Chapters

ဒီတစ်ခါ အနိုင်? ၃

Vol. 47 Ch. 692

ဒီတစ်ခါ အနိုင်? ၃

Vol. 47 Ch. 692

ဝန်ကြီးလုထွက်သွားပြီးနောက် ချင်လင်လည်း လျှို့ဝှက်ဆေးနည်း ၂၀ ကျော်ကိုကောက်ယူကာ မိတ္တူဆွဲပြီး ဂိမ်းထဲသက်သက်ယူသွားလိုက်သည်။

ဂိမ်းထဲမှထွက်ပြီးနောက် ဆေးနည်းများပြုပြင်ဆန်းစစ်ရန် ချက်ချင်းသူ့ဂိမ်းဇာတ်ကောင်ကို ဒေါက်တာ Dott ဆီသွားစေသည်။

ဆေးနည်းတစ်ခုချင်းထည့်ပြီး 'အတည်ပြုမည်'ကိုနှိပ်သည်။

(စိတ်မကောင်းပါ)

(တန်ဖိုးမရှိသောဆေးနည်းပါ)

(ဂုဏ်ယူပါတယ်)

(စိတ်မကောင်းပါ)

(စိတ်မကောင်းပါ)

ချင်လင်ကအချိန်ယူပြီး ဝန်ကြီးလုယူလာသောလျှို့ဝှက်ဆေးနည်းများကို ဒေါက်တာ Dott ဆီတွင်ပြုပြင်ဆန်းစစ်လိုက်သည်။ ဆေးနည်း ၂၀ ကျော်တွင် ၃ ခုကတကယ်အသုံးဝင်သည်။

အထူးသဖြင့် ဆေးနည်း ၂ ခုကြောင့် ချင်လင်လုံးဝအံ့ဩသွားသည်။

(ဦးနှောက်ပိတ်ဆို့မှုဖယ်ရှားပေးသောဆေးမှုန့်: သာမန်!)

(ရှေးကဦးနှောက်သွေးကြောပေါက်ခြင်းအတွက်သုံးသောအထူးဆေးနည်း​ဖြစ်သည်။ ဆေးကိုပူနွေးစိုစွတ်သောတဘက်နှင့် တစ်ခေါင်းလုံးပတ်ထားရမည်။ အလွန်ကောင်းသောအာနိသင်ရှိသည်!)

နာမည်နှင့်တင် ဘာအတွက်သုံးသောဆေးမှန်းသိနိုင်သည်။ ဦးနှောက်သွေးကြောပေါက်ခြင်းအတွက်သုံးသောအထူးဆေးနည်း​ဖြစ်သည်။ နောက်ပြီး မှတ်ချက်ထဲမှာဖော်ပြထားသည့်အတိုင်း အပြင်မှလိမ်းကျံရမည်။

အရည်အသွေးက သာမန်ပဲတဲ့။

ဒါပေမဲ့ အရင်အတွေ့အကြုံအရ သာမန်အရည်အသွေးဆိုရင်တောင် အပြင်လောကကသာမန်ဆေးတွေနဲ့အတော်ကွာလိမ့်မည်။

ဒါအသုံးတည့်သည်။

(အာရုံကြောပွင့်ဆေးရည်: အရည်အသွေး ၁)

(အာရုံကြောရောဂါများကုသနိုင်သောရှေးဟောင်းဆေးရည်ဖြစ်သည်:

ဦးနှောက်သွေးကြောပေါက်ကုသခြင်း +၁၊ အာရုံကြောသက်ရောက်မှု +၁!)

အရည်အသွေး ၁ ဆေးရည်ဖြစ်ပြီး ဦးနှောက်သွေးကြောပေါက်ကုသခြင်း +၁ အရည်အသွေးရှိ၍ စောစောကဆေးနည်းထက်ပိုကောင်းလိမ့်မည်။

ထိုဆေးနည်းနှစ်မျိုးမြင်မှ ချင်လင်စိတ်သက်သာရာရသွားသည်။ သူဝန်ကြီးလုကိုရှင်းပြနိုင်ပြီ။

သို့ရာတွင် ဝန်ကြီးလုကိုဆေးနည်းမပေးခင် အချိန်ခဏဆိုင်းရဦးမည်။ မဟုတ်ရင် မြန်လွန်းရာကျသည်။

ထို့နောက် ချင်လင်ကတတိယဆေးနည်းကိုကြည့်လိုက်သည်။

ထိုဆေးနည်းက ဦးနှောက်သွေးကြောပေါက်ကုသဖို့မဟုတ်။

(အားသစ်လောင်းဆေး: အရည်အသွေး ၁)

(ရှေးတော်ဝင်မျိုးနွယ်များသုံးဆောင်သော အားဖြည့်ဆေးဖြစ်သည်။ အထူးအာနိသင်ရှိသည်:

စိတ်လန်းဆန်းစေခြင်း +၁!

စိတ်ရှင်းပြီး ဦးနှောက်အားဖြစ်စေသည်!)

ချင်းလင်အားဖြည့်လက်ဖက်ရည်လို နောက်ထပ်ဆေးရည်ပင်။

ချင်းလင်အားဖြည့်လက်ဖက်ရည်က အုတ်သဲထမ်းတဲ့လူတွေအတွက်ဆိုရင် ဒီအားသစ်လောင်းဆေးက အုတ်သဲထမ်းသူတွေကိုကြီးကြပ်ပြီးရုံးထိုင်ရတဲ့ အထက်တန်းစားတွေအတွက်။

ဒီပစ္စည်းကိုလက်ရောက်နိုင်ရင် ချင်းလင်အစားအသောက်ကုမ္ပဏီအတွက်ဖြည့်စွက်ဆေးကောင်းဖြစ်မည်။ ဖျော်ရည်အသစ်တွေတသီကြီးထွက်လာနိုင်မည်။

သို့သော် ဒါစိတ်ကူးသက်သက်သာ။ ဒီလိုလုပ်စရာမလို။

မျက်စိတစ်မှိတ်အတွင်း ရက်ပိုင်းကုန်လွန်သွားသည်။

တရုတ်သိပ္ပံအကယ်ဒမီ၏အသစ်တည်ထောင်ထားသောတရုတ်တိုင်းရင်းဆေးသုတေသနဌာနတွင် ချူချင်းဖုန်းကတိုင်းရင်းဆေးပညာရှင်များခေါ်ပြီး ဝန်ကြီးလုကိုသွားရှာသည်။

ဝန်ကြီးလုကိုတွေ့တွေ့ချင်း ချူချင်းဖုန်းကစိတ်လှုပ်ရှားစွာနှင့်_

"ဝန်ကြီးလု... ဦးနှောက်သွေးကြောပေါက်အတွက်ထိရောက်တဲ့လျှို့ဝှက်ဆေးနည်းတွေ့ထားပါတယ်... ဦးနှောက်သွေးကြောပေါက်ကုသဆေးမှုန့်ပါ...''

ထိုသတင်းကြားပြီး ဝန်ကြီးလုဝမ်းသာသွားသည်_

"တကယ်လား?''

ဒီတစ်ခေါက် တရုတ်တိုင်းရင်းဆေးဆရာတွေက ဒီလောက်မြန်မည်မထင်မိ။ သူဌေးချင်ထက်တောင်မြန်သေးသည်။ သူဌေးချင်က သူ့ကိုဘာသတင်းမှမပေးသေး။

ချူချင်းဖုန်းကပြုံးပြီး ခေါင်းညိမ့်ကာ_

"ကျုပ်တို့အားလုံးပူးပေါင်းပြီး ဆေးအာနိသင်ကိုဆန်းစစ်အတည်ပြုထားပါတယ်... အခု ဖြစ်နိုင်ချေကိုစမ်းသပ်ဖို့လိုပါတယ်... ဒါကျုပ်တို့တွေ့ထားတဲ့တစ်ခုတည်းသောဆေးနည်းပါ... တခြားဆေးနည်းတွေက အသုံးမဝင်ပါဘူး''

ဝန်ကြီးလုကနားထောင်ရင်း စိတ်လှုပ်ရှားသံနှင့်_

"ကောင်းလိုက်တာ! စီနီယာချူ မြန်မြန်ပြင်ဆင်ပေးပါ... ကျုပ်စမ်းသပ်ခိုင်းမယ်''

"ဝန်ကြီးလု... သူဌေးချင်ဆီကသတင်းရလား?''

ချူချင်းဖုန်းက သိချင်စိတ်နှင့်စူးစမ်းသည်။

တခြားတရုတ်တိုင်းရင်းဆေးဆရာများလည်း ဝန်ကြီးလုကိုကြည့်လိုက်သည်။

ဒီတစ်ခေါက်တော့ ဒီလူငယ်လေးကိုမရှုံးဘဲ သူတို့လူကြီးတွေမျက်နှာသာရပြီ။