#ကောင်းကင်အင်မော်တယ်များ၏တိုက်ပွဲ#
Vol. 44 Ch. 628
နောက်ဆုံးအကျော့မစတင်သေးခင် ဆယ်ရက်ကျန်နေသေးသည်။
မြင့်မြတ်အဆောင်ဂိုဏ်းတွင် မုဖူရှန်းဒီရက်များအတွင်း အဆောင်များကိုထွင်းထုနေသည်။ သူက စိတ်ဝိဉာဉ်ပျိုးထောင်နည်းကို ကျင့်ကြံရာတွင် အပြည့်အ၀အာရုံမစိုက်ထားပေ။
မည်သို့ပင်ဆိုစေကာမူ အဆုံးမဲ့ဂိုဏ်းက ထိုလူများလက်ထဲက သူလွတ်မြောက်ရန် လိုအပ်သည်။
သတင်းအရင်းအမြစ်အရ အစ်ကိုကြီးနှင့် အစ်ကိုရှောင်ဟိုင်တို့ကလည်း ကောင်းကင်ကံကြမ္မာဂိုဏ်း၊ နေလောင်ချိုင့်ဝှမ်းတို့နှင့် တွေ့ခဲ့ရသည်။
ဒီကိစ္စတွင် တဘက်လူများက သူတို့၏ သက်သေအထောက်အထားကို ခန့်မှန်းမိကြပြီးဖြစ်ပေလိမ့်မည်။
ဒီလိုဆိုမှတော့ သူကသေချာပေါက်ထိုင်ပြီး သေခြင်းတရားကိုစောင့်မနေနိုင်ပေ။
အနာဂတ်တွင် ကိုယ်တိုင်လုပ်ဆောင်ရန်အတွက် ပြန်မသွားနိုင်သေးသရွေ့ သူစောင့်နေမည်မဟုတ်။
မဟုတ်ပါကအောင်မြင်နိုင်ချေက အလွန်အမင်းထိုးကျသွားပေလိမ့်မည်။
ထို့ကြောင့် တဘက်လူကသာလှုပ်ရှားလိုပါက မဟာပြိုင်ပွဲနောက်ဆုံးနေ့မတိုင်ခင် သူတို့ဆောင်ရွက်ကြပေလိမ့်မည်။
ဒါကသူတို့၏နောက်ဆုံးအခွင့်အရေးဖြစ်သည်။
ထို့ကြောင့် မုဖူရှန်း သူ့ပတ်လည်ကို အာရုံစိုက်နေခြင်းပင်။
စံအိမ်ပတ်ပတ်လည်တွင်ပင် မရေမတွက်နိုင်လောက်သည့်အဆောင်များဖြင့် ပြည့်နှက်နေသည်။
သတ်ဖြတ်ခြင်းအဆောင်ကနေ ကာကွယ်ရေးအဆောင်အထိ၊ ထို့နောက် အာရုံခံအဆောင်၊ အစရှိသည့် လိုအပ်သော အရာအားလုံးကို သူအပြီးသတ်ခဲ့သည်။
တချိန်တည်းမှာပင် ယဲ့ချိုးပိုင်ကလည်း မုဖူရှန်းနှင့်ရှောင်ဟိုင်တို့အကြောင်းကို သိလိုက်ရသည်။
သူကယဲ့ချိုးပိုင်နှင့်အလားတူကောက်ချက်ချခဲ့သည်။။
ဟောင်ကျန်းဟန် ယဲ့ချိုးပိုင်အားကြည့်လိုက်၏။
"မစိုးရိမ်ပါနဲ့၊ ငါသူ့ကိုသတိထားနေတာကို ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်သိတယ်၊ သူကသေချာပေါက် မဆင်မခြင်တိုက်ခိုက်မှာမဟုတ်ဘူး"
ယဲ့ချိုးပိုင်ခေါင်းညိတ်သော်လည်း သူ့အမူအရာက အတွေး၀င်နေသည့်ပုံပင်။
"သူကကျွန်တော်၊ ဒါမှမဟုတ် မြင့်မြတ်အဆောင်ဂိုဏ်းရဲ့အကာအကွယ်အောက်မှာ ရှိနေတဲ့ ညီလေးမုကို မတိုက်ခိုက်ဘူးဆိုရင်တောင် ဒီအတောအတွင်းမှာ ကျွန်တော်တို့ကို တိုက်ခိုက်လာဖို့က ၉၀ရာခိုင်နှုန်း ဖြစ်နိုင်ချေရှိတယ်"
"ဒီတော့ ကျွန်တော်သာဆိုရင် ရှောင်ဟိုင်ကိုပိုပြီးရွေးချယ်မိမှာ..."
ရှောင်ဟိုင်၏ဂိုဏ်းကသာ အမည်မသိတည်ရှိမှုမျိုးဖြစ်နေသည်။
မြင့်မြတ်အဆောင်ဂိုဏ်းနှင့်ပတ်သက်လာပါက သူတို့ကယုံကြည်ချက်မရှိပေ။
ဟောင်ကျန်းဟန်ကလည်း အသင့်စောင့်ကြပ်နေသည်။
ထိုနေရာတွင်သာ သူတို့လောင်းကြေးထပ်ရန်အတွက် အခွင့်အရေးတခုရှိသည်။
"သူတို့ကရှောင်ဟိုင်ကို အရှင်ဖမ်းပြီး ကျွန်တော်တို့ကိုသွားဖို့အတွက် အကျပ်ကိုင်လိမ့်မယ်၊ ဒါက စီနီယာတို့ကိုအသိမပေးစေဘဲ ကျွန်တော်တို့ကိုသွားခိုင်းစေမှာမျိုးပဲ"
"အဲဒီနောက်မှ မြင့်မြတ်အဆောင်ဂိုဏ်းနဲ့ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတို့ သူတို့ကိုပိတ်ဆို့ပြီး လက်စားချေခြင်းကနေ သေချာအောင်လုပ်နိုင်သလို ကျွန်တော်တို့ကို သတ်ဖို့လည်း အခွင့်အရေးတခုရလာနိုင်တယ်"
ဟောင်ကျန်းဟန်နှာခေါင်းရှုံ့သည်။
"အခုတဘက်လူရဲ့ရည်ရွယ်ချက်တွေကို ငါသိလိုက်ပြီလေ၊ မင်းတခုခုသာဖြစ်ပျက်သွားရင် ဒါကသေချာပေါက်သူတို့လုပ်တာဖြစ်ရမှာပဲလေ၊ ဒါဆိုသူတို့ဒီလိုလုပ်ရတဲ့အကြောင်းရင်းက ဘာများလဲ"
ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်ပြုံးရင်းခေါင်းခါယမ်းသည်။
"တကယ်လို့ဂိုဏ်းတဂိုဏ်းက အဆုံးထိတွန်းအားပေးခံရပြီး နည်းလမ်းမရှိတော့ဘူးဆိုရင် သေခြင်းတရားကိုစောင့်ဆိုင်းနေရမယ့်အစား စွန့်စားတာကပိုကောင်းတာပေါ့"
"ဒါကအခုသူတို့မှာရှိနေမယ့်တခုတည်းသောအစီအစဉ်ပဲ"
"မှန်တယ်"
ဟောင်ကျန်းဟန် ယဲ့ချိုးပိုင်အားကြည့်ရင်းမေးသည်။
"ဒီလိုဆိုရင် မင်းဘာလုပ်ချင်လဲ"
ယဲ့ချိုးပိုင်တခဏမျှတွေးလိုက်သည်။
"စီနီယာ၊ ကျွန်တော့်ညီလေးတို့က ဘယ်တာအိုဆွေးနွေးစင်မြင့်မှာလဲဆိုတာ သိလား"
"ဒါကိုရှာဖို့ကမခက်ခဲပါဘူး"
ယဲ့ချိုးပိုင် ဟောင်ကျန်းဟန်အား လက်နှစ်ဖက်ဆုပ်သည်။
"စီနီယာ၊ ဒီလိုဆိုရင် ကျေးဇူးပြုပြီး ကျွန်တော့်ကိုအဲကိုခေါ်သွားပေးပါဦး"
ဟောင်ကျန်းဟန်ခေါင်းညိတ်သည်။
သတင်းအချက်အလက်ကိုမေးပြီးနောက် သူယဲ့ချိုးပိုင်ကိုခေါ်ပြီး ရှောင်ဟိုင်တို့၏ နေအိမ်သို့ပြေးလွှားသွားကြ၏။
ထိုအချိန်တွင် အင်မော်တယ်မျောက်ဝံကျေးရွာစံအိမ်၌ ရှောင်ဟိုင်က လုံး၀ကိုယ်ဗလာကျင်းနေသည်။ သူသွေးကန်ထဲတွင် နစ်မြှုပ်ရင်း ကိုယ်ခန္ဓာကိုပြုပြင်မွမ်းမံရန်အတွက် သားရဲသွေးကိုသုံးနေသည်။
ဒီကန်က မြေအင်မော်တယ်မှော်သားရဲများစွာ၏ ပြင်းထန်သောသွေးနှင့် ကောင်းကင်အင်မော်တယ်သားရဲများ၏ ကြမ်းကြုတ်သောသွေးများကိုပေါင်းစပ်ထားခြင်းပင်။
သွေးကအလွန်အမင်းကြမ်းကြုတ်လေရာ ရှောင်ဟိုင်၏ခန္ဓာကို အချိန်တိုင်းဖျက်ဆီးနေသည်။
သို့စေကာမူ ကိုယ်ခန္ဓာကျင့်ကြံခြင်းက အဆက်မပြတ်ဖျက်ဆီးခံရရန်ဖြစ်သည်။ သို့မှသာ ပြန်လည်ဖွဲ့စည်းသည့်ဖြစ်စဉ်အတွင်း အထွတ်အထိပ်အဆင့်သို့ တဖြည်းဖြည်းရောက်နိုင်ပေလိမ့်မည်။
သာမန်ကျင့်ကြံသူများနှင့်ယှဉ်ပါက ဒါကပို၍ခက်ခဲပြီးနာကျင်ရသည်။
ကျင့်သားရနေပြီဖြစ်သည့် ရှောင်ဟိုင်၏ မျက်နှာကြွက်သားများပင်လျှင် တကြိမ်ပြီးတကြိမ်ရှုံ့တွနေသည်။
ထိုအချိန်တွင် ရှောင်ဟိုင် ရုတ်တရက် မျက်လုံးဖွင့်လိုက်မိသည်။
သတ်ဖြတ်ခြင်းဆန္ဒ၏ အားကောင်းသောခံစားချက်က ရှောင်ဟိုင်၏ သတ်ဖြတ်ခြင်းဆန္ဒနှင့်အတူ အတော်လေးသတိ၀င်သွားစေသည်။
သို့စေကာမူ သာမန်လူတယောက်သာဆိုပါက သူတို့ဒီလိုလုပ်နိုင်မည်မဟုတ်။
ရှောင်ဟိုင်က နတ်ဆိုးသခင်ဖြစ်ပြီး သူ့ဝိဉာဉ်ကိုဆုံးရှုံးကာ မှတ်ဉာဏ်နှင့်ကျင့်ကြံခြင်းကိုလည်း ဆုံးရှုံးသွားခဲ့ရသော်လည်း သူ့ပင်ကိုယ်စရိုက် အကောင်းအတိုင်း ရှိနေဆဲပင်။
ထိုအော်ရာများက သူထံလာနေခြင်းဖြစ်လေရာ ရှောင်ဟိုင်မျက်လုံးဖွင့်ပြီး ဒေါသတကြီးအော်ဟစ်ကာ သွေးကန်ကို ရိုက်ချလိုက်သည်။
ကြမ်းကြုတ်သည့်သားရဲသွေးများက နေရာအနှံ့ပက်ဖြန်းသွားသည်။
ကောင်းကင်အင်မော်တယ်နှင့် မြေအင်မော်တယ်သွေးများက အခန်းအတွင်း နေရာအနှံ့ပြန့်သွားပြီး ဒါကအော်ရာသုံးခု၏ အမြန်နှုန်းကို အောင်မြင်စွာပင် နှေးကွေးသွားစေခဲ့သည်။
သို့စေကာမူ ထိုအော်ရာက ပြန့်ကြဲနေသည့်သားရဲသွေးများကိုဖြတ်သန်းရင်း ရှောင်ဟိုင်အားဖမ်းကိုင်လာဆဲပင်။
အသက်ရှူကြိမ်တကြိမ်အတွင်းမှာပင် ရှောင်ဟိုင်လုံး၀တုံ့ဆိုင်းမနေဘဲ နတ်ဆိုးဘုရင်ဆင်းသက်ခြင်းကို တိုက်ရိုက်အသက်သွင်းလိုက်၏။
နတ်ဆိုးချီက ချက်ချင်းဆိုသလို ခန်းမတခုလုံး၌ပြည့်သွားသည်။
စွမ်းအားအပြည့်နတ်ဆိုးဘုရင်သွေးကြော!
ဒါက အော်ရာသုံးခုကို နောက်ထပ်အသက်ရှုကြိမ်နှစ်ကြိမ်ခန့်နှေးသွားစေခဲ့သည်။
ဒါကိုမြင်သောအခါ ကောင်းကင်အင်မော်တယ်နယ်ပယ်ဂိုဏ်းချုပ်သုံးဦးက တုန်လှုပ်ချောက်ချားသွားခဲ့ကြသည်။
ကိုယ်ခန္ဓာကျင့်ကြံသူလေးတယောက်က သူတို့တိုက်ချက်ကို အသက်ရှူကြိမ်သုံးကြိမ်ကြာ အမှန်တကယ်နှောင့်နှေးစေနိုင်ခဲ့သည်လား။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်၏မျက်နှာက မည်းမှောင်သွားပြီး ချက်ချင်းပြောသည်။
"နောက်ဆုတ်ကြ"
အသက်ရှူကြိမ်သုံးကြိမ်က ယခုလိုအုတ်သောင်းအုတ်နင်းမျိုးကိုဖြစ်သွားစေခဲ့သည်။
ဒါကတခြားတဘက်ကို သေချာပေါက် နိုးကြားသွားစေလိမ့်မည်။
သေချာပေါက်ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများလည်းရှိကြပေလိမ့်မည်။
သူတို့သာအချိန်ဆွဲနေပါက အကျိုးဆက်များက စိတ်ကူး၍ပင်မရလောက်အောင် ဆိုးရွားသွားပေလိမ့်မည်။
သို့စေကာမူ နောက်ဆုတ်ကြ ဟူသောစကားလုံး ထွက်လာသောအခါ အဖိုးအိုတယောက်က သူတို့နောက်တွင် တုတ်တောင်ဝှေးတချောင်းနှင့်အတူ ပေါ်လာသည်။
အဖိုးအို၏အမူအရာကတည်ငြိမ်နေသော်လည်း သူ့မျက်လုံးများက ဒေါသဖြင့် ပြည့်နှက်နေသည်။
"မင်းတို့ကဘယ်သူတွေလဲ"
ဘယ်လိုလုပ်နတ်ဆိုးအရှင်ကိုတိုက်ခိုက်ရဲတာလဲဆိုသောစကားကိုသူမပြောခဲ့ပေ။
ဒီကမ္ဘာကလူများက နတ်ဆိုးသခင်၏ အဓိပ္ပာယ်ကိုမသိသော်လည်း သူဂရုစိုက်ရန်လိုအပ်သေးသည်။
နတ်ဆိုးနယ်မြေကလူတယောက်က ဒီကမ္ဘာထဲတွင်ရှာဖွေနေပြီး သဲလွန်စတချို့ရှာတွေ့သွားပါက ဘယ်လိုလုပ်ရမည်နည်း။
ဂိုဏ်းချုပ်သုံးဦးက တစ်ဦးကိုတစ်ဦးကြည့်ရင်း တုံ့ဆိုင်းမနေဘဲ အဖိုးအိုထံ ပြေး၀င်သွားကြလေတော့သည်။
ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်က ကောင်းကင်ပေါ် လက်ညိုးထိုးလိုက်သည်။
တိမ်များက ကောင်းကင်ထက်တွင် ရုတ်ချည်းလွင့်ပြယ်သွားပြီး ရွှေရောင်နတ်အလင်းတခုက ဧရာမအလင်းတိုင်တခုအဖြစ်ပြောင်းလဲကာ အင်မော်တယ်မျောက်ဝံကျေးရွာခေါင်းဆောင်ထံသို့ ဆင်းသက်သွားသည်။
တချိန်တည်းမှာပင် အဆုံးမဲ့ဂိုဏ်းချုပ်က လက်ဖဝါးဖြင့်ရိုက်ချသည်။
ဒီတိုက်ချက်အောက်တွင် ပတ်ပတ်လည်လေဟာနယ်က အဆက်မပြတ်ပြိုကျနေပြီး လေထုက ဆက်လက်ဖိနှိပ်ခံနေရသည်။
ကောင်းကင်နှင့်မြေကြီးစွမ်းအားက ထိုလက်ဖဝါးချက်တွင် အဆုံးမဲ့စွာစတင်စုစည်းလာသည်။
နေလောင်ချိုင့်ဝှမ်းသခင်ကလည်း ကျေးရွာခေါင်းဆောင်ရှိရာသို့အော်ဟစ်လိုက်၏။
အော်သံနှင့်အတူ မီးတောက်များက လေထဲတွင်ထွက်လာပြီး လည်ပတ်နေသည့် မီးမုန်တိုင်းတခုအဖြစ်ပြောင်းလဲသွားသည်။
ကမ္ဘာတခုလုံးကအနီရောင်သမ်းသွားသည်။
ကောင်းကင်လောင်ကျွမ်းမြေကမ္ဘာဖျက်ဆီးခြင်း!
အင်မော်တယ်မျောက်ဝံကျေးရွာခေါင်းဆောင်ကဒါကိုမြင်သောအခါ လက်ကိုင်တုတ်နှင့်အတူ အေးစက်စွာ နှာခေါင်းရှုံ့သည်။
ထို့နောက် အိုမင်းနေသည့်လက်ကိုမြှောက်ပြီး လက်ချောင်းများကို လက်သီးချက်အဖြစ် ဆုပ်ကာ တံတောင်ကိုချိုးကွေ့ရင်း လက်သီးတချက်ထိုးလိုက်သည်။
ဂျုန်း.......!
ဒါက ကမ္ဘာဖျက်ဆီးအားတခုနှင့်တူသည်။
အသံလှိုင်းများစွာနှင့်အတူ လေဟာနယ်က အပိုင်းပိုင်းပြိုကျသွားရသည်။
ထို့နောက် သူက ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူသုံးဦး၏တိုက်ချက်များကို တိုက်ရိုက်ရင်ဆိုင်သည်။
အသင်္ချေပိုင်နက်သဲကန္တာရတခုလုံးက အဆုံးမဲ့ဖျက်ဆီးခြင်းအော်ရာတခုနှင့်အတူ ပေါက်ကွဲလာခဲ့သည်။
လူတိုင်းခေါင်းမော့ကာ အသံလာရာဘက်သို့ကြည့်ရင်း ထိတ်လန့်သွားကြ၏။
ကောင်းကင်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတွေ တိုက်ခိုက်နေကြတာလား!
အတော်လေးသိချင်ကြသဖြင့် ထိုနေရာသို့ဦးတည်သွားကြသည့် ဂိုဏ်းတချို့မှ လူတချို့လည်းရှိသည်။
သူတို့က ကောင်းကင်အင်မော်တယ်နယ်ပယ်ကျွမ်းကျင်သူများဖြစ်ကြသည်။
ကောင်းကင်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများအကြားက ပရမ်းပတာတိုက်ပွဲကို ကောင်းကင်အင်မော်တယ်နယ်ပယ်အောက်က မည်သူကများ ကြည့်ရှုရန်အတွက် အရည်အချင်းပြည့်မီမည်နည်း။
အပိုင်း(629) coming။