စနစ်ရောမှားနိုင်လား? မဖြစ်နိုင်!
Vol. 47 Ch. 696
အပန်းဖြေစံအိမ်အတွင်းပိုင်း_
ချင်လင်ကအလုပ်ရုံထဲတွင် အလုပ်ပြန်စနေသည်။ ဆေးရည််တစ်ပန်းကန်ရဖို့အချိန်ယူလိုက်ရသည်။
ဆေးရည်လုပ်ပြီးနောက် အတွေးနှင့်ဂိမ်းထဲဝင်ပြီး သူ့လက်ထဲမှဆေးရည်ပန်းကန်မှတ်ချက်ကိုကြည့်လိုက်သည်။
(အမည်ပေးနိုင်သည် _ အားသစ်လောင်းဆေး: အရည်အသွေး ၁)
(အထူးအားသစ်လောင်းဆေးဖြစ်သည်။ ဆေးဖျော်ရည်ကောင်းဖြစ်သည်:
စိတ်လန်းဆန်းစေခြင်း +၁! စိတ်ကြည်လင်ပြီးဦးနှောက်အားဖြည့်ပေးခြင်း +၁)
ချင်လင်က အားသစ်လောင်းဆေးမှတ်ချက်ကိုဖတ်လိုက်သည်။
အထက်လူတွေကဆေးနည်းပေးမှတော့ အရင်ဆုံးလုပ်ကြည့်ရမှာပေါ့။
တစ်ငုံသောက်ကြည့်လိုက်ရာ အရသာကအတော်ကောင်းသည်။
ဆေးနံ့ရသော်လည်း မခါး။
အဓိကမှာ ဤအားသစ်လောင်းဆေးတွင် စိတ်ကြည်လင်ပြီးဦးနှောက်အားဖြည့်ပေးခြင်း +၁ အရည်အသွေးရှိသည်။
ဒီပစ္စည်းက ဦးနှောက်အားကိုးအလုပ်လုပ်နေရသူများ၊ မကြာခဏခေါင်းစားတတ်သူများအတွက် ချင်းလင်အားဖြည့်လက်ဖက်ရည်ထက်ပိုအသုံးတည့်သည်။
သို့ရာတွင် ချင်းလင်အစားအသောက်ကုမ္ပဏီကထုတ်ကုန်သုံးမျိုးကိုတပြိုင်တည်းမြှင့်တင်နေသည်ဖြစ်၍ အားသစ်လောင်းဆေးက အစားအသောက်ကုမ္ပဏီစက်ရုံအသစ်ဆောက်ပြီးသည်အထိစောင့်နိုင်သည်။
ချင်းလင်ဆေးဖျော်ရည်မြှင့်တင်သည့်အတွက် ဆေးဖျော်ရည်စက်ရုံကိုလည်းချဲ့ရသည်။ ချင်းလင်အစားအသောက်ကုမ္ပဏီမှလိုအပ်သောအတိုင်းအတာမှာ ရုံချန်းစက်မှုဇုံတွင်နေရာမလုံလောက်တော့။
ထို့ကြောင့် ရုံချန်းက ချင်းလင်အစားအသောက်ကုမ္ပဏီ၏စက်ရုံဆောက်ရန် နေရာကျယ်ကျယ်ကိုအထူးစီစဉ်ပေးထားသည်။
စက်ရုံဆောက်ပြီးရင် ထုတ်လုပ်ရေးလိုင်းနှင့်ထုတ်ကုန်နည်းနည်းထပ်တိုးဖို့ပြဿနာမရှိတော့။
ဆေးရည်အကြောင်းသိပြီးနောက် ချင်လင်ကဂိမ်းထဲမှထွက်ကာ သူ့ရုံးခန်းထဲပြန်ရောက်လာသည်။ ထို့နောက် သူ့ဖုန်းထုတ်ပြီး သတင်းများကြည့်လိုက်သည်။
ဗီဒီယိုသုံးလေးပုဒ်သာကြည့်ရသေး၊ သူ့မျက်နှာပြုံးရွှင်လာသည်။
ဝန်ကြီးလုပြောတဲ့ရှိုးကောင်းကောင်းက ဒါပဲ။
တရုတ်သိပ္ပံအကယ်ဒမီက လက်တွေ့စမ်းသပ်နေသောဦးနှောက်ပိတ်ဆို့မှုပွင့်ဆေးကို တန်ဖိုးယွမ် ၅၀ အောက်ဟုကြေညာထားသည်။
လက်တွေ့စမ်းသပ်ချက်အောင်မြင်သည်နှင့် တရားဝင်အစည်းအဝေးကျင်းပမည်။
ဘယ်သူ့ကိုပစ်မှတ်ထားမှန်း ဘယ်သူမဆိုသိနိုင်သည်။
မည်သို့ဆိုစေ ရှန်ရှန်းဆေးဝါးက အဆင့်မြင့် Batramase ဒုတိယစီးရီးဆိုသောသတင်းထွက်လာပြီး တရုတ်သိပ္ပံအကယ်ဒမီက ဒီလိုကြေညာလိုက်၍ သူတို့ကိုပစ်မှတ်ထားမှန်း လူတိုင်းသိလိမ့်မည်။
နောက်ပြီး ဒီသတင်းထွက်လာတာ တကယ်စိတ်သက်သာစရာ။ လူအတော်များများကြောင့် ရေပန်းစားစာရင်းထဲတန်းရောက်သွားသည်။
ရှန်ရှန်းဆေးဝါးက သူတို့နှင့်အပြိုင်မရှိဟုထင်ထားလိမ့်မည်။ အခုတော့ သူတို့ကြောင်သွားလောက်ပြီ။
"ဟား ဟား... မနေ့ကပဲ လက်ဝါးကြီးအုပ်... ဒီနေ့ကျဘာတန်ဖိုးမှမရှိတော့ဘူး''
"ယွမ် ၅၀ နဲ့ကုနိုင်တာကို... အရူးပဲ အဲဒီထောင်တန်ကိုဝယ်မှာ''
"မြင်ရတာ ဝမ်းသာလိုက်တာ... ဒီအတိုင်းဆို ရှန်ရှန်းဆေးဝါးက အဆုံးအရှုံးကြီးတော့မယ်''
"ပြည်တွင်းထုတ်ကုန်ကိုအားပေးဖို့ ယွမ် ၅၀ သုံးချင်တယ်... ငါ့ဦးနှောက်ဘာဖြစ်သွားလဲ ဘယ်သူသိမလဲ?''
"ငါလည်း တရုတ်ထုတ်ကုန်ကိုအားပေးချင်တယ်.... ဦးနှောက်သွေးကြောပိတ်ဘယ်လိုဖြစ်လဲ မေးချင်တယ် +1''
"အတူတူပဲ +2''
“+3”
“…”
မှတ်ချက်နေရာတွင် မဟုတ်တရုတ်တွေပိုပိုပြည့်လာသည်။ ပြည်သူများတွင် အမုန်းပွားလိုစိတ်မရှိသော်လည်း လုံးဝကောင်းတဲ့အရာမဟုတ်။
ဘာပဲဖြစ်ဖြစ် ဦးနှောက်တွင်ပြဿနာရှိခြင်းက မကောင်း။
တကယ်ဦးနှောက်ဆေးခံရတဲ့သူတွေ၊ ဒါမှမဟုတ် ဦးနှောက်ဆေးဖို့ခြိမ်းခြောက်ခံရတဲ့သူတွေ ဘယ်လိုခံစားရမလဲ?
သို့ရာတွင် လုံးဝမညှာသောလှုပ်ရှားမှုပင်။ ဆေးရုံနှင့်ပေါင်းလာဘ်စားပြီး ဆရာဝန်များကို ယွမ်ထောင်ချီတန်ဆေးညွှန်ခိုင်းရင်တောင် ဘယ်ဆေးရုံ၊ဘယ်ဆရာဝန်မှမလုပ်ရဲအောင် တရုတ်သိပ္ပံအကယ်ဒမီက ကျယ်ကျယ်ပြန့်ပြန့်သတင်းလွှင့်ထားသည်။
ပထမအချက်အနေနှင့် လူနာတွေကအရူးမဟုတ်။ ဒုတိယအချက်အနေနှင့် ဒီလိုအခြေအနေမျိုးတွင် လာထိသူမှန်သမျှ ကံဆိုးရလိမ့်မည်။
ချင်လင်က ဗီဒီယိုများဆက်ကြည့်လိုက်သည်။
မကြာမီ အံ့ဩစရာသတင်းတစ်ပုဒ်တွေ့ရသည်။
ထိုသတင်းက 'တရုတ်သိပ္ပံအကယ်ဒမီက ဦးနှောက်ပိတ်ဆို့မှုပွင့်ဆေးကို လက်တွေ့စမ်းသပ်နေပြီ'ဟူသောသတင်းထက်တောင် နာမည်ကြီးနေသည်။
(ကွန်ပျူတာကုမ္ပဏီ၏ဥက္ကဌလျိုကို ***ဆေးရုံသို့ပို့ဆောင်လိုက်သည်။ စမ်းသပ်ချက်အရ သွေးတက်ပြီးရုတ်တရက်ဦးနှောက်သွေးကြောပေါက်ခြင်းဖြစ်၍ အရေးပေါ်ကုသဆောင်တွင်ထားရသည်။)
ဒီသတင်းထွက်လာတာ တကယ်သတင်းကောင်း။
မှတ်ချက်နေရာတွင် ၆၆၆ ဆိုသောမှတ်ချက်များအပြည့်။
မှတ်ချက်တွင် ဒီလောက်ညီနေတာမျိူးရှားသည်။
ထို့ကြောင့် ဆေးရုံတက်ပြီးအတော်များများချီးကျူးခံရခြင်းက အရည်အချင်းတစ်မျိုးပင်။
အမှန်အတိုင်းဆိုရလျှင် အကျင့်ပျက်သူတွေက ဒီလိုဆက်ဆံမှုမျိုးကိုမခံယူထိုက်။
ချင်လင်ကဖုန်းချပြီး အပြင်ထွက်မည်အပြု ဟွမ်ရှင်းရောက်လာသည်။
"ဒီနေ့ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ?''
ချင်လင်ကသိချင်စိတ်နှင့်မေးလိုက်သည်။
သို့ရာတွင် ဟွမ်ရှင်းကဖိတ်စာပေးပြီး_
"ငါ့ရေမွှေးကို မကြာခင်ရောင်းတော့မှာမလား? ငါမင်းကိုဝင်ပါပေးဖို့ဖိတ်ချင်လို့''
"ငါ အဆက်အသွယ်တွေကနေပြီး ရေမွှေးလုပ်ငန်းထဲက ဝေဖန်သူတွေ ဖြန့်ချီရေးသမားတွေကိုလည်းဖိတ်ထားတယ်... ရုံချန်းမှာ စမ်းသပ်ပွဲလုပ်မလို့... ဒီလူတွေလာအောင် အတော်များများလုပ်ခိုင်းထားတာ... နေထိုင်စားသောက်ရေးအပါအဝင် ဟုန်ပေါင်းတွေတောင်ပေးထားသေးတယ်''
"ဒီလောက်မြန်လား?''
ထိုစကားကြောင့် ချင်လင်အံ့ဩသွားသည်။
အရင်က ဟွမ်ရှင်းရေမွှေး၏အရည်အသွေးမှတ်ချက်ကိုကြည့်ခဲ့သည်။ အလွန်ရိုးသောရေမွှေးဖြစ်ပြီး ဘာထူးခြားမှုမှမရှိဘဲ ဒါမှမဟုတ် ဘရန်းနာမည်မရှိဘဲ စျေးကွက်ထဲယှဉ်နိုင်ဖို့အတော်ခက်လိမ့်မည်။
ဟွမ်ရှင်းက အင်တာနက်ပေါ်မှကိရိယာအဆန်းတချို့သုံး၍ရေမွှေးကိုအဆင့်မြှင့်ပြီး နာမည်ကျော်ထုတ်ကုန်ဖြစ်အောင်လုပ်ရင်တော့ စျေးကွက်ကိုချဲ့နိုင်ပြီး သုတေသနနှင့်ဖွံ့ဖြိုးမှုအတွက်သုံးထားသောရံပုံငွေကိုပြန်ရနိုင်လိမ့်မည်။
ဒါပေမဲ့ အဓိကအချက်က ရေမွှေးလုပ်ငန်းကဝေဖန်သူတွေ၊အရောင်းသမားတွေကိုတောင်ဖိတ်ထားတဲ့ ဒီလိုကြီးကျယ်တဲ့စမ်းသပ်ပွဲမျိုးကို သူကလုပ်ချင်နေတာလား?
ဒါဘရန်းကြီးတွေမှလုပ်တဲ့ပွဲမျိုး။
သူ့ရဲ့ရေမွှေးက ထူးခြားမနေ။ အဲဒီနောက် တန်းခြောက်ကပ်သွားလိမ့်မည်။
ကိုယ့်အကြောင်းကြွားပေးမယ့်ကြေးစားလူတွေမရှာနိုင်ဘူးဆိုရင်ပေါ့။
ပြဿနာက ဟွမ်ရှင်းကဒုတိယမျိုးဆက်သူဌေးသားဖြစ်၍ လူသိများသောလူများ၊ အထူးသဖြင့် လက်လီအရောင်းသမားများကို သူဖိတ်ပြီးလောက်ပြီ။
ဒါဟွမ်ရှင်းက သူ့ကိုယ်သူစနက်တံတပ်ပြီး မီးရှို့ဖို့ပြင်နေသလိုပင်။
ပိုဆိုးတာက ဟွမ်ရှင်းကိုဘယ်လိုသတိပေးရမလဲ သူမသိ။
ဘာပဲဖြစ်ဖြစ် ရေမွှေးလုပ်ငန်းမှာ သူကအပြင်လူဖြစ်နေသည်။ ရေမွှေးရဲ့အရည်အသွေးကိုစနစ်အားကိုးနဲ့သိခဲ့တယ်လို့ ရှင်းပြလို့လည်းမဖြစ်ဘူးမလား?