ဖျက်ဆီးခံရတာလည်းဖြစ်လာနိုင်သလို ဖယ်ရှားခံရတာလည်းဖြစ်နိုင်တယ်၊ ဒါပေမယ့် ဘယ်သူမှ ဒီလိုခြေလှမ်းအထိ ဖြစ်ခံချင်ကြမယ်လို့ ငါမထင်ဘူး"

မှန်ပေသည်။ ကောင်းကင်ကံကြမ္မာဂိုဏ်း သို့မဟုတ် အဆုံးမဲ့ဂိုဏ်းဖြစ်စေ၊ နေလောင်ချိုင့်ဝှမ်းဖြစ်စေ အချိန်အကြာကြီး တည်ရှိလာခဲ့ကြသည့်အင်အားစုများဖြစ်သည်။

သူတို့ဂိုဏ်းကို ယခုလိုဖျက်သိမ်းရတာကို မည်သို့မည့်ပုံ သည်းခံနိုင်မည်နည်း။

ဂိုဏ်းမှသူတို့ဘိုးဘေးများကို ဘယ်လိုရင်ဆိုင်ရမည်နည်း။

သူတို့အသက်ကိုစွန့်စားရမည်ဆိုလျှင်ပင် ဒီလိုအရှက်တကွဲဖြစ်ရမည့်အရာမျိုးကို မလုပ်ပေ။

"ငါတို့သဘောတူကြပြီဆိုမှတော့ ချက်ချင်းတိုက်ခိုက်ကြရအောင်၊ တဘက်လူရဲ့စွမ်းအားက ဘယ်လောက်ထိ နက်ရှိုင်းသလဲဆိုတာ ငါတို့မသိဘူး၊ ငါတို့သုံးယောက် တချိန်တည်းမှာ တိုက်ခိုက်ပြီး အလျင်အမြန်ဖမ်းရမယ်"

"မစိုးရိမ်ပါနဲ့၊ သူကအများဆုံးအင်မော်တယ်တပိုင်းနယ်ပယ်ကိုရောက်နေတဲ့ ကိုယ်ခန္ဓာကျင့်ကြံသူလေးတယောက်ပါပဲ၊ သူဆူပူအုံကြွမှုကိုဆက်ဖြစ်ချင်သေးတယ်ဆိုရင် အခုဆိုကျင့်ကြံနေလောက်မလား"

အပိုင်း(628) coming။

All Chapters