သုံးမျိုး?
Vol. 47 Ch. 693
ချူချင်းဖုန်းအမေးကြောင့် ဝန်ကြီးလုလည်းအမှန်အတိုင်းပြောလိုက်သည်_
"သူဌေးချင်ဘက်က သတင်းမရသေးပါဘူး''
ထိုစကားကြားပြီး ချူချင်းဖုန်းနှင့်တရုတ်တိုင်းရင်းဆေးဆရာများ စိတ်သက်သာရာရသွားသည်။
လူငယ်နှင့်ပြိုင်ချင်၍မဟုတ်သော်လည်း တရုတ်ဆေးပညာရှင်များအနေနှင့် ကိုယ်ပိုင်ဂုဏ်သိက္ခာခံစားချက်ပြင်းထန်သည်။
ထိုအခိုက် ဝန်ကြီးလုဆီ သူဌေးချင်ဖုန်းဝင်လာသည်။ သူကချက်ချင်းဖုန်းကိုင်လိုက်သည်။
တစ်ဖက်မှသူဌေးချင်အသံကြားရသည်_
"ဝန်ကြီးလု... ဝန်ကြီးယူလာတဲ့လျှို့ဝှက်ဆေးနည်းတွေက အဖြေရပါပြီ... Wechat ကနေပို့လိုက်ပါမယ်''
"တကယ်လား? သူဌေးချင် မင်းဆီမှာသတင်းရှိတယ်ပေါ့''
ဝန်ကြီးလုကသတင်းကြားပြီး အံ့ဩကျေနပ်မိသည်။
သူဌေးချင်က စီနီယာချူတို့နှင့်အတူတူအဖြေထွက်လာသည်။ ဒါပေမဲ့ သူကတစ်ယောက်တည်း။ ဒါ သူ့မှာလုပ်နိုင်စွမ်းရှိကြောင်းပြနေတာမလား?
ချူချင်းဖုန်းနှင့်တိုင်းရင်းဆေးဆရာကြီးများလည်း ဝန်ကြီးလုစကားကြောင့်စိတ်ဝင်စားသွားသည်။ အဲဒီသူဌေးချင်က တကယ်အဖြေထွက်ပြီတဲ့လား?
ဝန်ကြီးလုကဖုန်းချပြီး ချက်ချင်း Wechat ဖွင့်လိုက်သည်။ သေချာသည်။ သူဌေးချင်က ဆေးနည်း ၃ ခုပို့ထားသည်။
နောက်ပြီး သူဌေးချင်က စာပို့ထားသည်:
'ဝန်ကြီးလု... အသုံးဝင်တဲ့ဆေးနည်းစုစုပေါင်း ၃ ခုပါ... ဒါပေမဲ့ နှစ်မျိုးပဲ ဦးနှောက်သွေးကြောပေါက်အတွက်အာနိသင်ရှိတယ်... ကျန်တဲ့တစ်ခုက လန်းဆန်းစေတဲ့ဆေးဖျော်ရည်ပါ... ပိုထိရောက်တာက အာရုံကြောပွင့်ဆေးရည်ပဲ'
ထိုစာကြောင့် ဝန်ကြီးလုအံ့ဩသွားသည်။
အထဲတွင် အမှန်ပင်ဆေးနည်း ၃ ခုရှိသည်:
အားသစ်လောင်းဆေးဖျော်ရည်၊ အာရုံကြောပွင့်ဆေးရည်နှင့် ချူချင်းဖုန်းတို့တွေ့ထားသောဦးနှောက်ပိတ်ဆို့မှုပွင့်ဆေးမှုန့်ဖြစ်သည်။
ချူချင်းဖုန်းတို့တရုတ်တိုင်းရင်းဆေးဆရာများက လျှို့ဝှက်ဆေးနည်းများထဲမှဦးနှောက်ပိတ်ဆို့မှုပွင့်ဆေးရဖို့ အတူတူကြိုးစားလေ့လာရသည်။ တခြားလျှို့ဝှက်ဆေးနည်းတွေက အသုံးမတည့်ဟုတောင်ဆိုသေးသည်။
သို့ရာတွင် သူဌေးချင်က လျှို့ဝှက်ဆေးနည်း ၃ ခုကိုတစ်ခါတည်းတွေ့ပြီး တစ်ခုက ဦးနှောက်ပိတ်ဆို့မှုပွင့်ဆေးထက်ပိုကောင်းသော အာရုံကြောပွင့်ဆေးရည်ဖြစ်နေသည်။
အားသစ်လောင်းဆေးကို သူစိတ်ဝင်စားမိသည်။
ဒီဆေးနည်းက ဆေးဖျော်ရည်နည်း။ ဒါသူဌေးချင်ရဲ့အစားအသောက်ကုမ္ပဏီအတွက်အသုံးဝင်မယ့်ဆေးနည်းမလား? ဆေးဖျော်ရည်လုပ်နိုင်သည်။
အရင်က ချင်းလင်အားဖြည့်လက်ဖက်ရည်ကို သူဌေးချင်လုပ်ဖူးသည်။
အစားအသောက်ကုမ္ပဏီတစ်ခုအတွက် အာနိသင်ကောင်းကောင်းနှင့်ဆေးတစ်မျိုးထုတ်ဖို့ဘယ်လောက်ခက်ကြောင်း သူသိသည်။ သုတေသနရံပုံငွေအများကြီးကျလိမ့်မည်။
တကယ်တော့ အားသစ်လောင်းဆေးကို သူဌေးချင်ယူချင်ယူထားလို့ရသည်။ ဘာပဲဖြစ်ဖြစ် သူတို့မှလုံးဝမသိဘဲ။
သို့ရာတွင် သူဌေးချင်က ဆေးနည်းကိုပို့ပေးသည်။ စိတ်ဓာတ်တည်ကြည်ခိုင်မာပြီး အလွန်ပွင့်လင်းသူဖြစ်ကြောင်း ထင်ရှားနေပြီ။
"ဝန်ကြီးလု... သူဌေးချင်လည်း ဦးနှောက်ပိတ်ဆို့မှုပွင့်ဆေးတွေ့တာလား?''
ချူချင်းဖုန်းမမေးဘဲ မနေနိုင်တော့။
"သူဌေးချင်က ဦးနှောက်ပိတ်ဆို့မှုပွင့်ဆေးတွေ့ခဲ့ပါတယ်''
ဝန်ကြီးလုကပြောသည်_
"ဒါပေမဲ့ အာနိသင်ပိုကောင်းတဲ့အာရုံကြောပွင့်ဆေးရည်ကိုလည်းတွေ့တယ်''
"ဘယ်လို? အသုံးဝင်တဲ့ဆေးနည်းရှိသေးတာလား?''
ချူချင်းဖုန်းအံ့ဩသွားသည်။
တရုတ်တိုင်းရင်းဆေးဆရာများလည်းမယုံနိုင်ကြ။
"နောက်ထပ်ရှိတယ်?''
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဆေးအကြောင်းဘာမှမသိဘူး!''
"သူကဘယ်လိုလုပ်တွေ့တာလဲ?''
“……”
သူတို့ပူးပေါင်းလေ့လာမှ ဦးနှောက်ပိတ်ဆို့မှုပွင့်ဆေးတစ်မျိုးပဲတွေ့တာ။ အာနိသင်ရှိမရှိက စမ်းသပ်ကြည့်ရဦးမှာ။ ဒါပေမဲ့ အခု ကြာချိန်ချင်းအတူတူ သူကနှစ်ခုတွေ့တယ်တဲ့။
ဝန်ကြီးလုက အချိန်ဖြုန်းမနေ။ သူ့လက်ထောက်ရှောင်ဟယ်ကိုဆေးနည်းပုံပို့ပြီး ဦးနှောက်ပိတ်ဆို့မှုပွင့်ဆေးကိုပါမိတ္တူဆွဲခိုင်းလိုက်သည်။
ချူချင်းဖုန်းနှင့်တရုတ်တိုင်းရင်းဆေးဆရာများကို အားသစ်လောင်းဆေးအကြောင်းမပြောပြ။
သူ့လက်ထောက်ရှောင်ဟယ်လည်း မိတ္တူဆွဲပြီးအမြန်ပို့ပေးသည်။
ချူချင်းဖုန်းတို့တရုတ်တိုင်းရင်းဆေးဆရာများကချက်ချင်းယူပြီး ဆေးနည်းနှစ်ခုကိုကြည့်လိုက်သည်။
ဦးနှောက်ပိတ်ဆို့မှုပွင့်ဆေးက သူတို့လေ့လာထားသောဆေးနည်းနှင့်အတူတူပင်။
ထို့နောက် အာရုံကြောပွင့်ဆေးရည်ကိုကြည့်လိုက်သည်။
ထိုဆေးနည်းက ဘယ်လျှို့ဝှက်ဆေးနည်းကိုလေ့လာထားမှန်း သူတို့သိသည်။
ဆေးနည်းထဲမှပါဝင်ပစ္စည်းများကိုသေချာကြည့်ပြီး မူလပါဝင်ပစ္စည်းများနှင့်နှိုင်းယှဉ်ကြည့်သည်။ ထို့နောက် သူတို့အားလုံးရုတ်တရက်သဘောပေါက်သွားသည်။
"ဒီလိုကိုး... ဆေးပင်အုပ်စုသုံးခုကိုဖယ်လိုက်တာ''
"အမှန်ပဲ... အဲဒီဆေးပင်အုပ်စုသုံးခုက ဆေးအာနိသင်တွေရောထားမှန်း ငါတို့သတိမထားမိတာ''
"အခုရှင်းသွားပြီ... ကျန်တဲ့ဆေးဝါးအလုပ်လုပ်ပုံက ထင်တဲ့အတိုင်းပဲ''
“……”
ချူချင်းဖုန်းတို့ အတော်အံ့ဩသွားသည်။ ဒီအချက်ကို သူတို့လုံးဝသတိမထားမိ။ ဘာပဲဖြစ်ဖြစ် ဟိုးရှေးပဝေသဏီကချန်ခဲ့တဲ့ဆေးနည်းလေ။ ဆေးနည်းအတိုင်းပဲ လေ့လာနိုင်မှာပေါ့။
ဒီလိုဆေးပင်တွေပေါင်းစပ်နည်းမှာ တရုတ်တိုင်းရင်းဆေးတွင်အသုံးပြုခဲ၍ လူတိုင်းလျစ်လျူရှုလိုက်ကြပြီး ပြဿနာမတွေ့ခဲ့ခြင်းဖြစ်သည်။
ပဟေဠိကစားပွဲလိုပင်။ ပဟေဠိဖြေရှင်းနိုင်သည်နှင့် အရမ်းရိုးရှင်းသလိုခံစားရသည်။ ထိုတရုတ်တိုင်းရင်းဆေးဆရာများမှာ အရည်အချင်းရှိပြီးဖြစ်၍ မျက်စိရှေ့ဆေးနည်းတွေ့သောအခါ ဘာဖြစ်နေလဲချက်ချင်းသဘောပေါက်သည်။
"အာ... အဲဒီသူဌေးချင်က တကယ်အံ့ဩစရာပဲ''
ချူချင်းဖုန်းသက်ပြင်းချလိုက်သည်။ နောက်ဆုံးတော့ ဒီလူကြီးလက်ခံသွားပြီ။
တခြားတိုင်းရင်းဆေးဆရာများပါ တပြိုင်တည်းခေါင်းညိမ့်လိုက်သည်။
အရင်က သူတို့အားလုံးပေါင်းပြီး တော်ဝင်ဆေးစွပ်ပြုတ်လုပ်တာ ကျရှုံးခဲ့သည်။ ဒီတစ်ခေါက် သူများကဆေးနည်းနှစ်ခုတွေ့တဲ့အချိန်မှာလည်း သူတို့ကတစ်ခုပဲတွေ့သည်။
ဝန်ကြီလုက အချိန်ဆက်မဖြုန်းချင်တော့ဘဲ_
"စီနီယာတို့... ဒီဆေးရည်ဖော်စပ်ဖို့ ဒုက္ခပေးရဦးမယ်... ချက်ချင်းစမ်းသပ်မယ်... အမြန်ဆုံးအဖြေထွက်လေ ကောင်းလေပဲ''
"စိတ်မပူပါနဲ့ ဝန်ကြီးလု''
ချူချင်းဖုန်းက ချက်ချင်းပြောလိုက်သည်_
"ကျုပ်တို့တာဝန်ထား... ဒါကိုကောင်းကောင်းမလုပ်ရင် ရှက်စရာဖြစ်လိမ့်မယ်''