ဒီအရည်က! ဝယ်ဖို့ ID ကတ်လို? ၂
Vol. 47 Ch. 699
ထို့ကြောင့် အရိုးရှင်းဆုံးနည်းကိုစဉ်းစားမိသည်။ ချင်လင်ကိုရေမွှေးရှယ်ယာဝယ်ခိုင်းမည်။ သူကအဓိကရှယ်ယာရှင်ဖြစ်လာရင်တောင် သူ့အတွက်အလုပ်လုပ်ပေးမည်။
သူ့ကိုယ်ပိုင်ရေမွှေးဘရန်းကို လုံးဝဖန်တီးချင်သည်။ ဒါသူ့အိပ်မက်ပင်။
အခု ချင်လင်ရဲ့ရေမွှေးအသစ်က သူ့ကိုမျှော်လင့်ချက်ပေးနေပြီ။
ဟွမ်ရှင်းက ချင်းလင်အပန်းဖြေစံအိမ်ကိုအမြန်ဆုံးမောင်းလာသည်။ ကားထိုးပြီးနောက် အထဲမြန်မြန်ပြေးသွားရာ သူ့ခြေထောက်များကအားမရှိ၍ ကိုးယိုးကားရားနှင့်လဲကျလုမတတ်ပင်။
အပန်းဖြေစံအိမ်လက်ဖက်ရည်ခန်း_
ချင်လင်လည်း လူနှစ်ယောက်ကိုဧည့်ခံနေသည်။
လျိုယီနှင့်သူ့အဖေလျိုရှန်းချွမ်းက အပန်းဖြေဖို့ရောက်လာသည်။
လျိုယီကအသိပေးချက်ရပြီး တချို့ကိစ္စများကြောင့်နှောင့်နှေးနေ၍ ဒီနေ့မှသာ သူ့အဖေလျိုရှန်းချွမ်းကိုလိုက်ပို့နိုင်သည်။
လျိုရှန်းချွမ်းမှာ ၆၅ နှစ်ရှိနေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်ကပိန်လွန်းပြီး အားမရှိချေ။ သိသိသာသာအာဟာရချို့တဲ့နေသည်။
ထိုအချိန်တွင် လျိုရှန်းချွမ်းက လက်ဖက်ရည်ခန်းထဲရှိလက်ဖက်ရည်စားပွဲကိုထိကြည့်လိုက်သည်။ သူ့မျက်လုံးများအရောင်တောက်သွားပြီး_
"အကုန် နံ့သာနီ သစ်မွှေးတွေနဲ့လုပ်ထားတာပဲ... ဒီလောက်ကြီးတဲ့လက်ဖက်ရည်စားပွဲကို... အံ့ဩစရာ.. တကယ်အံ့ဩစရာ... ပြီးတော့ ဒီလက်ဖက်ရည်အစုံက ရှေးဟောင်းပဲ... ဧည့်သည်တွေလက်ဖက်ရည်သောက်ဖို့ ရှေးဟောင်းပစ္စည်းကိုတကယ်သုံးထားတယ်''
"ငါ့သား... ဒီတစ်ခါတော့ မင်းဒီအဘိုးကြီးအတွက်နေရာကောင်းရှာတွေ့ခဲ့ပြီ... လေကကောင်း... ပတ်ဝန်းကျင်ကကောင်း... အဓိကက လက်ဖက်ရည်စားပွဲနဲ့လက်ဖက်ရည်ခွက်အစုံကောင်းကောင်းရှိတာပဲ''
လူကြီးက သူယူလာသောလက်ဖက်ခြောက်ထုတ်ပြီး လက်ဖက်ရည်စားပွဲပေါ်တွင် လက်ဖက်ရည်စနှပ်သည်။
ထိုမြင်ကွင်းကြောင့် လျိုယီကခေါင်းခါလိုက်သည်။
ဒါ အခုမှအစ။ အကြီးအကဲစားပွဲနဲ့ချင်းလင်ဆေးဖက်ဝင်ဝိုင်တွေကျန်သေးတယ်။
ထို့နောက် ချင်လင်အားကျေးဇူးတင်စကားဆိုသည်_
"သူဌေးချင်... ဒီလိုအခွင့်အရေးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်''
အပန်းဖြေစံအိမ်ရောက်သောအခါ လူကြီးနှစ်ယောက်သာတွေ့သည်။ တစ်ယောက်က ပါမောက္ခရန်မှန်းသူသိသည်။ နောက်တစ်ယောက်က တော်ဝင်ပညာရှင်လီဖြစ်မည်။
အပန်းဖြေစံအိမ်မှာနှစ်ယောက်ပဲရှိတယ်ဆိုတော့ ချင်းလင်အပန်းဖြေစံအိမ်ကိုလူတိုင်းဝင်မရဘူးဆိုတဲ့သဘော။ သူဌေးချင်ကသူ့ကိုဖုန်းဆက်ပြီး မျက်နှာသာပေးခဲ့သည်။
အလွန်ဂုဏ်ယူစရာကောင်းသည်ဟုထင်မိ၍ ကျေးဇူးတင်စကားဆိုခြင်းပင်။
"ဥက္ကဌလျို... ကြိုဆိုပါတယ်!''
ချင်လင်ကပြုံးပြီးပြန်ပြောသည်။ သူစကားပြောပြီးချိန် ဟွမ်ရှင်းဖုန်းဝင်လာသည်။
ချင်လင်ကဟွမ်ရှင်းကိုမြင်လျှင် သူ့ဆီကထူးထူးဆန်းဆန်းအနံ့ကိုရသည်။ သူကမသတီပုံနှင့်_
"ရေချိုးပြီးမှလာလို့မရဘူးလား?''
ဘာအနံ့လဲ သူသိတာပေါ့။ ကြည့်ရတာ ဒီကောင်ပြန်သွားပြီး ဆရာမချူနဲ့စမ်းသပ်ခဲ့ပြီ။
"ချင်လင်... အဲဒါ ဘယ်လိုရေမွှေးမျိုးလဲ?''
ဟွမ်ရှင်းက အလောတကြီးမေးသည်_
"ဘယ်လိုလုပ်ထားတာလဲ?''
ချင်လင်က ဘယ်လိုရှင်းပြရမှန်းမသိသောကြောင့် လုပ်ကြံဇာတ်ခင်းလိုက်သည်_
"ငါကဆေးစွပ်ပြုတ်နဲ့ဆေးဖက်ဝင်ဝိုင်မှာ နာမည်အကြီးဆုံးဆိုတာ မင်းလည်းသိသားပဲ... အဲဒါတွေအကုန် တရုတ်တိုင်းရင်းဆေးနည်းကနေ လေ့လာထားတာ''
"ဒီရေမွှေးလည်းအတူတူပဲ... ရှေးတော်ဝင်နန်းတော်ထဲကကိုယ်လုပ်တော်တွေက မျက်နှာသာရဖို့ တရုတ်တိုင်းရင်းဆေးဆရာကိုအပြိုင်အဆိုင်လုပ်ခိုင်းကြတာ... ငါကအဲဒီရေမွှေးနည်းကို ဒီဘက်ခေတ်ပစ္စည်းတွေသုံးပြီး ပြန်လုပ်ထားတာ''
"ရှေးတုန်းက ရေမွှေးရှိလား?''
ဟွမ်ရှင်းကနားထောင်ပြီး ကြောင်သွားသည်။
"ရှေးတုန်းကရေမွှေးမရှိဘူးလို့ မင်းတကယ်ထင်နေတာမဟုတ်ပါဘူးနော်?''
ချင်လင်က အသေအချာပြန်မေးလိုက်သည်။
"ဟိုး ဟို''
ဟွမ်ရှင်းဘယ်လိုပြန်ဖြေရမှန်းမသိ။ အဲလိုထင်တာပဲလေ။ သူလေ့လာထားတဲ့အတိုင်းဆို ရေမွှေးက အီဂျစ်၊ အိန္ဒိယ၊ ရောမ၊ ဂရိနှင့် ပါရှားလို ရှေးလူအဖွဲ့အစည်းတွေကနေ မြစ်ဖျားခံလာတာတဲ့။
ဒါပေမဲ့ အမှန်တရားက သူ့ရှေ့မှာ။ ချင်လင်က သူ့ကိုလိမ်စရာအကြောင်းမရှိ။
အထူးသဖြင့် သူတို့နိုင်ငံရှေးလူတွေက ရှေးဟောင်းအီဂျစ်၊အိန္ဒိယတို့ထက်ပေါကြွယ်ဝသည်။ သူများလုပ်နိုင်တာကို သူတို့တိုင်းပြည်မှာမလုပ်နိုင်စရာအကြောင်းမရှိဘူးမလား?
ရေမွှေးအကြောင်း အံ့ဩစရာများတွေ့ထားလို့လား?
ဒီတော့ သူနိုင်ငံခြားမှာလေ့လာထားတဲ့ဗဟုသုတက မှားနေတာဖြစ်မယ်။
ဖြစ်ချင်တော့ အပြင်ကလူတွေကိုဒီအကြောင်းပြောပြရင်တောင် သူ့ကိုယုံကြမှာမဟုတ်။
ဟွမ်ရှင်းက မတွေးချင်တော့။ သူကသနားစရာအကြည့်နှင့် ချင်လင်လက်ကိုဆွဲကာ_
"ချင်လင်... ငါ့ကိုကယ်ပါ!''
ချင်လင်က ဟွမ်ရှင်းကိုယ်ပေါ်မှထူးထူးဆန်းဆန်းအနံ့အကြောင်းမေးပြီး ရုတ်တရက်မေးပြန်သည်_
"မင်းဒီလာတော့ လက်ရောဆေးခဲ့လား?''
ကြည့်ရတာ ဆေးခဲ့ပုံမပေါ်။ ဟွမ်ရှင်းက ခဏငြိမ်သွားသည်။
"သော*က်... ရွံစရာကောင်းလိုက်တာ''
ချင်လင်ကချက်ချင်းသူ့လက်ကိုဖယ်ပြီး မသတီသလိုမျက်နှာနှင့်လက်သွားဆေးသည်။
ဟွမ်ရှင်းကရှက်ရှက်နှင့်ပြုံးပြီး သူ့နောက်လိုက်ကာ လက်ဆေးသည်။
သို့ရာတွင် လက်ဆေးရင်း တောင်းဆိုပြန်၏_
"ချင်လင်... ဒီတစ်ခါ မင်းကိုအားကိုးပါရစေ... မင်းဒီရေမွှေးကိုထုတ်ဖို့အစီအစဉ်မရှိရင် ဒီရေမွှေးလုပ်နည်းနဲ့ ငါ့ကုမ္ပဏီမှာရှယ်ယာဝယ်လို့ရတယ်... ငါကပညာရှင်ပါ''
"ငါ့အတွက်စာချုပ်စီစဉ်ပေး''
ချင်လင်ကမငြင်း။ ဘာပဲဖြစ်ဖြစ် သူဒီလိုရည်ရွယ်ထားသည်လေ_
"ဒါပေမဲ့ ငါတို့ဒီကိစ္စကိုဆွေးနွေးနေတာနော်... မင်းနားလည်မယ်ထင်ပါတယ်''
"မပူပါနဲ့... ငါနားလည်ပါတယ်''
ဟွမ်ရှင်းမျက်နှာချက်ချင်းဝင်းလက်သွားသည်။ သူကြီးပြင်းလာတဲ့မိသားစုကြောင့် ဒါကိုလူတိုင်းထက်ပိုပြီး သူနားလည်သည်။
နောက်ပြီး သူ့စိတ်ကိုသူပြင်ဆင်ထားပြီ။ ချင်လင်ကဆေးနည်းနဲ့ရှယ်ယာရှင်လုပ်ဖို့ဆန္ဒရှိသရွေ့၊ သူ့ဘရန်းအိပ်မက်ကိုအကောင်အထည်ဖော်နိုင်သရွေ့၊ ဘာမဆိုဆွေးနွေးနိုင်သည်။
ချင်လင်ဆီမှအဖြေရပြီး ဟွမ်ရှင်းကအလောတကြီးထွက်သွားသည်။ နေ့လယ်ပိုင်းအတွင်း ချင်လင်ဆီစာချုပ်ယူလာသည်။
"မြန်လှချည်လား?''
သူစာချုပ်ယူလာသောအခါ ချင်လင်နည်းနည်းအံ့ဩမိသည်။
"ငါရှေ့နေကိုလောလိုက်မယ်... မင်းရှေ့နေခေါ်ပြီး ဒီစာချုပ်မှာပြဿနာရှိမရှိကြည့်ခိုင်းလို့ရတယ်''
ဟွမ်ရှင်းက ပွင့်ပွင့်လင်းလင်းရှင်းပြသည်။
စာချုပ်လိုအရာမျိုးက အများကြီးဈေးဆစ်မနေရင်၊ စာကြောင်းတိုင်း၊စာလုံးတိုင်းတွက်မနေရင် အလွန်မြန်လိမ့်မည်။
ချင်လင်ကစာချုပ်ကိုဖွင့်ပြီး တစ်ချက်ကြည့်လိုက်သည်။
အခုဆို စာချုပ်အတော်များများဖတ်ဖူးပြီဖြစ်၍ တချို့အခြေခံအချက်များကို နားလည်နေပြီ။ သို့ရာတွင် ဟွမ်ရှင်းကမ်းလှမ်းသောရှယ်ယာကိုကြည့်ပြီး သူအံ့ဩသွားသည်။
၆၅%!
နည်းနည်းများနေသလိုပဲ။
နောက်ပြီး ဟွမ်ရှင်းကတစ်ခုသာသတ်မှတ်ထားသည်။ ရေမွှေးကုမ္ပဏီမှသူမထွက်မချင်း စီမံပိုင်ခွင့်ရှိရမည်ဟူ၍။
တစ်နည်းဆိုသော် ဟွမ်ရှင်းအနားယူရင် သူကကုမ္ပဏီပြန်ယူနိုင်သည်။
ဟွမ်ရှင်းကြည့်ရတာ အိပ်မက်ကိုအကောင်အထည်ဖော်ဖို့အတွက်နဲ့ သူ့အတွက်အလကားလုပ်ပေးနေသလိုလို?
"မင်းအကျိုးမယုတ်ဘူးလား?''
ချင်လင်မမေးဘဲမနေနိုင်တော့။
ဟွမ်ရှင်းကအတည်ပြုခေါင်းညိမ့်ပြီး_
"ဘာလို့နောင်တရရမှာလဲ? ငါ့ကိုယ်ပိုင်ရေမွှေးဘရန်းကိုဖန်တီးပြီး လုပ်နိုင်စွမ်းကိုသက်သေပြချင်တာလေ''
"ပြီးတော့ ငါ့ကလေးကို ဒီကုမ္ပဏီအမွေဆက်ခံဖို့မစီစဉ်ထားဘူး... ဘာပဲဖြစ်ဖြစ် ငါကတစ်ဦးတည်းသောသား... ငါ့ကလေးအမွေခံဖို့က ပိုကြီးတဲ့မိသားစုလုပ်ငန်းရှိတယ်''
"အင်း! ဒါဆိုရင် မင်းဒီအတိုင်းပြန်ပြီး မိဘအမွေဆက်ခံတာမကောင်းဘူးလား?''
ချင်လင်က ဟွမ်ရှင်းအတွေးကိုနားမလည်နိုင်ဘဲမေးလိုက်သည်။
"ငါ့မှာအိပ်မက်ရှိတယ်''
ဟွမ်ရှင်းကအရှိအတိုင်းပြောလိုက်သည်။
"ကျွတ် ကျွတ်''
ချင်လင်ကပြောစရာစကားမရှိတော့ဘဲ_
"မင်းမှာအိပ်မက်ရှိတယ်... ဒါပေမဲ့ မင်းကလေးကမလိုဘူးလေ''
ဒါပေမဲ့ သေချာတွေးကြည့်တော့ ဒီလောက်မိသားစုလုပ်ငန်းကြီးအမွေဆက်ခံမှာ ဘာအိပ်မက်တွေလိုသေးတာလဲ? ဒါလူအတော်များများမဝင်စားနိုင်တဲ့ဘဝ!
ဒီလိုရွှေဇွန်းကိုက်ပြီးမွေးလာတဲ့သူက ဘယ်နေမှန်းမသိတဲ့အိပ်မက်ဆိုတဲ့အရာအတွက်နဲ့ မိသားစုလုပ်ငန်းကိုဆက်ခံဖို့ငြင်းနေသတဲ့။
ဒီတော့ ဟွမ်ရှင်းဦးနှောက်က တစ်ခုခုမှားနေတာဖြစ်မည်။
နောက်ဆုံး ချင်လင်ကစာချုပ်လက်မှတ်ထိုးလိုက်သည်။ ထို့နောက် ရှယ်ယာပိုင်ဆိုင်ခွင့်နှင့်သက်ဆိုင်ရာလုပ်ပိုင်ခွင့်များပြောင်းလဲဖို့သာကျန်တော့သည်။
ဒီလိုနှင့် ချင်လင်က ဟွမ်ရှင်း၏သူဌေးဖြစ်လာလေသည်။
တစ်ခါတရံ ကံကြမ္မာကအံ့ဩဖို့ကောင်းသည်။
ဟွမ်ရှင်းကနည်းရပြီး ထိုနည်းအတိုင်း ရေမွှေးစထုတ်သည်။ ထို့နောက် ဖေးရှန်းဟုအမည်ပေးပြီး ထောက်ခံချက်တင်သွင်းသည်။
မေရှန်းဖြစ်ဖြစ် ဖေးရှန်းဖြစ်ဖြစ်။
နာမည်ကတော့ ချင်လင်စောဒကတက်ချင်စရာ။
နောက်ပြီး ရုံချန်းမှာ ဒီလိုစစ်ဆေးမှုမျိုးမရှိ။ မြို့တော်အဆင့်မှရမည်။
ဟွမ်ရှင်းကတစ်ချိန်လုံး စက်ရုံထုတ်လုပ်ရေးလိုင်းနှင့်စက်များပြုပြင်ဆန်းစစ်ရင်း အချိန်ကုန်လွန်သွားသည်။ ဒီလိုနှင့် ခွင့်ပြုချက်ကျလာရင် ရေမွှေးကိုအမြန်ဆုံးထုတ်နိုင်မည်။
သို့ရာတွင် ခွင့်ပြုချက်ရသောအခါ ဟွမ်ရှင်းနည်းနည်းကြောင်သွားသည်။
ကန့်သတ်အဆင့်ထားရုံသာမက အထူးမှတ်ပုံတင်အမျိုးအစားဟုလည်းသတ်မှတ်ထားသည်။
မတင်းကြပ်လွန်းဘူးလား?
သဘောက ဒီရေမွှေးဝယ်ဖို့ ID ကတ်နဲ့စာရင်းသွင်းဖို့လိုတယ်တဲ့။ ဘာလဲဟ?
အချိန်ကုန်လွန်ပြီး မျက်စိတစ်မှိတ်အတွင်း ဒီဇင်ဘာရောက်သွားသည်။
ချင်းလင်ဓာတ်ခွဲခန်းသို့ လီခိုင်လည်းမျှော်လင့်ချက်နှင့်ရောက်လာသည်။
သူကဆီးပင်ဆီ တန်းလျှောက်သွားလိုက်သည်။
အခုဒီဆီးပင်က ဆီးပြာပင်မှန်းသေချာသွားပြီ။ ဆီးပြာသီးများပြွတ်နေပြီဖြစ်၍ ခူးဆွတ်ရတော့မည်။
လီခိုင်ကရှေ့တိုးပြီးနည်းနည်းခူးလိုက်သည်။ သို့သော် မစမ်းသပ်ရသေးဘဲစားလို့မရ။
သို့ရာတွင် တစ်လုံးဖိချေကြည့်လိုက်ရာ စီးကျလာသောအရည်များကြောင့် သူအံ့ဩသွားသည်။