← Chapters

ဒီအရည်က! ဝယ်ဖို့ ID ကတ်လို?

Vol. 47 Ch. 698

ဒီအရည်က! ဝယ်ဖို့ ID ကတ်လို?

Vol. 47 Ch. 698

ချင်လင်က သူ့ရုံးခန်းထဲဝင်လာပြီး သူလုပ်ထားသော အရည်အသွေး ၁ ရေမွှေးကိုရှာလိုက်သည်။

ရေမွှေးကိုပုလင်းအကြည်လေးနှင့်ထည့်ထားသည်။

ဒီရေမွှေးတွင် ဆွဲဆောင်မှုရှိသောအနံ့ +၁၊ အိမ်ထောင်ဘက်ကိုဆွဲဆောင်ခြင်း +၁၊ အိမ်ထောင်ဘက်ကိုပျော်စေခြင်း +၁၊ အိမ်ထောင်ဘက်စိတ်ပါစေခြင်း +၁၊ အိမ်ထောင်ဘက်*** +၁ ရှိသည်။ အမျိုးသမီးကြားတွင် သေချာပေါက်ရေပန်းစားလိမ့်မည်။

ဒီရေမွှေးက ချင်းလင်ကုမ္ပဏီရဲ့ထုတ်ကုန်အရည်အသွေးနဲ့မလိုက်သောကြောင့် ထုတ်လုပ်ဖို့စိတ်ကူးမရှိခြင်းပင်။

အခု ဒီပစ္စည်းက ဟွမ်ရှင်းကိုကယ်နိုင်လိမ့်မည်။

ချင်လင်ကရေမွှေးပုလင်းနှင့်ထွက်လာပြီး ဟွမ်ရှင်းကိုပေးလိုက်သည်။

"ဒါကဘာလဲ?''

ဟွမ်ရှင်းကဇဝေဇဝါနှင့်မေးသည်။

"ရေမွှေး!''

ချင်လင်ကရှင်းပြသည်။

"ဘယ်လို?''

ဟွမ်ရှင်းကရေမွှေးဟုကြားပြီး သူ့မျက်နှာသွေးဆုတ်သွားသည်။ ချင်လင်ပြောတာ သူနားမလည်။

ချင်လင်ကသိပ်ရှင်းပြမနေဘဲ_

"ငါ့ကိုယုံ... ဒီရေမွှေးကို ဆရာမချူသုံးဖို့ယူသွား... မှတ်ထားနော်... ဒါကိုအခန်းထဲမှာပဲသုံးရမယ်''

“???”

နောက်ဆုံး ဟွမ်ရှင်းကရေမွှေးပုလင်းယူပြီး ကြောင်တောင်တောင်နှင့်ထွက်လာသည်။

ချင်လင်ကိုယုံလို့လား၊ ဒါမှမဟုတ် ချင်လင်ရဲ့အောင်မြင်မှုတွေကြောင့်လား၊ သူကအမှတ်တမဲ့ ချင်လင်ပြောသလိုလိုက်လုပ်မိသည်။

ဒီလိုအချိန်မျိုးမှာ ချင်လင်မနောက်မှန်းသိ၍ ရုံချန်းတွင်ဝယ်ထားသောစံအိမ်သို့ပြန်လာခဲ့သည်။

ခြံဝင်းထဲရောက်ရောက်ချင်း သူ့မိန်းမနှင့်သမီးကစားနေသည်ကိုတွေ့ရသည်။

သီးသန့်လုပ်ထားသောဒန်းပေါ်တွင် သူ့သမီးကထိုင်ပြီး မိန်းမကအနောက်မှတွန်းပေးနေသည်။

"ပြန်လာပြီလား?''

ချူယွီက သူ့ယောက်ျားပြန်လာ၍ ပြုံးပြီးမေးသည်။

ဟွမ်ရှင်းကရေမွှေးပုလင်းပေးပြီး ပြုံးပြုံးနှင့်_

"ဆရာမ... သမီးကိုသူ့ဘာသာဆော့ပါစေလား? ကျွန်တော်နဲ့အခန်းထဲလိုက်ခဲ့... ရေမွှေးစမ်းကြည့်ရအောင်''

ချုယွီကဇဝေဇဝါနှင့်မေးသည်_

"ရေမွှေးစမ်းဖို့ကို ဘာလို့အခန်းထဲလိုက်နေရဦးမှာလဲ? ဘာရေမွှေးမှဆွတ်မထားဘူး''

"အခန်းထဲသွားရအောင်!''

ဟွမ်ရှင်းက ဘာလို့အခန်းထဲသွားရမှန်းမသိသော်လည်း ချင်လင်ကအတည်ပြောလိုက်သောကြောင့် အကြောင်းတော့ရှိရမည်။

ချူယွီကဇဝေဇဝါဖြစ်နေသော်လည်း သူ့သမီးကိုအခန်းထဲပြန်ပို့ပြီး ဟွမ်ရှင်းနောက်လိုက်၍ အိပ်ခန်းထဲဝင်လာသည်။

အိပ်ခန်းထဲဝင်ဝင်ချင်း ခါးတွင်ရေမွှေးဖြန်းပြီး အနံ့ခံကြည့်ကာ တအံ့တဩနှင့်_

"ယောက်ျား... ဒါဘာရေမွှေးလဲ? အနံ့ကကောင်းလိုက်တာ... စျေးထဲကတခြားဘရန်းတွေထက်တောင် ပိုကောင်းသေးတယ်... ရှင့်ရေမွှေးအသစ်လား? ရှင်ကတော်လိုက်တာ... ဒီရေမွှေးနံ့က အရင်ဟာထက်အများကြီးပိုကောင်းတယ်''

ထိုချီးကျူးသံထဲတွင် လေးစားသံစွက်နေသည်။

ဆရာမ၏ချစ်စရာကောင်းသောအသံကြောင့် ဟွမ်ရှင်းအရမ်းရှက်သွားသည်။

ဒါချင်လင်လက်ဆောင်ပေးလိုက်တဲ့ရေမွှေး။

ဒါပေမဲ့ အခု ဘာမှမသိတဲ့ချင်လင်က ရေမွှေးကျွမ်းကျင်တဲ့သူ့ကို သူသေချာထုတ်ထားတဲ့ရေမွှေးထက်ပိုကောင်းတာပေးလိုက်ပြီ။

အတော်အရှိုက်ထိတာပဲ။

သို့ရာတွင် ချူယွီက သူမကိုယ်ကိုယ်ရေမွှေးလိုက်ဖြန်းနေပြီ။

အမျိုးသမီးတွေက ရေမွှေးကြိုက်တတ်ကြသည်။ အထူးသဖြင့် ဒီလိုအရည်အသွေးကောင်းတဲ့ရေမွှေးမျိုးပေါ့။

"ကြည့်ပါဦး... အနံ့ကောင်းလား?''

ချူယွီက ဟွမ်ရှင်းနားတိုးသွားပြီး သူ့ရင်ခွင်ထဲမှီလိုက်သည်။

ထိုခဏတွင် ဟွမ်ရှင်းက အလွန်ကြည်နူးစရာကောင်းသောရေမွှေးနံ့ကိုရလိုက်သည်။

အနံ့က ချက်ချင်းသူ့ကိုညှို့ယူလိုက်သည်။

ဤသည်က အနံ့ +၁ နှင့် အိမ်ထောင်ဘက်ကိုဆွဲဆောင်ခြင်း +၁ အရည်အသွေးကြောင့်ပင်။

ရေမွှေးအနံ့ကောင်းသည်ဟု ဆရာမပြောတာကြားသော်လည်း ဒီလိုကောင်းမည်မထင်မိ။

သို့သော် အနံ့ရှူပြီး တစ်ခုခုမဟုတ်သလိုခံစားရသည်။ သူ့ဆရာမလက်မောင်းကိုကိုင်လိုက်သောအခါ ပြောမပြတတ်သောခံစားချက်ကတဖြည်းဖြည်းတက်လာသည်။

ခံစားချက်ပြင်းလွန်း၍ အရင်ကဒီလိုမဖြစ်ဖူးသလိုပင်။

ဝတ်စားထားသောဆရာမကိုဖက်ထားသည်နှင့်မတူဘဲ အကာအကွယ်လုံးဝမရှိသလိုဖြစ်နေသည်။

ဒီလိုနီးနီးကပ်ကပ်ရင်းနှီးသောအခြေအနေမှာ အိမ်ထောင်ဘက်ကိုပျော်စေခြင်း +၁၊ အိမ်ထောင်ဘက်ကိုစိတ်ပါစေခြင်း +၁၊ အိမ်ထောင်ဘက်*** +၁ အာနိသင်က အစွမ်းပြခြင်းဖြစ်သည်။

တခြားအမျိုးသမီးတစ်ယောက်သာဆိုရင် သူမကိုချက်ချင်းလွှတ်ပြီး သူ့စိတ်ကိုထိန်းချုပ်ထားမည်။ ဘာပဲဖြစ်ဖြစ် သူကမဆင်မခြင်လုပ်တတ်သူမဟုတ်။

သို့ရာတွင် သူ့လက်ထဲကသူ့မိန်းမဖြစ်နေ၍ မတူတော့။

ကျူးပြီ!

ဟွမ်ရှင်းက ချူယွီကိုမင်းသမီးလိုကောက်ချီလိုက်သည်။

ချူယွီလန့်သွားပြီး_

"ယောက်ျား... နေ့ခင်းကြောင်တောင်ကြီး... ဘာလုပ်နေတာလဲ?''

"ဘယ်လိုထင်လဲ?''

ဟွမ်ရှင်းက ထေ့လိုက်သည်။

ပြီးတော့ အဲဒီနောက်...

…

တစ်နာရီကြာပြီးနောက်...

ဟွမ်ရှင်းကဂျယ်လီလိုပျော့နေသောခြေထောက်များနှင့် စံအိမ်အပြင်လျှောက်လာသည်။ ပထမအကြိမ်က မသင်္ကာဖြစ်ရုံသာ။ ချင်းလင်အားဖြည့်လက်ဖက်ရည်သောက်ပြီး ဒုတိယအကြိမ်တွင် သေချာသွားသည်။

ချင်လင်ရဲ့ရေမွှေးကအံ့ဩစရာပဲ။ အမျိုးသမီးတွေကြားမှာ ရေပန်းစားတဲ့ထုတ်ကုန်ဖြစ်မှာသေချာတယ်။

ဒါယောက်ျားကိုဖမ်းစားပြီး အိမ်ကပ်စေမယ့်ရတနာ။

ဒီရေမွှေးရဲ့ထူးခြားတဲ့အာနိသင်ကိုသုံးသပ်နေတဲ့အတောအတွင်း နည်းနည်းဒုက္ခများခြင်းသာ။ အရောင်းကို သေချာပေါက်ကန့်သတ်ရမည့်ထုတ်ကုန်ဖြစ်ပြီး သူ့ဘာသာနာမည်ရဖို့ပဲသုံးနိုင်မှာစိုးမိသည်။ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချဖို့မဖြစ်နိုင်။

သို့ရာတွင် ကိစ္စမရှိ။ ရေမွှေးနံ့ကလည်း အရမ်းကောင်းပြီး စွဲမက်စရာပင်။

ရေမွှေးရဲ့တိတိကျကျဖွဲ့စည်းပုံကိုသိရင် ဓာတ်ခွဲလေ့လာစမ်းသပ်ပြီး ထိုအထူးအာနိသင်ကိုဖယ်ရှားကာ အားပျော့အောင်လုပ်နိုင်သည်။

ဒါမှမဟုတ် အနံ့ကိုတန်းထုတ်ပြီး ရေမွှေးအသစ်စီးရီးလုပ်နိုင်သည်။

နိုင်ငံခြားမှာလေ့လာစဉ်က ရေမွှေးလုပ်နည်းသင်ခဲ့၍ သူလုပ်နိုင်တာသူယုံကြည်ချက်ရှိသည်။

ချင်လင်ရေမွှေးကိုအနံ့ခံကြည့်ရာ စွဲမက်စရာကောင်းလွန်းသည်။ နည်းအသစ်မှာအနံ့အားပျော့သွားရင်တောင် အနံ့ယဉ်ယဉ်ထွက်ဦးမည်။

ထို့ကြောင့် ချင်လင်ဆီကနည်းယူရမည်။ သူ့လုပ်ငန်းကျရှုံးပြီး မိဘအမွေကိုမဆက်ခံချင်။

ချင်လင်မှာငွေမရှားမှန်း သူသိသည်။ ဝယ်လို့လည်း အကျိုးမရှိ။

စျေးကွက်တန်ဖိုးအရ အနာဂတ်မှာ ချင်လင်ရဲ့ပိုင်ဆိုင်မှုတွေက သူ့အဖေရဲ့အဖွဲ့အစည်းကိုကျော်တက်သွားနိုင်သည်။

All Chapters