သုံးမျိုး? ၃
Vol. 47 Ch. 695
သို့ရာတွင် ရှန်ရှန်းဆေးဝါးက ဒီလိုခဏပဲလုပ်နိုင်မည်။ ဝန်ကြီးလုပြောတဲ့အတိုင်းဆို သူတို့ကငွေကုန်ကြေးကျခံပြီး ဒီဆေးဝါးကိုလက်ဝါးကြီးအုပ်ခဲ့သည်။
အခုအထက်လူတွေမှာ အသုံးချနိုင်မည့်ဆေးနှစ်မျိုးရှိနေပြီဖြစ်၍ သူတို့ကအားပြင်းပြင်းရိုက်ချလိုက်ရင် ဒီတစ်ခေါက်ရှန်ရှန်းဆေးဝါး၏ကုန်ကျစရိတ်များပလုံသွားမည်။
ဒီဆုံးရှုံးမှုက လျိုမိသားစုကျောထောက်နောက်ခံရှိရင်တောင် လျိုမိသားစုအထိနာလိမ့်မည်။ လဲတောင်လဲသွားနိုင်သည်။
ချင်လင်ကဗီဒီယိုများဆက်ကြည့်လိုက်သည်။ ဗီဒီယိုနှစ်ပုဒ်ကြည့်ပြီးနောက် သူ့ဗီဒီယိုကိုတွေ့လိုက်ရသည်။ ချင်းလင်မွေးမြူရေးခြံတွင် ခြင်္သေ့လေးစီးနေသောဗီဒီယိုပင်။
ဒါကလည်း ရေပန်းစားရှာဖွေမှုထဲဝင်လိမ့်မယ်လို့ဘယ်ထင်မလဲ? သူစီးပုံကခံ့ညားလွန်း၊စတိုင်ကျလွန်း၊မြင်းစီးစွမ်းရည်ကောင်းလွန်းနေတာကိုသာ အပြစ်တင်ရတော့မည်။
ဗီဒီယိုများခဏဆက်ကြည့်ပြီးနောက် ချင်လင်ဆီရုတ်တရက် Wechat မှစာဝင်လာသည်။ ဝန်ကြီးလုက စာဖိုင်တစ်ဖိုင်ပို့လိုက်သည်။
"ဝန်ကြီးလု... ဒါကဘာလဲ?''
ချင်လင်ကစာပို့ပြီးမေးလိုက်သည်။
ဝန်ကြီးလုကချက်ချင်းပြန်ဖြေသည်_
"သူဌေးချင်... အဲဒါသီးသန့်စာဖိုင်ပါ... အာရုံကြောပွင့်ဆေးရည်တွေ့တဲ့အတွက် တကယ်ကျေးဇူးတင်တယ်ကွာ... ဒီနှစ်ရက်သတင်းကြည့်ဖို့မမေ့နဲ့... ရှိုးကောင်းကောင်းရှိတယ်''
ချင်လင်ဇဝေဇဝါဖြစ်သွားသည်။ သူကဝန်ကြီးလုပို့သောစာဖိုင်ဖွင့်ကြည့်ရာ အားသစ်လောင်းဆေးလက်ဆောင်ဖြစ်နေသည်။
ထိုဆေးနည်းကြည့်ပြီး သူပြုံးမိသည်။ ဒါသူ့ကိုအားသစ်လောင်းဆေးတိုက်ရိုက်ပေးလိုက်တာပဲ။
ဒီဆေးနည်းရဲ့ပိုင်ဆိုင်ခွင့်က သူ့လက်ထဲဒီလိုရောက်လာမည်ဟုမထင်မိပေ။
…
တစ်ဖက်တွင်_
ရှန်ရှန်းဆေးဝါးဓာတ်ခွဲခန်း၌ တာဝန်ခံလင်းထုန်လည်း အသက် ၇၀ အရွယ်လူကြီးကိုကြိုဆိုနေသည်။ ထိုလူကြီးမှာ အင်တာနက်ပေါ်တွင်ဆဲဆိုခံနေရသောနာမည်ကျော်ဥက္ကဌလျိုပင်။
ဥက္ကဌလျိုနားတွင်ရှယ်ယာရှင်တချို့ရှိသော်လည်း ဥက္ကဌလျိုလောက်ရှယ်ယာမများပေ။ ရှယ်ယာရှင်များကလည်း ဥက္ကဌလျိုကုမ္ပဏီထဲတွင်ဖြစ်သည်။
"ဥက္ကဌလျို... လက်တွေ့စမ်းသပ်မှုမှာပြဿနာလုံးဝမရှိပါဘူး... လုပ်ငန်းစဉ်ပြီးဖို့ကြာချိန်ပဲရှိပါတယ်... ဘာပဲဖြစ်ဖြစ် ဆေးကအရင်ဆေးပဲလေ... အာဟာရတိုးအောင် မဆက်စပ်တဲ့ဆေးတချို့ထည့်ထားတယ်''
လင်းထုန်က ဥက္ကဌလျိုကိုဓာတ်ခွဲခန်းထဲလိုက်ပြပြီး ဆေးဝါး၏နောက်ဆုံးအချက်အလက်များကိုစစ်ဆေးသည်။
"အရင်ဆုံး အရောင်းအစီအစဉ်ကိုကြည့်ရအောင်!''
ဥက္ကဌလျိုကခေါင်းညိမ့်သည်။ ပုံစံပြောင်းပြီးစျေးတင်ချင်ရင် ဒီအဆင့်ကိုမဖြစ်မနေလုပ်ရမည်။ သို့သော် ဒါကအရေးမကြီး။ အရေးကြီးတာက နောက်ပိုင်းစျေးကွက်အခြေအနေပင်။
လင်းထုန်ကခေါင်းညိမ့်ပြီး ဥက္ကဌလျိုကိုစာဖိုင်တစ်ဖိုင်ပေးသည်။
သို့သော် ထိုအချိန်တွင် သက်လတ်ပိုင်းလူတစ်ဦးက လန့်ဖျပ်နေသောမျက်နှာနှင့်အပြေးဝင်လာပြီး_
"ဥက္ကဌလျို... ဥက္ကဌလင်း... မကောင်းတော့ဘူး.. မကောင်းတော့ဘူး!''
"ဘာမကောင်းတာလဲ?''
လင်းထုန်က ထိုလူကိုမေးသည်။
ဥက္ကဌလျိုလည်း အတော်မကျေမနပ်ဖြစ်သွားပြီး_
"ဒီလူကမသိတတ်ဘူး... ရိုင်းလိုက်တာ... ဘယ်လိုအစီရင်ခံရလဲတောင်မသိဘူးလား?''
သက်လတ်ပိုင်းလူလည်း အမြန်ပြောပြသည်_
"တရုတ်သိပ္ပံအကယ်ဒမီက ဦးနှောက်သွေးကြောပေါက်အရေးပေါ်ကုသဆေးကို လက်တွေ့စမ်းသပ်နေပြီဖြစ်တဲ့အကြောင်း ကြေညာထားတယ်... ကျန်းမာရေးအာမခံကုမ္ပဏီသွင်းပြီးရင် ဆေးတန်ဖိုးက ယွမ် ၅၀ ထက်နည်းမယ်လို့လည်းပြောတယ်''
"ဘာ?''
ဥက္ကဌလျိုကနားထောင်ရင်း ချက်ချင်းအမူအရာပြောင်းသွားသည်။ သူ့ဘေးမှရှယ်ယာရှင်များလည်း မျက်နှာပျက်သွားသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဆေးကိုဘယ်ကရလဲ?''
လင်းထုန်ရေရွတ်လိုက်သည်_
"Batramase က နိုင်ငံထဲမှာတစ်ခုတည်းသောဆေးကို သူတို့ဒီလိုလုပ်ရဲတယ်''
တရုတ်သိပ္ပံအကယ်ဒမီသာ ဒီလိုဆေးမျိုးလုပ်နိုင်ရင် အထက်လူတွေက သူတို့ကိုယွမ်သန်း ၁၀၀ ဒဏ်တပ်နေပါ့မလား?
ပြီးတော့ အခု သူတို့မှာဒီဆေးရှိတယ်ပြောနေပြီ။ တန်ဖိုးက ယွမ် ၅၀ အောက်တဲ့? ဘယ်လိုဟာသလဲ?
"အမှန်ပါပဲ... အင်တာနက်ပေါ်မှာ ဗီဒီယိုတင်ရုံတင်မကဘူး... တရုတ်သိပ္ပံအကယ်ဒမီရဲ့တရားဝင်ဝဘ်ဆိုဒ်မှာလည်း ကြေညာထားပါတယ်... ဥက္ကဌလင်း ကြည့်ပါ''
သက်လတ်ပိုင်းလူက တရုတ်သိပ္ပံအကယ်ဒမီ၏ဝဘ်ဆိုဒ်ဖွင့်ထားသောဖုန်းကို လှမ်းပေးသည်။
သက်လတ်ပိုင်းလူပြသောသတင်းကြည့်ပြီး လင်းထုန်မျက်နှာသွေးဆုတ်သွားသည်။
"ဆိုးလိုက်တာ''
ဆေးတစ်လုံးကိုယွမ်ထောင်ချီနှင့်ရောင်းနိုင်ဖို့ ဒီအခြေအနေရောက်အောင် အများကြီးရင်းနှီးခဲ့ရသည်။
အခု ယွမ် ၅၀ နဲ့ရောင်းမယ်ဆိုတော့ သူတို့အသဲကိုဓားနဲ့ထိုးလိုက်သလိုပင်။
အဓိကအကျဆုံးက သူတို့မှာတန်ပြန်တိုက်ခိုက်နိုင်စွမ်းတောင်မရှိ။ တိုက်လည်းမတိုက်ရဲပေ။
ဒီတစ်ခေါက်သုံးထားတဲ့ငွေအားလုံး ပလုံတော့မည်။
လင်းထုန်က ရုတ်တရက်ကံကောင်းသလိုခံစားမိသည်။ သူကတာဝန်ခံဆိုသော်လည်း ငွေနှင့်ပတ်သက်ပြီးဘာမှအထိအခိုက်မရှိချေ။
"သော*က်!''
ဥက္ကဌလျိုကသတင်းကြည့်ပြီး အံကြိတ်ဆဲလိုက်သည်။ သတင်းကအထိနာလွန်း၍ နည်းနည်းကြောင်သွားသည်။ သူ့ဒေါသကိုမထိန်းနိုင်တော့။ ထို့နောက် ရုတ်တရက်သူ့ခေါင်းထဲနာကျင်ပြီး လဲကျသွားတော့သည်။
"ဥက္ကဌလျို ဘာဖြစ်တာလဲ?''
"ဥက္ကဌလျို အဆင်ပြေရဲ့လား?''
"ဒီလက္ခဏာက ရုတ်တရက်ဦးနှောက်သွေးကြောပေါက်တာထင်တယ်!''
ရုတ်ချည်းဆိုသလို ဓာတ်ခွဲခန်းတစ်ခုလုံး ယောက်ယက်ခတ်သွားလေသည်။