← Chapters

စနစ်ရောမှားနိုင်လား? မဖြစ်နိုင်! ၂

Vol. 47 Ch. 697

စနစ်ရောမှားနိုင်လား? မဖြစ်နိုင်! ၂

Vol. 47 Ch. 697

ရေမွှေးကိုမကောင်းဘူးပြောရင် ဟွမ်ရှင်းကသူ့ကိုစနေတယ်ထင်လိမ့်မည်။

ဟွမ်ရှင်းက ဒီတောင်မှာကံကောင်းခြင်းသာ။

ဒါယွမ်သန်း ၅၀၀ ကိုအစမ်းသုံးခဲ့တဲ့သခင်လေးဝမ်နဲ့အတူတူပဲမလား?

သူမပြိုလဲခင်ညက ပင်ဂွင်းတွေအလဲထိုးလို့အဆုံးသတ်ရလိမ့်မည်ဟုတချို့ကပြောသော်လည်း သူကအလွန်ယုံကြည်ချက်ရှိနေသည်။ လှုပ်ရှားမှုကြီးကြီးမားမားဆက်တိုက်လုပ်ခဲ့ပြီး အတားအဆီးကိုကျော်ဖြတ်နိုင်မည်ထင်ခဲ့သည်။

နောက်ဆုံးရလဒ်က ဘာလဲ?

မိဘသာမကောင်းရင် ခွေးသေဖြစ်သွားနိုင်သည်။

"ချင်လင်.. ငါပြန်တော့မယ်... လာဖြစ်အောင်လာရမယ်နော်''

ဟွမ်ရှင်းကဖိတ်စာပေးပြီး အလောတကြီးပြန်သွားသည်။ ကြည့်ရတာ သူတကယ်အလုပ်ရှုပ်နေပုံပင်။

ချင်လင်က သူ့လက်ထဲမှဖိတ်စာကိုမတတ်သာစွာကြည့်လိုက်သည်။

သို့ရာတွင် နောက်နေ့ည ဟွမ်ရှင်း၏စမ်းသပ်ပွဲကိုသွားလိုက်သေးသည်။

ဟွမ်ရှင်းရဲ့မေရှန်းစမ်းသပ်ပွဲကို ကျုံးမင်ဟိုတယ်တွင်ကျင်းပပြီး ခန်းမတစ်ခုလုံးနေရာယူထားသည်။

ချင်လင်က ကျုံးမင်ဟိုတယ်နှင့်အတော်ရင်းနှီး၍ ဘေးဘက်ဓာတ်လှေကားမှတက်သွားလိုက်သည်။

ခန်းမအပြင်ရောက်ရောက်ချင်း ဟွမ်ရှင်းကုမ္ပဏီကောင်တာမှအမျိုးသမီးကိုတွေ့ရသည်။

"ရှောင်ချင်!''

ကောင်တာအမျိုးသမီးက မျက်လုံးများအရောင်တောက်သွားပြီး ဖုန်းနှင့်ဓာတ်ပုံရိုက်ချင်လာသည်။ ဒါကလည်း အင်တာနက်ဆယ်လီမြင်တိုင်း လူအများစုဖြစ်တတ်သောစိတ်အခြေအနေပင်။

ချင်လင်ကို တကယ်အင်တာနက်ဆယ်လီမှတ်နေသည်။

အလုပ်ချိန်မှန်းအသိရှိ၍သာ ဖုန်းချလိုက်သည်။

ချင်လင်လည်း ကောင်တာအမျိုးသမီးကိုဖိတ်စာပေးလိုက်သည်။

"ရှောင်ချင်... ဝင်ခဲ့ပါ''

ကောင်တာအမျိုးသမီးက ဖိတ်စာကိုမကြည့်။ ဘာပဲဖြစ်ဖြစ် ရှောင်ချင်နဲ့သူမသူဌေးက မိတ်ဆွေတွေမှန်းသိနေပြီပဲ။

ချင်လင်ကအခန်းထဲဝင်လာပြီး အထဲကမြင်ကွင်းကြောင့်အံ့ဩသွားသည်။ အပြင်အဆင်ကတကယ်ခမ်းနားပြီး ရုပ်ရှင်တွေထဲကအဆင့်မြင့်မြင်ကွင်းမျိုးနှင့်နည်းနည်းတူသည်။

မသိရင် စျေးကွက်ထဲမှာမရှိသေးတဲ့သာမန်ဘရန်းအသစ်မဟုတ်ဘဲ ရေမွှေးဘရန်းကြီးကြီးထုတ်ကုန်​ကြေညာပွဲဟုထင်ကြလိမ့်မည်။

အပြင်အဆင်ကောင်းရုံတင်မဟုတ်၊ စတိုင်ကျပြီး ခမ်းခမ်းနားနားရှိသည်။

လုပ်ငန်းစလုပ်သူမှာ လုံးဝဒီလိုပုံမျိုးမဟုတ်ပေ။ ဒီလိုဒုတိယမျိုးဆက်သူဌေးသားက အစကောင်းပြီး သာမန်လူတွေနှင့်မတူတာမြင်သာသည်ဟုဆိုရတော့မည်။

ဟွမ်ရှင်းသာ စမ်းသပ်ပွဲအတွင်း အံ့ဩစရာထုတ်ကုန်တင်ဆက်နိုင်ရင် ဇာတ်လမ်းကောင်းဖြစ်လိမ့်မည်။ ရေမွှေးကနာမည်ကျော်လာပြီး လူတိုင်းချီးကျူးကြလိမ့်မည်။

သို့သော် မအောင်မြင်လျှင် လှောင်စရာဖြစ်သွားမည်။ ပကာသနကိုပဲလေ့လာခဲ့တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ? ဒုတိယမျိုးဆက်သူဌေးသားတွေက ဥစ္စာကိုပဲသိတာ၊ စီးပွားကိုမသိဘူးဆိုတာရော ဘာအဓိပ္ပါယ်လဲ?

ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်နိုင်ချေများနေပြီ။

စမ်းသပ်ပွဲဖိတ်ကြားထားသော ဝေဖန်သူများ၊လက်လီရောင်းသူများအားလုံး ကောင်းကောင်းဝတ်စားထားကြသည်။ သူတို့အားလုံးဖက်ရှင်ကျကျနှင့်အပြည့်အစုံဝတ်စားထားသည်။

"ချင်လင်''

ဟွမ်ရှင်းကချင်လင်ကိုမြင်ပြီး တရင်းတနှီးကြိုဆိုသည်_

"ဘယ်လိုလဲ? ငါ့စမ်းသပ်ပွဲအခင်းအကျင်းက အတော်ကောင်းတယ်မလား? ဒါကိုဆင်ဖို့ပညာရှင်ခေါ်ထားတာ''

"မဆိုးဘူး... မင်းအများကြီးအားစိုက်ထားတာပဲ''

ချင်လင်ကချီးကျူးလိုက်သော်လည်း စိတ်ထဲမှာကြိတ်ပြီးသက်ပြင်းချလိုက်သည်။ ဟွမ်ရှင်းရဲ့ထုတ်ကုန်ဖွင့်ပွဲအဆင်ချောပါစေဟုသာ ဆုတောင်းနေသည်။

စနစ်ရဲ့စမ်းသပ်ချက်က လုံးလုံးတော့မမှန်နိုင်ဘူးမလား?

စနစ်က မမှားဘူးဆိုရင်တောင်လေ။

"အင်းလေ... အားစိုက်ရတာပေါ့... ပထမဆုံးစီးပွားရေးပဲ!''

ဟွမ်ရှင်းကပြုံးပြီး ချင်လင်ကိုဆိုဖာခုံတွင်နေရာပေးလိုက်သည်။

ချင်လင်က သူ့ရဲ့ပထမဆုံးစီးပွားရေးဆိုသောစကားကိုမတုံ့ပြန်မိ။ တခြားသူတွေကစွန့်ဦးစီးပွားဆိုသော်လည်း သူကယွမ်သန်း ၁၀၀ ကိုအစမ်းလုပ်ခြင်းသာ။

ဟွမ်ရှင်းက ချင်လင်ကိုခဏဧည့်ခံစကားပြောပြီး ဝေဖန်ဆန်းစစ်သူများ၊ဖြန့်ချီသူများကို သွားဧည့်ခံလိုက်သည်။

ချင်လင်ဇဝေဇဝါဖြစ်ရသည်က အားလုံးသူထင်ထားသည့်အတိုင်းဟုတ်ပုံမပေါ်။

ဟွမ်ရှင်းက ထိုလူတွေနှင့်ရယ်ရယ်မောမောစကားပြောပြီး အလွန်ဝမ်းသာနေကြပုံရသည်။

ဝေဖန်ဆန်းစစ်သူတွေပဲဖြစ်ဖြစ်၊ဖြန့်ချီသူတွေပဲဖြစ်ဖြစ်၊ သူ့ထုတ်ကုန်ကအရမ်းကောင်းသလို ဟွမ်ရှင်းနှင့်အားလုံးပွင့်ပွင့်လင်းလင်းဖြစ်နေကြသည်။

ချင်လင်မရေမရာဖြစ်သွားသည်။

စနစ်စမ်းသပ်ချက်က မှားနိုင်လား?

ဟွမ်ရှင်းရေမွှေးက လူကြိုက်များလား?

ဒါမှမဟုတ် စနစ်ရဲ့'သာမန်'ဆိုတဲ့မှတ်ချက်က အပြင်လောကရဲ့'သာမန်'နဲ့မတူတာလား?

မည်သို့ဆိုစေ လူစုကွဲသွားချိန်တွင် ဟွမ်ရှင်းကယုံကြည်ချက်ရှိသောအပြုံးမျက်နှာနှင့် ထိုလူများအား အောက်ထပ်လိုက်ပို့နေသည်ကို ချင်လင်တွေ့ရသည်။

ဟွမ်ရှင်းက ထိုလူများကိုကျုံးမင်ဟိုတယ်မှာတည်းရန်စီစဉ်ပေးထားသည်။

စမ်းသပ်ပွဲအပြီး ချင်လင်လည်းထွက်လာသည်။

စနစ်မှားတယ်လို့ထင်မိတာ ဒါပထမဆုံးပင်။

…

နောက်တစ်နေ့!

ချင်လင်ကအိပ်ရာထပြီး ဂိုဒေါင်သွားကာ ဂိမ်းထဲမှပစ္စည်းများစံအိမ်သို့ရွှေ့လိုက်သည်။ အပန်းဖြေစံအိမ်ပြန်ရောက်သောအခါ ဟွမ်ရှင်းကိုတွေ့ရသည်။

ဒီလူဘာလို့ မနက်အစောကြီးရောက်ချလာတာလဲ?

ချင်လင်ကပြုံးပြီးမေးသည်_

"မနက်အစောကြီးရောက်လာတာ ပွဲမှတ်တမ်းကြွားဖို့လား? ရောင်းသူတွေက အော်ဒါဘယ်လောက်များတင်သွားလဲ?''

သို့ရာတွင် ဟွမ်ရှင်းက သူ့အမေးကြောင့် ရုတ်တရက်စိတ်ဓာတ်ကျပုံပေါက်သွားပြီး_

"ချင်လင်... ငါတစ်ညလုံး ကစားခံခဲ့ရတာဖြစ်မယ်''

"ဘယ်လို?''

ချင်လင်နားမလည်။

ဟွမ်ရှင်းကမျက်မှောင်ကြုတ်ပြီး_

"အဲဒီဆန်းစစ်သူတွေ ဖြန့်ချီသူတွေအားလုံးက မနေ့ညကသောက်စားပြီး ပြုံးရွှင်နေကြတာ... ငါ့ရေမွှေးကိုချီးကျူးတယ်... အရမ်းကောင်းတယ်ပြောတယ်... ဖြန့်ချီသူတွေက အော်ဒါတင်ချင်တယ်လို့တောင်ပြောကြတယ်... ဒီမနက်စိတ်ပြောင်းသွားလိမ့်မယ်လို့ ဘယ်ထင်မလဲ? အဆိုးဆုံးက ဆန်းစစ်တဲ့သူတွေကွာ... အရမ်းစက်ဆုပ်စရာကောင်းတယ်... သူတို့မှတ်ချက်တွေကိုပြမယ်''

ဟွမ်ရှင်းကပြောပြောဆိုဆိုဖုန်းထုတ်ပြီး ချင်လင်ကို ss တချို့ပြသည်။

"ဟင်း... ငါကရေမွှေးဆန်းစစ်တဲ့သူ... ဒါပေမဲ့ အခုဘယ်သူမဆို ရေမွှေးလုပ်နေကြပြီ... ဖိတ်ကြားချက်ရတော့ အဆက်အသွယ်ကြောင့် သွားရတာ... ဒုတိယမျိုးဆက်သူဌေးသားထုတ်တဲ့ရေမွှေးပါ... ရေမွှေးကိုဘယ်လိုအကဲဖြတ်ရမှန်း တကယ်မသိဘူး... ငါလုပ်တဲ့ရေမွှေးနဲ့တူသလိုပဲ!''

"ငါမေရှန်းရေမွှေးစမ်းသပ်ပွဲကိုသွားခဲ့တာ... သူဌေးက အတော်ချမ်းသာတဲ့ဒုတိယမျိုးဆက်သူဌေးသား... ဒါပေမဲ့ သူ့ရေမွှေးက ရိုးလိုက်တာ... ရေမွှေးထုတ်ကုန်များများစားစားမရှိဘူး''

"မေရှန်း... ဒုတိယမျိုးဆက်သူဌေးသားရဲ့သမားရိုးကျထုတ်ကုန်... ဘယ်လိုပြောရမလဲ? မေရှန်းကုမ္ပဏီက မြှင့်တင်ချင်တဲ့အဆင့်ကိုမရောက်နိုင်ဘူး''

ထိုမှတ်ချက်များကိုဖတ်ပြီး ချင်လင်နည်းနည်းကြောင်သွားသည်။

စနစ်ကမှားတယ်လို့ထင်ခဲ့တာ။

ဒါပေမဲ့ ဒီလူတွေကဟန်ဆောင်ကောင်းလွန်းတာမလား?

ကိုယ့်ရှေ့မှာပြုံးရယ်နေပြီး မျက်စိတစ်မှိတ်အတွင်း မျက်နှာပြောင်းသွားကြတာ။

စီးပွားရေးလောကမှာ မျက်နှာအမျိုးမျိုးနဲ့၊ လိမ်လည်လှည့်စားမှုအပြည့်နဲ့လို့ဆိုကြတာ။ ဒီနေ့ သူကိုယ်တိုင်မြင်ခဲ့ရပြီ။

ချင်းလင်အစားအသောက်ကုမ္ပဏီနဲ့ချင်းလင်ဓာတ်ခွဲခန်းရဲ့တာဝန်ခံမလုပ်ရ၍သာ တော်တော့သည်။ မဟုတ်ရင် သူ့မှာဒီလိုသရုပ်ဆောင်စွမ်းရည်မျိုးမရှိ။

"ဒီမနက် အဲဒီလူတွေကိုသွားရှာမလို့... ဒါပေမဲ့ စောစောစီးစီးထွက်သွားကုန်ပြီ''

ဟွမ်ရှင်းကစိတ်ဓာတ်ကျကျနှင့်ပြောသည်။ ထို့နောက် ချင်လင်ကိုလေးစားပုံနှင့်_

"ချင်လင်... ဒီတစ်ခေါက် ငါ့ရဲ့စွန့်ဦးစီးပွားကတော့ ရှုံးပြီထင်တယ်... ငါပြန်ပြီး မိဘအမွေဆက်ခံရတော့မယ်... မင်းကိုတကယ်လေးစားတယ်ကွာ... ကိုယ့်လက်ကိုယ့်ခြေနဲ့စပြီး လုပ်ငန်းကိုတစ်ဆင့်ချင်းချဲ့သွားနိုင်တယ်''

"ကျွတ် ကျွတ်''

ချင်လင်ဘယ်လိုပြန်ဖြေရမှန်းမသိတော့။

အိမ်ပြန်ပြီးမိဘအမွေဆက်ခံရမှာကို သေဒဏ်ကျသလိုပြောနေတာ ဒီတစ်ခါပဲတွေ့ဖူးသည်။

ဒီစကားတွေအပြင်လူတွေကိုပြောရင် ဘယ်လောက်စိတ်ရှုပ်စရာကောင်းလဲ သိရဲ့လား?

ပြီးတော့ သူကစနစ်ကိုအားကိုးနေရတာ။ သူ့ရဲ့တကယ်လုပ်နိုင်စွမ်းကိုသာအားကိုးရရင် သစ်သီးဆိုင်လေးမှာ နေ့တိုင်းအသီးရောင်းနေရဦးမည်။

ထီဆုကြီးပေါက်ပြီး အသေးစားစီးပွားရေးလုပ်ငန်းလေးတောင် ရှိချင်ရှိနိုင်သည်။

ဒါပေမဲ့ ဖြစ်နိုင်ပုံမပေါ်။ သူမှထီလုံးဝမထိုးဘဲ။ ဘယ်ကထီပေါက်ပါ့မလဲ?

ဆိုရိုးရှိသလိုပင်။ နေ့တိုင်း ယွမ် ၅ သန်းပေါက်ဖို့စိတ်ကူးယဉ်နေပေမဲ့ ထီလက်မှတ်လေးတောင်မဝယ်ဘူးတဲ့။

"ချင်လင်... မင်းမှာဝိုင်ကောင်းရှိတာပဲ... ဒီနေ့သောက်ရအောင်!''

နောက်ဆုံးတော့ ဟွမ်ရှင်း သက်ပြင်းချလိုက်သည်။

စိတ်ဓာတ်ကျနေသောဟွမ်ရှင်းကိုကြည့်ရင်း ချင်လင်က Jean ရေမွှေးကိုတွေးမိပြီး_

"ဘာလို့သောက်ချင်ရတာလဲ? ဒီမှာခဏစောင့် မင်းကိုပြစရာရှိတယ်''

"ဘာလဲ?''

ဟွမ်ရှင်းက မယုံသလိုနှင့်မေးလိုက်သော်လည်း ချင်လင်ကအထဲလျှောက်သွားလေပြီ။

All Chapters