← Chapters

ဒီတစ်ခါ အနိုင်? ၂

Vol. 47 Ch. 691

ဒီတစ်ခါ အနိုင်? ၂

Vol. 47 Ch. 691

ဒီဝန်ဆောင်မှုက သူဌေးနှင့်သူဌေးကတော်ကြောင့် ဂယက်ထခြင်းပင်။

မိန်းကလေးတစ်ယောက်ကဒီလိုတောင်းဆိုလာရင် သူတို့အလွန်ပျော်ကြသည်။ တောင်းဆိုသူတွေထဲမှာ အန်တီကြီးတွေလည်းပါပြီး အများစုကအန်တီကြီးများဖြစ်လေသည်။

ဘာပဲဖြစ်ဖြစ် မိန်းမလှလေးများမှာ ကောင်လေးရှိတတ်၍ ဒီလိုအပြုအမူမျိုးကိုထိန်းကြသည်။ အန်တီကြီးတွေနှင့်တစ်ကိုယ်တည်းသမားတွေက မတူ။ တစ်ကိုယ်တည်းမိန်းကလေးအများစုက ပရောပရည်လုပ်ခြင်းဖြစ်မည်။

အလုပ်သဘောအရ အပြုံးနှင့်နှုတ်ဆက်ပြီး အန်တီကြီးများနှင့်စကားပြောရသည်။

ကံကောင်းထောက်မစွာ လစာကအရမ်းမြင့်တာကိုး!

တာဝန်ခံဖန်းပေါ်မှာမူ အားလပ်ချိန်ပိုရသည်။ မြင်းစစ်ဆေးခြင်းနှင့်ပစ္စည်းများစစ်ဆေးဖို့သာ တာဝန်ယူရသည်။

ရုတ်တရက် ချင်လင်ရောက်လာသောကြောင့် အတော်များများအာရုံပြောင်းသွားပြီး_

"ရှောင်ချင်!''

"တကယ်သူပဲ... ရှောင်ချင် မြင်းအတူတူစီးလို့ရလား?''

"ရှောင်ချင်က အနေအေးလိုက်တာ... သူ့ဗီဒီယိုမကြည့်ရတာကြာပေါ့''

“……”

ရုတ်ချည်းဆိုသလို အနားတဝိုက်မှခရီးသည်များရုတ်ရုတ်သဲသဲဖြစ်သွားပြီး ဖုန်းထုတ်၍ဓာတ်ပုံရိုက်ကြသည်။

ဘာပဲဖြစ်ဖြစ် ရှောင်ချင်ကအင်တာနက်ဆယ်လီလေ။

ချင်လင်မြင်းပြိုင်ကွင်းထဲဝင်လာလျှင် ခြင်္သေ့လေးကမြင်ပြီး ချက်ချင်းပြေးလာသည်။ လွှားခနဲအဖြူရောင်အရိပ်က မကြာမီချင်လင်ရှေ့ရောက်လာ၏။

ချင်လင်ကတုံ့ဆိုင်းမနေဘဲ ခြင်္သေ့လေးကျောပေါ်တန်းခုန်တက်လိုက်သည်။ စနစ်အရည်အချင်းကြောင့် သူ့လှုပ်ရှားမှုက သဘာဝကျကျ၊အဆင်ချောချောနှင့်အလွန်ပုံစံကျနေသည်။

ထို့နောက် ခြင်္သေ့လေးလည်း မြားဖြူလိုပြေးထွက်တော့သည်။ လေလိုမြန်လွန်း၍ သူ့ကျောပေါ်ကချင်လင်ကိုပိုပြီးယုံကြည်မှုရှိပုံပေါက်စေသည်။

ထိုမြင်ကွင်းကို ခရီးသည်အားလုံးစိတ်ဝင်စားသွားပြန်သည်။ အကုန်ဖုန်းထုတ်ပြီး မှတ်တမ်းတင်ကြသည်။

ချင်လင်ကခြင်္သေ့လေးနှင့်ခဏဆော့ပြီး အပန်းဖြေစံအိမ်ပြန်လာသည်။ ရုံးခန်းထဲရောက်ပြီးမကြာမီ ဝန်ကြီးလုကအလောတကြီးနှင့် သူ့တံခါးပေါက်ရောက်ချလာ၏။

သူဘာမှမပြောရသေးခင် ဝန်ကြီးလုကအမောတကောသံနှင့်_

"သူဌေးချင်... ဒီတစ်ခါ မင်းအကူအညီတကယ်လိုနေတယ်... မင်းကူညီနိုင်ပါစေကွာ''

"ဝန်ကြီးလု... ဘာဖြစ်လို့လဲ?''

ချင်လင်ကဇဝေဇဝါနှင့်မေးသည်။

ဝန်ကြီးလုရဲ့ဒီလိုပုံကိုမြင်ဖူးတာ ဒါပထမဆုံး။ နောက်ပြီး ဝန်ကြီးလုက တောင်းတောင်းပန်ပန်ပုံပေါက်နေသည်။

ဒါ ဝန်ကြီးလုမှာ တကယ်အရေးကြီးတဲ့ကိစ္စရှိလို့၊ အရမ်းအရေးကြီးတဲ့ကိစ္စ။ မဟုတ်ရင် သူဒီလိုဖြစ်နေမှာမဟုတ်။

ဝန်ကြီးလုက ချက်ချင်းရှင်းပြသည်_

"Batramase ထိုးဆေးအကြောင်းပါ... အရင် ငါတို့နိုင်ငံမှာ ဦးနှောက်သွေးကြောပေါက်ကုနိုင်တဲ့ဆေးက တစ်မျိုးတည်းရှိတယ်''

ဝန်ကြီးလုက ချင်လင်ကိုအကြောင်းစုံရှင်းပြသည်။

ထိုသတင်းကြောင့် ချင်လင်လည်းအံ့ဩသွားသည်။

ဒါမျိုးရှိလား? အဲဒီလျိုကောင်က ဦးနှောက်ကြောင်နေတာလား?

အင်တာနက်ပေါ်မှာ ဒီကွန်ပျူတာကုမ္ပဏီကိုပြစ်တင်ပြောဆိုကြတာတွေ့ဖူးသော်လည်း ဒီလောက်ဆိုးမည်ဟုမထင်မိ။

သေရင်နာမည်ပျက်ကျန်ခဲ့မှာမကြောက်ဘူးလား?

အရင် ဒီဦးနှောက်မရှိတဲ့ကွန်ပျူတာကုမ္ပဏီဖိနှိပ်ခံရတုန်းက ပြည်သူတွေရဲ့အားပေးမှုနဲ့လွတ်မြောက်ခဲ့တာ။ အခု ဒီလိုနည်းနဲ့ပြန်ပေးဆပ်လိုက်တာလား?

ချင်လင်ကဖုန်းထုတ်ပြီး သတင်းကြည့်လိုက်ရာ အမှန်ဖြစ်နေသည်။

Tiktok တွင် ဥက္ကဌလျိုကိုဝေဖန်ထားသောဗီဒီယိုအတိုများစွာရှိနေပြီး ပြစ်တင်ပြောဆိုထားသောမှတ်ချက်များလည်းပြည့်နေသည်။

ဒါ လူတိုင်းအမြင်မှာ ခွင့်မလွှတ်နိုင်စရာ။

ဘာကြောင့် ယွမ်သန်း ၁၀၀ တည်းဒဏ်တပ်တာလဲဆိုသောမေးခွန်းများ၊ လာဘ်စားတာလားဟုသံသယဝင်သော ရွှေဉာဏ်တော်စူးရောက်သူများလည်းရှိနေသည်။

ဒီလိုလူမျိုးတွေကလည်း ဦးနှောက်မရှိတာပဲ။

ယွမ်သန်း ၁၀၀ ဒဏ်ကြေးမှာ ကမ္ဘာ့ကုန်သည်အဖွဲ့အစည်းကြောင့် စည်းမျဉ်းများအရသတ်မှတ်ခြင်းဖြစ်သည်။ နောက်ပြီး Batramase ကုန်ကြမ်းကလည်း နိုင်ငံရပ်ခြားမှဖြစ်နေသည်။

ဒါကပြဿနာ။

ဒါဆို ဘာကြောင့်ကမ္ဘာ့ကုန်သည်အဖွဲ့အစည်းကနေမထွက်တာလဲဟု မှတ်ချက်ပေးသူများလည်းရှိသည်ပေါ့။ ဟုတ်ပြီ။ အဲဒီလူတွေကပိုတောင်ဦးနှောက်မရှိသေး။

ချင်လင်ကသတင်းကြည့်ပြီး ဝန်ကြီးလုကိုဇဝေဇဝါနှင့်မေးသည်_

"ဝန်ကြီးလု... ကျွန်တော်က ဘယ်လိုကူညီရမှာလဲ?''

"သူဌေးချင်... မင်းက အကူအညီကြီးကြီးမားမားဖြစ်နိုင်တယ်!''

ဝန်ကြီးလုကပြောပြောဆိုဆို လက်ဆွဲသေတ္တာဖွင့်ပြီး လျှို့ဝှက်ဆေးနည်းများထုတ်ကာ_

"အထက်လူတွေက ရှန်ရှန်းဆေးဝါးနဲ့လျိုမိသားစုကိုသင်ခန်းစာပေးဖို့စီစဉ်နေတယ်... ဒါပေမဲ့ တရုတ်သိပ္ပံအကယ်ဒမီက အနောက်တိုင်းသုတေသနဌာနမှာ အချိန်တိုအတွင်းလုပ်ဖို့မဖြစ်နိုင်ဘူး''

"လတ်တလော တရုတ်တိုင်းရင်းဆေးနည်းတချို့ကို ခေါင်းဆောင်တွေကလည်းစိတ်ဝင်စားနေတယ်... အဲဒါကြောင့် ငါတို့က ရှေးတရုတ်တိုင်းရင်းဆေးနည်းထဲက အသုံးတည့်တဲ့ဆေးနည်းရှာပြီး ရှန်ရှန်းဆေးဝါးက Batramase ထုတ်တဲ့အချိန်တပြိုင်တည်းလိုက်ထုတ်မယ်... ဒါဆိုရင် ရှန်ရှန်းဆေးဝါးကရယူထားတာကို အလကားဖြစ်အောင်လုပ်နိုင်မယ်... သန်း ၁၀၀ ကအထိမနာပေမဲ့ ဘီလီယံချီဆိုရင်တော့ နည်းနည်းခံရခက်သွားမှာပဲ''

"ဒီလိုနဲ့ အထက်လူတွေက တရုတ်တိုင်းရင်းဆေးကိုပိုပြီးအာရုံစိုက်လာမယ်... ဦးနှောက်အပေါ်သက်ရောက်မှုရှိတဲ့ရှေးတရုတ်တိုင်းရင်းဆေးနည်းတွေ ငါတို့ရှာထားတယ်... ဦးနှောက်သွေးကြောပေါက်တာနဲ့ဆက်စပ်နိုင်တယ်... သူဌေးချင်ကို ဒါတွေကူပြီးလေ့လာပေးဖို့တောင်းဆိုချင်တာပါ''

ဝန်ကြီးလုပြောချင်တာ ချင်လင်သဘောပေါက်သည်။ သူကချက်ချင်းခေါင်းညိမ့်ပြီး_

"ဝန်ကြီးလု... ကျွန်တော်လေ့လာဖို့အချိန်လိုတယ်... ချက်ချင်း လေ့လာပေးပါမယ်''

လုပ်နိုင်စွမ်းရှိရင် လုပ်သင့်တာတွေရှိသည်။

ဒေါက်တာ Dott ရဲ့ BUG နဲ့ ဒီဆေးနည်းတွေထဲမှာ ဦးနှောက်သွေးကြောပေါက်ကုနိုင်တာရှိရင် သူအလွယ်တကူခွဲခြားနိုင်သည်။

သူလုပ်နိုင်တဲ့အတိုင်းအတာထဲရှိမှတော့ ဘာလို့မလုပ်ရမှာလဲ?

ဒီအကြောင်းသူသိပြီးရင် ရှန်ရှန်းဆေးဝါးနဲ့အဲဒီဥက္ကဌလျိုအတွက် စိတ်မကောင်းစရာပဲ။

လူသားဆန်ဆန်လုပ်တာပိုမကောင်းဘူးလား? ဘာလို့ ဒီလိုလူမဆန်တဲ့လုပ်ရပ်တွေလုပ်လဲ?

"နားလည်ပါတယ်''

ဝန်ကြီးလုက ခေါင်းညိမ့်လိုက်ပြီး_

"ဒုက္ခခံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် သူဌေးချင်... ငါမြို့တော်ကိုပြန်သွားရဦးမယ်... အဲဒီမှာဖြေရှင်းစရာတွေရှိသေးတယ်... အဖြေရရင် စာပို့လိုက်ပါ''

ချင်လင်အမြန်ဆုံးလေ့လာနိုင်ဖို့မျှော်လင့်ပြီး ဝန်ကြီးလုကအနှောင့်အယှက်မပေးတော့ဘဲ ချက်ချင်းထွက်လာသည်။

သူဌေးချင်က ဆေးနည်းလေ့လာပေးဖို့သဘောတူထားပြီ။ အခုသူလုပ်ရမှာက ပြန်ပြီးအဖြေစောင့်ရုံသာ။

All Chapters