သုံးမျိုး? ၂
Vol. 47 Ch. 694
တခြားတရုတ်တိုင်းရင်းဆေးဆရာများလည်းခေါင်းညိမ့်ပြီး ဆေးပင်များစတင်ပြင်ဆင်ပေးသည်။ ထို့နောက် ဦးနှောက်ပိတ်ဆို့မှုပွင့်ဆေးနှင့်အာရုံကြောပွင့်ဆေးရည်ကိုလုပ်ပေးသည်။
လျင်လျင်မြန်မြန်ပင် ဆေးနှစ်မျိုးဖော်စပ်ပြီးသွားသည်။
ဝန်ကြီးလုက ဆေးရည်ကိုစမ်းသပ်ရန်ချက်ချင်းပို့ခိုင်းသည်။ သူ့လက်ထောက်ရှောင်ဟယ်ကိုလည်း စောင့်ကြည့်ပြီးသတင်းနားစွင့်ခိုင်းသည်။
အဲဒီနောက် ဝန်ကြီးလုကအဖြေစောင့်နေရုံသာ။
ချူချင်းဖုန်းနှင့်ဆေးဆရာများလည်း အဖြေစောင့်နေကြသည်။ အမှန်အတိုင်းဆိုရလျှင် ဒါတရုတ်တိုင်းရင်းဆေးရဲ့အားနည်းချက်ပင်။ ဆေးအကြောင်းသိပြီး ဆေးအာနိသင်သာလိုချင်သော်လည်း တိတိကျကျအာနိသင်ကိုဆုံးဖြတ်ဖို့နည်းလမ်းမရှိ။
မည်သို့ဆိုစေ ရှေးက ဟွာထိုးနှင့်ကျန်းကျုံးကျင်းလိုသမားတော်များတောင် တချို့ဆေးများ၏အာနိသင်ကိုအတိအကျသိရန် အကြိမ်ကြိမ်စမ်းသပ်ခဲ့ရသည်။
သို့ရာတွင် ရှေးအခါက လူနာအတော်များများကို ထိုနတ်ဆေးသမားတော်များက လက်တွေ့စမ်းသပ်ခဲ့ကြသည်။ မော်ဒန်ခေတ်တွင် တရုတ်တိုင်းရင်းဆေးကျဆင်းလာပြီး အသုံးမပြုဖူးသောဆေးနည်းကိုစမ်းသပ်ရန်နည်းလမ်းမရှိတော့။
ထို့ကြောင့် တရုတ်တိုင်းရင်းဆေးက တဖန်ပြန်ဦးမော့နိုင်မည့်အခွင့်အရေးရှိရင် သူတို့လေ့လာရမည်။ ကျေနပ်ရောင့်ရဲနေဖို့လုံးဝမကောင်း။
တရုတ်သိပ္ပံအကယ်ဒမီစမ်းသပ်ဌာနက မြှင့်တင်ရေးအကြောင်းသိ၍ ဆေးနှစ်မျိုး၏အချက်အလက်ကိုမြန်မြန်ဆန်ဆန်စစ်ဆေးပေးကြသည်။
ရှောင်ဟယ်က စမ်းသပ်ချက်အဖြေရပြီး ဝန်ကြီးလုကိုအသိပေးကာ ချက်ချင်းပြန်ယူလာသည်။
ချူချင်းဖုန်းတို့တိုင်းရင်းဆေးဆရာများလည်း သတင်းရရချင်းအပြေးရောက်လာရာ ဝန်ကြီးလုမျက်နှာပြုံးရွှင်နေသည်ကိုတွေ့ရသည်။
"ဝန်ကြီးလု... အဖြေက ဘာတဲ့လဲ?''
ချူချင်းဖုန်းကအဖြေသိသော်လည်း မေးလိုက်သေးသည်။
ဝန်ကြီးလုကပြုံးပြီး_
"စီနီယာတို့... သတင်းကောင်းပြောရမယ့်အချိန်ပဲ... စီနီယာတို့တွေ့တဲ့ဦးနှောက်ပိတ်ဆို့မှုပွင့်ဆေးက ဦးနှောက်သွေးကြောပိတ်အတွက် တကယ်ထိရောက်တယ်... နောက်ပြီး အာနိသင်က Batramase ထက်တော့မညံ့ဘူး... ပိုတောင်ကောင်းဦးမယ်''
"အာရုံကြောပွင့်ဆေးက အာနိသင်ပိုထက်တယ်... Batramase ထက်အများကြီးသာတယ်... အခု လက်တွေ့စမ်းသပ်ကြည့်ဖို့ပဲလိုတော့တယ်... အောင်မြင်ရင် ဦးနှောက်သွေးကြောပေါက်လူနာတွေကိုကုသနိုင်ပြီ''
ဝန်ကြီးလုကပြောရင်းပြောရင်း စိတ်လှုပ်ရှားလာသည်။
လက်တွေ့စမ်းသပ်ချက်နှင့်ပတ်သက်ပြီး လုံးဝပြဿနာမရှိ။ ဘာပဲဖြစ်ဖြစ် အန္တရာယ်ရှိပစ္စည်းများ၊ တခြားပြဿနာများမတွေ့ရ။
အဓိကအကျဆုံးက ထိုဆေးနှစ်မျိုးအတွက် သုတေသနကုန်ကျစရိတ်မရှိခြင်းပင်။ တရုတ်တိုင်းရင်းဆေးဝါးအဖြစ်ထုတ်ပြီး ကျန်းမာရေးအာမခံပေးလျှင် ဆေးတန်ဖိုးကအတော်သက်သာလိမ့်မည်။
သို့ရာတွင် Batramase ကမတူ။ ထိုပီတုန်းဆေးဝါးက ထိုဆေးထုတ်ရန် သုတေသနကုန်ကျစရိတ်အများကြီးရှိခဲ့သည်။ အစက ထိုးဆေးတစ်ချောင်းကို ယွမ် ၁၀၀၀ မှ ၂၀၀၀ နှင့်ရောင်းသည်။
တစ်ဖက်တွင် ရှန်ရှန်းဆေးဝါးက ကုန်ကြမ်းကိုလက်ဝါးကြီးအုပ်ကာ ထိုပီတုန်းကိုဝယ်ယူပြီး နိုင်ငံအတွင်းတစ်ဦးတည်းကိုယ်စားလှယ်ဖြစ်အောင် ငွေကုန်ကြေးကျခံခဲ့သည်။ သူတို့ပေးဆပ်ရသောတန်ဖိုးက အလွန်များသည်။
သူရထားသောသတင်းအရ ရှန်ရှန်းဆေးဝါးကုမ္ပဏီက အရောင်းတင်တော့မည်ဖြစ်ပြီး တန်ဖိုးအကြီးအကျယ်တက်လာမည်။ မဟုတ်ရင် အရင်းကျေမည်မဟုတ်ပေ။
ထိုအတွေးနှင့် ဝန်ကြီးလုသရော်လိုက်သည်။
ဆေးဝါးတန်ဖိုးကိုတိုးချင်တယ်ပေါ့?
သူဌေးချင်ရဲ့အာရုံကြောပွင့်ဆေးကို ကျန်းမာရေးအာမခံထားမည်ဖြစ်သော်လည်း ယွမ်ဆယ်ဂဏန်းဖြစ်မည်မဟုတ်။
ထိုးဆေးတန်ဖိုးမြှင့်ပြီး အရင်းအနှီးနဲ့နောက်ကွယ်ကလျိုမိသားစုပြန်ရအောင်လုပ်မယ်ပေါ့? မဖြစ်နိုင်ဘူး။
ဒီတစ်ကြိမ် သူသုံးထားတဲ့ငွေပမာဏအများကြီးအလဟဿဖြစ်သွားရင် သင်ခန်းစာကောင်းကောင်းရသွားလိမ့်မည်။
"စီနီယာတို့... ခေါင်းဆောင်ကိုအရင်သွားတွေ့လိုက်ဦးမယ်... ပြီးရင် ဒီဆေးနှစ်မျိုးကိုလေ့လာနိုင်ပါတယ်''
ဝန်ကြီးလုကပြောပြီး အလောတကြီးထွက်လာသည်။
ခေါင်းဆောင်က ဒီကိစ္စကိုအာရုံစိုက်နေသည်။ အခုအဖြေထွက်လာပြီဖြစ်၍ သူချက်ချင်းတင်ပြရမည်။
…
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကို နတ်ဘုရားမတောင်သွားစေသည်။ ခဏအကြာ ဂိမ်းဇာတ်ကောင်ခေါင်းပေါ်တွင် ပျားရည်ပုံပေါ်လာသည်။
ချင်လင်က ဂိမ်းဇာတ်ကောင်အား အရည်အသွေး ၂ သဘာဝပျားရည်ကို သိုလှောင်ခန်းထဲထားစေသည်။
စားပွဲများပေါ်တွင် အရည်အသွေး ၂ သဘာဝပျားရည်များပုံနေသည်။ သူ့ဂိမ်းဇာတ်ကောင်ကိုစစ်ဆေးရန်နှိပ်လိုက်ရာ အနောက်မှအရေအတွက်က ထပ်နေ၏။
ဒီအရည်အသွေး ၂ သဘာဝပျားရည်တွေဘယ်လောက်ရနိုင်လဲ ချင်လင်မသိ။
ဘာပဲဖြစ်ဖြစ် ချင်းလင်အားဖြည့်လက်ဖက်ရည်နှင့်ချင်းလင်ဆေးဖျော်ရည်က အရည်အသွေး ၂ သဘာဝပျားရည်အာနိသင်ကိုအစားထိုးနိုင်ပြီဖြစ်၍ စံအိမ်တွင် ထိုဖျော်ရည်များရောင်းနိုင်သည်။
ထို့ကြောင့် အရည်အသွေး ၂ သဘာဝပျားရည်ဝေပေးခဲ့သည်။
နေ့စဉ်ငါးမျှား၊သစ်ခုတ်တာဝန်များအပြီးတွင် ချင်လင်ကဖုန်းယူပြီး ဗီဒီယိုသတင်းအတိုများလျှောက်ကြည့်လိုက်သည်။
လေးငါးပုဒ်ကြည့်ပြီး မထင်မှတ်ဘဲ ရှန်ရှန်းဆေးဝါးအကြောင်းသတင်းတွေ့လိုက်ရသည်။
ဒီတစ်ကြိမ် ရှန်ရှန်းဆေးဝါးကိုဝေဖန်ထားသောဗီဒီယိုမဟုတ်။ တရားဝင်တင်ထားသောဗီဒီယိုဖြစ်သည်။
ထိုရှန်ရှန်းဆေးဝါးကုမ္ပဏီက Batramase ထိုးဆေးစတင်ထုတ်လုပ်ပြီဖြစ်ကြောင်းကြေညာထားသည်။ သူတို့ထုတ်လုပ်သောပုံစံအသစ်ဖြစ်သောကြောင့် လက်တွေ့စမ်းသပ်ပြီး မကြာမီရောင်းချတော့မည်။
စျေးကတော့ တက်သည်။
ထို့ကြောင့် ရှန်ရှန်းဆေးဝါးကိုဝေဖန်ထားသောဗီဒီယိုမဟုတ်သော်လည်း ရေပန်းစားနေသည်။
ဘာဆေးပုံစံအသစ်လဲ? ဦးနှောက်ရှိသူတိုင်း အရယူပြီးစျေးတင်လိုက်မှန်းသိသည်။ ပုံစံအသစ်ဆိုတာ ဆင်ခြေသက်သက်သာ။ ဆေးကတော့ သေချာပေါက်ဒီဆေးပဲဖြစ်မည်။
အားလုံးလှည့်စားနေတာမလား?
ထိုထုတ်ကုန်များကို သူဌေးကတန်ဖိုးမြှင့်ချင်ရင် ထုတ်ပိုးမှုပုံစံပြောင်း၊ ဒုတိယစီးရီးတံဆိပ်တပ်ပြီး ပုံစံအသစ်ဟုပြောကာ ပေါ်ပေါ်တင်တင်စျေးတက်ရောင်းလိမ့်မည်။
ထို့ကြောင့် ဗီဒီယိုထဲတွင် ရှန်ရှန်းဆေးဝါးကုမ္ပဏီနှင့်လျိုမိသားစုကို ဆိုးဆိုးရွားရွားပြောဆိုထားကြသည်။
ချင်လင်သက်ပြင်းချလိုက်သည်။ ဒီလူတွေရှန်ရှန်းဆေးဝါးကိုဆူကောင်းနေတာ ဗီဒီယိုကပေါက်သွားပြီ။ ဘယ်လောက်ပဲဆူဆူ ရှန်ရှန်းဆေးဝါးကဂရုမစိုက်၊ လျိုမိသားစုကလည်း ဒီအတိုင်း။
လျိုမိသားစုအပြောခံနေရတာ နှစ်ပေါင်းကြာပေါ့။ ဒါပေမဲ့ သူတို့ဘာလုပ်လိုက်လဲ?
ဆန့်ကျင်ဘက်အနေနှင့် လူကြည့်နှုန်းများလာပြီး ဆေးလိုအပ်သူများ ဒါမှမဟုတ် သူတို့ဆွေမျိုးများကမြင်သွားရင် ကြော်ငြာပိုပေါက်သွားလိမ့်မည်။