#ငါတို့တပည့်သုံးယောက်က နေရာသုံးခုကို မျှဝေနိုင်တာပဲလေ#
Vol. 44 Ch. 630
အင်မော်တယ်တစ်ပါး၏အမျက်ဒေါသက ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေနိုင်သည်။
ကောင်းကင်အင်မော်တယ်နယ်ပယ်ကျွမ်းကျင်သူလေးဦးက စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ကြမည်ဆိုပါက ဘာများဖြစ်လာမည်နည်း။
ဤသို့ဆိုပါက ကမ္ဘာကြီးက ပျက်စီးသွားရပေလိမ့်မည်။
အသင်္ချေပိုင်နက်သဲကန္တာရတခုလုံးက တုန်ခါနေပြီး ကောင်းကင်က ပြိုကျလုနီးပါး အခြေအနေတွင်ရှိနေကာ မြေကြီးက အပိုင်းပိုင်းအစစကွဲထွက်သွားကြ၏။
ယခုလိုကပ်ဘေးဆိုက်ရောက်သည့်နေရာကနေ ကောင်းကင်အင်မော်တယ်ကျင့်ကြံသူများသာလျှင် ဘေးကင်းနိုင်ပေသည်။
အင်မော်တယ်မျောက်ဝံကျေးရွာနေအိမ်သို့ ပြေးလွှားနေကြသည့် ယဲ့ချိုးပိုင်နှင့် ဟောင်ကျန်းဟန်တို့က ဒီအဖျက်အော်ရာကို ခံစားမိပါသည်။
ဟောင်ကျန်းဟန်လေးနက်စွာပြောသည်။
"ငါတို့ဒီထက်မြန်မြန်သွားရတော့မယ်"
ထို့နောက်သူ ယဲ့ချိုးပိုင်ဖြေကြားတာကိုပင် စောင့်မနေတော့ဘဲ ယဲ့ချိုးပိုင်၏ ကော်လံကိုကိုင်ပြီး ထိုနေရာကနေ ရုတ်ချည်း ပျောက်ကွယ်သွား၏။ သူပြန်ပေါ်လာသောအခါ မိုင်တစ်ထောင်အဝေးကိုပင် ရောက်နေလေပြီ။
ထိုနေရာက အဖျက်အော်ရာစတင်ခဲ့သည့်နေရာဖြစ်သည်။
လူတိုင်းသူတို့ရှေ့ကမြင်ကွင်းကို အထိတ်တလန့်ကြည့်နေကြ၏။
အင်မော်တယ်မျောက်ဝံကျေးရွာခေါင်းဆောင်က လက်ထဲက လက်ကိုက်တုတ်ကိုဝှေ့ယမ်းစဉ် သူ့နောက်က အလွန်ကြီးမားသည့် မျောက်ဝံနက်နတ်ဆိုးက ကောင်းကင်ထိတုတ်ကို လွှဲယမ်းရင်း အပေါ်ကနေ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
မျောက်ဝံနတ်ဆိုးလက်ထဲကတုတ်က ကောင်းကင်အလားဖြစ်နေပြီး ဧရာမတုတ်ကြီးနှင့်ရိုက်ချလိုက်စဉ် ကောင်းကင်က ကျဆင်းလာသည်။
ဒီတိုက်ချက်က လေဟာနယ်နှင့်မည်သည့်အကန့်အသတ်ကိုမဆို လျစ်လျူရှုထားပြီး ကောင်းကင်ကံကြမ္မာဂိုဏ်းချုပ်နှင့် ကျန်နှစ်ယောက်တို့၏ တိုက်ချက်များဖြင့် စုဆုံသွားကြ၏။
ဂျုန်း......!
ဧရာမအဟုန်က တိုက်ချက်လေးခု၏ ကန့်လန့်ပိုင်းဖြတ်မှုကို ဗဟိုပြုထားသည်။
နောက်ဆက်တွဲလှိုင်းက ဆက်လက်ပျံ့သွားပြီး အသင်္ချေပိုင်နက်သဲကန္တာရတ၀က်ကျော်ကို ဖုံးလွှမ်းသွား၏။
လူတိုင်း၏ထိတ်လန့်နေသည့်အကြည့်များအောက်တွင် ကျေးရွာခေါင်းဆောင်၏ တိုက်ချက်က သံသယမရှိ ထိုသုံးယောက်၏ ခွန်အားအပြည့်တိုက်ချက်ကို တိုက်ရိုက်ပြိုကွဲသွားစေသည်။
ကောင်းကင်ကံကြမ္မာဂိုဏ်း၊ အဆုံးမဲ့ဂိုဏ်းနှင့်နေလောင်ချိုင့်ဝှမ်းသခင်တို့၏ မျက်နှာများက ရုတ်တရက်ဆိုသလို ဖြူဖျော့သွားကြပြီး ပါးစပ်အပြည့်သွေးတလုပ်စီအန်လိုက်ကြရသည်။
ထို့နောက်အောက်သို့ပြုတ်ကျလာကြ၏။
သူတို့၏မျက်လုံးများက စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်သွားကြသည်။
သူတို့ရှေ့ကအဖိုးအိုက သူတို့သုံးယောက်၏ ခွန်အားအပြည့်တိုက်ချက်ကို ချေမွပစ်ခဲ့သည်။
ဒါ့အပြင် သူကလုံး၀ဒဏ်ရာမရသွားခဲ့ပေ။
သူ့၏တိုက်ခိုက်သည့်ကိုယ်ဟန်အနေအထားပင်လျှင် လုံး၀သက်ရောက်ခြင်းမခံခဲ့ရပါ။ သူက လက်ကိုက်တုတ်ကို ကိုင်ထားဆဲပင်။
နောက်ကနေ ဧရာမတုတ်ကိုကိုင်ထားသည့် မျောက်ဝံနက်နတ်ဆိုးပုံရိပ်နှင့်အတူ သူအလျင်အမြန်ပင် ထိုသုံးယောက်ကျလာသည့်နေရာသို့ပြေးသွားပြီး လက်ကိုက်တုတ်ဖြင့် ထပ်မံရိုက်ချလိုက်၏။
ဒါက နေလောင်ချိုင့်ဝှမ်းသခင်၏ ရင်ဘတ်ကိုတိုက်ရိုက်ပင်ထိမှန်သည်။ ကျဆင်းလာနေသည့် နေလောင်ချိုင့်ဝှမ်းသခင်၏ကိုယ်က ကွေးညွတ်သွားပြီး သူ့ရင်ဘတ်က မြင်သာစွာပင် ကွေးသွားသလို သူ့အရိုးများနှင့် အတွင်းအင်္ဂါများအားလုံး ကြေမွသွားရသည်။
သူ့ကိုယ်ခန္ဓာကအမြောက်ဆန်တခုပမာ ပျက်စီးနေသည့်မြေပေါ်သို့လွင့်စင်သွားရပြီး မြေကြီးက ထပ်မံကွေးသွားခဲ့သည်။
ဧရာမတွင်းပေါက်ကြီးတခုက နေလောင်ချိုင့်ဝှမ်းသခင်ကျသွားသည့်နေရာတွင် ပေါ်လာခဲ့သည်။
လူနှစ်ယောက်သာကျန်တော့သည်။
ကျေးရွာခေါင်းဆောင်က အလားတူပင်လုပ်ခဲ့ပြီး မြေပေါ်သို့ပစ်ချလိုက်လေသည်။
အမှောင်ထဲက ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများစူးစမ်းကြည့်သောအခါ တွင်းပေါက်ထဲတွင် နောက်ထပ်မည်သည့်အော်ရာမှမရှိတော့ပါ။
အဆက်မပြတ်ထွက်လာသည့်ဖုန်မှုန့်များကသာ အသင်္ချေပိုင်နက်သဲကန္တာရမြေကို လွှမ်းခြုံပစ်သည်။
လူတိုင်း တည်ငြိမ်နေသည့်အမူအရာဖြင့် လက်ကိုင်တုတ်ကိုကိုင်ထားသည့် အဖိုးအိုကိုကြည့်လိုက်ကြသည်။
မျောက်ဝံနတ်ဆိုးပုံရိပ်ကလည်း ပျောက်ကွယ်သွားလေပြီ။
သူမော့ကြည့်ရင်း ထူးမခြားနားစွာပြောသည်။
"အားလုံးပဲ၊ မင်းတို့ဆက်လက်ကြည့်နေချင်ကြသေးတာလား"
အမှောင်ထဲတွင် ပုန်းနေကြသည့် ကောင်းကင်အင်မော်တယ်ကျင့်ကြံသူများက ကျေးရွာခေါင်းဆောင်ဆီသို့ လက်နှစ်ဖက်ဆုပ်ရင်း ထွက်သွားကြလေတော့သည်။
ယခုလိုလူမျိုးကို သူတို့ရန်စရန် မတတ်စွမ်းနိုင်ကြသလို ရန်မစရဲပေ။
အလွန်အမင်းအားကောင်းသည့်အော်ရာတချို့လည်းရှိသော်လည်း သူတို့အဖို့ အနည်းဆုံး ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့်ခွန်အားရှိသည့် စွမ်းအားရှင်တစ်ယောက်ကို ရန်စနေစရာမလိုပါ။
ကောင်းကင်အင်မော်တယ်နယ်ပယ်အစောပိုင်းအဆင့်စွမ်းအားရှင်သုံးဦးကို ယခုလိုကြေကွဲဖွယ်ရာနည်းလမ်းဖြင့် သတ်နိုင်သောသူက ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် သို့မဟုတ် ထို့ထက်ပိုကောင်းသောသူများသာဖြစ်သည်။
ဒီလိုလူမျိုးကိုရန်မစသင့်သလို စော်လည်းမစော်ကားသင့်ပေ။
သူနဲ့ကောင်းမွန်သည့်ဆက်ဆံရေးထူထောင်ဖို့ကျတော့ရော!
ဒီနယ်ပယ်ကိုရောက်ဖူးသည့်လူများက သူတို့တွင် တူညီသည့်စိတ်၀င်စားမှု သို့မဟုတ် သေရေးရှင်းရေးဆက်ဆံရေးတခုသာမရှိပါက အလွယ်တကူနီးစပ်အောင် လုပ်နိုင်မည်မဟုတ်။
ထိုအရာအားလုံးကိုလုပ်ပြီးနောက် ကျေးရွာခေါင်းဆောင်က ရှောင်ဟိုင်ဘေးသို့ ချက်ချင်းရောက်လာသည်။ ယွမ်ချောင်နှင့်ယွမ်ဟန်အပါအ၀င်ကျန်သောပြိုင်ပွဲ၀င်သုံးဦးကလည်း ဒီနေရာတွင်ရှိနေကြသည်။
ယွမ်ချောင်ကယခုရှောင်ဟိုင်၏ ကိုယ်ပိုင်သက်တော်စောင့်ဖြစ်လေရာ သူက နောက်လိုက်နေခဲ့သည်။
ရောက်လာပြီးနောက် ကျေးရွာခေါင်းဆောင်က သူ့ကိုယ်သူ ပြင်ပကမ္ဘာနှင့်သီးသန့်ဖြစ်သွားစေရန် လက်ဝှေ့ယမ်းပြီးနောက် ရှောင်ဟိုင်ရှေ့တွင်ဒူးထောက်ကာ လေးနက်သည့်အမူအရာဖြင့်ပြောသည်။
"နတ်ဆိုးအရှင်၊ ငါနောက်ကျသွားပါတယ်"
ရှောင်ဟိုင်လက်ဝှေ့ယမ်းပြသည်။
"ဒါကခင်ဗျားအမှားမဟုတ်ပါဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ ကျေးရွာခေါင်းဆောင်ကြောင့်သာမဟုတ်ဘူးဆိုရင် ကျုပ်အကြာကြီးခံနိုင်မှာမဟုတ်လောက်ဘူး"
"နတ်ဆိုးအရှင်ဒဏ်ရာရထားသေးလား"
ရှောင်ဟိုင်ခေါင်းခါယမ်းပြသည်။
ထို့နောက်တွင်သာ ကျေးရွာခေါင်းဆောင်က စိတ်သက်သာရာရသွားခဲ့သည်။ သို့စေကာမူ နတ်ဆိုးအရှင်က ကောင်းကင်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူသုံးဦး၏ တိုက်ချက်များကို နှေးသွားစေရန်အတွက် နတ်ဆိုးဘုရင်ဆင်းသက်ခြင်းကို အသုံးပြုခဲ့တာကို ချက်ချင်းသတိရသွားသဖြင့် ပူပန်စွာပြောသည်။
"နတ်ဆိုးအကြိမ်၊ ဒီတခါနတ်ဆိုးဘုရင်သွေးကြောကို အစွမ်းကုန်သုံးမယ်ဆိုရင် အဲဒီသူပုန်တွေရဲ့အာရုံကို ဆွဲဆောင်သွားစေလိမ့်မယ်"
"နောက်ထပ်မှတ်ဉာဏ်အပိုင်းအစကို ရပြီးတဲ့အခါကျရင် မင်းထပ်ပြီးဖုံးကွယ်လို့မရလောက်တော့ဘူး...."
ရှောင်ဟိုင်လက်ဝှေ့ယမ်းကာ ကျေးရွာခေါင်းဆောင်အား ကြားဖြတ်ရင်း တည်ငြိမ်စွာပြောသည်။
"ဒါကအချိန်အတိုင်းအတာတခုပဲလေ၊ ခင်ဗျားက ကျုပ်ကိုမှတ်ဉာဏ်အပိုင်းအစတွေရဖို့အတွက် အချိန်ပိုယူပြီး ပိုကျင့်ကြံစေချင်တာ ကျုပ်သိပါတယ်"
"ဒါပေမယ့်တချို့အရာတွေကို ကျုပ်ထပ်မဆွဲချင်တော့ဘူး၊ ထပ်ပြီးတော့လည်း မဆွဲထားနိုင်တော့ဘူး"
သူ့မှတ်ဉာဏ်ထဲက မြင်ကွင်းများက ဒီရက်များအတွင်း ရှောင်ဟိုင်စိတ်ထဲတွင် ဆက်တိုက်ပေါ်နေပြီး ကြိမ်နှုန်းကလည်း တိုးလာခဲ့သည်။
ဒါကိုမြင်သောအခါ ကျေးရွာခေါင်းဆောင် အကူအညီမဲ့စွာသက်ပြင်းချရင်း သူ့ကို နားချနေတာကိုရပ်လိုက်သည်။
နတ်ဆိုးအရှင်ကို ဆုံးဖြတ်ချက်ချခြင်းကနေ မည်သူမှမတားဆီးနိုင်ပေ။
အဲဒီလူကလွဲပြီးတော့ပေါ့!
ထိုအချိန်တွင် ကျေးရွာခေါင်းဆောင်ရုတ်တရက်လှည့်ပြီး လေးနက်သည့်အမူအရာဖြင့်ပြောသည်။
"တယောက်ယောက်ရှိနေတယ်"
ရှောင်ဟိုင်ခေါင်းအနည်းငယ်မော့လိုက်၏။
အသက်ရှုကြိမ်ရေတခဏအကြာတွင် တဘက်လူကချဉ်းကပ်လာစဉ် ရှောင်ဟိုင် အရင်ကနှင့်လုံး၀ကွဲပြားသည့် ရိုးစင်းရိုးသားသောအပြုံးတပွင့်ကိုပြသလိုက်လေသည်။
"သူ့ကိုတားစရာမလိုဘူး၊ ကျုပ်အစ်ကိုကြီးလာနေတာ"
အစ်ကိုကြီး!
အရင်က နတ်ဆိုးအရှင်က သူအဆင့်နိမ့်နယ်မြေတွင် တပည့်တစ်ဦးဖြစ်လာခဲ့သည်ဟုပြောတာကို သူကြားဖူးသည်။
သို့စေကာမူ နတ်ဆိုးသခင်နှင့်တူညီသည့်ဂိုဏ်းက ဘယ်သူ့ကိုမှသူမမြင်ဖူးပါ။ ယခုထိုသူကဒီနေရာတွင်ရှိနေလေရာ ကျေးရွာခေါင်းဆောင်၊ ယွမ်ချောင်နှင့် ကျန်သောသူများကလည်း မြင်ချင်လာကြသည်။
နတ်ဆိုးအရှင်ကို ယခုလိုအမူအရာမျိုးကို ပြသစေဖို့အတွက် တဘက်လူတွင် ဘယ်လိုထူးခြားသည့်ပါရမီများရှိနေလေသနည်း။
အသက်ရှုကြိမ်ရေအနည်းငယ်အကြာတွင် ဟောင်ကျန်းဟန် ယဲ့ချိုးပိုင်ကိုခေါ်လာသည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင် ရှောင်ဟိုင်အားကြည့်ကာမေးသည်။
"ကောင်းကင်ကံကြမ္မာဂိုဏ်းက အဲဒီလူတွေကလည်းဒီမှာလား"
ရှောင်ဟိုင်ခေါင်းကုတ်ကာပြုံးသည်။
"ဟုတ်တယ်၊ ဒါပေမယ့်ဖြေရှင်းပြီးသွားပြီ"
"ဖြေရှင်းပြီးသွားပြီလား"
ရှောင်ဟိုင် ကျေးရွာခေါင်းဆောင်အား လက်ညိုးထိုးပြသည်။
ယဲ့ချိုးပိုင်ချက်ချင်းပင် လက်နှစ်ဖက်ဆုပ်ကာ ကျေးရွာခေါင်းဆောင်အား လေးစားစွာပြောသည်။
"ကျွန်တော့်ရဲ့ဂျူနီယာညီလေးကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ"
"ကျွန်တော်ယဲ့ချိုးပိုင်နဲ့ စံအိမ်တော်က ဒါကိုမှတ်မိနေပါမယ်"
အကယ်၍လုချန်ရှန်းသာ ဒီအကြောင်းကို သိမည်ဆိုပါက သေချာပေါက်သွေးအန်ပေလိမ့်မည်။
သူကဘာကျေးဇူးကြွေးမှမတင်ခဲ့ဖူးသော်လည်း သူ့အစား ဒီကောင်စုတ်များက ကျေးဇူးကြွေးများကို တခုပြီးတခု ပေးဆပ်ရအောင်လုပ်နေသည်။
ဒီကျေးဇူးကြွေးတွေကလည်း အခမဲ့ဖြစ်ပုံရသည်။
သို့စေကာမူ ကျေးရွာခေါင်းဆောင်က လက်ဝှေ့ယမ်းပြသည်။
"ရှောင်ဟိုင်ကိုကယ်တင်ဖို့က ငါ့တာ၀န်ပဲ၊ ငါ့ကိုကျေးဇူးတင်နေစရာမလိုဘူး"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
ဟောင်ကျန်းဟန်တိတ်ဆိတ်နေသော်လည်း သူအနည်းငယ်ဆွံအနေသည်။
ယဲ့ချိုးပိုင်ရဲ့ဂိုဏ်းက ဘယ်လိုတည်ရှိမှုမျိုးလဲ!
အဲဒီသူ့ညီငယ်လေးမုဖူရှန်းက ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့ မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ ရတနာတခုလိုဆက်ဆံခြင်းကို ခံရတယ်!
အကယ်၍တခုခုဖြစ်ပျက်ပါက ဒါက မြင့်မြတ်အဆောင်ဂိုဏ်းတွင် ကသောင်းကနင်းဖြစ်သွားစေလိမ့်မည်။
ဒီဂျူနီယာညီလေးလို့ခေါ်သည့်ရှောင်ဟိုင်တွင်လည်း ဆန်းကြယ်သည့်နောက်ခံရှိသည်။
သူ့ပတ်လည်၌ အော်ရာတခုရှိသည်။
ဟောင်ကျန်းဟန် အကြမ်းဖျဉ်းခန့်မှန်းနိုင်သည်။
အဲဒါကသူ့ရှေ့ကအဖိုးအိုပင်။ သူက လူသုံးယောက်ကိုတယောက်တည်းတိုက်ခိုက်ခဲ့ပြီး ကောင်းကင်အင်မော်တယ်အစောပိုင်းအဆင့်သုံးဦးကိုသတ်ပစ်ခဲ့သည်။
ဒီလိုအဆင့်မျိုးက အနည်းဆုံးတော့ ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်မှာရှိလောက်တယ်မလား!
အတိတ်ကိုအချိန်ကာလတခုကြာ သတိရပြောဆိုနေကြပြီးနောက် ယဲ့ချိုးပိုင်ပြုံးသည်။
"ငါတို့ကမတူညီတဲ့ဂိုဏ်းတွေကပဲ၊ တိုက်ဆိုင်စွာပဲ သေမင်းဝိဉာဉ်မြို့ကို ၀င်ဖို့နေရာသုံးခုပဲရှိတယ်"
ရှောင်ဟိုင်စပ်ဖြီးဖြီးပြုံးလိုက်၏။
"သေချာတာပေါ့၊ ဒီနေရာသုံးခုကို ကျွန်တော်တို့ခွဲကြရအောင်လေ"
အချိန်ကလျင်မြန်စွာကုန်သွားသည်။
နောက်ဆုံးပွဲမတိုင်ခင်တရက်အလိုကိုပင် ရောက်လာခဲ့လေပြီ။
အပိုင်း(631) coming။